အရည်အသွေးကောင်းမွန်လှတဲ့ USB-C ကြိုးများ
0
679
Zawgyi version
Unicode version
ယနေ့ခေတ်ကြီးမှာနောက်ဆုံးပေါ်မော်ဒယ်မြင့်ဖုန်းတွေကို USB-C အမျိုးအစားနဲ့ထုတ်လုပ်လာကြပါတယ်။ ဒါပေမဲ့ USB-C ကြိုး တွေဟာ ရွေးချယ်စရာတွေများပြားလှပြီး အရည်အသွေးတွေကလဲ မတူညီကြပါဘူး။ တစ်ချို့က အရမ်းတိုလွန်း၊ အရမ်းရှည်လွန်းရုံသာမက အပူဒဏ် မခံနိုင် တာတွေလဲဖြစ်လာပြီး data မသွားတော့ တာတွေလဲရှိနိုင်ပါတယ်။ မှန်မှန်ကန်ကန် မရွေးချယ်ရင်တော့ သင့်ရဲ့ device တွေကိုအပျက်အစီး ဖြစ်စေနိုင်ပါတယ်။
Zawgyi version
Unicode version
အဲ့ဒါကြောင့် ခုပြောပြမဲ့ USB-C cable တွေကတော့ ဈေးကွက်မှာ အရည်အသွေးမြင့်မြင့်နဲ့ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ သူတို့က data သွားနှုန်းလဲမြန်တဲ့အပြင် စမတ်ဖုန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ အားသွင်း နိုင်မှာပဲ ဖြစ်ပါတယ်။ ထုတ်ပိုးမှုတော်တော်များများကတော့ ကွေးလို့ဆန့်လို့ရတဲ့ ကြိုးတွေပဲဖြစ်ပါတယ်။
အားသွင်းမြန်တဲ့ Anker Powerline USB-C to USB 3.0
Zawgyi version
Unicode version
USB 3.0 အသုံးပြုထားခြင်းကြောင့် Data ကူးပြောင်းရာတွင် 5Gbps နှုန်းအထိမြှင့်ပြီး အလွန်မြန်ဆန်စွာ ကူးနိုင်ပါတယ်။ USB-C ခေါင်းဖြစ်တာကြောင့် အားသွင်းရာမှာ ဘယ်ဘက်ကခေါင်းတပ်တပ် မှန်ကန်စေပါတယ်။ USB-C Device များအားလုံးနှင့်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အခြား USB-C အားသွင်းကြိုးများထက် ၅ ဆ ပိုမိုကြာရှည်ခံတယ်။ အားသွင်းကြိုးခေါင်းမှာ အပျော့နှင့်အမာတွဲစပ်ထားသည့်အပြင် အကြိမ် ၅၀၀၀ ကျော် ကွေးနိုင်ခေါက်နိုင်ပါတယ်။ ဘေးအစွန်းအထွက်တွေကို လေဆာစနစ်ဖြင့်ချိတ်ဆက်ထားခြင်းကြောင့် ကွဲထွက်ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အလယ်အူတိုင်ကို Aramid fiber နှင့် အပြင်ဘက်ကို PVC အသားဖြင့် တိကျစွာကာရံပြီး ပြုလုပ်ထားပါသည်။ Fast Charging စနစ်ပါဝင်တာကြောင့် အဖြစ်နိုင်ဆုံး အမြန်ဆုံးအားသွင်းနှုန်းကို ပေးစွမ်းနိုင်ပါတယ်။ အာမခံသက်တမ်းကလဲ (၁၈)လ တောင်ပေးထားပါတယ်။
Anker Products များကို စိတ်ဝင်စားပါက
84 လမ်း၊ 33*34 ကြား MMAS Phone & Gadgets မှာ လာရောက်ကြည့်ရှုနိင်ပါသည်။
ဆက်သွယ်ရန်- 09-794555888
အရည်အသွေးကောင်းမွန်လှတဲ့ BrexLink USB-C Cable
Zawgyi version
Unicode version
