Deep Fusion Technology ပါတဲ့ iOS 13.2 ကို Update မြှင့်နိုင်ပြီ

0
707


[Unicode] Apple က iPhone များအတွက် နောက်ဆုံးထွက် Software update ဖြစ်သော iOS 13.2 ကိုထပ်မံထုတ်ပေးလိုက်ပါပြီ ။ ဒီ update မှာဆိုရင် iPhone 11 device lineup အတွက် Deep Fusion Photography ကိုစတင်ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ iPhone 11 စီးရီး user တွေအတွက်တော့ဝမ်းသာစရာသတင်းပါပဲ။


[Unicode] iPhone 11၊ iPhone 11 Pro နှင့် iPhone 11 Pro Max အတွက် Deep Fusion Photography feature ဟာဆိုရင် A13 Bionic Neural Engine ကနေလုပ်ဆောင်ပေးမယ့် feature တစ်ခုဖြစ်ပြီး Exposure အနေအထားအမျိုးမျိုးနဲ့ ဓာတ်ပုံများကိုရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ပုံမှာ Noise ထနေတာမျိုးမဖြစ်အောင်လုံးဝလျော့ချပေးခြင်း ၊ ပိုမိုပြတ်သားပြီးအသေးစိတ်ကျသည့် ဓာတ်ပုံများကိုရိုက်ကူးရရှိစေမှာပါ ။ ယခု Update အသစ် iOS 13.2 မှာဆိုရင် ဗီဒီယို resolution ကို Camera app ထဲမှတိုက်ရိုက်ပြောင်းလဲနိုင်ပါပြီ။ ဥပမာအားဖြင့် – 1080p ကနေ 4K သို့ပြောင်းရိုက်တာမျိုး။ ဒီ feature ကတော့ iPhone 11 devices တွေအတွက်သီးသန့်ဖြစ်ပါတယ်။

Emoji ပုံစံအသစ် ၇၀

[Unicode]

iOS 13.2 မှာအခြား feature အချို့လည်းပါဝင်ပါသေးတယ်။
Emoji ပုံစံအသစ် ၇၀
AirPods Pro နဲ့ချိတ်ဆက်အသုံးပြုနိုင်မှု
ဖုန်းသို့ဝင်လာသောမက်ဆေ့ခ်ျများကို AirPods နားကြပ်မှတဆင့် Siri ကအသံဖြင့်ဖတ်ပြခြင်း
လုံခြုံရေး update အသစ်များ စသဖြင့်ပါဝင်လာပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.