Samsung Galaxy S10 တွင် Dex support နှင့် Galaxy Note 10 ၏ Camera feature များရရှိမည်

0
303


[Unicode] မကြာခင်ထွက်ရှိတော့မယ့် Galaxy S10 software update အသစ်မှာ Galaxy Note 10 မှ feature အချို့ကိုထည့်သွင်းပေးထားတယ်လို့သိရပါတယ် ။ SamMobile မှာတင်ထားသော သတင်းအရအချို့သောဒေသများ၌ Galaxy S10, S10 Plus နှင့် S10E များအတွက် Software update ကိုစတင် update လို့ရနေပြီဖြစ်ပြီးတော့ DeX PC ချိတ်ဆက်မှု ၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းများတွင် Live Focus Blur effect ပါဝင်လာခြင်းနှင့်အခြားကင်မရာ feature များပါဝင်လာပါတယ် ။ ယခုလအတွက်ထပ်မံထွက်ရှိထားတဲ့ Android လုံခြုံရေး patch လည်းပါဝင်ပါသေးတယ်။


[Unicode] Samsung အနေ ဖြင့် Galaxy S10 အတွက် software update အသစ်ကိုဥရောပနိုင်ငံများတွင် စတင်ပေးအပ်ထားခြင်းကိုအတည်ပြုကြေညာထားပြီး ယခုအပတ် မှစတင်၍ US တွင်လည်းစတင် update ရရှိနိုင်လိမ့်မည်ဟုပြောကြားခဲ့သည်။


[Unicode] Samsung က သူ့ရဲ့ DeX အလုပ်လုပ်ပုံကို Galaxy Note 10 မှာ ယခင်ဖုန်းတွေမှာပါခဲ့တဲ့ Dex feature နဲ့မတူဘဲ ပြန်လည်ပြုပြင်မွမ်းမံထားတာကိုတွေ့ရပါတယ်။ Galaxy Note 10 မှာပါဝင်တဲ့ Dex feature မှာဆိုရင် ဖုန်းကိုကွန်ပျူတာသဖွယ်အသုံးပြုဖို့ သီးခြား monitor နဲ့ချိတ်ဆက်ဖို့မလိုတော့ဘဲ သင့်ရဲ့ဖုန်းတွင်း application များကိုမည်သည့်ကွန်ပျူတာမှမဆိုချိတ်ဆက်အသုံးပြုလို့ရအောင်ပြုလုပ်ပေးထားပါတယ် ။ ယခုထပ်မံထုတ်ပေးထားတဲ့ Software update အရဆိုရင်တော့ Galaxy Note 10 ရဲ့ Camera feature တွေအပြင် ပြောင်းလဲထားတဲ့အလန်းစား Dex feature ကို Galaxy S10 မှာလည်းအသုံးပြုနိုင်တော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.