iPhone 11, iPhone 11 Pro, iPhone 11 Pro Max မှာ DFU or Recovery Mode ဝင်နည်း
0
315
[Unicode]iPhone 11 ဒါမှမဟုတ် iPhone 11 Pro ကိုင်ထားပြီးတော့ DFU or Recovery Mode ဘယ်လိုဝင်ရမလဲမသိ ဖြစ်နေလား။ အောက်မှာပြထားတဲ့နည်းလမ်းလေးတွေ လုပ်ကြည့်လိုက်ပါ အိုကေသွားလိမ့်မယ်။
[Unicode]Recovery နဲ့ DFU mode တွက iPhone ကို ကလိချင်တဲ့အခါ အတော်လေးအသုံးဝင်ပါတယ်။ ဒီတစ်ခေါက် DFU နဲ့ Recovery mode ဝင်ဖို့နည်းလမ်းက physical home button ပါတဲ့ဖုန်းတွေနဲ့မတူတော့ပါဘူး။ iPhone 11 နဲ့ iPhone 11 Pro မှာ Recovery or DFU mode ဘယ်လိုဝင်ရမလဲဆိုတာကိုမပြောခင်မှာ ခြားနားချက်လေးတွေကိုအရင်သိထားသင့်လို့ ပြောခွင့်ပြုပါ။
Recovery Mode vs DFU Mode
DFU Mode
[Unicode]သူကတော့ Device Firmware Update mode ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ဒါက Mac or PC မှာ iTunes software နဲ့ အသုံးပြုနိုင်တဲ့ special mode တစ်ခုဖြစ်ပါတယ်။ iBoot ဖြစ်စရာမလိုပါဘူး။ iBoot ကို bypass ဖြစ်တာမို့ DFU mode ဟာ iOS firmware အသစ်တင်တာ၊ firmware အောက်ဆင်းတာ၊ jailbroken စတဲ့အခြေအနေတွေမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ DFU mode မှာရောက်နေပြီဆိုရင်တော့ အနက်ရောင်အဖြစ်ကို ပြောင်းလဲသွားမှာပါ။
Recovery Mode
[Unicode]DFU mode နဲ့မတူတာက recovery mode မှာထားလိုက်ခြင်းဟာ iBoot ကိုလှမ်းခေါ်ပါတယ်။ Recovery mode ထဲမှာရှိနေတဲ့ iPhone ရဲ့ဗားရှင်း ဒါမှမဟုတ် သူ့ထက်မြင့်တဲ့ဗားရှင်းကို သွင်းရပါတယ်။ iPhone လေးဟာ Recovery mode အတွင်းရောက်နေချိန်မှာ iTunes နဲ့ချိတ်ဆက်ဖို့အတွက် ပြသနေပါလိမ့်မယ်။ ဒီနည်းလမ်းက recovery mode နဲ့ DFU mode ကို ခွဲခြားနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
[Unicode]iPhone 11 နဲ့ iPhone 11 Pro မှာ Recovery Mode ဘယ်လိုဝင်မလဲ
[Zawgyi]iPhone 11 နဲ႔ iPhone 11 Pro မွာ Recovery Mode ဘယ္လိုဝင္မလဲ
[Unicode] Step 1: iTunes Update
ပထမဆုံးအနေနဲ့ နောက်ဆုံးထွက် iTunes ကို တင်ထားပါ။ iTunes က Mac or PC မှာ လက်ရှိ run နေရင် ထွက်လိုက်ပါ။ macOS Catalina ဆိုရင်တော့ OS ရဲ့အပိုင်းထဲမှာမပါတော့လို့ အေးဆေးဖြစ်သွားပါပြီ။
Step 2: Connect iPhone 11 or iPhone 11 Pro နှင့် ကွန်ပျူတာကိုချိတ်ဆက်ပါ
Mac or PC နဲ့ ဖုန်းကိုချိတ်ဆက်လိုက်ပါ။ iPhone ကိုပထမဆုံးအကြိမ် ချိတ်ဆက်တာဆိုရင်တော့ trust လုပ်ပေးရပါလိမ့်မယ်။
Step 3: Hard Reset
ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတုန်းမှာ reboot ကျအောင်လုပ်ဆောင်ရမှာပါ။ ဒီလိုလုပ်ဖို့အတွက် Volume Up ကိုနှိပ်ပြီး Volume Down ကို မြန်မြန်လေးနှိပ်လိုက်ပါ။ ပြီးရင်တော့ Side ခလုတ်ကိုဖိထားပြီး reboot ဖြစ်တဲ့အထိ စောင့်ပါ။ ဒါဆိုရင် iPhone မှာ iTunes screen လေးမြင်ရမှာပါ။ Apple logo မြင်ရင် မလွှတ်လိုက်ပါနဲ့ဦး။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်သွားတဲ့အထိ စောင့်ပါ။
Step 4: Restore or Update iPhone
PC or Mac နဲ့ချိတ်ဆက်သွားတဲ့အခါ Restore or Update လို့မေးပါလိမ့်မယ်။ macOS Catalina မှာတော့ အလားတူမေးခွန်းပါတဲ့ finder window လေးပေါ်ပါတယ်။ Update option ရွေးရင်တော့ ဒေတာမပျက်ဘဲ နောက်ဆုံးဗားရှင်းကိုတင်တာပါ။ Restore ကတော့ ဒေတာအားလုံးပျက်မှာဖြစ်ပါတယ်။
[Zawgyi]
Step 1: iTunes Update
Step 3: Hard Reset
[Unicode]iPhone 11 နဲ့ iPhone 11 Pro မှာ Recovery Mode ဘယ်လိုထွက်မလဲ
[Zawgyi]iPhone 11 နဲ႔ iPhone 11 Pro မွာ Recovery Mode ဘယ္လိုထြက္မလဲ
[Unicode]recovery mode ကနေထွက်ချင်ရင်တော့ ကွန်ပျူတာကနေ ဖုန်းကိုဖြုတ်လိုက်ပြီး iOS ထဲဝင်ဖို့ Side ခလုတ်ကိုဖိထားပါ။
[Zawgyi]recovery mode ကနေထွက်ချင်ရင်တော့ ကွန်ပျူတာကနေ ဖုန်းကိုဖြုတ်လိုက်ပြီး iOS ထဲဝင်ဖို့ Side ခလုတ်ကိုဖိထားပါ။
[Unicode]iPhone 11 နဲ့ iPhone 11 Pro မှာ DFU Mode ဘယ်လိုဝင်မလဲ
[Zawgyi]iPhone 11 နဲ႔ iPhone 11 Pro မွာ DFU Mode ဘယ္လိုဝင္မလဲ
[Unicode]
recovery mode မလုပ်မဖြစ်တဲ့အခါမှာ DFU mode သုံးလို့ရပါတယ်။ downgrade ဆင်းချင်တဲ့အခါမှာ အသုံးပြုတာများပါတယ်။
Step 1: ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီး iTunes ဖွင့်ပါ။ macOS Catalina မှာတော့ iTunes ဖွင့်စရာမလိုပါဘူး။
Step 2: Volume Up ကိုဖိပြီး Volume Down ကိုဖိပါ။ ပြီးတော့ Side ခလုတ်ကို အနက်ရောင်မပြောင်းခင်အထိ ဖိထားပါ။
Step 3: Side နဲ့ Volume Down ကို ငါးစက္ကန့်လောက် ဖိထားပါ။
Step 4: Side ခလုတ်ကိုလွှတ်ပြီး Volume Down ကိုဆက်ဖိထားပါ။
Step 5: စက္ကန့်အနည်းငယ်အကြာမှာ ကွန်ပျူတာက ဖုန်းကိုသိရှိသွားပြီး DFU mode ဝင်ပါလိမ့်မယ်။
ဒါဆိုရင်တော့ iPhone ကို မသုံးခင်မှာ update လုပ်ဖို့အတွက် စာလေးမြင်ရပါလိမ့်မယ်။ စာလေးမမြင်ဘူးဆိုရင်တော့ DFU mode မရောက်သေးလို့ပါ။
[Zawgyi]
[Unicode]
iPhone 11, iPhone 11 Pro မှာ DFU Mode ကနေ ဘယ်လိုထွက်မလဲ
Step 1: Volume upကို နှိပ်
Step 2: Volume Down ကိုနှိပ်
Step 3: Side ခလုတ်ကိုဖိထားပြီး Apple logo မြင်မှလွှတ်လိုက်ပါ။
[Zawgyi]
iPhone 11, iPhone 11 Pro မွာ DFU Mode ကေန ဘယ္လိုထြက္မလဲ
Ref : iphonehacks
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.