အရည်အသွေးကောင်းမွန်တဲ့ USB-C ကြိုးကိုရှာနေတယ်ဆိုရင်တော့ BrexLink USB-C ကြိုးကအကောင်းတွေထဲကတစ်ခုပါပဲ။ သူက ၆.၆ ပေရှိပြီးသူ့က 5V high-speedရှိပြီး data transfer speed ကတော့ 480Mbpsရှိပါတယ်။ သူ့ကိုနိုင်လွန်ကြိုးနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် အကြမ်းကလဲပြောစရာမလိုအောင် ခံနိုင်ပါတယ်။ သူက56k Ohm resistor ရှိတဲ့အတွက်ကြောင့် data သွားနှုန်းလဲကောင်းမွန်ပြီး အားဝင်ဖို့ အတွက်လဲ စိတ်ချရပါတယ်။ သူ့ကို USB-C ရော USB 2.0 ရောအတွက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့ကိုဘယ် USB-C device တွေမှာမဆို အသုံးပြုနိုင်ပြီးသုံးစွဲသူတွေ အဆင်ပြေအောင်လို့ အာမခံကတော့ ၂၄ လကြီးတောင် ပေးထားပါတယ်။
ဈေးနှုန်းသင့်တင့်ကောင်းမွန်တဲ့ Cable Matters Ultra Slim Series
Zawgyi version
Unicode version
သူက 56 Ohm resistor ရှိပြီးတော့ သင့်ရဲ့deviceကိုအပူလွန်ကဲတာတွေ၊ အပျက်အစီးဖြစ်စေနိုင်တာတွေကနေကာကွယ်ပေးပါတယ်။ သူ့ရဲ့ခေါင်းတွေက ရွှေရောင်နဲ့လုပ်ထားတဲ့အတွက်ကြောင့် လျှစ်စီးအားလဲကောင်းမွန်ပြီး အဖြုတ်အတပ်လုပ်တဲ့အချိန်လဲ ချော်တာတွေ ထစ်တာတွေမရှိနိုင်ပါဘူး။ သူကdataသွားနှုန်းကလဲ 480Mbps ရှိပြီးတော့ 3.3 ပေရှိပါတယ်။ သူကကွေးလို့ခေါက်လို့လဲရပါတယ်။
ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ကောင်းတဲ့  Bigear Type-C Cable
Zawgyi version
Unicode version
သင်ကသုံးရတာသက်တောင့်သက်သာရှိပြီးအရည်အသွေးကောင်းမွန်တဲ့ ကြိုးကိုလိုချင်တယ်ဆိုရင်တော့ Bigear Type-C ကြိုးကိုရွေးချယ်လိုက်ပါ။ သူ့ရဲ့ ထုတ်ပိုးမှုကဒီဇိုင်း ၄ မျိုးရှိပြီးတော့ သူ့ရဲ့ အရှည်ကတော့ ၃ ပေ၊ ၆ ပေနဲ့ ၁၀ပေ ဆိုပြီးရှိပါတယ်။ ကြိုးကိုနိုင်လွန်သားနဲ့ထုတ်လုပ်ထားပြီးသူက အကွေးအဆန့်ကိုအကြိမ် ၅၀၀၀ ထက်မနည်းကွေးနိုင်ဆန့်နိုင်ပါတယ်။ သူ့ရဲ့အတွင်းပိုင်းမှာတော့ အရည်အသွေးမြင့်တဲ့ ကြေးနီကိုအသုံးပြု ပေးထားပြီးသူက data သွားနှုန်းကတော့ “high speed” ဖြစ်တယ်လို့ အာမခံထားပါသေးတယ်။
အကြမ်းခံနိုင်ပြီးသုံးလို့ကောင်းတဲ့  AUKEY USB-C Cable
Zawgi version
Unicode version
AUKEY ရဲ့ USB-C ကြိုးကတော့ ခိုင်ခံပြီးသုံးရတာတော်တေ်ာ အဆင်ပြေပါတယ်။ သူက ၃.၃ ပေရှိပြီးအကွေးအဆန့်လဲခံနိုင်ရည် ရှိပါတယ်။ သူကUSB-C နဲ့ USB 2.0ကိုအသုံးပြုနိုင်ပြီး data သွားနှုန်းကလဲ 5Gps ဖြစ်ပါတယ်။ သူ့ရဲ့ ခံနိုင်ရည်အားက56k Ohmရှိတဲ့အတွက်ကြောင့် ထိခိုက်ပျက်စီးမှုတွေကိုလဲခံနိုင်ပါတယ်။ သူကလဲအကြမ်းခံနိုင်ပြီးအကြိမ် 5000 ထက်မနည်းအကွေးအဆန့်ပြုလုပ်နိုင်ပါတယ်။ USB ကလဲအကြိမ် 10000 ထက်မနည်းတပ်လို့ဖြုတ်လို့ရနိုင်တဲ့အတွက် တော်တော် အကြမ်းခံပါတယ်။ သူ့ရဲ့ data သွားနှုန်းကလဲ မြန်ဆန်ကောင်းမွန်ပါတယ်။ AUKEYရဲ့စမ်းသပ်ချက်အရ 30GB file ကို USB-C နဲ့ကူးရင် ၅.၅ မိနစ် ကြာပြီး USB 2.0 နဲ့ ကူးတဲ့အချိန်က ၁၈ မိနစ်ခန့်ပဲ ကြာတယ်ဆိုပြီးစမ်းသပ်ထားပါသေးတယ်။ အာမခံကလဲ ၁၈ လ ပေးထားပါတယ်။
