Apple Watch ကိုယှဉ်ပြိုင်ဖို့ FitBit ကိုဒေါ်လာ၂.၁ဘီလျံနဲ့ဝယ်ယူလိုက်တဲ့ Google

0
725

[Unicode]FitBit ကို ဒေါ်လာ၂.၁ဘီလျံနဲ့ဝယ်ယူမယ့်အကြောင်းကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီပမာဏဟာ သောကြာနေ့မနက်အစောပိုင်းမှာပဲ ရပ်သွားခဲ့ပါတယ်။ အင်္ဂါနေ့မှာတုန်းက အတက်အကျရှိနေခဲ့ပေမယ့်လည်း Alphabet နဲ့ Fitbit တို့အကြားညှိနှိုင်းမှုတွေအပြီးမှာ အခုပမာဏကို အတည်ပြုခဲ့တာပါ။

[Zawgyi]FitBit ကို ေဒၚလာ၂.၁ဘီလ်ံနဲ႔ဝယ္ယူမယ့္အေၾကာင္းကို တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီပမာဏဟာ ေသာၾကာေန႔မနက္အေစာပိုင္းမွာပဲ ရပ္သြားခဲ့ပါတယ္။ အဂၤါေန႔မွာတုန္းက အတက္အက်ရွိေနခဲ့ေပမယ့္လည္း Alphabet နဲ႔ Fitbit တို႔အၾကားညႇိႏႈိင္းမႈေတြအၿပီးမွာ အခုပမာဏကို အတည္ျပဳခဲ့တာပါ။

[Unicode]”Fitbit ဟာ လုပ်ငန်းနယ်ပယ်မှာ စွန့်ဦးတီထွင်သူအစစ်ဖြစ်ခဲ့ပြီးတော့ အမျိုးမျိုးသောသုံးစွဲသူတွေနဲ့ ကိုက်ညီတဲ့ထုတ်ကုန်တွေ၊ ခံစားမှုတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်” လို့ Google မှ Rick Osterloh က ရေးသားထားပါတယ်။ ” Fitbit ရဲ့ ကျွမ်းကျင်သူတွေရဲ့ နီးနီးကပ်ကပ်တွဲဖက်လုပ်ခွင့်ရခြင်း၊ အကောင်းဆုံး AI ၊ software နဲ့ hardware ကို အတူတူဆောင်ရွက်နိုင်ခြင်းတွေက ကျွန်တော်တို့ကို wearable ပိုင်းမှာ ဆန်းသစ်တီထွင်မှုတွေ၊ ကမ္ဘာတစ်လွှားကလူတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့်ထုတ်ကုန်တွေ တည်ဆောက်နိုင်ခြင်းတွေကို တွန်းအားတစ်ခုဖြစ်စေမှာပါ”

[Zawgyi]”Fitbit ဟာ လုပ္ငန္းနယ္ပယ္မွာ စြန႔္ဦးတီထြင္သူအစစ္ျဖစ္ခဲ့ၿပီးေတာ့ အမ်ိဳးမ်ိဳးေသာသုံးစြဲသူေတြနဲ႔ ကိုက္ညီတဲ့ထုတ္ကုန္ေတြ၊ ခံစားမႈေတြကိုလည္း ဖန္တီးႏိုင္ခဲ့တယ္” လို႔ Google မွ Rick Osterloh က ေရးသားထားပါတယ္။ ” Fitbit ရဲ႕ ကြၽမ္းက်င္သူေတြရဲ႕ နီးနီးကပ္ကပ္တြဲဖက္လုပ္ခြင့္ရျခင္း၊ အေကာင္းဆုံး AI ၊ software နဲ႔ hardware ကို အတူတူေဆာင္႐ြက္ႏိုင္ျခင္းေတြက ကြၽန္ေတာ္တို႔ကို wearable ပိုင္းမွာ ဆန္းသစ္တီထြင္မႈေတြ၊ ကမာၻတစ္လႊားကလူေတြအတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္ထုတ္ကုန္ေတြ တည္ေဆာက္ႏိုင္ျခင္းေတြကို တြန္းအားတစ္ခုျဖစ္ေစမွာပါ”

