အောက်တိုဘာ ၃၀ရက်နေ့မှာရောက်ရှိလာတော့မယ့် Intel ရဲ့ 5GHz-capable Core i9-9900KS
0
461
[Unicode] core တိုင်းမှာ 5GHz turbo လိုချင်လား
အကောင်းဆုံးသော Intel gaming CPU ကို ပိုင်ဆိုင်ဖို့အတွက် စဉ်းစားနေပြီလား။ မကြာခင်မှာ ပိုင်ဆိုင်နိုင်တော့မှာပါ။ Intel ဟာ special edition Core i9-9900KS processor လေးကို မိတ်ဆက်လိုက်ပြီးတော့ အောက်တိုဘာ ၃၀ရက်နေ့မှာ ရရှိတော့မယ်လို့ ပြောထားပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ၅၁၃ဖြစ်ပါတယ်။ 9900K ရဲ့ top-binned version ဖြစ်ပြီး 5GHz turbo speed ကို တစ်ခုတည်းမဟုတ်ဘဲ cores ရှစ်ခုလုံးမှာ ဖြန့်ကျက်ထားတာပါ။ ဒါကြောင့် 3.6GHz အစား base speed 4GHz အထိ ရရှိမှာဖြစ်ပါတယ်။ performance ပိုင်းမှာတော့ သိသိသာသာပြောင်းလဲသွားတာမျိုးမဟုတ်ပေမယ့်လည်း core တွေကိုအများကြီးသုံးထားလို့ ဂိမ်းပိုင်းမှာတော့ တော်တော်လေးခြားနားသွားပါလိမ့်မယ်။
[Zawgyi] core တိုင်းမှာ 5GHz turbo လိုချင်လား
[Unicode] Intel ဟာ ဒီမိတ်ဆက်မှုကိုထပ်မံချဲ့ထွင်ဖို့ လိုအပ်ပါသေးတယ်။ AMD ကတော့ သူ့ရဲ့ 16-core Ryzen 9 3950X ကို နိုဝင်ဘာလမှာ ထုတ်ပေးခဲ့ပြီးတော့ စျေးချင်းယှဉ်လို့ရတဲ့ 12-core 3900X ကလည်း လက်ရှိမှာရနေပါပြီ။ 9900KS ဟာ cores တွေထပ်ထည့်ရခြင်းထက် မြင့်မားတဲ့ factory clock speeds ကို စိတ်ဝင်စားသူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
Ref : engadget
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.