wireless earbuds တွေနဲ့ဂိမ်းကစားတဲ့အခါ အသံနောက်ကျမှုကိုဖြေရှင်းဖို့ Razer wireless earbuds

0
521

[Unicode] အဲဒီ Wireless earbuds လေးမှာ 60ms latency mode ပါရှိပါတယ်။
Android ဖုန်းပေါ်မှာ ဂိမ်းဆော့တဲ့အချိန် wireless headphone တွေရဲ့ အဆိုးဆုံးအချက်တစ်ခုကတော့ latency ဖြစ်ပါတယ်။ Sony WH-1000X M3s လို စျေးကြီးတဲ့ပစ္စည်းတွေတောင်မှ screen ပေါ်မှာဖြစ်နေတဲ့အရာကို ကြားရနိုင်စွမ်းမရှိသေးပါဘူး။ စိတ်ပျက်စရာတော့ကောင်းသား။ ဒါကြောင့် Razer ရဲ့ ၉၉ဒေါ်လာတန် Hammerhead True Wireless earbuds လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။

[Zawgyi]အဲဒီ Wireless earbuds ေလးမွာ 60ms latency mode ပါရွိပါတယ္။
Android ဖုန္းေပၚမွာ ဂိမ္းေဆာ့တဲ့အခ်ိန္ wireless headphone ေတြရဲ႕ အဆိုးဆုံးအခ်က္တစ္ခုကေတာ့ latency ျဖစ္ပါတယ္။ Sony WH-1000X M3s လို ေစ်းႀကီးတဲ့ပစၥည္းေတြေတာင္မွ screen ေပၚမွာျဖစ္ေနတဲ့အရာကို ၾကားရႏိုင္စြမ္းမရွိေသးပါဘူး။ စိတ္ပ်က္စရာေတာ့ေကာင္းသား။ ဒါေၾကာင့္ Razer ရဲ႕ ၉၉ေဒၚလာတန္ Hammerhead True Wireless earbuds ေလးကို ဖန္တီးျဖစ္ခဲ့ပါတယ္။

[Unicode]wireless earbuds အသစ်လေးကို Razer က မနေ့ကကြေညာခဲ့ပြီး သူ့မှာ iOS နဲ့ Android အတွက် သီးသန့် appလေးတစ်ခု ထုတ်ပေးထားပြီး အဲဒီ app ကနေ “Gaming Mode” ဖွင့်လိုက်တာနဲ့ 60ms latency အဖြစ် ပြောင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် screen ပေါ်မှာဖြစ်ပျက်နေတာနဲ့ ကြားရတဲ့အသံကို အတော်လေးနီးနီးစပ်စပ် ကြားနိုင်မှာပါ။ Razer ပြောကြားချက်အရ earbuds လေးဟာ Bluetooth 5.0 ရဲ့ customized version အသုံးပြုထားတာဖြစ်လို့ low-latency mode သုံးထားပေမယ့်လည်း အသံအရည်အသွေးနဲ့ ဘတ်ထရီသက်တမ်းကိုလည်း ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကိုအသုံးပြုချင်တယ်ဆိုရင်တော့ earbud ကို သုံးကြိမ်ထိပေးရမှာပါ။ [Zawgyi]wireless earbuds အသစ္ေလးကို Razer က မေန႔ကေၾကညာခဲ့ၿပီး သူ႔မွာ iOS နဲ႔ Android အတြက္ သီးသန႔္ appေလးတစ္ခု ထုတ္ေပးထားၿပီး အဲဒီ app ကေန “Gaming Mode” ဖြင့္လိုက္တာနဲ႔ 60ms latency အျဖစ္ ေျပာင္းေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ screen ေပၚမွာျဖစ္ပ်က္ေနတာနဲ႔ ၾကားရတဲ့အသံကို အေတာ္ေလးနီးနီးစပ္စပ္ ၾကားႏိုင္မွာပါ။ Razer ေျပာၾကားခ်က္အရ earbuds ေလးဟာ Bluetooth 5.0 ရဲ႕ customized version အသုံးျပဳထားတာျဖစ္လို႔ low-latency mode သုံးထားေပမယ့္လည္း အသံအရည္အေသြးနဲ႔ ဘတ္ထရီသက္တမ္းကိုလည္း ထိန္းထားႏိုင္တယ္လို႔ သိရပါတယ္။ ဒါကိုအသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ earbud ကို သုံးႀကိမ္ထိေပးရမွာပါ။ [Unicode]သတင်းစာရှင်းလင်းပွဲမှာတော့ Hammerhead True Wireless လေးကို စမ်းသပ်လို့ရခဲ့ပါတယ်။ low-latency mode လေးဟာ အဆင်မပြေတဲ့အချိန်တစ်ချို့ရှိပေမယ့်လည်း သုံးရတာကောင်းမွန်ပါတယ်။ earbuds လေးကိုစမ်းတုန်းက အခန်းကအသံတွေကျယ်လောင်နေခဲ့တာဆိုတော့ feature တစ်ခုရဲ့အရည်အသွေးကို ကောင်းကောင်းဆုံးဖြတ်လို့ မရခဲ့ပါဘူး။

