Custom CPU core ဌာနကိုပိတ်ပစ်ပြီး standard ARM core တွေပဲအသုံးပြုတော့မယ့် Samsung

0
533

[Unicode]၂၀၁၆ခုနှစ်ရဲ့ Galaxy S7 duo နဲ့ Exynos 8890 တို့ကတည်းက Samsung ဟာ သူ့ရဲ့ in-house Mongoose CPU core တွေကို အသုံးပြုလာခဲ့ပါတယ်။ Samsung က တက္ကဆက်၊ အော်စတင်မှာရှိတဲ့ custom CPU ဌာနကို ပိတ်ပစ်တော့မယ်ဆိုတော့ နောင်အခါဒီလိုမျိုးတွေ တွေ့မြင်ရတော့မှာမဟုတ်တော့ပါဘူး။ ဒီဆုံးဖြတ်ချက်ကြောင့် ဝန်ထမ်းပေါင်း၃၀၀လောက် အလုပ်အကိုင်မဲ့သွားစေမှာဖြစ်ပြီး ဒီဇင်ဘာ၃၁ရက်နေ့မှာ ပိတ်ဖို့ မျှော်မှန်းထားပါတယ်။

[Zawgyi]၂၀၁၆ခုႏွစ္ရဲ႕ Galaxy S7 duo နဲ႔ Exynos 8890 တို႔ကတည္းက Samsung ဟာ သူ႔ရဲ႕ in-house Mongoose CPU core ေတြကို အသုံးျပဳလာခဲ့ပါတယ္။ Samsung က တကၠဆက္၊ ေအာ္စတင္မွာရွိတဲ့ custom CPU ဌာနကို ပိတ္ပစ္ေတာ့မယ္ဆိုေတာ့ ေနာင္အခါဒီလိုမ်ိဳးေတြ ေတြ႕ျမင္ရေတာ့မွာမဟုတ္ေတာ့ပါဘူး။ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ဝန္ထမ္းေပါင္း၃၀၀ေလာက္ အလုပ္အကိုင္မဲ့သြားေစမွာျဖစ္ၿပီး ဒီဇင္ဘာ၃၁ရက္ေန႔မွာ ပိတ္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

[Unicode]Samsung ကိုယ်စားလှယ်တွေက ဒီသတင်းကိုအတည်ပြုပေးခဲ့ပြီးတော့ အသေးစိတ်ကိုလည်း ပြောပြသွားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Exynos chipset တွေကို ပိုပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းအောင် ပြုလုပ်ချင်လို့ဆိုတာ သိရပါတယ်။ Samsung ဟာ in-house CPU core တွေနေရာကို ARM တွေနဲ့ အစားထိုးသုံးစွဲမှာ ဖြစ်ပါတယ်။ Huawei နဲ့ Qualcomm တို့ကလည်း semi-custom နည်းလမ်းကို အရင်နှစ်တွေကတည်းက သုံးနှင့်နေပြီးသားပါ။

[Zawgyi]Samsung ကိုယ္စားလွယ္ေတြက ဒီသတင္းကိုအတည္ျပဳေပးခဲ့ၿပီးေတာ့ အေသးစိတ္ကိုလည္း ေျပာျပသြားပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ Exynos chipset ေတြကို ပိုၿပီးေတာ့ ယွဥ္ၿပိဳင္ႏိုင္စြမ္းအားေကာင္းေအာင္ ျပဳလုပ္ခ်င္လို႔ဆိုတာ သိရပါတယ္။ Samsung ဟာ in-house CPU core ေတြေနရာကို ARM ေတြနဲ႔ အစားထိုးသုံးစြဲမွာ ျဖစ္ပါတယ္။ Huawei နဲ႔ Qualcomm တို႔ကလည္း semi-custom နည္းလမ္းကို အရင္ႏွစ္ေတြကတည္းက သုံးႏွင့္ေနၿပီးသားပါ။

[Unicode]

Galaxy S11 မှာတော့ Exynos နဲ့ Snapdragon ဆိုပြီးတော့ ဈေးကွက်အလိုက် ထုတ်ပေးသွားနိုင်တယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။
Exynos 9830 version ကတော့ ARM ရဲ့ Cortex-A77 core လေးခုပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် custom GPU အတွက် AMD နဲ့ပူးပေါင်းထားသေးတယ်ဆိုတော့ နောက်နှစ်တွေမှာ ကြည့်လို့ကောင်းမယ့်ပွဲတွေ ဖြစ်လာဦးမယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

[Zawgyi]

Galaxy S11 မွာေတာ့ Exynos နဲ႔ Snapdragon ဆိုၿပီးေတာ့ ေစ်းကြက္အလိုက္ ထုတ္ေပးသြားႏိုင္တယ္လို႔ ထင္ေၾကးေတြ ေပးေနၾကပါတယ္။
Exynos 9830 version ကေတာ့ ARM ရဲ႕ Cortex-A77 core ေလးခုပါဝင္လာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဒါ့အျပင္ custom GPU အတြက္ AMD နဲ႔ပူးေပါင္းထားေသးတယ္ဆိုေတာ့ ေနာက္ႏွစ္ေတြမွာ ၾကည့္လို႔ေကာင္းမယ့္ပြဲေတြ ျဖစ္လာဦးမယ္လို႔ သတင္းေကာင္းပါးလိုက္ပါတယ္

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.