Realme 5 Pro Review (Dare to Leap)

0
558

High End Smartphone ကိုင္ေနတဲ့ကိုယ္ေတြအဖို႔ ဒီဖုန္းကို စမ္းခါစမွာ လိုအပ္ခ်က္၊ အားမရတာေတြ ဟိုတစ္ကြက္၊ ဒီတစ္ကြက္ရွိခဲ့ေပမယ့္ သံုးတာတစ္ပတ္ေလာက္ ၾကာလာခ်ိန္မွာေတာ့ Realme 5 Pro ဟာ ကိုယ္တိုင္ Daily Driver အျဖစ္ဆက္သံုးဖို႔ေရာ၊ တျခားလူေတြကို ညႊန္းဖို႔ပါ ယံုၾကည္ခ်က္ရွိေစတဲ့ ဖုန္းတစ္လံုးျဖစ္လာခဲ့တယ္။ ဆိုေတာ့ ဘယ္လိုအားသာခ်က္၊ အားနည္းခ်က္ေတြက ဒီဖုန္းကို ၃သိန္းခြဲဝန္းက်င္ေစ်းမွာ ေရြးခ်ယ္စရာ Mid-range ဖုန္းတစ္လံုးျဖစ္ေစမလဲဆိုတာ Review နဲ႔ ေျဖေပးသြားပါ့မယ္။

[Unicode]High End Smartphone ကိုင်နေတဲ့ကိုယ်တွေအဖို့ ဒီဖုန်းကို စမ်းခါစမှာ လိုအပ်ချက်၊ အားမရတာတွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိခဲ့ပေမယ့် သုံးတာတစ်ပတ်လောက် ကြာလာချိန်မှာတော့ Realme 5 Pro ဟာ ကိုယ်တိုင် Daily Driver အဖြစ်ဆက်သုံးဖို့ရော၊ တခြားလူတွေကို ညွှန်းဖို့ပါ ယုံကြည်ချက်ရှိစေတဲ့ ဖုန်းတစ်လုံးဖြစ်လာခဲ့တယ်။ ဆိုတော့ ဘယ်လိုအားသာချက်၊ အားနည်းချက်တွေက ဒီဖုန်းကို ၃သိန်းခွဲဝန်းကျင်ဈေးမှာ ရွေးချယ်စရာ Mid-range ဖုန်းတစ်လုံးဖြစ်စေမလဲဆိုတာ Review နဲ့ ဖြေပေးသွားပါ့မယ်။

Unboxing

ဗူးထဲမွာ ဖုန္းအျပင္ Silicon Cover, စာရြက္တစ္ခ်ိဳ႕၊ Sim Card ထုတ္မယ့္ Pin, အားသြင္းၾကိဳး နဲ႔ Adaptor ပါမယ္။ သတိထားမိတာက အားသြင္းၾကိဳးရဲ႕ ထိပ္ႏွစ္ဖက္က Metal ေနရာေလးေတြကို ဖုန္မေပ၊ မထိခိုက္ေအာင္ Rubber စြပ္ေလးေတြ စြပ္ေပးထားတာပါ။ (Oppo ဖုန္းေတြမွာလည္း ထိုနည္းတူပဲထင္ရဲ႕) က်န္တာအထူးအဆန္းမရွိေပမယ့္ အဲဒီလို အေသးစိတ္ဂရုစိုက္ေပးတာေလးေတာ့ First Impression အေနနဲ႔ သေဘာက်မိတယ္။

[Unicode] ဗူးထဲမှာ ဖုန်းအပြင် Silicon Cover, စာရွက်တစ်ချို့၊ Sim Card ထုတ်မယ့် Pin, အားသွင်းကြိုး နဲ့ Adaptor ပါမယ်။ သတိထားမိတာက အားသွင်းကြိုးရဲ့ ထိပ်နှစ်ဖက်က Metal နေရာလေးတွေကို ဖုန်မပေ၊ မထိခိုက်အောင် Rubber စွပ်လေးတွေ စွပ်ပေးထားတာပါ။ (Oppo ဖုန်းတွေမှာလည်း ထိုနည်းတူပဲထင်ရဲ့) ကျန်တာအထူးအဆန်းမရှိပေမယ့် အဲဒီလို အသေးစိတ်ဂရုစိုက်ပေးတာလေးတော့ First Impression အနေနဲ့ သဘောကျမိတယ်။

-Aesthetic look & feel

ဖုန္းရဲ႕ General Design Concept ကေတာ့ 2019 မွာ ျမင္ေနရတဲ့ Typical Android Phone ေတြအတိုင္း Camera ေတြက ဘယ္အေပၚေထာင့္၊ Volume Key နဲ႔ Sim Slot က ဖုန္းဘယ္ဘက္၊ Power Key က ဖုန္းရဲ႕ ညာဘက္မွာပါမယ္။ ဒါေပမယ့္ ဖုန္းကိုျမင္ရံုနဲ႔ Realme မွန္းသိသာေစတဲ့ အခ်က္ ၃ခ်က္ကိုလည္း သတိထားမိၾကပါလိမ့္မယ္။ ပထမတစ္ခ်က္ကေတာ့ ဖုန္းရဲ႕ ဘယ္၊ ေအာက္ေထာင့္က Realme Logo. ဒါကေတာ့ အဆန္းမဟုတ္။

[Unicode] ဖုန်းရဲ့ General Design Concept ကတော့ 2019 မှာ မြင်နေရတဲ့ Typical Android Phone တွေအတိုင်း Camera တွေက ဘယ်အပေါ်ထောင့်၊ Volume Key နဲ့ Sim Slot က ဖုန်းဘယ်ဘက်၊ Power Key က ဖုန်းရဲ့ ညာဘက်မှာပါမယ်။ ဒါပေမယ့် ဖုန်းကိုမြင်ရုံနဲ့ Realme မှန်းသိသာစေတဲ့ အချက် ၃ချက်ကိုလည်း သတိထားမိကြပါလိမ့်မယ်။ ပထမတစ်ချက်ကတော့ ဖုန်းရဲ့ ဘယ်၊ အောက်ထောင့်က Realme Logo. ဒါကတော့ အဆန်းမဟုတ်။

