AirPods Pro အသစ်ရဲ့ Hands-On

0
417

[Unicode]AirPods Pro လေးရဲ့ official launch date ကတော့ ကျွန်တော်တို့ကို အံ့ဩသွားစေခဲ့ပါတယ်။ ဒီတော့လည်း လုပ်နေကြအတိုင်း feature အသစ်တွေစမ်းရင်းနဲ့ first impression လေး ရေးဖို့စိတ်ကူးပါတယ်။ ဗွီဒီယိုလေးထဲမှာပြထားတာကတော့ ဒီဇိုင်းအသစ်တွေ၊ AirPods Pro ရဲ့လုပ်ဆောင်နိုင်စွမ်း၊ ဒေါ်လာ၂၄၉နဲ့ တန်ရဲ့လားဆိုတာတွေကို ဆုံးဖြတ်ထားပါတယ်။

[Zawgyi]AirPods Pro ေလးရဲ႕ official launch date ကေတာ့ ကြၽန္ေတာ္တို႔ကို အံ့ဩသြားေစခဲ့ပါတယ္။ ဒီေတာ့လည္း လုပ္ေနၾကအတိုင္း feature အသစ္ေတြစမ္းရင္းနဲ႔ first impression ေလး ေရးဖို႔စိတ္ကူးပါတယ္။ ဗြီဒီယိုေလးထဲမွာျပထားတာကေတာ့ ဒီဇိုင္းအသစ္ေတြ၊ AirPods Pro ရဲ႕လုပ္ေဆာင္ႏိုင္စြမ္း၊ ေဒၚလာ၂၄၉နဲ႔ တန္ရဲ႕လားဆိုတာေတြကို ဆုံးျဖတ္ထားပါတယ္။

[Unicode]ဒီဇိုင်းပိုင်းအရ AirPods Pro ဟာ AirPods အဖြစ်နဲ့ မှတ်မိလွယ်ပါတယ်။ ဒါပေမယ့်လည်း အရင် AirPods တွေနဲ့မတူတာတွေရှိပါတယ်။ တိုင်လေးက ပိုတိုသွားပြီး gesture သုံးလို့ရတဲ့ Force sensor feature လည်းထည့်ပေးထားပါတယ်။ သီချင်းကို ဖွင့်ချင်၊ ရပ်ချင်ရင် တိုင်လေးကို ညှစ်လိုက်ပါ။ နှစ်ခါညှစ်လိုက်ရင် တစ်ပုဒ်ကျော်ပါတယ်။ သုံးကြိမ်ဆိုရင်တော့ အနောက်ကိုပြန်ရစ်တာဖြစ်ပါတယ်။ ဖိထားမယ်ဆိုရင်တော့ listening mode တွေကို ပြောင်းလဲတာဖြစ်ပါတယ်။ ဒါက စက္ကန့်ပိုင်းလောက်ပဲကြာပါတယ်။

[Zawgyi]ဒီဇိုင္းပိုင္းအရ AirPods Pro ဟာ AirPods အျဖစ္နဲ႔ မွတ္မိလြယ္ပါတယ္။ ဒါေပမယ့္လည္း အရင္ AirPods ေတြနဲ႔မတူတာေတြရွိပါတယ္။ တိုင္ေလးက ပိုတိုသြားၿပီး gesture သုံးလို႔ရတဲ့ Force sensor feature လည္းထည့္ေပးထားပါတယ္။ သီခ်င္းကို ဖြင့္ခ်င္၊ ရပ္ခ်င္ရင္ တိုင္ေလးကို ညႇစ္လိုက္ပါ။ ႏွစ္ခါညႇစ္လိုက္ရင္ တစ္ပုဒ္ေက်ာ္ပါတယ္။ သုံးႀကိမ္ဆိုရင္ေတာ့ အေနာက္ကိုျပန္ရစ္တာျဖစ္ပါတယ္။ ဖိထားမယ္ဆိုရင္ေတာ့ listening mode ေတြကို ေျပာင္းလဲတာျဖစ္ပါတယ္။ ဒါက စကၠန႔္ပိုင္းေလာက္ပဲၾကာပါတယ္။

[Unicode]AirPods Pro ရဲ့ ဒီဇိုင်းပြောင်းလဲမှုတွေထဲမှာ နောက်တစ်ခုပြောရမှာက silicone tip အသစ်ဖြစ်ပါတယ်။ ဒါလေးက နားအတွင်းထဲမှာ အံဝင်နေဖို့အတွက် ထုတ်ပေးထားတာပါ။ AirPods Pro မှာ tip သုံးမျိုးပါဝင်မှာဖြစ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ဟာကိုရွေးချယ်နိုင်စေဖို့အတွက်လည်း fit test တောင် ထုတ်ပေးထားပါသေးတယ်။

