တရုတ်နဲ့ယူအက်စ်ကြားက စစ်မြေတလင်းတစ်ခုကို ဖွင့်လှစ်ပေးဦးမယ့် TikTok

0
2097

[Unicode]အခုခေတ်မှာ ကလေးလူကြီးကျားမ မရေွး လူမျိုးဘာသာမရွေး အဲလေ မုန့်ဖတ်ထုပ်နဲ့မှားကုန်ပြီ။ အရမ်းကိုခေတ်စားနေတဲ့ TikTok လေးကတော့ ပြီးခဲ့တဲ့လမှာ လွှတ်တော်အမတ်တွေရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို တင်ပြခဲ့တာမို့ စောင့်ကြည့်ခံနေရာကနေ နိုင်ငံအဆင့်လုံခြုံရေးစောင့်ကြည့်မှုအဖြစ် သတ်မှတ်လိုက်ပါပြီ။

[Zawgyi]အခုေခတ္မွာ ကေလးလူႀကီးက်ားမ မေရြး လူမ်ိဳးဘာသာမေ႐ြး အဲေလ မုန႔္ဖတ္ထုပ္နဲ႔မွားကုန္ၿပီ။ အရမ္းကိုေခတ္စားေနတဲ့ TikTok ေလးကေတာ့ ၿပီးခဲ့တဲ့လမွာ လႊတ္ေတာ္အမတ္ေတြရဲ႕ ဆိုက္ဘာလုံၿခဳံေရးနဲ႔ပတ္သတ္ၿပီး ျဖစ္လာႏိုင္တဲ့အက်ိဳးဆက္ေတြကို တင္ျပခဲ့တာမို႔ ေစာင့္ၾကည့္ခံေနရာကေန ႏိုင္ငံအဆင့္လုံၿခဳံေရးေစာင့္ၾကည့္မႈအျဖစ္ သတ္မွတ္လိုက္ပါၿပီ။

[Unicode]Reuters ရဲ့တင်ပြချက်အရ ယူအက်စ်မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးကော်မတီက TikTok ရဲ့မိခင်လုပ်ငန်းဖြစ်တဲ့ ဘေဂျင်းအခြေစိုက် ByteDance ကို နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေရှိလာနိုင်သလားဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ByteDance ဟာ TikTok ဖြစ်လာမယ့် အရာလေးနဲ့ karaoke app Music.ly တို့ကို ဒေါ်လာ၁ဘီလျံနဲ့ ဝယ်ခဲ့ပါတယ်။ အခုဆိုရင် အနောက်တိုင်းဈေးကွက်မှာတောင်မှ သုံးစွဲသူတွေအမြောက်အများကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာတစ်လွှားမှာ TikTok သုံးစွဲသူပေါင်းဟာ တစ်လကို ၈၀၀မီလျံရှိနေပြီးတော့ ဒီနှစ်အစောပိုင်းမှာ ၁ဘီလျံဒေါင်းလုတ်ကျော်သွားခဲ့ပါပြီ။

[Zawgyi]Reuters ရဲ႕တင္ျပခ်က္အရ ယူအက္စ္မွာရွိတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံေရးေကာ္မတီက TikTok ရဲ႕မိခင္လုပ္ငန္းျဖစ္တဲ့ ေဘဂ်င္းအေျခစိုက္ ByteDance ကို ႏိုင္ငံလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈေတြရွိလာႏိုင္သလားဆိုတာ ေစာင့္ၾကည့္ခဲ့ပါတယ္။ ၂၀၁၇ခုႏွစ္တုန္းက ByteDance ဟာ TikTok ျဖစ္လာမယ့္ အရာေလးနဲ႔ karaoke app Music.ly တို႔ကို ေဒၚလာ၁ဘီလ်ံနဲ႔ ဝယ္ခဲ့ပါတယ္။ အခုဆိုရင္ အေနာက္တိုင္းေစ်းကြက္မွာေတာင္မွ သုံးစြဲသူေတြအေျမာက္အမ်ားကို ပိုင္ဆိုင္ထားပါတယ္။ ကမာၻတစ္လႊားမွာ TikTok သုံးစြဲသူေပါင္းဟာ တစ္လကို ၈၀၀မီလ်ံရွိေနၿပီးေတာ့ ဒီႏွစ္အေစာပိုင္းမွာ ၁ဘီလ်ံေဒါင္းလုတ္ေက်ာ္သြားခဲ့ပါၿပီ။