ဒုတိယတစ္ခ်က္က သူ႔မွာသံုးထားတဲ့ Gradient Color ။ Realme 1 နဲ႔ 2 မွာ စသံုးခဲ့တဲ့ Crystal Design ကို Gradient Color ေဖာက္ျပီး ျပန္သံုးထားတာက Realme 5 Pro ကို အျမင္အားျဖင့္ Unique ျဖစ္ေစတယ္လို႔ ခံစားရတယ္။ Review Unit ရထားတဲ့ Crystal Green မွာ ေဘးေဘာင္ကိုပါ အေပၚဘက္ အစိမ္းကေန ေအာက္ဘက္ အျပာကို တျဖည္းျဖည္းေျပာင္းသြားတဲ့ပံုစံ လုပ္ေပးထားတာေလးက Personally ခ်ီးက်ဴးခ်င္တဲ့အခ်က္ပါ။ ထိပ္ဆံုး Camera ေဘးပတ္လည္က Yellow Ring ေလးကိုေတာ့ တတိယအခ်က္အျဖစ္ သတ္မွတ္ခ်င္တယ္။

[Unicode] ဒုတိယတစ်ချက်က သူ့မှာသုံးထားတဲ့ Gradient Color ။ Realme 1 နဲ့ 2 မှာ စသုံးခဲ့တဲ့ Crystal Design ကို Gradient Color ဖောက်ပြီး ပြန်သုံးထားတာက Realme 5 Pro ကို အမြင်အားဖြင့် Unique ဖြစ်စေတယ်လို့ ခံစားရတယ်။ Review Unit ရထားတဲ့ Crystal Green မှာ ဘေးဘောင်ကိုပါ အပေါ်ဘက် အစိမ်းကနေ အောက်ဘက် အပြာကို တဖြည်းဖြည်းပြောင်းသွားတဲ့ပုံစံ လုပ်ပေးထားတာလေးက Personally ချီးကျူးချင်တဲ့အချက်ပါ။ ထိပ်ဆုံး Camera ဘေးပတ်လည်က Yellow Ring လေးကိုတော့ တတိယအချက်အဖြစ် သတ်မှတ်ချင်တယ်။

ဒီဖုန္းလက္ထဲစေရာက္ခ်ိန္မွာ ပလပ္စတစ္ဆန္တဲ့ ပြေယာင္းေယာင္း Feeling ကို စရတယ္။ (Plastic Body ဆိုေတာ့လည္း….) သူ႔ရဲ႕ေဘးေဘာင္ေတြကပါ ပလပ္စတစ္ျဖစ္ေနတာက တျခား Mid-range Phone တစ္ခ်ိဳ႕နဲ႔ယွဥ္ရင္ ဒီဖုန္းကို နဲနဲ Cheap ျဖစ္တယ္လို႔ ခံစားရေစတယ္။ Cover တပ္မကိုင္ရင္ အပြန္းအစင္းနဲနဲမ်ားႏိုင္ေပမယ့္ ကိုင္ရတာ မေလး၊မေပါ့ အေနေတာ္ေလးျဖစ္ေနတာ၊ ခလုတ္ေလးေတြ တင္းတင္းရင္းရင္းေလးရွိတာ၊ အေရာင္ေလးလွေနတာ အဲဒီအခ်က္ေတြကလည္း Cover တပ္ကိုင္ခ်င္စိတ္ကို ဒြိဟျဖစ္ေစျပန္ေရာ။ ဆိုေတာ့ အစိမ္းၾကိဳက္တတ္တဲ့ကိုယ္ေတြအတြက္ Body ေလး Plastic ျဖစ္တာတစ္ခုကလြဲရင္ Realme 5 Pro ရဲ႕ ဒီဇိုင္းကာလာအေနအထားကို ျငင္းဆန္စရာအေၾကာင္းမရွိပါဘူး။

[Unicode] ဒီဖုန်းလက်ထဲစရောက်ချိန်မှာ ပလပ်စတစ်ဆန်တဲ့ ပွယောင်းယောင်း Feeling ကို စရတယ်။ (Plastic Body ဆိုတော့လည်း….) သူ့ရဲ့ဘေးဘောင်တွေကပါ ပလပ်စတစ်ဖြစ်နေတာက တခြား Mid-range Phone တစ်ချို့နဲ့ယှဉ်ရင် ဒီဖုန်းကို နဲနဲ Cheap ဖြစ်တယ်လို့ ခံစားရစေတယ်။ Cover တပ်မကိုင်ရင် အပွန်းအစင်းနဲနဲများနိုင်ပေမယ့် ကိုင်ရတာ မလေး၊မပေါ့ အနေတော်လေးဖြစ်နေတာ၊ ခလုတ်လေးတွေ တင်းတင်းရင်းရင်းလေးရှိတာ၊ အရောင်လေးလှနေတာ အဲဒီအချက်တွေကလည်း Cover တပ်ကိုင်ချင်စိတ်ကို ဒွိဟဖြစ်စေပြန်ရော။ ဆိုတော့ အစိမ်းကြိုက်တတ်တဲ့ကိုယ်တွေအတွက် Body လေး Plastic ဖြစ်တာတစ်ခုကလွဲရင် Realme 5 Pro ရဲ့ ဒီဇိုင်းကာလာအနေအထားကို ငြင်းဆန်စရာအကြောင်းမရှိပါဘူး။

