Apple Watch clone လို့တင်စားရမယ့် Xiaomi smartwatch ထွက်ပေါ်လာ
0
521
[Unicode] Xiaomi ဟာ နိုဝင်ဘာ၅ရက်နေ့လုပ်မယ့်ပွဲကို ဒီတစ်ပတ်အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အဲဒီမှာ Mi CC9 Pro (အနောက်နိုင်ငံအတွက် ထုတ်ထားတဲ့ Mi Note 10) ကို ပြသမှာပါ။ Mi Watch လို့ခေါ်နိုင်တဲ့ Xiaomi smartwatch ကိုလည်း တွေ့မြင်ရဦးမှာပါ။
[Unicode] ဒီဇိုင်းလေးကို Weibo ပေါ်မှာတင်ထားတာမြင်တွေ့ရသလောက်တော့ Apple Watch clone ပါပဲ။ ပုံစံတွေကအစ ရင်းနှီးနေတဲ့ဒီဇိုင်းတွေပါ။ watch ရဲ့ညာဘက်မှာ ထပ်တူနီးပါးကျနေတဲ့ digital crown/microphone/side button layout တွေက Apple Watch Series 5 ကို ပြေးမြင်မိစေပါတယ်။ သူ့ဒီဇိုင်းကတော့ box လေးနဲ့ပိုတူတယ်လို့ ခံစားရပါတယ်။ အောက်မှာတော့ ယှဉ်ပြထားတာလေးတွေ့ရမှာပါ။
[Unicode] Xiaomi ဟာ ဒီလမ်းကိုလျှောက်တာမြင်ရတော့ စိတ်ပျက်မိပါတယ်။ Apple ဆီကနေ ဒီဇိုင်းအမျိုးမျိုးနဲ့ smartwatche တွေ ကျွန်တော်တို့ရနိုင်နေပြီးသားပါ။ Xiaomi ဟာ Apple ဆီကနေ ကူးချတာဟာ ၂၀၁၉အတွက် ပထမဆုံးဖြစ်ရပ်မဟုတ်တော့ပါဘူး။ ဒီနှစ်အစောပိုင်းတုန်းကလည်း Mimoji feature ကို ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Xiaomi website မှာ မတော်တဆ Apple ရဲ့ Memoji ကြော်ငြာကို အသုံးပြုမိခဲ့ပါတယ်။ Xiaomi smartwatch or Mi Watch လေးက Google ရဲ့ Wear OS platform သုံးလိမ့်မယ်လို့ ယူဆရပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက်တော့ ပြောစရာစကားမရှိသေးပေမယ့်လည်း ဘတ်ထရီသက်တမ်းကို Fossil Gen 5 watch ထက်တော့ သာပါစေလို့ ဆုတောင်းမိပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.