[Unicode]ဖယ်ဒရယ်စုံစမ်းစစ်ဆေးမှုရဲ့ အသေးစိတ်အချက်အလက်တွေကတော့ မသိရသေးပေမယ့်လည်း ဝယ်ယူမှုကိုရှင်းရှင်းလင်းလင်း မလုပ်ထားလို့ဆိုတာ ဖြစ်နိုင်လောက်ပါတယ်။ New York Times ကို သတင်းပေးသူတစ်ယောက်ကပြောထားတာကတော့ TikTok ဟာ တရုတ်နိုင်ငံကိုအချက်လက်တွေပြန်ပို့နေပြီးတော့ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း TikTok ဟာ သူ့ရဲ့ ဒေတာစင်တာတွေကို အမေရိကနဲ့စင်ကာပူမှာ ထားရှိပြီး ယူအက်စ်သုံးစွဲသူတွေရဲ့အချက်အလက်ကို သိမ်းဆည်းထားတယ်လို့ ဆိုထားပါတယ်။ ByteDance ဟာ ဘေဂျင်းမှာအခြေစိုက်တာဖြစ်ပေမယ့်လည်း Tiktok ကို ဒေသအတွင်းမှာလည်ပတ်နေတာမဟုတ်လို့ တရုတ်ဥပဒေက ကိုင်တွယ်ထားခြင်းမရှိဘူး။ သူ့ရဲ့သုံးစွဲသူတွေ၊ content တွေ၊ ဒေတာတွေဟာ တရုတ်နိုင်ငံအတွင်းက ByteDance ရဲ့ အခြားထုတ်ကုန်တွေနဲ့ ဆက်စပ်ထားခြင်းမရှိဘူးလို့ ပြောဆိုခွင့်ရှိသူက ပြောထားပါတယ်။

[Zawgyi]ဖယ္ဒရယ္စုံစမ္းစစ္ေဆးမႈရဲ႕ အေသးစိတ္အခ်က္အလက္ေတြကေတာ့ မသိရေသးေပမယ့္လည္း ဝယ္ယူမႈကိုရွင္းရွင္းလင္းလင္း မလုပ္ထားလို႔ဆိုတာ ျဖစ္ႏိုင္ေလာက္ပါတယ္။ New York Times ကို သတင္းေပးသူတစ္ေယာက္ကေျပာထားတာကေတာ့ TikTok ဟာ တ႐ုတ္ႏိုင္ငံကိုအခ်က္လက္ေတြျပန္ပို႔ေနၿပီးေတာ့ သိမ္းဆည္းထားတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့လတုန္းကလည္း TikTok ဟာ သူ႔ရဲ႕ ေဒတာစင္တာေတြကို အေမရိကနဲ႔စင္ကာပူမွာ ထားရွိၿပီး ယူအက္စ္သုံးစြဲသူေတြရဲ႕အခ်က္အလက္ကို သိမ္းဆည္းထားတယ္လို႔ ဆိုထားပါတယ္။ ByteDance ဟာ ေဘဂ်င္းမွာအေျခစိုက္တာျဖစ္ေပမယ့္လည္း Tiktok ကို ေဒသအတြင္းမွာလည္ပတ္ေနတာမဟုတ္လို႔ တ႐ုတ္ဥပေဒက ကိုင္တြယ္ထားျခင္းမရွိဘူး။ သူ႔ရဲ႕သုံးစြဲသူေတြ၊ content ေတြ၊ ေဒတာေတြဟာ တ႐ုတ္ႏိုင္ငံအတြင္းက ByteDance ရဲ႕ အျခားထုတ္ကုန္ေတြနဲ႔ ဆက္စပ္ထားျခင္းမရွိဘူးလို႔ ေျပာဆိုခြင့္ရွိသူက ေျပာထားပါတယ္။