-Camera

“ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္း” သလိုျဖစ္ေနေပမယ့္ Camera ဦးစားေပးဖို႔ Mid-range မွာ Realme 5 Pro ကို ေရြးရဲလားလို႔ ခုေနလာေမးရင္ ခ်က္ခ်င္းေခါင္းညိတ္မိမွာပါ။ ဒါဟာသူ႔ရဲ႕ Nightscape Mode ကို Xiaomi ရဲ႕ Mi 9 နဲ႔ယွဥ္ျပီး ရခဲ့တဲ့ယံုၾကည္မွဳေၾကာင့္ဆို ပိုမွန္ပါလိမ့္မယ္။ Zoom ဆြဲၾကည့္ရင္ Processing မ်ားလို႔ ဆီေဆးပန္းခ်ီနဲနဲဆန္တာကလြဲရင္ သူ႔ရဲ႕ Noise ပိုျငိမ္၊ Sharpness ပုိေကာင္းတဲ့ Night Photo ေတြက Mi 9 ကိုေတာင္ သိမ္ငယ္ေစတယ္။ Normal Mode နဲ႔ရိုက္တဲ့ Low Light Photo ေတြကလည္း Mid-range Smartphone camera ထက္ပိုတဲ့ Quality ကို ခံစားမိတယ္။ Ultra-wide camera မွာလည္း Nightscape Mode ပါျပီး ပံုထြက္က ရြက္ၾကမ္းေရက်ိဳဆိုေပမယ့္ မပါတာထက္ေတာ့ သာပါတယ္ေလ။

[Unicode] “ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း” သလိုဖြစ်နေပေမယ့် Camera ဦးစားပေးဖို့ Mid-range မှာ Realme 5 Pro ကို ရွေးရဲလားလို့ ခုနေလာမေးရင် ချက်ချင်းခေါင်းညိတ်မိမှာပါ။ ဒါဟာသူ့ရဲ့ Nightscape Mode ကို Xiaomi ရဲ့ Mi 9 နဲ့ယှဉ်ပြီး ရခဲ့တဲ့ယုံကြည်မှုကြောင့်ဆို ပိုမှန်ပါလိမ့်မယ်။ Zoom ဆွဲကြည့်ရင် Processing များလို့ ဆီဆေးပန်းချီနဲနဲဆန်တာကလွဲရင် သူ့ရဲ့ Noise ပိုငြိမ်၊ Sharpness ပိုကောင်းတဲ့ Night Photo တွေက Mi 9 ကိုတောင် သိမ်ငယ်စေတယ်။ Normal Mode နဲ့ရိုက်တဲ့ Low Light Photo တွေကလည်း Mid-range Smartphone camera ထက်ပိုတဲ့ Quality ကို ခံစားမိတယ်။ Ultra-wide camera မှာလည်း Nightscape Mode ပါပြီး ပုံထွက်က ရွက်ကြမ်းရေကျိုဆိုပေမယ့် မပါတာထက်တော့ သာပါတယ်လေ။

Sony Sensor ကို သံုးထားတဲ့ 48MP Main camera က ညတင္မကပဲ ေန႔မွာပါ ေကာင္းေကာင္းအလုပ္လုပ္တာေတြ႕ရတယ္။ Color ေတြက Cool ျဖစ္တဲ့ဘက္ေရာက္ေပမယ့္ Natural ဆန္တယ္။ Zoom ဆြဲရင္ေတာ့ အရိပ္က်တဲ့ေနရာေတြမွာ Noise နဲနဲေတြ႕ရေပမယ့္ ပံုမွန္အေနအထားမွာ ပံုေတြရဲ႕ Detail နဲ႔ Dynamic Range ကို အေတာ္အားရမိပါတယ္။

[Unicode] Sony Sensor ကို သုံးထားတဲ့ 48MP Main camera က ညတင်မကပဲ နေ့မှာပါ ကောင်းကောင်းအလုပ်လုပ်တာတွေ့ရတယ်။ Color တွေက Cool ဖြစ်တဲ့ဘက်ရောက်ပေမယ့် Natural ဆန်တယ်။ Zoom ဆွဲရင်တော့ အရိပ်ကျတဲ့နေရာတွေမှာ Noise နဲနဲတွေ့ရပေမယ့် ပုံမှန်အနေအထားမှာ ပုံတွေရဲ့ Detail နဲ့ Dynamic Range ကို အတော်အားရမိပါတယ်။

119 Degree ရွိတဲ့ 8MP Ultra-wide camera က ေန႔ဘက္မွာေတာ့ ေကာင္းေကာင္းၾကီးကို အလုပ္လုပ္တယ္။ Main Camera ေလာက္ Detail မေကာင္းတာကလဲြရင္ ျမင္ကြင္းက်ယ္တယ္၊ Disrtortion နဲတယ္၊ Color ေတြအဆင္ေျပတယ္။ ခရီးအထြက္မ်ား၊ ျမင္ကြင္းက်ယ္ပံုေတြ ရိုက္ခ်င္သူေတြအတြက္ ကြက္တိပဲေပါ့ ။ 2MP Macro camera က 4cm ထိ အေကာင္းဆံုးအနီးကပ္ရိုက္ႏိုင္ေပမယ့္ ရလာတဲ့ Image Quality က Full HD level မို႔ FB, IG တင္ရံု Level ေလာက္ပဲ၊ ထူးေတာ့ ခ်ီးက်ဴးစရာမရွိ။

[Unicode] 119 Degree ရှိတဲ့ 8MP Ultra-wide camera က နေ့ဘက်မှာတော့ ကောင်းကောင်းကြီးကို အလုပ်လုပ်တယ်။ Main Camera လောက် Detail မကောင်းတာကလွဲရင် မြင်ကွင်းကျယ်တယ်၊ Disrtortion နဲတယ်၊ Color တွေအဆင်ပြေတယ်။ ခရီးအထွက်များ၊ မြင်ကွင်းကျယ်ပုံတွေ ရိုက်ချင်သူတွေအတွက် ကွက်တိပဲပေါ့ ။ 2MP Macro camera က 4cm ထိ အကောင်းဆုံးအနီးကပ်ရိုက်နိုင်ပေမယ့် ရလာတဲ့ Image Quality က Full HD level မို့ FB, IG တင်ရုံ Level လောက်ပဲ၊ ထူးတော့ ချီးကျူးစရာမရှိ။