[Unicode]Fitbit ဟာ ဝင်ငွေခန့်မှန်းချက်ကို ဂျူလိုင်ကမှာ ရပ်တံ့လိုက်ပြီးတော့ သူတို့လုပ်ငန်းရဲ့ ငွေကြေးအခြေအနေကို စစ်ဆေးတဲ့အခါ Apple Watch လိုမျိုးပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မှုအားနည်းခြင်းကြောင့် အရောင်းတွေကျနေခဲ့ပါတယ်။

[Zawgyi]Fitbit ဟာ ဝင္ေငြခန႔္မွန္းခ်က္ကို ဂ်ဴလိုင္ကမွာ ရပ္တံ့လိုက္ၿပီးေတာ့ သူတို႔လုပ္ငန္းရဲ႕ ေငြေၾကးအေျခအေနကို စစ္ေဆးတဲ့အခါ Apple Watch လိုမ်ိဳးၿပိဳင္ဘက္ေတြကို ယွဥ္ၿပိဳင္ႏိုင္မႈအားနည္းျခင္းေၾကာင့္ အေရာင္းေတြက်ေနခဲ့ပါတယ္။

[Unicode]လေ့လာဆန်းစစ်သူအတော်များများကလည်း Fitbit ဟာ hardware ထက် user data collection ကြောင့် တန်ဖိုးပိုရှိနေတာလို့ သုံးသပ်ကြပါတယ်။ သုံးစွဲသူတွေရဲ့ကျန်းမာရေးထောက်ပံ့မှုတွေပေးအပ်ဖို့အတွက် အာမခံလုပ်ငန်းတွေနဲ့လည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ဝင်ငွေကို fitness tracking ဈေးကွက်မှာလည်း ရရှိအောင် ကြိုးစားခဲ့တာပါ။ အဲဒီနယ်ပယ်မှာတော့ Apple Watch ကကြီးစိုးထားပါတယ်။ ဩဂုတ်လမှာတော့ Versa 2 ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ device လေးမှာတော့ Apple Watch နဲ့ဆင်တူတဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားခဲ့ပြီး Alexa ထည့်သွင်းခြင်း၊ အွန်လိုင်းပေးချေမှုအတွက် near-field communication (NFC) ထည့်သွင်းခြင်း၊ သီချင်းနဲ့ မီဒီယာတွေကို on-device သိမ်းဆည်းနိုင်ခြင်းတွေကို ထောက်ပံ့ပေးထားပါတယ်။ Versa 2 ရဲ့ဈေးနှုန်းကတော့ ၁၉၉ဒေါ်လာဖြစ်ပြီး Apple Watch Series 5 ကတော့ ၃၉၉ဒေါ်လာဖြစ်ပါတယ်။ ဒါပေမယ့် Apple Watch Series 3 ကတော့ ၁၉၉ဒေါ်လာနဲ့ရောင်းချနေပါပြီ။ Versa 2 ထက် ပိုပြီးတော့ feature တွေစုံလင်တာကို လက်ခံရမှာပါ။

