Android 10 beta မှာပါဝင်နေတဲ့ Galaxy S10 lock ကျသွားခြင်းကို ဖြေရှင်းနည်း

0
264

[Unicode]တချို့သော Samsung Galaxy S10 သုံးစွဲသူတွေဟာ beta သုံးကြည့်နေချိန်မှာ unlock မလုပ်နိုင်တော့ပါဘူး။ Android 10 / One UI 2.0 beta မှာပါဝင်နေတဲ့ bug တစ်ခုကြောင့် PIN, password, pattern ကို လက်ခံဖို့အတွက် ငြင်းဆန်နေတာဖြစ်ပါတယ်။

[Zawgyi]တခ်ိဳ႕ေသာ Samsung Galaxy S10 သုံးစြဲသူေတြဟာ beta သုံးၾကည့္ေနခ်ိန္မွာ unlock မလုပ္ႏိုင္ေတာ့ပါဘူး။ Android 10 / One UI 2.0 beta မွာပါဝင္ေနတဲ့ bug တစ္ခုေၾကာင့္ PIN, password, pattern ကို လက္ခံဖို႔အတြက္ ျငင္းဆန္ေနတာျဖစ္ပါတယ္။

[Unicode]ကံကောင်းတာက ဒီဖြစ်ရပ်ဟာ အားလုံးကို သက်ရောက်နေတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သက်ရောက်နေတဲ့သူတွေအတွက် နည်းလမ်းလေးတစ်ခုပြောပြချင်ပါတယ်။ ပထမဆုံးတစ်ခုကတော့ PIN, password, pattern နဲ့ biometric data တွေကို Samsung ရဲ့ Find My Mobile service အသုံးပြုပြီး Remote unlock ကတစ်ဆင့် ဖျက်လိုက်ပါ။

[Zawgyi]ကံေကာင္းတာက ဒီျဖစ္ရပ္ဟာ အားလုံးကို သက္ေရာက္ေနတာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း သက္ေရာက္ေနတဲ့သူေတြအတြက္ နည္းလမ္းေလးတစ္ခုေျပာျပခ်င္ပါတယ္။ ပထမဆုံးတစ္ခုကေတာ့ PIN, password, pattern နဲ႔ biometric data ေတြကို Samsung ရဲ႕ Find My Mobile service အသုံးျပဳၿပီး Remote unlock ကတစ္ဆင့္ ဖ်က္လိုက္ပါ။

[Unicode]Remote unlock ကိုမဖွင့်ထားဘူးဆိုရင်တော့ Smart Switch ကို အသုံးပြုပြီး factory reset ချလိုက်ရင် Android Pie ကို ပြန်ရောက်ပါလိမ့်မယ်။ ဒီလိုလုပ်ရင်တော့ ဖုန်းထဲကအချက်အလက်တွေအားလုံး ပျက်စီးသွားမှာဖြစ်လို့ ဖြေရှင်းနည်းကောင်းတော့ မဟုတ်ပါဘူး။

[Zawgyi]Remote unlock ကိုမဖြင့္ထားဘူးဆိုရင္ေတာ့ Smart Switch ကို အသုံးျပဳၿပီး factory reset ခ်လိုက္ရင္ Android Pie ကို ျပန္ေရာက္ပါလိမ့္မယ္။ ဒီလိုလုပ္ရင္ေတာ့ ဖုန္းထဲကအခ်က္အလက္ေတြအားလုံး ပ်က္စီးသြားမွာျဖစ္လို႔ ေျဖရွင္းနည္းေကာင္းေတာ့ မဟုတ္ပါဘူး။

[Unicode]ဒီထက်ပိုဆိုးတာက ဖုန်းပြန်သုံးလို့ရပေမယ့်လည်း PIN, pattern, password, biometrics တွေကို အသုံးပြုလို့မရတော့ဘူးလို့ ပြောနေကြပါတယ်။

[Zawgyi]ဒီထက္ပိုဆိုးတာက ဖုန္းျပန္သုံးလို႔ရေပမယ့္လည္း PIN, pattern, password, biometrics ေတြကို အသုံးျပဳလို႔မရေတာ့ဘူးလို႔ ေျပာေနၾကပါတယ္။

[Unicode]ဒါဟာ beta ကို စမ်းသပ်ခြင်းရဲ့ အန္တရာယ်တွေဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ Samsung က မကြာခင်မှာ ဖြေရှင်းနိုင်တဲ့ patch တစ်ခုကို ထုတ်ပေးတော့မှာပါ။ ဒါပေမယ့်လည်း လက်ရှိ lock ဖြစ်နေတဲ့ဖုန်းက ဒီအတိုင်းဖြစ်နေမှာပါ။ update ကို သွင်းဖို့အတွက်ဆိုရင် ဖုန်းကို အရင်ဆုံး unlock လုပ်ရမှာပါ။ အနည်းဆုံးတော့ Remote unlock ကနေ ဖျက်ပြီးရင် နောက်တစ်ကြိမ်ပြန်သုံးလို့တော့ ရမှာပဲလေ။

[Zawgyi]ဒါဟာ beta ကို စမ္းသပ္ျခင္းရဲ႕ အႏၲရာယ္ေတြျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ Samsung က မၾကာခင္မွာ ေျဖရွင္းႏိုင္တဲ့ patch တစ္ခုကို ထုတ္ေပးေတာ့မွာပါ။ ဒါေပမယ့္လည္း လက္ရွိ lock ျဖစ္ေနတဲ့ဖုန္းက ဒီအတိုင္းျဖစ္ေနမွာပါ။ update ကို သြင္းဖို႔အတြက္ဆိုရင္ ဖုန္းကို အရင္ဆုံး unlock လုပ္ရမွာပါ။ အနည္းဆုံးေတာ့ Remote unlock ကေန ဖ်က္ၿပီးရင္ ေနာက္တစ္ႀကိမ္ျပန္သုံးလို႔ေတာ့ ရမွာပဲေလ။

[Unicode]ပိုဆိုးတာပြောပြရဦးမယ်။ Samsung ကြုံနေရတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ အောက်တိုဘာ ၁၇ရက်တုန်းကလည်း ultrasonic in-display fingerprint sensor ဟာ ဘယ်သူဖွင့်ဖွင့် ပွင့်နေပါသတဲ့။ တောင်ကိုရီးယားမှာ အောက်တိုဘာ၂၃ရက်နေ့က fix ထုတ်ပေးထားပြီး အခြားနိုင်ငံတွေလည်း မကြာခင်မှာ ရနိုင်တော့မယ်လို့ သိရပါတယ်။

[Zawgyi] ပိုဆိုးတာေျပာျပရဦးမယ္။ Samsung ႀကဳံေနရတာ ဒီတစ္ခုတည္းမဟုတ္ပါဘူး။ ေအာက္တိုဘာ ၁၇ရက္တုန္းကလည္း ultrasonic in-display fingerprint sensor ဟာ ဘယ္သူဖြင့္ဖြင့္ ပြင့္ေနပါသတဲ့။ ေတာင္ကိုရီးယားမွာ ေအာက္တိုဘာ၂၃ရက္ေန႔က fix ထုတ္ေပးထားၿပီး အျခားႏိုင္ငံေတြလည္း မၾကာခင္မွာ ရႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.