Selfie မွာ Oppo Family လို႔ ေျပာစရာမလုိေလာက္ေအာင္ 16MP camera ကိုပဲ ရိုးရာမပ်က္သံုးထားတယ္။ ပံုေတြက ဘာ Effect မွမထည့္ေတာင္ Processing မ်ားျပီး အရမ္း Sharp ျဖစ္တယ္ခံစားမိ။ HDR ပါလို႔ ေနာက္ခံပံုရိပ္ေတြကို ျဖဴေဖြးမသြားေအာင္ အတိုင္းအတာတစ္ခုထိ ထိန္းေပးႏိုင္တယ္။ Low Light မွာေတာ့ Sharpness မ်ားတာလက္ခံႏိုင္ရင္ Quality မဆိုးဘူးေျပာလို႔ရတယ္။ Selfie Portrait က အနားသတ္နဲ႔ ေနာက္ခံဝါးတာေလးေတြ တိက်တယ္ဆုိႏိုင္တဲ့အေနအထား။

[Unicode] Selfie မှာ Oppo Family လို့ ပြောစရာမလိုလောက်အောင် 16MP camera ကိုပဲ ရိုးရာမပျက်သုံးထားတယ်။ ပုံတွေက ဘာ Effect မှမထည့်တောင် Processing များပြီး အရမ်း Sharp ဖြစ်တယ်ခံစားမိ။ HDR ပါလို့ နောက်ခံပုံရိပ်တွေကို ဖြူဖွေးမသွားအောင် အတိုင်းအတာတစ်ခုထိ ထိန်းပေးနိုင်တယ်။ Low Light မှာတော့ Sharpness များတာလက်ခံနိုင်ရင် Quality မဆိုးဘူးပြောလို့ရတယ်။ Selfie Portrait က အနားသတ်နဲ့ နောက်ခံဝါးတာလေးတွေ တိကျတယ်ဆိုနိုင်တဲ့အနေအထား။

Portrait ဆိုမွ သူ႔ရဲ႕ Main Camera Portrait Mode အတြက္ 2MP Depth Sensor ပါျပီး ဓာတ္ပံုရိုက္ဖို႔လုပ္တိုင္း ေရွ႕တိုးခိုင္းေနတာကလြဲရင္ က်န္တာ အဆင္ေျပပါတယ္။ Video ပိုင္းမွာ 4K ထိ အမ်ားဆံုးရိုက္ႏိုင္တယ္ဆိုေပမယ့္ EIS နဲ႔ ခပ္ျငိမ္ျငိမ္ရိုက္ႏိုင္တာက 1080p, 30fps mode နဲ႔မွပါ။ (ဒါေတာင္ လမ္းေလ်ွာက္ရင္ နဲနဲ Shake ျဖစ္ေသး) 960fps Video ကေတာ့ ပါတယ္ဆိုတာကလြဲရင္ Quality အားျဖင့္ မစြံပါ။

[Unicode] Portrait ဆိုမှ သူ့ရဲ့ Main Camera Portrait Mode အတွက် 2MP Depth Sensor ပါပြီး ဓာတ်ပုံရိုက်ဖို့လုပ်တိုင်း ရှေ့တိုးခိုင်းနေတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်။ Video ပိုင်းမှာ 4K ထိ အများဆုံးရိုက်နိုင်တယ်ဆိုပေမယ့် EIS နဲ့ ခပ်ငြိမ်ငြိမ်ရိုက်နိုင်တာက 1080p, 30fps mode နဲ့မှပါ။ (ဒါတောင် လမ်းလျှောက်ရင် နဲနဲ Shake ဖြစ်သေး) 960fps Video ကတော့ ပါတယ်ဆိုတာကလွဲရင် Quality အားဖြင့် မစွံပါ။

ဆိုေတာ့ Video ပိုင္းအားနည္းခ်က္နဲနဲကို လက္ခံႏိုင္ရင္ Camera အသားေပးေရြးခ်င္တဲ့သူတစ္ေယာက္ကို Realme 5 Pro မညႊန္းႏိုင္စရာ အေၾကာင္းမရွိပါဘူး။ Camera UI ေလး ရွင္းရွင္းလင္းလင္းနဲ႔ သံုးရလြယ္တာရယ္၊ Expert Mode မွာ Shutter Speed ကို 16sec ထိ ရိုက္ႏိုင္တာရယ္ကေတာ့ ဒီဖုန္းရဲ႕ Bonus Point ေတြေပါ့။

[Unicode] ဆိုတော့ Video ပိုင်းအားနည်းချက်နဲနဲကို လက်ခံနိုင်ရင် Camera အသားပေးရွေးချင်တဲ့သူတစ်ယောက်ကို Realme 5 Pro မညွှန်းနိုင်စရာ အကြောင်းမရှိပါဘူး။ Camera UI လေး ရှင်းရှင်းလင်းလင်းနဲ့ သုံးရလွယ်တာရယ်၊ Expert Mode မှာ Shutter Speed ကို 16sec ထိ ရိုက်နိုင်တာရယ်ကတော့ ဒီဖုန်းရဲ့ Bonus Point တွေပေါ့။

-Performance & Battery

Snapdragon 712 ကို Mid-range SoC အေနနဲ႔ ေထြေထြထူးထူးခ်ီးက်ဴးစရာမရွိေပမယ့္ သူ႔ Performance ကို Realme က အေကာင္းဆံုးအသံုးခ်ႏိုင္တယ္ဆိုရမွာပဲ။ Flagship SoC နဲ႔ယွဥ္ရင္ Daily Usage မွာ သိသာေပမယ့္ သံုးၾကည့္သေလာက္ေတာ့ ထစ္တာ၊ ရပ္သြားတာမ်ိဳးမရွိ။ PUBG ကို HD, High Setting မွာ ေကာင္းေကာင္း Handle လုပ္ႏိုင္တဲ့အျပင္ ၁ နာရီေလာက္ ဂိမ္းေဆာ့အျပီးမွာေတာင္ ဖုန္းက ေႏြးရံုပဲေႏြးတာ စိတ္ေက်နပ္စရာပါ။