[Zawgyi]ေလ့လာဆန္းစစ္သူအေတာ္မ်ားမ်ားကလည္း Fitbit ဟာ hardware ထက္ user data collection ေၾကာင့္ တန္ဖိုးပိုရွိေနတာလို႔ သုံးသပ္ၾကပါတယ္။ သုံးစြဲသူေတြရဲ႕က်န္းမာေရးေထာက္ပံ့မႈေတြေပးအပ္ဖို႔အတြက္ အာမခံလုပ္ငန္းေတြနဲ႔လည္း လုပ္ေဆာင္ခဲ့ဖူးပါတယ္။ သူ႔ရဲ႕ဝင္ေငြကို fitness tracking ေစ်းကြက္မွာလည္း ရရွိေအာင္ ႀကိဳးစားခဲ့တာပါ။ အဲဒီနယ္ပယ္မွာေတာ့ Apple Watch ကႀကီးစိုးထားပါတယ္။ ဩဂုတ္လမွာေတာ့ Versa 2 ကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ device ေလးမွာေတာ့ Apple Watch နဲ႔ဆင္တူတဲ့လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းေပးထားခဲ့ၿပီး Alexa ထည့္သြင္းျခင္း၊ အြန္လိုင္းေပးေခ်မႈအတြက္ near-field communication (NFC) ထည့္သြင္းျခင္း၊ သီခ်င္းနဲ႔ မီဒီယာေတြကို on-device သိမ္းဆည္းႏိုင္ျခင္းေတြကို ေထာက္ပံ့ေပးထားပါတယ္။ Versa 2 ရဲ႕ေစ်းႏႈန္းကေတာ့ ၁၉၉ေဒၚလာျဖစ္ၿပီး Apple Watch Series 5 ကေတာ့ ၃၉၉ေဒၚလာျဖစ္ပါတယ္။ ဒါေပမယ့္ Apple Watch Series 3 ကေတာ့ ၁၉၉ေဒၚလာနဲ႔ေရာင္းခ်ေနပါၿပီ။ Versa 2 ထက္ ပိုၿပီးေတာ့ feature ေတြစုံလင္တာကို လက္ခံရမွာပါ။

[Unicode]အချိန်တွေကြာလာတော့ Fitbit ဟာ Apple Watch နဲ့ယှဉ်လိုက်ရင် ဈေးသက်သာနေဖို့ အာရုံစိုက်ခဲ့ရတယ်။ ၂၀၁၅ခုနှစ်မှာ Apple Watch ကိုယှဉ်ဖို့အတွက် Fitbit Surge မှာ GPS လိုမျိုး feature အပိုတွေထည့်ပေးခဲ့တယ်။ အလားတူပဲ ၂၀၁၇ခုနှစ်မှာ Apple က Fitbit Ionic ကို flexible system နဲ့ ဆက်လက်တိုက်ခိုက်ခဲ့တယ်။ Fitbit ရဲ့ ကွာတားအလိုက်ဝင်ငွေတွေကိုတော့ နိုဝင်ဘာ၆ရက်နေ့မှာ ကြေညာသွားမှာပါ။ Google က share တစ်ခုကို $7.35 နဲ့ ငွေပေးချေဖို့ ကမ်းလှမ်းထားတာပါ။ ၂၀၂၀မှာ စည်းမျဉ်းတွေထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

[Zawgyi]အခ်ိန္ေတြၾကာလာေတာ့ Fitbit ဟာ Apple Watch နဲ႔ယွဥ္လိုက္ရင္ ေဈးသက္သာေနဖို႔ အာ႐ုံစိုက္ခဲ့ရတယ္။ ၂၀၁၅ခုႏွစ္မွာ Apple Watch ကိုယွဥ္ဖို႔အတြက္ Fitbit Surge မွာ GPS လိုမ်ိဳး feature အပိုေတြထည့္ေပးခဲ့တယ္။ အလားတူပဲ ၂၀၁၇ခုႏွစ္မွာ Apple က Fitbit Ionic ကို flexible system နဲ႔ ဆက္လက္တိုက္ခိုက္ခဲ့တယ္။ Fitbit ရဲ႕ ကြာတားအလိုက္ဝင္ေငြေတြကိုေတာ့ ႏိုဝင္ဘာ၆ရက္ေန႔မွာ ေၾကညာသြားမွာပါ။ Google က share တစ္ခုကို $7.35 နဲ႔ ေငြေပးေခ်ဖို႔ ကမ္းလွမ္းထားတာပါ။ ၂၀၂၀မွာ စည္းမ်ဥ္းေတြထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : appleinsider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.