Huawei ရဲ့ တက်ဘလက်အသစ်မှာ iPad Pro ဒီဇိုင်းနဲ့ဆင်တူနေ
0
402
[Unicode]Evleaks ရဲ့ပြောကြားချက်အရတော့ ‘MatePad Pro’ လို့ နာမည်ပေးမယ်ဆိုပဲ။
[Zawgyi]Evleaks ရဲ့ပြောကြားချက်အရတော့ ‘MatePad Pro’ လို့ နာမည်ပေးမယ်ဆိုပဲ။
[Unicode]အသစ်ထွက်ရှိလာမယ့် Huawei တက်ဘက်လေးရဲ့ပုံရိပ်တွေကတော့ ထွက်ရှိလာပြီဖြစ်တာမို့ iPad Pro လိုမျိုး “hole-punch” အရှေ့ကင်မရာဒီဇိုင်းလေးကို မြင်လိုက်မိပါတယ်။ “hole-punch” တင်ထားတဲ့ပုံတွေအရ ဒါဟာ MediaPad M6 ရဲ့နောက်မျိုးဆက်ဖြစ်တာမို့ MediaPad M7 လို့ခေါ်နိုင်ချေလည်း ရှိနေပါတယ်။ Evan Blass ကတော့ “MatePad Pro” လို့ သုံးနှုန်းထားပါတယ်။ Huawei laptop တွေကို “MateBooks” လို့နာမည်ပေးတာဆိုတော့ ခုနကပြောတဲ့နာမည်ကလည်း ကွဲထွက်နေတာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။
[Unicode]ဘယ်လိုပဲခေါ်ပါစေ။ ဘောင်တွေပါးလွှာပြီးတော့ M-Pen stylus ထောက်ပံ့မှုလည်း ပါဝင်မှာဖြစ်သလို smart magnetic keyboard လည်း ပါဝင်နေပါတယ်။ keyboard တပ်ဆင်ထားတဲ့ပုံစံကလည်း iPad Pro လိုထင်ရက်စရာပါပဲ။ ပုံရိပ်တွေအရတော့ အရောင်ကို အဖြူနဲ့အနက် ထုတ်မှာဖြစ်ပြီး USB-C port နဲ့ထွက်ရှိလာမှာပါ။ 3.5mm jack ပါဝင်မလားဆိုတာကတော့ တပ်အပ်မပြောနိုင်သေးပါဘူး။
Ref : engadget
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.