[Unicode] Snapdragon 712 ကို Mid-range SoC အနေနဲ့ ထွေထွေထူးထူးချီးကျူးစရာမရှိပေမယ့် သူ့ Performance ကို Realme က အကောင်းဆုံးအသုံးချနိုင်တယ်ဆိုရမှာပဲ။ Flagship SoC နဲ့ယှဉ်ရင် Daily Usage မှာ သိသာပေမယ့် သုံးကြည့်သလောက်တော့ ထစ်တာ၊ ရပ်သွားတာမျိုးမရှိ။ PUBG ကို HD, High Setting မှာ ကောင်းကောင်း Handle လုပ်နိုင်တဲ့အပြင် ၁ နာရီလောက် ဂိမ်းဆော့အပြီးမှာတောင် ဖုန်းက နွေးရုံပဲနွေးတာ စိတ်ကျေနပ်စရာပါ။

Mid-range SoC ေတြရဲ႕အားသာခ်က္က ဖုန္းရဲ႕ Battery Life လို႔ ေျပာရမလားပဲ။ PUBG ၁ နာရီကို 16% စြန္းစြန္း၊ HD Movie ၁ နာရီကို 6% ပဲကုန္တာက Heavy User မဟုတ္ဘူးဆိုရင္ အားတစ္ခါသြင္းကို ၂ရက္နီးနီး ေအးေဆးသံုးလို႔ရသလို Game ေဆာ့၊ Social Media အသံုးမ်ားမယ့္သူေတြအတြက္လည္း ၁ ရက္တာကို စိတ္ေအးလက္ေအးသံုးလုိ႔ရမယ္လို႔ ကိုယ္ေတြေတာ့ထင္တယ္။ 20W Support တဲ့ VOOC 3 ကလည္း 4035 mAh ကို ၁ နာရီခြဲေလာက္နဲ႔ 0-100 အားျပည့္တယ္ဆိုေတာ့ မဆိုးလွဘူး။ ဆိုေတာ့ ဂိမ္းေဆာ့ဖို႔ Realme 5 Pro ကို ေရြးမယ္ဆိုေတာင္ မမွားေလာက္ဘူးလို႔ ကိုယ္ေတြေတာ့ ထင္တယ္။

[Unicode] Mid-range SoC တွေရဲ့အားသာချက်က ဖုန်းရဲ့ Battery Life လို့ ပြောရမလားပဲ။ PUBG ၁ နာရီကို 16% စွန်းစွန်း၊ HD Movie ၁ နာရီကို 6% ပဲကုန်တာက Heavy User မဟုတ်ဘူးဆိုရင် အားတစ်ခါသွင်းကို ၂ရက်နီးနီး အေးဆေးသုံးလို့ရသလို Game ဆော့၊ Social Media အသုံးများမယ့်သူတွေအတွက်လည်း ၁ ရက်တာကို စိတ်အေးလက်အေးသုံးလို့ရမယ်လို့ ကိုယ်တွေတော့ထင်တယ်။ 20W Support တဲ့ VOOC 3 ကလည်း 4035 mAh ကို ၁ နာရီခွဲလောက်နဲ့ 0-100 အားပြည့်တယ်ဆိုတော့ မဆိုးလှဘူး။ ဆိုတော့ ဂိမ်းဆော့ဖို့ Realme 5 Pro ကို ရွေးမယ်ဆိုတောင် မမှားလောက်ဘူးလို့ ကိုယ်တွေတော့ ထင်တယ်။

-Speaker & Audio

သူ႔မွာပါတဲ့ Mono Speaker က အေတာ္ေလး အသံက်ယ္ျပီး စူးတယ္။ Music Video ေတြမွာေတာ့ Bass အသံက Flat ျဖစ္ေပမယ့္ တျခားအပိုင္းေတြမွာေတာ့ အဆင္ေျပတယ္။ Movie, Review Video ေတြကို နားၾကပ္မတပ္ပဲၾကည့္ရင္ေတာင္ အတိုင္းအတာတစ္ခုထိ အဆင္ေျပမယ့္ အေနအထားပါ။ Volume အဆံုးတင္ရင္ နဲနဲ အသံအက္ခ်င္တာကလြဲရင္ေပါ့။

[Unicode] သူ့မှာပါတဲ့ Mono Speaker က အတော်လေး အသံကျယ်ပြီး စူးတယ်။ Music Video တွေမှာတော့ Bass အသံက Flat ဖြစ်ပေမယ့် တခြားအပိုင်းတွေမှာတော့ အဆင်ပြေတယ်။ Movie, Review Video တွေကို နားကြပ်မတပ်ပဲကြည့်ရင်တောင် အတိုင်းအတာတစ်ခုထိ အဆင်ပြေမယ့် အနေအထားပါ။ Volume အဆုံးတင်ရင် နဲနဲ အသံအက်ချင်တာကလွဲရင်ပေါ့။

နားၾကပ္ေပါက္ပါတာကို Dongle သံုးရတာထက္ ကိုုယ္ေတြေတာ့ ပိုသေဘာက်တယ္။ သူ႔ Music Player မွာပါတဲ့ Real Power Sound က Equilizer ခ်ိန္ရတာလည္း ရိုးရွင္းလြယ္ကူတယ္။ ဒါေပမယ့္ နားၾကပ္ကထြက္တဲ့ Sound Quality ကေတာ့ Bass သံ ျပင္းျပင္းနဲ႔ နားေထာင္ရတာ ၾကိဳက္တတ္သူေတြအတြက္ ပိုသင့္ေတာ္မွာပါ။ Instrument တစ္သံခ်င္း အရသာခံနားေထာင္တတ္တဲ့သူေတြတြက္ေတာ့ Realme 5 Pro က သာမန္ထက္မပိုတဲ့ Sound Quality ပဲ ျပန္ရပါလိမ့္မယ္။