[Zawgyi]AirPods Pro ရဲ႕ ဒီဇိုင္းေျပာင္းလဲမႈေတြထဲမွာ ေနာက္တစ္ခုေျပာရမွာက silicone tip အသစ္ျဖစ္ပါတယ္။ ဒါေလးက နားအတြင္းထဲမွာ အံဝင္ေနဖို႔အတြက္ ထုတ္ေပးထားတာပါ။ AirPods Pro မွာ tip သုံးမ်ိဳးပါဝင္မွာျဖစ္ပါတယ္။ ကိုယ္နဲ႔အဆင္ေျပတဲ့ဟာကိုေ႐ြးခ်ယ္ႏိုင္ေစဖို႔အတြက္လည္း fit test ေတာင္ ထုတ္ေပးထားပါေသးတယ္။

[Unicode]AirPods Pro ဟာ သက်တောင့်သက်သာရှိပြီး နားအတွင်းမှာအံဝင်နေတာ ခံစားမိပါတယ်။ original AirPods နဲ့တော့ ကွဲပြားတဲ့ခံစားချက်တချို့ ရှိနေတုန်းပါပဲ။ အဲဒီ silicone tip တွေဟာ AirPods Pro ရဲ့ အဓိက feature ဖြစ်တဲ့ Active Noise Cancellation ကို ယူဆောင်လာပေးပါတယ်။ Active Noise Cancellation ကို အရင်တုန်းက Beats headphone တွေမှာ အသုံးပြုခဲ့ပေမယ့်လည်း earbuds မှာထည့်သုံးတာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

[Zawgyi]AirPods Pro ဟာ သက္ေတာင့္သက္သာရွိၿပီး နားအတြင္းမွာအံဝင္ေနတာ ခံစားမိပါတယ္။ original AirPods နဲ႔ေတာ့ ကြဲျပားတဲ့ခံစားခ်က္တခ်ိဳ႕ ရွိေနတုန္းပါပဲ။ အဲဒီ silicone tip ေတြဟာ AirPods Pro ရဲ႕ အဓိက feature ျဖစ္တဲ့ Active Noise Cancellation ကို ယူေဆာင္လာေပးပါတယ္။ Active Noise Cancellation ကို အရင္တုန္းက Beats headphone ေတြမွာ အသုံးျပဳခဲ့ေပမယ့္လည္း earbuds မွာထည့္သုံးတာက ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

[Unicode]Active Noise Cancellation ဟာ ကျွန်တော်တို့စမ်းသပ်နေတဲ့အချိန်အတွင်းမှာ ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။ ကျယ်လောင်တဲ့ပန်ကာသံတွေ၊ ရုံးအတွင်းကလူတွေရဲ့အသံတွေကို လျှော့ချပေးပါတယ်။ Transparency mode အသစ်ကတော့ Active Noise Cancellation ကို လျှော့ချလိုက်တာမို့ ပတ်ဝန်းကျင်အသံတွေကို နားစွင့်လို့ရပါတယ်။ Active Noise Cancellation နဲ့ Transparency mode ကို လှည့်သုံးခြင်းက ယာဉ်ကြောအခြေအနေ၊ သတိပေးချက်တွေ စတဲ့အခြေအနေတွေကို လွဲချော်မသွားအောင် ဖမ်းယူနိုင်စေမှာပါ။ Control Center ကနေလည်း ထိန်းချုပ်ပြောင်းလဲလို့ရပါသေးတယ်။

[Zawgyi]Active Noise Cancellation ဟာ ကြၽန္ေတာ္တို႔စမ္းသပ္ေနတဲ့အခ်ိန္အတြင္းမွာ ေကာင္းမြန္စြာအလုပ္လုပ္ပါတယ္။ က်ယ္ေလာင္တဲ့ပန္ကာသံေတြ၊ ႐ုံးအတြင္းကလူေတြရဲ႕အသံေတြကို ေလွ်ာ့ခ်ေပးပါတယ္။ Transparency mode အသစ္ကေတာ့ Active Noise Cancellation ကို ေလွ်ာ့ခ်လိုက္တာမို႔ ပတ္ဝန္းက်င္အသံေတြကို နားစြင့္လို႔ရပါတယ္။ Active Noise Cancellation နဲ႔ Transparency mode ကို လွည့္သုံးျခင္းက ယာဥ္ေၾကာအေျခအေန၊ သတိေပးခ်က္ေတြ စတဲ့အေျခအေနေတြကို လြဲေခ်ာ္မသြားေအာင္ ဖမ္းယူႏိုင္ေစမွာပါ။ Control Center ကေနလည္း ထိန္းခ်ဳပ္ေျပာင္းလဲလို႔ရပါေသးတယ္။