[Zawgyi]သတင္းစာရွင္းလင္းပြဲမွာေတာ့ Hammerhead True Wireless ေလးကို စမ္းသပ္လို႔ရခဲ့ပါတယ္။ low-latency mode ေလးဟာ အဆင္မေျပတဲ့အခ်ိန္တစ္ခ်ိဳ႕ရွိေပမယ့္လည္း သုံးရတာေကာင္းမြန္ပါတယ္။ earbuds ေလးကိုစမ္းတုန္းက အခန္းကအသံေတြက်ယ္ေလာင္ေနခဲ့တာဆိုေတာ့ feature တစ္ခုရဲ႕အရည္အေသြးကို ေကာင္းေကာင္းဆုံးျဖတ္လို႔ မရခဲ့ပါဘူး။

[Unicode]Hammerhead True Wireless လေးဟာ AirPods ဒီဇိုင်းနဲ့ဆင်တူတဲ့အ့အတွက် တွက်ကြောင့် နားထဲမှာအံဝင်ဖို့ နားကြပ်ခေါင်းတွေကို မှီခိုထားတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဆင်ပြေအောင်တော့ ဆီလီကွန်ခေါင်းတွေ ထည့်ပေးထားပါတယ်။ USB-C နဲ့အားသွင်းရတဲ့ case ထဲကနေ ထုတ်လိုက်တာနဲ့ နားထဲကိုထည့်နိုင်ပါပြီ။ ပြင်ပအသံတွေကိုပိတ်ဆို့ထားနိုင်တဲ့ wireless earbuds လိုချင်တယ်ဆိုရင်တော့ သိပ်မကောင်းလှသေးပါဘူး။ ဒါဆိုရင် AirPods Pro က ပိုကောင်းပါလိမ့်မယ်။

[Zawgyi]Hammerhead True Wireless ေလးဟာ AirPods ဒီဇိုင္းနဲ႔ဆင္တူတဲ့အ့အတြက္ တြက္ေၾကာင့္ နားထဲမွာအံဝင္ဖို႔ နားၾကပ္ေခါင္းေတြကို မွီခိုထားတာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အဆင္ေျပေအာင္ေတာ့ ဆီလီကြန္ေခါင္းေတြ ထည့္ေပးထားပါတယ္။ USB-C နဲ႔အားသြင္းရတဲ့ case ထဲကေန ထုတ္လိုက္တာနဲ႔ နားထဲကိုထည့္ႏိုင္ပါၿပီ။ ျပင္ပအသံေတြကိုပိတ္ဆို႔ထားႏိုင္တဲ့ wireless earbuds လိုခ်င္တယ္ဆိုရင္ေတာ့ သိပ္မေကာင္းလွေသးပါဘူး။ ဒါဆိုရင္ AirPods Pro က ပိုေကာင္းပါလိမ့္မယ္။