[Unicode] နားကြပ်ပေါက်ပါတာကို Dongle သုံးရတာထက် ကိုယ်တွေတော့ ပိုသဘောကျတယ်။ သူ့ Music Player မှာပါတဲ့ Real Power Sound က Equilizer ချိန်ရတာလည်း ရိုးရှင်းလွယ်ကူတယ်။ ဒါပေမယ့် နားကြပ်ကထွက်တဲ့ Sound Quality ကတော့ Bass သံ ပြင်းပြင်းနဲ့ နားထောင်ရတာ ကြိုက်တတ်သူတွေအတွက် ပိုသင့်တော်မှာပါ။ Instrument တစ်သံချင်း အရသာခံနားထောင်တတ်တဲ့သူတွေတွက်တော့ Realme 5 Pro က သာမန်ထက်မပိုတဲ့ Sound Quality ပဲ ပြန်ရပါလိမ့်မယ်။

-Display

6.3”, Full HD+ သံုးထားေပမယ့္ IPS LCD ျဖစ္ေနတဲ့အခ်က္က Level တူ ျပိဳင္ဘက္ေတြၾကားမွာေတာ့ Realme 5 Pro ကို မ်က္ႏွာငယ္ေစပါလိမ့္မယ္။ ကိုယ္တိုင္လည္း အဲဒီလိုထင္ခဲ့ေပမယ့္ LCD Display တစ္ခုအေနနဲ႔ အေတာ္ေကာင္းပါလား ဆိုတဲ့ Feeling မ်ိဳး ဒီဖုန္းသံုးရင္း ကိုယ္ေတြေတာ့ ရခဲ့တယ္။ Color ပိုင္းအေတာ္ေကာငး္လို႔ Movie ၾကည့္၊ Game ေဆာ့၊ ေနာက္ဆံုး Facebook ထိုင္ပြတ္ေနခ်ိန္မ်ိဳးမွာေတာင္ Impression down တာမ်ိဳး တစ္ခါမွမၾကံဳခဲ့ရဘူး။ Brightness ကို တစ္ဝက္ေလာက္နီးနီး တင္သံုးရတဲ့တစ္ခ်က္ကလဲြလို႔ေပါ့။ ဒါက Super AMOLED ကေန Realme ရဲ႕ LCD ေျပာင္းသံုးၾကည့္တဲ့ ကိုယ့္ Experience ပါ။

[Unicode] 6.3”, Full HD+ သုံးထားပေမယ့် IPS LCD ဖြစ်နေတဲ့အချက်က Level တူ ပြိုင်ဘက်တွေကြားမှာတော့ Realme 5 Pro ကို မျက်နှာငယ်စေပါလိမ့်မယ်။ ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့ပေမယ့် LCD Display တစ်ခုအနေနဲ့ အတော်ကောင်းပါလား ဆိုတဲ့ Feeling မျိုး ဒီဖုန်းသုံးရင်း ကိုယ်တွေတော့ ရခဲ့တယ်။ Color ပိုင်းအတော်ကောင်းလို့ Movie ကြည့်၊ Game ဆော့၊ နောက်ဆုံး Facebook ထိုင်ပွတ်နေချိန်မျိုးမှာတောင် Impression down တာမျိုး တစ်ခါမှမကြုံခဲ့ရဘူး။ Brightness ကို တစ်ဝက်လောက်နီးနီး တင်သုံးရတဲ့တစ်ချက်ကလွဲလို့ပေါ့။ ဒါက Super AMOLED ကနေ Realme ရဲ့ LCD ပြောင်းသုံးကြည့်တဲ့ ကိုယ့် Experience ပါ။

-Color OS

Realme 5 Pro ေပၚမွာ Latest Update တင္သံုးခဲ့တဲ့ Color OS 6 ကေတာ့ Error ရယ္လို႔ ေခါင္းစဥ္တပ္စရာမရွိေလာက္ေအာင္ Stable ျဖစ္သလို Global Version မို႔ Google Service အျပင္ Google App ေတြပါ တစ္ခါတည္းပါလာတယ္။ Font အတြက္လည္း Zawgyi, Uni ၾကိဳက္ရာေရြးႏိုင္တာက အေတာ္အဆင္ေျပတယ္။ Color OS 5 နဲ႔ယွဥ္ရင္ Feature အေတာ္စံုလာတဲ့ Color OS 6 မွာ သေဘာအက်မိဆံုးက ေဘးေဘာင္ကေန ကိုယ္အသံုးမ်ားတဲ့ App ေတြကို စိတ္ၾကိဳက္ေရြးျပီး အလြယ္တကူေခၚသံုးႏိုင္တဲ့ Smart Sidebar Feature ေလးေပါ့။ Power Button ကို Google Assistance Button အျဖစ္သံုးႏိုင္တာ၊ Oppo မွာ အစဥ္အဆက္သံုးလာတဲ့ Screen-off Gesture စတာေတြကလည္း သံုးတတ္သလို အသံုးတည့္တယ္။ ဒါေပမယ့္ Color OS မွာ ျပီးျပည့္စံုတဲ့ UI ျဖစ္ဖို႔ လိုအပ္တယ္ခံစားမိတဲ့ အခ်က္တစ္ခ်ိဳ႕ကိုလည္း ျမင္ခဲ့ရတယ္။

