Tim Cook ကို AirPods နဲ့တွဲပြီးရိုက်ထားတာ ဘာကြောင့်မမြင်ရသလဲ

0
818

[Unicode]Trump က iPhone သုံးတယ်ဆိုတာက ကျွန်တော်တို့အားလုံးသိတယ်။ ဒါပေမယ့် Tim Apple ကရော သူ့ရဲ့ AirPods ကို ကိုယ်တိုင်ဝတ်ရဲ့လား။ ဘယ်ဟာကိုယုံရမလဲမသိအောင် ဖြစ်သွားစေတာကတော့ Photoshop လုပ်ထားတဲ့ပုံကို တွေ့လိုက်ရလို့ပါပဲ။

[Zawgyi]Trump က iPhone သုံးတယ္ဆိုတာက ကြၽန္ေတာ္တို႔အားလုံးသိတယ္။ ဒါေပမယ့္ Tim Apple ကေရာ သူ႔ရဲ႕ AirPods ကို ကိုယ္တိုင္ဝတ္ရဲ႕လား။ ဘယ္ဟာကိုယုံရမလဲမသိေအာင္ ျဖစ္သြားေစတာကေတာ့ Photoshop လုပ္ထားတဲ့ပုံကို ေတြ႕လိုက္ရလို႔ပါပဲ။

[Unicode]အပေါ်မှာပြထားတာကတော့ Tim Cook ရဲ့ profile picture ဖြစ်ပြီးတော့ ဒီနေ့ AirPods Pro ကြော်ငြာတဲ့အခါမှာ ပြောင်းလိုက်တဲ့ပုံကိုလည်း တွဲပြထားပါတယ်။ အောက်မှာတော့ AirPods 2 ကြော်ငြာခဲ့တဲ့ မတ်လတုန်းက before / after လေးကို ရှာထားပါတယ်။

[Zawgyi]အေပၚမွာျပထားတာကေတာ့ Tim Cook ရဲ႕ profile picture ျဖစ္ၿပီးေတာ့ ဒီေန႔ AirPods Pro ေၾကာ္ျငာတဲ့အခါမွာ ေျပာင္းလိုက္တဲ့ပုံကိုလည္း တြဲျပထားပါတယ္။ ေအာက္မွာေတာ့ AirPods 2 ေၾကာ္ျငာခဲ့တဲ့ မတ္လတုန္းက before / after ေလးကို ရွာထားပါတယ္။

[Unicode]image search သုံးပြီးရှာကြည့်တော့လည်း Cook က AirPods ဝတ်ထားတာ မတွေ့ပါဘူး။ အနီးစပ်ဆုံးဆိုရင် 2016 ABC News interview (1:44) မှာ ခဏသာဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် မော်ဒယ်လ်အနေနဲ့ ရိုက်ကူးခဲ့တာမဟုတ်ပါဘူး။

[Zawgyi]image search သုံးၿပီးရွာၾကည့္ေတာ့လည္း Cook က AirPods ဝတ္ထားတာ မေတြ႕ပါဘူး။ အနီးစပ္ဆုံးဆိုရင္ 2016 ABC News interview (1:44) မွာ ခဏသာဝတ္ဆင္ခဲ့ပါတယ္။ ဒါေပမယ့္ ေမာ္ဒယ္လ္အေနနဲ႔ ႐ိုက္ကူးခဲ့တာမဟုတ္ပါဘူး။

[Unicode]ဒီတော့ တတိယအကြိမ်မှာ သူကအဲဒီလိုဝတ်ပြီးရိုက်ထားတယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားကြည့်ရအောင်။ တချို့လူတွေကပြောလိမ့်မယ်။ သူ့အချိန်ကအရမ်းကိုတန်ဖိုးရှိနေတာ ကိုယ်ပိုင်တွစ်တာအကောင့်ကို ကိုယ်တိုင်တင်ဖို့အားပါ့မလား။ ဒါလည်းဟုတ်တာပဲ။ ဒါမှမဟုတ်လည်း တန်ဖိုးရှိလှတဲ့အချိန်လေးကို တစ်ယောက်ယောက်က ဓါတ်ပုံခိုးရိုက်သွားမှာ ကြောက်နေလို့များလား။ ဘာမှန်းကိုမသိတော့ပါဘူး။ ကိုယ်တိုင်ပဲ အတွေးနယ်ချဲ့ကြည့်လိုက်ပါတော့။

[Zawgyi] ဒီေတာ့ တတိယအႀကိမ္မွာ သူကအဲဒီလိုဝတ္ၿပီး႐ိုက္ထားတယ္ဆိုေတာ့ ျဖစ္ႏိုင္ပါ့မလား။ စဥ္းစားၾကည့္ရေအာင္။ တခ်ိဳ႕လူေတြကေျပာလိမ့္မယ္။ သူ႔အခ်ိန္ကအရမ္းကိုတန္ဖိုးရွိေနတာ ကိုယ္ပိုင္တြစ္တာအေကာင့္ကို ကိုယ္တိုင္တင္ဖို႔အားပါ့မလား။ ဒါလည္းဟုတ္တာပဲ။ ဒါမွမဟုတ္လည္း တန္ဖိုးရွိလွတဲ့အခ်ိန္ေလးကို တစ္ေယာက္ေယာက္က ဓါတ္ပုံခိုး႐ိုက္သြားမွာ ေၾကာက္ေနလို႔မ်ားလား။ ဘာမွန္းကိုမသိေတာ့ပါဘူး။ ကိုယ္တိုင္ပဲ အေတြးနယ္ခ်ဲ႕ၾကည့္လိုက္ပါေတာ့။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.