[Unicode]AirPods Pro မှာ အသံပိုင်းဆိုင်ရာအရည်အသွေးကို တိုးတက်အောင်လုပ်ဆောင်ထားတယ်လို့ပြောပါတယ်။ AirPods နဲ့ AirPods Pro ကြားက အရည်အသွေးကွာခြားချက်က သိသာနေပါတယ်။ ဒီတော့ AirPods ကိုကြိုက်တယ်ဆိုရင် AirPods Pro ကို ကြွေကျသွားမှာ ကျိန်းသေပါပဲ။

[Zawgyi]AirPods Pro မွာ အသံပိုင္းဆိုင္ရာအရည္အေသြးကို တိုးတက္ေအာင္လုပ္ေဆာင္ထားတယ္လို႔ေျပာပါတယ္။ AirPods နဲ႔ AirPods Pro ၾကားက အရည္အေသြးကြာျခားခ်က္က သိသာေနပါတယ္။ ဒီေတာ့ AirPods ကိုႀကိဳက္တယ္ဆိုရင္ AirPods Pro ကို ေႂကြက်သြားမွာ က်ိန္းေသပါပဲ။

[Unicode]AirPods Pro မှာ တစ်ယောက်ချင်းစီရဲ့နားပုံသဏ္ဍာန်ကိုလိုက်ပြီး သီချင်းရဲ့ကြိမ်နှုန်း အနိမ့်အမြင့်ကိုချိန်ညှိပေးသွားမယ့် Adaptive EQ feature ထည့်သွင်းထားပါတယ်။ လက်တွေ့မှာ ကျွန်တော်တို့ဟာ တူရိယာတစ်ခုချင်းစီရဲ့အသံကို ကွဲကွဲပြားပြားနားဆင်နိုင်ပါတယ်။ AirPods Pro ဟာ ရေစိုခံတယ်ဆိုတာလည်း ထည့်ပြောရဦးမယ်။ ချွေးထွက်များတဲ့သူ၊ မိုးဖွဲဖွဲလေးထဲမှာ ခဏပြေးရမယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေပေမယ့်လည်း ရေစိမ်လို့တော့မရဘူးနော်။[Zawgyi]AirPods Pro မွာ တစ္ေယာက္ခ်င္းစီရဲ႕နားပုံသ႑ာန္ကိုလိုက္ၿပီး သီခ်င္းရဲ႕ႀကိမ္ႏႈန္း အနိမ့္အျမင့္ကိုခ်ိန္ညႇိေပးသြားမယ့္ Adaptive EQ feature ထည့္သြင္းထားပါတယ္။ လက္ေတြ႕မွာ ကြၽန္ေတာ္တို႔ဟာ တူရိယာတစ္ခုခ်င္းစီရဲ႕အသံကို ကြဲကြဲျပားျပားနားဆင္ႏိုင္ပါတယ္။ AirPods Pro ဟာ ေရစိုခံတယ္ဆိုတာလည္း ထည့္ေျပာရဦးမယ္။ ေခြၽးထြက္မ်ားတဲ့သူ၊ မိုးဖြဲဖြဲေလးထဲမွာ ခဏေျပးရမယ္ဆိုတဲ့သူေတြအတြက္ အဆင္ေျပေပမယ့္လည္း ေရစိမ္လို႔ေတာ့မရဘူးေနာ္။

[Unicode]AirPods Pro မှာပါတဲ့ H1 chip ကတော့ AirPods 2 မှာတည်းက ထည့်သွင်းပေးထားတာဖြစ်ပြီး quick setup ၊ device swapping feature ၊ hands-free “Hey Siri” command စတာတွေကို ထောက်ပံ့ပေးထားပါတယ်။

[Zawgyi]AirPods Pro မွာပါတဲ့ H1 chip ကေတာ့ AirPods 2 မွာတည္းက ထည့္သြင္းေပးထားတာျဖစ္ၿပီး quick setup ၊ device swapping feature ၊ hands-free “Hey Siri” command စတာေတြကို ေထာက္ပံ့ေပးထားပါတယ္။