[Unicode] Realme 5 Pro ပေါ်မှာ Latest Update တင်သုံးခဲ့တဲ့ Color OS 6 ကတော့ Error ရယ်လို့ ခေါင်းစဉ်တပ်စရာမရှိလောက်အောင် Stable ဖြစ်သလို Global Version မို့ Google Service အပြင် Google App တွေပါ တစ်ခါတည်းပါလာတယ်။ Font အတွက်လည်း Zawgyi, Uni ကြိုက်ရာရွေးနိုင်တာက အတော်အဆင်ပြေတယ်။ Color OS 5 နဲ့ယှဉ်ရင် Feature အတော်စုံလာတဲ့ Color OS 6 မှာ သဘောအကျမိဆုံးက ဘေးဘောင်ကနေ ကိုယ်အသုံးများတဲ့ App တွေကို စိတ်ကြိုက်ရွေးပြီး အလွယ်တကူခေါ်သုံးနိုင်တဲ့ Smart Sidebar Feature လေးပေါ့။ Power Button ကို Google Assistance Button အဖြစ်သုံးနိုင်တာ၊ Oppo မှာ အစဉ်အဆက်သုံးလာတဲ့ Screen-off Gesture စတာတွေကလည်း သုံးတတ်သလို အသုံးတည့်တယ်။ ဒါပေမယ့် Color OS မှာ ပြီးပြည့်စုံတဲ့ UI ဖြစ်ဖို့ လိုအပ်တယ်ခံစားမိတဲ့ အချက်တစ်ချို့ကိုလည်း မြင်ခဲ့ရတယ်။

SoC ေၾကာင့္လည္းျဖစ္ႏိုင္ေပမယ့္ Animation ပိုင္းက Smooth ျဖစ္ေအာင္ လုပ္ယူထားပံုေပၚျပီး Folder, Apk အဝင္အထြက္ေတြမွာ ေႏွးလိုက္၊ ျမန္လိုက္ တသမတ္ထဲမရွိတာက သေဘာမက်တဲ့ပထမအခ်က္။ ဒုတိယအခ်က္က Navigation Gesture ေတြ။ အထူးသျဖင့္ Video ဝင္ၾကည့္၊ ဂိမ္းဝင္ေဆာ့ေနတုန္း ထြက္ဖို႔ၾကိဳးစားရင္ တစ္ခါတစ္ေလ Gesture ေတြ ေကာင္းေကာင္းအလုပ္မလုပ္သလို User Friendly မျဖစ္ဘူးခံစားရတယ္။ တတိယတစ္ခ်က္က Setting ပိုင္းအစီအရီ။ ဥပမာ တစ္ေနရာထဲစုထားလို႔ရတဲ့ Tab ေတြ ကြဲထြက္ေနတာ၊ Battery Saving Mode မွာတင္ သံတူေက်ာင္းကြဲ Tab ေတြပြထေနတာ။ အဲလို ကိစၥေသးေသးေလးေတြက UI တစ္ခုကို ထဲထဲဝင္ဝင္သံုးလာတဲ့အခါမ်ိဳးမွာ ကိုယ္ေတြအတြက္ေတာ့ စိတ္ရွဳပ္စရာေလးေတြ ျဖစ္လာေတာ့တာပါပဲ။

[Unicode] SoC ကြောင့်လည်းဖြစ်နိုင်ပေမယ့် Animation ပိုင်းက Smooth ဖြစ်အောင် လုပ်ယူထားပုံပေါ်ပြီး Folder, Apk အဝင်အထွက်တွေမှာ နှေးလိုက်၊ မြန်လိုက် တသမတ်ထဲမရှိတာက သဘောမကျတဲ့ပထမအချက်။ ဒုတိယအချက်က Navigation Gesture တွေ။ အထူးသဖြင့် Video ဝင်ကြည့်၊ ဂိမ်းဝင်ဆော့နေတုန်း ထွက်ဖို့ကြိုးစားရင် တစ်ခါတစ်လေ Gesture တွေ ကောင်းကောင်းအလုပ်မလုပ်သလို User Friendly မဖြစ်ဘူးခံစားရတယ်။ တတိယတစ်ချက်က Setting ပိုင်းအစီအရီ။ ဥပမာ တစ်နေရာထဲစုထားလို့ရတဲ့ Tab တွေ ကွဲထွက်နေတာ၊ Battery Saving Mode မှာတင် သံတူကျောင်းကွဲ Tab တွေပွထနေတာ။ အဲလို ကိစ္စသေးသေးလေးတွေက UI တစ်ခုကို ထဲထဲဝင်ဝင်သုံးလာတဲ့အခါမျိုးမှာ ကိုယ်တွေအတွက်တော့ စိတ်ရှုပ်စရာလေးတွေ ဖြစ်လာတော့တာပါပဲ။

ဒါေၾကာင့္ ကိုယ့္အျမင္ေျပာရရင္ေတာ့ Color OS 6 က အျငိမ္သံုးခ်င္တဲ့သူေတြနဲ႔ အႏုအရြပံုစံေလးေတြသေဘာက်တဲ့ သူ႔ပရိတ္သတ္အတြက္ အဆင္ေျပႏိုင္ေပမယ့္ Feature မ်ားမ်ားနဲ႔ ေကာင္းေကာင္းသံုးခ်င္တဲ့သူအတြက္ေတာ့ ဘာလိုလို႔ လိုေနမွန္းမသိတာမ်ိဳး ခံစားရႏိုင္ပါတယ္။

[Unicode] ဒါကြောင့် ကိုယ့်အမြင်ပြောရရင်တော့ Color OS 6 က အငြိမ်သုံးချင်တဲ့သူတွေနဲ့ အနုအရွပုံစံလေးတွေသဘောကျတဲ့ သူ့ပရိတ်သတ်အတွက် အဆင်ပြေနိုင်ပေမယ့် Feature များများနဲ့ ကောင်းကောင်းသုံးချင်တဲ့သူအတွက်တော့ ဘာလိုလို့ လိုနေမှန်းမသိတာမျိုး ခံစားရနိုင်ပါတယ်။

-Others

က်န္တဲ့အခ်က္ေလးေတြ ေပါင္းေျပာရရင္ေတာ့
-LCD Display မို႔ Fingerprint Scanner က ေနာက္မွာရွိမယ္။ Unlock Speed ျမန္တာကိုေတာ့ သေဘာက်တယ္။
-SD Card Slot သီးသန္႔ပါေတာ့ Dual Sim+SD Card သံုးခ်င္သူေတြအဆင္ေျပမယ္။

