TikTok ကိုပိုင်ဆိုင်တဲ့ Bytedance ဆီကထွက်ရှိလာမယ့် ပထမဆုံးစမတ်ဖုန်း

0
619

[Unicode]TikTok ကိုပိုင်ဆိုင်တဲ့ ByteDance ကနေ သတင်းတွေထွက်နေခဲ့တဲ့ စမတ်ဖုန်းလေးဟာ အခုဆိုရင် အားလုံးရှေ့မှောက်ကိုရောက်လာပါပြီ။ ByteDance ရဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ်နဲ့ မြင်တွေ့ရမှာကတော့ Nut Jianguo Pro 3 ပါ။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Smartisan နဲ့ပူးပေါင်းပြီးတော့ Smartisan brand အနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

[Zawgyi]TikTok ကိုပိုင္ဆိုင္တဲ့ ByteDance ကေန သတင္းေတြထြက္ေနခဲ့တဲ့ စမတ္ဖုန္းေလးဟာ အခုဆိုရင္ အားလုံးေရွ႕ေမွာက္ကိုေရာက္လာပါၿပီ။ ByteDance ရဲ႕ ပထမဆုံးစမတ္ဖုန္းအျဖစ္နဲ႔ ျမင္ေတြ႕ရမွာကေတာ့ Nut Jianguo Pro 3 ပါ။ တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူ Smartisan နဲ႔ပူးေပါင္းၿပီးေတာ့ Smartisan brand အေနနဲ႔ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

[Unicode]ကျွန်တော်တို့ ဒီနှစ်အစောပိုင်းမှာ သိရတာကတော့ ByteDance ဟာ Smartisan patent နဲ့ talent အတော်များများကို ဝယ်ယူထားပါတယ်။ ByteDance ဟာ Jianguo Pro 3 ထုတ်လုပ်ဖို့နဲ့ အဆင့်မီ feature တွေကိုထည့်သွင်းဖို့ နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နာမည်ကိုတော့ ပြောင်းလဲဖို့စိတ်ကူးမရှိခဲ့ပါဘူး။

[Zawgyi]ကြၽန္ေတာ္တို႔ ဒီႏွစ္အေစာပိုင္းမွာ သိရတာကေတာ့ ByteDance ဟာ Smartisan patent နဲ႔ talent အေတာ္မ်ားမ်ားကို ဝယ္ယူထားပါတယ္။ ByteDance ဟာ Jianguo Pro 3 ထုတ္လုပ္ဖို႔နဲ႔ အဆင့္မီ feature ေတြကိုထည့္သြင္းဖို႔ ေနာက္ကြယ္ကေန ကူညီေထာက္ပံ့ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း နာမည္ကိုေတာ့ ေျပာင္းလဲဖို႔စိတ္ကူးမရွိခဲ့ပါဘူး။

[Unicode]သုံးစွဲသူတွေဟာ TikTok ရဲ့တရုတ်ဗားရှင်းဖြစ်တဲ့ Douyin ကို သုံးစွဲဖို့အတွက် lock screen ကို အပေါ်ပင့်တင်ရုံပါပဲ။ TikTok effect နဲ့ filter တွေကိုလည်း သုံးစွဲနိုင်ဦးမှာပါ။ ဖုန်းဟာ Smartisan brand အောက်မှာထုတ်လုပ်ထားပေမယ့်လည်း ByteDance အတွက်ကတော့ သူ့ရဲ့ app နဲ့ feature တွေကို သီးသန့် deviceတစ်ခုမှာ ထည့်သွင်းဖော်ပြခွင့်ရခဲ့တာဖြစ်ပါတယ်။

[Zawgyi]သုံးစြဲသူေတြဟာ TikTok ရဲ႕တ႐ုတ္ဗားရွင္းျဖစ္တဲ့ Douyin ကို သုံးစြဲဖို႔အတြက္ lock screen ကို အေပၚပင့္တင္႐ုံပါပဲ။ TikTok effect နဲ႔ filter ေတြကိုလည္း သုံးစြဲႏိုင္ဦးမွာပါ။ ဖုန္းဟာ Smartisan brand ေအာက္မွာထုတ္လုပ္ထားေပမယ့္လည္း ByteDance အတြက္ကေတာ့ သူ႔ရဲ႕ app နဲ႔ feature ေတြကို သီးသန႔္ deviceတစ္ခုမွာ ထည့္သြင္းေဖာ္ျပခြင့္ရခဲ့တာျဖစ္ပါတယ္။

[Unicode]Jianguo Pro 3 ကို တရုတ်နိုင်ငံမှာ ၂၈၉၉ယွမ်(၄၁၂ဒေါ်လာ) နဲ့ ရောင်းချနေပါပြီ။ Qualcomm ရဲ့ Snapdragon 855+ chipset ၊ 12GB RAM ၊ 256GB မမ်မိုရီနဲ့ ကင်မရာလေးလုံးပါဝင်မှာဖြစ်ပါတယ်။

[Zawgyi]Jianguo Pro 3 ကို တ႐ုတ္ႏိုင္ငံမွာ ၂၈၉၉ယြမ္(၄၁၂ေဒၚလာ) နဲ႔ ေရာင္းခ်ေနပါၿပီ။ Qualcomm ရဲ႕ Snapdragon 855+ chipset ၊ 12GB RAM ၊ 256GB မမ္မိုရီနဲ႔ ကင္မရာေလးလုံးပါဝင္မွာျဖစ္ပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.