Aukey Products များကို စိတ်ဝင်စားပါက
84 လမ်း၊ 33*34 ကြား MMAS Phone & Gadgets မှာ လာရောက်ကြည့်ရှုနိင်ပါသည်။
ဆက်သွယ်ရန်- 09-794555888
သေသပ်လှပတဲ့ ဒီဇိုင်းနဲ့ BRG USB-C Cable
Zawgyi version
Unicode version
BRG ရဲ့ USB-C Cableရဲ့ ဒီဇိုင်းကတော့ သူများနဲ့ မယှဉ်နိုင်ပါဘူး။ သူကအားသွင်းဖို့ပဲဖြစ်ဖြစ် data ကူးဖို့ပဲဖြစ်ဖြစ် သုံးလို့အဆင်ပြေပါတယ်။ သူကလဲ ကြိုးအရှည်ကိုရွေးချယ်လို့ရအောင် ၁ ပေ၊ ၄ပေ နဲ့ ၆ ပေဆိုပြီး ၃ မျိုးထုတ်ပေးထားပါတယ်။ သူ့ရဲ့ ကြိုးကိုလဲနိုင်လွန်သားနဲ့ ထုတ်လုပ် ထားပြီးသူကလဲအကြိမ် 10,000 ထက်မနည်းကွေးနိုင်ဆန့်နိုင်ပြီး အကြမ်းလဲခံနိုင်ပါတယ်။ သူက 2.4A ရှိပြီး data သွားနှုန်းကတော့ 480Mbps ပဲဖြစ်ပါတယ်။ ခံနိုင်ရည်အားကလဲ 56k Ohm ရှိပါတယ်။ သူကလဲအသုံးပြုတဲ့သူတွေအဆင်ပြေအောင်လို့ အာမခံ ၁၈လ ပေးထားပါတယ်။
ဒီဇိုင်းဆန်းသစ်ပြီး ရွေးချယ်စရာများတဲ့ Covery USB-C Cable
Zawgyi version
Unicode version
ခုနောက်ပိုင်းမှာ user တွေစိတ်ကြိုက်ရွေးချယ်လို့ရအောင် ထုတ်ပိုးမှုကို အမျိုးမျိုးပြုလုပ်ပေးထားပါတယ်။ Covery USB-Cable ကတော့ အသုံးများတဲ့ ကြိုးအရွယ်အစားတွေကို ထုတ်လုပ်ပေးထားပါတယ်။ သူက ၄ပေ၊ ၁ပေနဲ့ ၆ပေဆိုပြီး အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ သုူကလဲ နိုင်လွန်သားနဲ့ ပြုလုပ်ထားပြီး အကြိမ် 10,000 ထက်မနည်း ကွေးနိုင်ဆန့်နိုင် ပြုလုပ်နိုင်ပါတယ်။ သူကလဲ ၁၈လဲ အာမခံပေးထားပါတယ်။ သူက 56k Ohm ရှိပြီးတော့ data သွားနှုန်းကလဲ 480Mbps ရှိပါတယ်။ သူက ဘယ် USB-C device တွေမှာမဆို အသုံးပြုနိုင်ပါတယ်။
အလူမီနီယံနဲ့ပြုလုပ်ထားပြီး အားသွင်းကောင်းစေမယ့် OULUOQI USB-C Cable
Zawgyi version
Unicode version
OULUOQI cable ကြိုးတွေက နိုင်လွန်သားအကောင်းနဲ့ ပြုလုပ်ထားပြီး သူကလဲ အကြမ်းခံနိုင်ပြီး ကွေးနိုင်ဆန့်နိုင်ပါတယ်။ သူရဲ့ကြိုးခေါင်းက အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် အကြမ်းခံပြီး လွယ်လွယ်ကူကူ မပျက်စီးနိုင်ပါဘူး။ ကြိုးအကောင်းနဲ့လုပ်ထားတဲ့အတွက်ကြောင့်လဲ လျှစ်စီးနှုန်းအတက်အကျ ကိုလဲ ခံနိုင်ပါတယ်။ သူက quick connect ပါတဲ့အတွက်ကြောင့်လဲ လျှင်လျှင်မြန်မြန်နဲ့ အာသွင်းနိုင်မှာပါ။သူ့ရဲ့ data သွားနှုန်းကလဲ 480Mbps ရှိပြီးတော့ အမြန်အားသွင်းစနစ်ကိုလဲ ထောက်ပံ့ပေးထားပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.