  • 2019 မွာ Basic ျဖစ္တဲ့ 64GB Version မွာ RAM 4GB ပဲပါတာကိုေတာ့ သေဘာမက်။ 128GB Version ကေတာ့ RAM 8 GB ပါမယ္။
    -ဖုန္းကို Remote အျဖစ္သံုးႏိုင္မယ့္ IR Blaster ပါမလာတာကိုလည္း အားမလိုအားမရျဖစ္မိတယ္။ ဒီေလာက္ပါပဲ။

[Unicode]

ကျန်တဲ့အချက်လေးတွေ ပေါင်းပြောရရင်တော့
-LCD Display မို့ Fingerprint Scanner က နောက်မှာရှိမယ်။ Unlock Speed မြန်တာကိုတော့ သဘောကျတယ်။
-SD Card Slot သီးသန့်ပါတော့ Dual Sim+SD Card သုံးချင်သူတွေအဆင်ပြေမယ်။

  • 2019 မှာ Basic ဖြစ်တဲ့ 64GB Version မှာ RAM 4GB ပဲပါတာကိုတော့ သဘောမကျ။ 128GB Version ကတော့ RAM 8 GB ပါမယ်။
    -ဖုန်းကို Remote အဖြစ်သုံးနိုင်မယ့် IR Blaster ပါမလာတာကိုလည်း အားမလိုအားမရဖြစ်မိတယ်။ ဒီလောက်ပါပဲ။

အႏွစ္ခ်ဳပ္ကို ပြင့္ပြင့္လင္းလင္းပဲေျပာၾကတာေပါ့။ ၃ သိန္းခြဲဝန္းက်င္ဆိုတဲ့ ေစ်းမွာ ဒီဖုန္းထက္ပိုေကာင္းတယ္လို႔ အမ်ားကခံစားမိမယ့္ ပရိတ္သတ္ၾကိဳက္ Mid-range ဖုန္းတစ္ခ်ိဳ႕ရွိေနတာကေတာ့ ျငင္းမရတဲ့အခ်က္။ အဲဒီထဲမွာ အမ်ားစုကလည္း Mi နဲ႔ Redmi Phone ေတြ။ ဆိုေတာ့ Realme 5 Pro ကို ဘာအတြက္ေၾကာင့္ Recommend ေပးေနေသးလဲ?
အေျဖကရွင္းပါတယ္။ ကိုယ္တတ္ႏိုင္တဲ့ေစ်းမွာ ေရြးခ်ယ္စရာတစ္ခုပိုလာတာဟာ Fan ေတြအတြက္အက်ိဳးရွိတဲ့အခ်က္ပါ။ ဒီေတာ့ Xiaomi မၾကိဳက္တဲ့ Smartphone Fan ေတြ၊ သူမ်ားနဲ႔မတူ ကြဲျပားခ်င္သူေတြအတြက္ ဒီဖုန္းေလးဟာ စဥ္းစားစရာျဖစ္လာႏိုင္ပါတယ္။ ကိုယ္ေတြအတြက္ေတာ့ Battery, Snapdragon 712, Good quality LCD, UI Stability စတဲ့အခ်က္ေတြ၊ အထူးသျဖင့္ Camera ပိုင္းက Realme 5 Pro မွာ သေဘာအက်မိဆံုးအခ်က္ေတြျဖစ္ေနလို႔ ဒီအခ်က္ေတြကို အဓိကရွာေဖြေနတဲ့သူေတြအတြက္ Realme 5 Pro ဟာ ထည့္သြင္းစဥ္းစားသင့္တဲ့ဖုန္းတစ္လံုး ျဖစ္လာႏိုင္တယ္လို႔ အၾကံျပဳရင္း….

[Unicode]

ဆိုတော့ အနှစ်ချုပ်ကို ပွင့်ပွင့်လင်းလင်းပဲပြောကြတာပေါ့။ ၃ သိန်းခွဲဝန်းကျင်ဆိုတဲ့ ဈေးမှာ ဒီဖုန်းထက်ပိုကောင်းတယ်လို့ အများကခံစားမိမယ့် ပရိတ်သတ်ကြိုက် Mid-range ဖုန်းတစ်ချို့ရှိနေတာကတော့ ငြင်းမရတဲ့အချက်။ အဲဒီထဲမှာ အများစုကလည်း Mi နဲ့ Redmi Phone တွေ။ ဆိုတော့ Realme 5 Pro ကို ဘာအတွက်ကြောင့် Recommend ပေးနေသေးလဲ?
အဖြေကရှင်းပါတယ်။ ကိုယ်တတ်နိုင်တဲ့ဈေးမှာ ရွေးချယ်စရာတစ်ခုပိုလာတာဟာ Fan တွေအတွက်အကျိုးရှိတဲ့အချက်ပါ။ ဒီတော့ Xiaomi မကြိုက်တဲ့ Smartphone Fan တွေ၊ သူများနဲ့မတူ ကွဲပြားချင်သူတွေအတွက် ဒီဖုန်းလေးဟာ စဉ်းစားစရာဖြစ်လာနိုင်ပါတယ်။ ကိုယ်တွေအတွက်တော့ Battery, Snapdragon 712, Good quality LCD, UI Stability စတဲ့အချက်တွေ၊ အထူးသဖြင့် Camera ပိုင်းက Realme 5 Pro မှာ သဘောအကျမိဆုံးအချက်တွေဖြစ်နေလို့ ဒီအချက်တွေကို အဓိကရှာဖွေနေတဲ့သူတွေအတွက် Realme 5 Pro ဟာ ထည့်သွင်းစဉ်းစားသင့်တဲ့ဖုန်းတစ်လုံး ဖြစ်လာနိုင်တယ်လို့ အကြံပြုရင်း….

Htet Oo Naing (Myanmar Mobile App)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.