Facebook ကလည်း Fitbit ကိုဝယ်ယူဖို့ စိတ်ဝင်စားနေ
0
431
[Unicode]Google က Fitbit ကို ဒေါ်လာ၂.၁ဘီလျံနဲ့ဝယ်လိုက်ပါပြီ။ သတင်းတွေအရ Facebook ကလည်း လိုချင်နေပါတယ်။ ဒါပေမယ့် Google လောက်တော့ စျေးအများကြီးမပေးခဲ့ပါဘူး။ Facebook ဟာ Fitbit နဲ့ စျေးစကားတွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ Mark Zuckerberg နဲ့ သူ့ရဲ့အမှုဆောင်တွေဟာ Google ကပေးဖို့ပြင်ဆင်ထားတဲ့ပမာဏရဲ့ တစ်ဝက်လောက်ကိုသာ ပေးခဲ့ဟန်တူပါတယ်။
[Unicode]ဒီသတင်းဟာ တိကျမယ်ဆိုရင်တော့ Facebook ဟာ သူ့ရဲ့ hardware portfolio ကို ဆက်လက်ချဲ့ထွင်ချင်နေတာ ထင်ရှားပါတယ်။ ၂၀၁၄ခုနှစ် က Oculus VR ကို ဒေါ်လာ၂ဘီလျံနဲ့ဝယ်ယူထားသလို video calling device တွေကိုလည်း ဖန်တီးနေပါတယ်။
[Unicode]
Google-Fitbit ရဲ့ အနာဂတ်
အခုဆိုရင် Google ဟာ Fitbit ရဲ့ တရားဝင်အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ ဒီတော့ အနာဂတ်မှာ ဘယ်လိုမျိုးသော hardware အသစ်တွေမြင်တွေ့ရမလဲဆိုတာ အရမ်းသိချင်နေပါပြီ။ သတင်းထွက်တာကြာနေတဲ့ Pixel Watch ကို Fitbit နည်းပညာတွေသုံးထားပြီး ထုတ်လုပ်ပေးတော့မှာလား။ သတင်းတွေကြေညာတုန်းကတော့ Google ဟာ Made by Google hardware တွေနဲ့ Wear OS တွေကို ပြောသွားတယ်ဆိုတော့ Google-branded wearable တွေကို မကြာခင်မှာတွေ့မြင်ရနိုင်တော့မှာပါ။
[Zawgyi]
[Unicode]
Fitbit ရဲ့ ကိုယ်ပိုင် app နဲ့ software တွေကိုတော့ Wear OS ၊ Google Fit တို့နဲ့ အစားထိုးတွေ့မြင်ရနိုင်ပါတယ်။ အခုက အစောပိုင်းကာလပဲရှိသေးတာဆိုတော့ လက်ရှိ Fitbit devices နဲ့ app တွေမှာ ဘယ်လိုတွေပြောင်းလဲမှုရှိလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။
Facebook ရဲ့ hardware နည်းဗျူဟာလည်း ဘယ်လိုတွေတိုးတက်လာဦးမလဲဆိုတာ စောင့်ကြည့်လို့ရပါတယ်။ fitness data တွေအများကြီးရရှိထားခြင်းက Facebook မှာ ကြော်ငြာသူတွေအတွက် စိတ်ဝင်စားစေနိုင်တဲ့အကြောင်းအရာတစ်ခုမဟုတ်လား။
ကိုယ့်စိတ်နဲ့ဆိုရင် Google ကိုရစေချင်သလား ၊ Facebook ကိုပဲ ရောင်းစေချင်သလား ဖြေကြည့်ခဲ့ပါဦး။
[Zawgyi]
Ref : techradar
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.