လျှပ်စစ်ကားတွေကို ၁၀မိနစ်အတွင်း အားအပြည့်သွင်းပေးမယ့် ဘတ်ထရီဒီဇိုင်းအသစ်

0
1125

[Unicode]လျှပ်စစ်ကားတွေ စိတ်ဝင်စားတဲ့သူတိုင်းကို နာကျင်စေတဲ့အချက်ကတော့ အားသွင်းကြာခြင်း၊ range ကန့်သတ်ထားခြင်း၊ charging station တွေရရှိနိုင်မှုနည်းပါးခြင်းတွေပါ။ အမေရိကန်တွေအတွက် လျှပ်စစ်ကားတွေထုတ်လုပ်ပေးချင်တဲ့ Penn State University ရဲ့ သုတေသီတွေကတော့ အားသွင်းချိန် ၁၀မိနစ်ကြာတဲ့ လီသီယမ်အိုင်းရွန်းဘတ်ထရီကို စမ်းသပ်နေပါတယ်။

[Zawgyi]လွ်ပ္စစ္ကားေတြ စိတ္ဝင္စားတဲ့သူတိုင္းကို နာက်င္ေစတဲ့အခ်က္ကေတာ့ အားသြင္းၾကာျခင္း၊ range ကန႔္သတ္ထားျခင္း၊ charging station ေတြရရွိႏိုင္မႈနည္းပါးျခင္းေတြပါ။ အေမရိကန္ေတြအတြက္ လွ်ပ္စစ္ကားေတြထုတ္လုပ္ေပးခ်င္တဲ့ Penn State University ရဲ႕ သုေတသီေတြကေတာ့ အားသြင္းခ်ိန္ ၁၀မိနစ္ၾကာတဲ့ လီသီယမ္အိုင္း႐ြန္းဘတ္ထရီကို စမ္းသပ္ေနပါတယ္။

[Unicode]ခေါင်းဆောင်ဖြစ်သူ Xiao-Guang Yang နဲ့ နောက်လိုက်တွေဟာ sustainable energy ကို အဓိကထားတဲ့ဂျာနယ်တစ်ခုဖြစ်တဲ့ Joule မှာ အစီရင်ခံစာတစ်ခုကို တင်ပြခဲ့ပါတယ်။ gasoline engine ရဲ့ အဆင်ပြေချောမွေ့မှုတွေကို လျှပ်စစ်ကားမှာ အသုံးပြုနိုင်စေဖို့အတွက် စိတ်ကူးထားမှုတွေအားလုံးပါဝင်နေပါတယ်။

[Zawgyi]ေခါင္းေဆာင္ျဖစ္သူ Xiao-Guang Yang နဲ႔ ေနာက္လိုက္ေတြဟာ sustainable energy ကို အဓိကထားတဲ့ဂ်ာနယ္တစ္ခုျဖစ္တဲ့ Joule မွာ အစီရင္ခံစာတစ္ခုကို တင္ျပခဲ့ပါတယ္။ gasoline engine ရဲ႕ အဆင္ေျပေခ်ာေမြ႕မႈေတြကို လွ်ပ္စစ္ကားမွာ အသုံးျပဳႏိုင္ေစဖို႔အတြက္ စိတ္ကူးထားမႈေတြအားလုံးပါဝင္ေနပါတယ္။

[Unicode]standard 120 Volt electrical outlet ရှိတဲ့အိမ်မှာ အားသွင်းမယ်ဆိုရင်တော့ တစ်နာရီကို နှစ်မိုင်ကနေ ငါးမိုင်အထိ သွားလာနိုင်မှာဖြစ်ပြီး 240 Volt outlet နဲ့ဆိုရင်တော့ တစ်နာရီအားသွင်းရုံနဲ့ ဆယ်မိုင်ကနေ မိုင်နှစ်ဆယ်အထိ သွားလာနိုင်မှာဖြစ်ပါတယ်။ လက်ရှိ အားအမြန်သွင်းပေးတဲ့ station တွေဟာ မြန်ဆန်နေပြီဆိုပေမယ့်လည်း လီသီယမ်ပြားတွေကို ထိခိုက်မှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

[Zawgyi]standard 120 Volt electrical outlet ရွိတဲ့အိမ္မွာ အားသြင္းမယ္ဆိုရင္ေတာ့ တစ္နာရီကို ႏွစ္မိုင္ကေန ငါးမိုင္အထိ သြားလာႏိုင္မွာျဖစ္ၿပီး 240 Volt outlet နဲ႔ဆိုရင္ေတာ့ တစ္နာရီအားသြင္း႐ုံနဲ႔ ဆယ္မိုင္ကေန မိုင္ႏွစ္ဆယ္အထိ သြားလာႏိုင္မွာျဖစ္ပါတယ္။ လက္ရွိ အားအျမန္သြင္းေပးတဲ့ station ေတြဟာ ျမန္ဆန္ေနၿပီဆိုေပမယ့္လည္း လီသီယမ္ျပားေတြကို ထိခိုက္မႈေတြျဖစ္ေပၚလာေစႏိုင္ပါတယ္။

[Unicode]ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ဆိုရင်တော့ ဘတ်ထရီတွေကို စက္ကန့်သုံးဆယ်အတွင်း 140 degrees Fahrenheit (60 degrees Celsius) အထိ အပူပေးပြးတော့ အားသွင်းနေစဉ်မှာ အပူချိန်ကို ထိန်းညှိထားမှာပါ။ ဖြေရှင်းချက်လေးကတော့ ဘတ်ထရီတွေမှာတပ်ဆင်ထားတဲ့ ဈေးမကြီးတဲ့ နီကယ်ခွေလေးအဖြစ်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဆယ်မိနစ်လောက်ပဲ အပူချိန်မြင့်မြင့်မားမားပေးထားတာမို့ လီသီယမ်ပြားတွေ ထိခိုက်မှုကိုလည်း ကာကွယ်နိုင်မယ်လို့ ပြောထားပါတယ်။

[Zawgyi] ဒီကိစၥကိုေျဖရွင္းဖို႔အတြက္ဆိုရင္ေတာ့ ဘတ္ထရီေတြကို စကၠန႔္သုံးဆယ္အတြင္း 140 degrees Fahrenheit (60 degrees Celsius) အထိ အပူေပးျပးေတာ့ အားသြင္းေနစဥ္မွာ အပူခ်ိန္ကို ထိန္းညႇိထားမွာပါ။ ေျဖရွင္းခ်က္ေလးကေတာ့ ဘတ္ထရီေတြမွာတပ္ဆင္ထားတဲ့ ေစ်းမႀကီးတဲ့ နီကယ္ေခြေလးအျဖစ္နဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။ ဆယ္မိနစ္ေလာက္ပဲ အပူခ်ိန္ျမင့္ျမင့္မားမားေပးထားတာမို႔ လီသီယမ္ျပားေတြ ထိခိုက္မႈကိုလည္း ကာကြယ္ႏိုင္မယ္လို႔ ေျပာထားပါတယ္။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.