[Unicode]Wireless Charging Case အကြောင်းပြောရမယ်ဆိုရင်တော့ standard AirPods case နဲ့တူပေမယ့် အရင်ဗားရှင်းထက် နည်းနည်းလေးဝနေသလိုဖြစ်တာကတော့ silicone tip တွေကြောင့်ပါ။ original case နဲ့လုပ်ဆောင်ချက်အတူတူပါပဲ။ AirPods Pro အတွက် ၂၄နာရီဘတ်ထရီသက်တမ်းပေးထားပြီး ငါးမိနစ်အားသွင်း တစ်နာရီနားထောင်လို့ရပါတယ်။ Lightning to USB-C cable ဒါမှမဟုတ် Qi-based wireless charger အသုံးပြုပြီးလည်း သွင်းလို့ရပါတယ်။

[Zawgyi]Wireless Charging Case အေၾကာင္းေျပာရမယ္ဆိုရင္ေတာ့ standard AirPods case နဲ႔တူေပမယ့္ အရင္ဗားရွင္းထက္ နည္းနည္းေလး၀ေနသလိုျဖစ္တာကေတာ့ silicone tip ေတြေၾကာင့္ပါ။ original case နဲ႔လုပ္ေဆာင္ခ်က္အတူတူပါပဲ။ AirPods Pro အတြက္ ၂၄နာရီဘတ္ထရီသက္တမ္းေပးထားၿပီး ငါးမိနစ္အားသြင္း တစ္နာရီနားေထာင္လို႔ရပါတယ္။ Lightning to USB-C cable ဒါမွမဟုတ္ Qi-based wireless charger အသုံးျပဳၿပီးလည္း သြင္းလို႔ရပါတယ္။

[Unicode]AirPods Pro ကတော့ Active Noise Cancellation ဖွင့်ထားရင် ၄နာရီခွဲ၊ ပိတ်ထားရင် ငါးနာရီအထိ ခံပါတယ်။ ဖုန်းပြောမယ်ဆိုရင်တော့ ANC ဖွင့်ထားရင် ၃နာရီခွဲလောက် ရပါလိမ့်မယ်။ ဈေးနှုန်းကတော့ Wireless Charging Case ပါတဲ့ AirPods 2 ထက် ဒေါ်လာ၅၀များပါတယ်။ သူ့မှာက Active Noise Cancellation, comfortable fit, အသံကောင်းကောင်းတွေ ထည့်သွင်းထားပါတယ်။ ဒါကြောင့် AirPods Pro ကို ရွေးတာက ပိုသဘာဝကျပါတယ်။

[Zawgyi]AirPods Pro ကေတာ့ Active Noise Cancellation ဖြင့္ထားရင္ ၄နာရီခြဲ၊ ပိတ္ထားရင္ ငါးနာရီအထိ ခံပါတယ္။ ဖုန္းေျပာမယ္ဆိုရင္ေတာ့ ANC ဖြင့္ထားရင္ ၃နာရီခြဲေလာက္ ရပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ Wireless Charging Case ပါတဲ့ AirPods 2 ထက္ ေဒၚလာ၅၀မ်ားပါတယ္။ သူ႔မွာက Active Noise Cancellation, comfortable fit, အသံေကာင္းေကာင္းေတြ ထည့္သြင္းထားပါတယ္။ ဒါေၾကာင့္ AirPods Pro ကို ေ႐ြးတာက ပိုသဘာ၀က်ပါတယ္။

[Unicode]AirPods ရှိနေပြီးသားသူတွေအတွက် upgrade လုပ်သင့်ရဲ့လားဆိုတာက သူတို့ဘာသာဆုံးဖြတ်ရမှာပါ။ ANC နဲ့ အသံစနစ်ကောင်းတယ်ဆိုပေမယ့်လည်း AirPods နဲ့ AirPods 2 က ခပ်မိုက်မိုက်အမျိုးအစားထဲမှာပါနေတော့ အဆင်ပြေနေတယ်ဆိုရင် မလုပ်ပါနဲ့ဦး။

[Zawgyi]AirPods ရွိေနၿပီးသားသူေတြအတြက္ upgrade လုပ္သင့္ရဲ႕လားဆိုတာက သူတို႔ဘာသာဆုံးျဖတ္ရမွာပါ။ ANC နဲ႔ အသံစနစ္ေကာင္းတယ္ဆိုေပမယ့္လည္း AirPods နဲ႔ AirPods 2 က ခပ္မိုက္မိုက္အမ်ိဳးအစားထဲမွာပါေနေတာ့ အဆင္ေျပေနတယ္ဆိုရင္ မလုပ္ပါနဲ႔ဦး။

Ref : macrumors

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.