[Unicode]TikTok ကတော့ ဒီအဖြစ်အပျက်ကို ချက်ချင်းတုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ ByteDance ရဲ့ပြောဆိုခွင့်ရှိသူကတော့ အခုလိုပြောထားပါတယ်။ “ဖြစ်ပျက်နေတဲ့ စစ်ဆေးမှုလုပ်ငန်းစဉ်ကို ကွန်မန့်မပေးနိုင်ခင်မှာ TikTok ဟာ ယူအက်စ်မှာရှိတဲ့ သုံးစွဲသူတွေရဲ့ယုံကြည်မှု၊ ဥပဒေပြုသူတွေရဲ့ယုံကြည်မှုကို ဦးစားပေးနေတာလို့ပြောချင်ပါတယ်။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။ ”

[Zawgyi]TikTok ကေတာ့ ဒီအျဖစ္အပ်က္ကို ခ်က္ခ်င္းတုံ႔ျပန္ထားျခင္းမရွိေသးပါဘူး။ ByteDance ရဲ႕ေျပာဆိုခြင့္ရွိသူကေတာ့ အခုလိုေျပာထားပါတယ္။ “ျဖစ္ပ်က္ေနတဲ့ စစ္ေဆးမႈလုပ္ငန္းစဥ္ကို ကြန္မန႔္မေပးႏိုင္ခင္မွာ TikTok ဟာ ယူအက္စ္မွာရွိတဲ့ သုံးစြဲသူေတြရဲ႕ယုံၾကည္မႈ၊ ဥပေဒျပဳသူေတြရဲ႕ယုံၾကည္မႈကို ဦးစားေပးေနတာလို႔ေျပာခ်င္ပါတယ္။ ဒီလိုျဖစ္ေအာင္လည္း ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။ ”

[Unicode]ပြီးခဲ့တဲ့အပတ်တုန်းက လွှတ်တော်အမတ် Chuck Schumer (D-NY) နဲ့ Tom တို့က Cotton (R-AR) TikTok ကို ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုအတွက် စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ “ယူအက်စ်တစ်ခုတည်းမှာကို ၁၁၀မီလျံဒေါင်းလုတ်ကျော်သွားပြီဖြစ်တဲ့အတွက် TikTok ဟာ ကျွန်တော်တို့လျစ်လျူရှုထားလို့မရတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်။” လွှတ်တော်အမတ် Marco Rubio (R-FL) ကလည်း အလားတူအကြောင်းအရာကို တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

[Zawgyi]ၿပီးခဲ့တဲ့အပတ္တုန္းက လႊတ္ေတာ္အမတ္ Chuck Schumer (D-NY) နဲ႔ Tom တို႔က Cotton (R-AR) TikTok ကို ဆိုက္ဘာလုံၿခဳံေရးၿခိမ္းေျခာက္မႈအတြက္ စစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ “ယူအက္စ္တစ္ခုတည္းမွာကို ၁၁၀မီလ်ံေဒါင္းလုတ္ေက်ာ္သြားၿပီျဖစ္တဲ့အတြက္ TikTok ဟာ ကြၽန္ေတာ္တို႔လ်စ္လ်ဴရႈထားလို႔မရတဲ့ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာႏိုင္တယ္။” လႊတ္ေတာ္အမတ္ Marco Rubio (R-FL) ကလည္း အလားတူအေၾကာင္းအရာကို တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။

[Unicode]TikTok ဟာ ယူအက်စ်နဲ့တရုတ်အတွင်းက စစ်မြေပြင်တစ်ခုကို ဖန်တီးတော့မယ်နဲ့တူပါတယ်။ နည်းပညာဈေးကွက်မှာ ထိပ်ဆုံးရောက်အောင် ကြိုးစားနေချိန်မှာ ရုန်းကန်မှုတွေနဲ့တော့ ရင်ဆိုင်ရမှာပါပဲ။

[Zawgyi]TikTok ဟာ ယူအက္စ္နဲ႔တ႐ုတ္အတြင္းက စစ္ေျမျပင္တစ္ခုကို ဖန္တီးေတာ့မယ္နဲ႔တူပါတယ္။ နည္းပညာေစ်းကြက္မွာ ထိပ္ဆုံးေရာက္ေအာင္ ႀကိဳးစားေနခ်ိန္မွာ ႐ုန္းကန္မႈေတြနဲ႔ေတာ့ ရင္ဆိုင္ရမွာပါပဲ။

Ref : gizmodo

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.