iOS 13.2 မှာ background app တွေရှင်းပစ်နေပြီး multitask မရတော့လို့ အပြစ်တင်ခံနေရ

0
1656

[Unicode]iOS 13.2 မှာ background app တွေရှင်းပစ်နေလို့ အပြစ်တင်နေကြတာ အတော်ကြီးကိုများနေပါပြီ။ ဒီလိုမျိုးလုပ်ရပ်ကြောင့် multitasking လုပ်ချင်သူတွေအတွက် လုံး၀ကိုအဆင်မပြေတော့ပါဘူး။ iOS update လေးကို တနင်္လာနေ့တုန်းက ထုတ်ပေးခဲ့တာဖြစ်ပြီး Deep Fusion, emoji အသစ်တွေ, Siri privacy settings စတာတွေကို ပြင်ဆင်ထားပါတယ်။

[Zawgyi]iOS 13.2 မွာ background app ေတြရွင္းပစ္ေနလို႔ အျပစ္တင္ေနၾကတာ အေတာ္ႀကီးကိုမ်ားေနပါၿပီ။ ဒီလိုမ်ိဳးလုပ္ရပ္ေၾကာင့္ multitasking လုပ္ခ်င္သူေတြအတြက္ လုံး၀ကိုအဆင္မေျပေတာ့ပါဘူး။ iOS update ေလးကို တနလၤာေန႔တုန္းက ထုတ္ေပးခဲ့တာျဖစ္ၿပီး Deep Fusion, emoji အသစ္ေတြ, Siri privacy settings စတာေတြကို ျပင္ဆင္ထားပါတယ္။

[Unicode]

Overcast developer Marco Arment ကတော့ တွစ်တာပေါ်မှာ သူ့ရဲ့အတွေ့အကြုံကို တင်ပြထားပါတယ်။
iOS 13.2 မှာပါဝင်နေတဲ့ bug အသစ်တွေကတော့
• Background downloads တွေမကြာခဏရပ်သွားပြီး မ run တော့
• background app တွေကို ရှင်းပစ်လိုက်တာမို့ multitasking လုံးဝမရတော့

[Zawgyi]

Overcast developer Marco Arment ကေတာ့ တြစ္တာေပၚမွာ သူ႔ရဲ႕အေတြ႕အႀကဳံကို တင္ျပထားပါတယ္။
iOS 13.2 မွာပါဝင္ေနတဲ့ bug အသစ္ေတြကေတာ့
• Background downloads ေတြမၾကာခဏရပ္သြားၿပီး မ run ေတာ့
• background app ေတြကို ရွင္းပစ္လိုက္တာမို႔ multitasking လုံး၀မရေတာ့

[Unicode]ဒါကြောင့် အချိန်ကြာကြာပေးထားခဲ့တဲ့ iOS 13 အခြေခံလုပ်ဆောင်ချက်လေးကို ပျက်ပြားသွားစေခဲ့ပါတယ်။ သူက Apple ဟာ update မထွက်ခင်မှာ developers တွေကို အချိန်ပေးပြီးတော့ bug တွေရှာ၊ ပြင်ဆင်ခိုင်းသင့်တယ်လို့ ပြောထားပါတယ်။ Apple ကတော့ software quality အဆင်မပြေရခြင်းအတွက် ဆင်ခြေကောင်းကောင်းရှိနေဦးမှာပါ။ bug တွေကို ပြင်ဆင်ဖို့အတွက် အချိန်မလောက်လို့ဆိုတာပဲ ထပ်ကာထပ်ကာကြားနေရတယ်လို့ သူကဆိုပါတယ်။ software quality က တော်တော်လေးကို ဆိုးဝါးနေပြီ Apple ရေ။ ဒီထက်ပြောရရင် စနစ်တွေကလည်း မကောင်းတော့ဘူးလို့ ဒေါသမာန်နဲ့ ရေးထားပါတယ်။

[Zawgyi]ဒါေၾကာင့္ အခ်ိန္ၾကာၾကာေပးထားခဲ့တဲ့ iOS 13 အေျခခံလုပ္ေဆာင္ခ်က္ေလးကို ပ်က္ျပားသြားေစခဲ့ပါတယ္။ သူက Apple ဟာ update မထြက္ခင္မွာ developers ေတြကို အခ်ိန္ေပးၿပီးေတာ့ bug ေတြရွာ၊ ျပင္ဆင္ခိုင္းသင့္တယ္လို႔ ေျပာထားပါတယ္။ Apple ကေတာ့ software quality အဆင္မေျပရျခင္းအတြက္ ဆင္ေျခေကာင္းေကာင္းရွိေနဦးမွာပါ။ bug ေတြကို ျပင္ဆင္ဖို႔အတြက္ အခ်ိန္မေလာက္လို႔ဆိုတာပဲ ထပ္ကာထပ္ကာၾကားေနရတယ္လို႔ သူကဆိုပါတယ္။ software quality က ေတာ္ေတာ္ေလးကို ဆိုးဝါးေနၿပီ Apple ေရ။ ဒီထက္ေျပာရရင္ စနစ္ေတြကလည္း မေကာင္းေတာ့ဘူးလို႔ ေဒါသမာန္နဲ႔ ေရးထားပါတယ္။

[Unicode]Daring Fireball ရဲ့ John Gruber ကလည်း အခုလိုပြောထားပြန်ပါတယ်။ အခု bug ကတော့ background မှာရောက်သွားတဲ့ app တွေကို kill လုပ်လိုက်တဲ့အတွက်ကြောင့် ကျွန်တော့ကို တော်တော်လေး ကသိကအောက်နိုင်စေတယ်။ Safari မှာ YouTube video ကြည့်တယ်။ ပြီးတော့ အခြား app တစ်ခုကိုဖွင့်လိုက်တယ်။ Safari ကိုပြန်သွားချိန်မှာ ဗွီဒီယိုက အစကနေပြန်ကြည့်နေရတယ်။