[Unicode]Hammerhead True Wireless လေးဟာ IPX4 ရေစိုခံစနစ်နဲ့ အားအပြည့်သွင်းပြီးရင် သုံးနာရီအသုံးခံခြင်းတွေနဲ့အတူ ထွက်ရှိလာတာဖြစ်ပါတယ်။ case ကတော့ လေးကြိမ်အားသွင်းပေးနိုင်လို့ ဘတ်ထရီသက်တမ်း၁၂နာရီ ပေးစွမ်းမှာပါ။ ဒါက ပြိုင်ဘက်တွေနဲ့ယှဉ်လိုက်ရင် အားနည်းနေပါသေးတယ်။ သီချင်းပြောင်းခြင်း၊ ဖုန်းကိုင်ခြင်း နဲ့ voice assistant ခေါ်ခြင်းတွေကိုတော့ earbuds ရဲ့ touch control က ဖြေရှင်းပေးပါလိမ့်မယ်။ အသံပိုင်းဆိုင်ရာကိုတော့ ဖုန်းကနေချိန်ညှိဖို့လိုအပ်ပါတယ်။

[Zawgyi]Hammerhead True Wireless ေလးဟာ IPX4 ေရစိုခံစနစ္နဲ႔ အားအျပည့္သြင္းၿပီးရင္ သုံးနာရီအသုံးခံျခင္းေတြနဲ႔အတူ ထြက္ရွိလာတာျဖစ္ပါတယ္။ case ကေတာ့ ေလးႀကိမ္အားသြင္းေပးႏိုင္လို႔ ဘတ္ထရီသက္တမ္း၁၂နာရီ ေပးစြမ္းမွာပါ။ ဒါက ၿပိဳင္ဘက္ေတြနဲ႔ယွဥ္လိုက္ရင္ အားနည္းေနပါေသးတယ္။ သီခ်င္းေျပာင္းျခင္း၊ ဖုန္းကိုင္ျခင္း နဲ႔ voice assistant ေခၚျခင္းေတြကိုေတာ့ earbuds ရဲ႕ touch control က ေျဖရွင္းေပးပါလိမ့္မယ္။ အသံပိုင္းဆိုင္ရာကိုေတာ့ ဖုန္းကေနခ်ိန္ညႇိဖို႔လိုအပ္ပါတယ္။

[Unicode]၉၉ဒေါ်လာစျေးနှုန်းကတော့ ပေးထားတာနဲ့ကြည့်လိုက်ရင် သင့်တယ်လို့ပြောနိုင်ပေမယ့်လည်း ထူးခြားပြောင်မြောက်မှုတော့ ကင်းမဲ့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ Gaming Mode ဟာ Android ဖုန်းပေါ်မှာဂိမ်းကစားနေတဲ့အချိန်မှာ ကြီးမားတဲ့ခြားနားမှုတစ်ခုကို ဖြစ်ပေါ်စေနိုင်မှာမဟုတ်လို့ပါပဲ။ low-latency mode က ဒီ earbuds လေးကို လူကြိုက်များစေမလား၊ စိတ်ပျက်သွားစေမလားဆိုတာ စမ်းသပ်နေဆဲဖြစ်ပါတယ်။ Razer Hammerhead True Wireless ကို အခု Razer.com မှာ ဝယ်ယူနိုင်နေပါပြီ။

[Zawgyi]၉၉ေဒၚလာေစ်းႏႈန္းကေတာ့ ေပးထားတာနဲ႔ၾကည့္လိုက္ရင္ သင့္တယ္လို႔ေျပာႏိုင္ေပမယ့္လည္း ထူးျခားေျပာင္ေျမာက္မႈေတာ့ ကင္းမဲ့ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Gaming Mode ဟာ Android ဖုန္းေပၚမွာဂိမ္းကစားေနတဲ့အခ်ိန္မွာ ႀကီးမားတဲ့ျခားနားမႈတစ္ခုကို ျဖစ္ေပၚေစႏိုင္မွာမဟုတ္လို႔ပါပဲ။ low-latency mode က ဒီ earbuds ေလးကို လူႀကိဳက္မ်ားေစမလား၊ စိတ္ပ်က္သြားေစမလားဆိုတာ စမ္းသပ္ေနဆဲျဖစ္ပါတယ္။ Razer Hammerhead True Wireless ကို အခု Razer.com မွာ ဝယ္ယူႏိုင္ေနပါၿပီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.