[Zawgyi] Daring Fireball ရဲ႕ John Gruber ကလည္း အခုလိုေျပာထားျပန္ပါတယ္။ အခု bug ကေတာ့ background မွာေရာက္သြားတဲ့ app ေတြကို kill လုပ္လိုက္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ့ကို ေတာ္ေတာ္ေလး ကသိကေအာက္ႏိုင္ေစတယ္။ Safari မွာ YouTube video ၾကည့္တယ္။ ၿပီးေတာ့ အျခား app တစ္ခုကိုဖြင့္လိုက္တယ္။ Safari ကိုျပန္သြားခ်ိန္မွာ ဗြီဒီယိုက အစကေနျပန္ၾကည့္ေနရတယ္။

[Unicode]

  • Arment ရဲ့ တွစ်တာပေါ်မှာလည်း အခုလိုတွေ့မြင်ရပါသေးတယ်။ iPad Pro မှာဖြစ်နေတာနော်။ 6 GB RAM ကြီးပေါ်မှာဗျာ။ စိတ်ပျက်စရာ။
  • mail တွေလည်း ရပ်ကုန်ပြီ။ mail ရဖို့ reboot တောင်လုပ်ရတော့မယ်။
  • @OvercastFM ကိုရပ်ပြီးတော့ ဖုန်းခေါ်လိုက်တယ်။ iOS က kill လုပ်လိုက်တော့ နားထောင်နေတာကနေ ပြန်မစတော့ဘူး။ မမိုက်လိုက်တာ။
  • Twitter ထဲက WebView က သူ့ဘာသာ kill နေပြီး page ကို reload တွေလုပ်နေတယ်။ ဒါ 13.2 ကို ဖုန်းမှာတင်ပြီးကတည်းကပဲ။
  • Mail မှာ တော်တော်သိသာတယ်။ app မဖွင့်မချင်း မက်ဆေ့ချ်တွေ ရောက်မလာဘူး။
  • AirPods မှာ Overcast ကို ရပ်ပြီးတွေးနေမိတယ်။ ပြီးတော့မှပြန်ဖွင့်တော့ Overcast ကို ပြန်ပြီးဖွင့်ရပြန်ရော။ Marco bug ဖြစ်မယ်ထင်တယ်။ ပြီးတော့ safari ကနေ “alt+tab” လုပ်ပြီးတော့ password manager ခေါ်တော့ webpage reload ဖြစ်နေတယ်။ သိလိုက်ပါ‌ပြီ။ OS ကြောင့်ဆိုတာ။
  • ဟုတ်တယ်။ background download က အခရာပဲ။ 13.2 တင်ဖို့လိုတာကို ဒေါင်းလုတ်ဆွဲဖို့အတွက် restart ချရမယ်။

[Zawgyi]

  • Arment ရဲ႕ တြစ္တာေပၚမွာလည္း အခုလိုေတြ႕ျမင္ရပါေသးတယ္။ iPad Pro မွာျဖစ္ေနတာေနာ္။ 6 GB RAM ႀကီးေပၚမွာဗ်ာ။ စိတ္ပ်က္စရာ။
  • mail ေတြလည္း ရပ္ကုန္ၿပီ။ mail ရဖို႔ reboot ေတာင္လုပ္ရေတာ့မယ္။
  • @OvercastFM ကိုရပ္ၿပီးေတာ့ ဖုန္းေခၚလိုက္တယ္။ iOS က kill လုပ္လိုက္ေတာ့ နားေထာင္ေနတာကေန ျပန္မစေတာ့ဘူး။ မမိုက္လိုက္တာ။
  • Twitter ထဲက WebView က သူ႔ဘာသာ kill ေနၿပီး page ကို reload ေတြလုပ္ေနတယ္။ ဒါ 13.2 ကို ဖုန္းမွာတင္ၿပီးကတည္းကပဲ။
  • Mail မွာ ေတာ္ေတာ္သိသာတယ္။ app မဖြင့္မခ်င္း မက္ေဆ့ခ်္ေတြ ေရာက္မလာဘူး။
  • AirPods မွာ Overcast ကို ရပ္ၿပီးေတြးေနမိတယ္။ ၿပီးေတာ့မွျပန္ဖြင့္ေတာ့ Overcast ကို ျပန္ၿပီးဖြင့္ရျပန္ေရာ။ Marco bug ျဖစ္မယ္ထင္တယ္။ ၿပီးေတာ့ safari ကေန “alt+tab” လုပ္ၿပီးေတာ့ password manager ေခၚေတာ့ webpage reload ျဖစ္ေနတယ္။ သိလိုက္ပါ‌ၿပီ။ OS ေၾကာင့္ဆိုတာ။
  • ဟုတ္တယ္။ background download က အခရာပဲ။ 13.2 တင္ဖို႔လိုတာကို ေဒါင္းလုတ္ဆြဲဖို႔အတြက္ restart ခ်ရမယ္။

[Unicode]iOS 13.2 killing background app ကို ကိုယ်တိုင်ခံစားနေရပြီလား။ Safari မှာ ဗလာတွေ မြင်နေရပြီလား။ ဘယ်လိုတွေဖြစ်နေလဲ ပြောခဲ့ပါဦး။

[Zawgyi]iOS 13.2 killing background app ကို ကိုယ္တိုင္ခံစားေနရၿပီလား။ Safari မွာ ဗလာေတြ ျမင္ေနရၿပီလား။ ဘယ္လိုေတြျဖစ္ေနလဲ ေျပာခဲ့ပါဦး။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.