မျက်နှာပြင်ကွေးခေါက်နိုင်သော ခေါက်ဖုန်းအသစ်ကို အမြည်းချပြလိုက်တဲ့ Samsung

0
467

ယေန႔ Samsung Developer Conference တြင္ကိုရီးယားနည္းပညာကုမၸဏီႀကီးသည္ မၾကာခင္မိတ္ဆက္ေတာ့မယ့္ စမတ္ေခါက္ဖုန္းသစ္အေၾကာင္းကုိအျမည္းသေဘာမ်ိဳးခ်ျပသြားပါတယ္။ One UI 2 keynote ရဲ႕အစမွာ Samsung က ေလာေလာဆယ္တရား၀င္မေၾကညာေသးတဲ့ မ်က္ႏွာျပင္ေကြးေခါက္ႏိုင္တဲ့ foldable device concept ကိုထည့္သြင္းျပသခဲ့တာပါ။

[Unicode] ယနေ့ Samsung Developer Conference တွင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးသည် မကြာခင်မိတ်ဆက်တော့မယ့် စမတ်ခေါက်ဖုန်းသစ်အကြောင်းကိုအမြည်းသဘောမျိုးချပြသွားပါတယ်။ One UI 2 keynote ရဲ့အစမှာ Samsung က လောလောဆယ်တရားဝင်မကြေညာသေးတဲ့ မျက်နှာပြင်ကွေးခေါက်နိုင်တဲ့ foldable device concept ကိုထည့်သွင်းပြသခဲ့တာပါ။

ေအာက္တုိဘာလမွာစတင္ေရာင္းခ်ေနျပီျဖစ္တဲ့ Galaxy Fold လိုပဲ ဒီစမတ္ဖုန္းသစ္မွာ ေကြးေခါက္နုိင္တဲ့မ်က္ႏွာျပင္တစ္ခုပါဝင္ၿပီး၊ Microsoft Surface Duo နဲ႔မတူဘဲ အလ်ားလိုက္ေခါက္ေနမယ့္အစား၊ ဒီကိရိယာအသစ္ဟာ ေခါက္ဖုန္း လိုေဒါင္လိုက္ေခါက္ထားတဲ့အေနအထားနဲ႕ စမတ္ဖုန္းပါ။

[Unicode]အောက်တိုဘာလမှာစတင်ရောင်းချနေပြီဖြစ်တဲ့ Galaxy Fold လိုပဲ ဒီစမတ်ဖုန်းသစ်မှာ ကွေးခေါက်နိုင်တဲ့မျက်နှာပြင်တစ်ခုပါဝင်ပြီး၊ Microsoft Surface Duo နဲ့မတူဘဲ အလျားလိုက်ခေါက်နေမယ့်အစား၊ ဒီကိရိယာအသစ်ဟာ ခေါက်ဖုန်း လိုဒေါင်လိုက်ခေါက်ထားတဲ့အနေအထားနဲ့ စမတ်ဖုန်းပါ။

အေပၚကဗီဒီယိုကုိၾကည့္ျပီးေတာ့သာ ေယဘုယ်အေနအထားနဲ႕ပဲခန္႕မွန္းေျပာဆုိနုိင္ဦးမွာျဖစ္ျပီး အျခားအေသးစိတ္ကုိေတာ့ ေလာေလာဆယ္သိရဦးမွာမဟုတ္ပါဘူး ။ ဒါေပမယ့္ Samsung စမတ္ဖုန္းေတြအတြက္ UI အသစ္ျဖစ္တဲ့ One UI 2 ဟာ ဒီေကြးေခါက္ႏုိင္တဲ့စမတ္ဖုန္းသစ္ေတြအတြက္ အဓိကအေျပာင္းအလဲေတြလုပ္ေပးထားတာကုိေတာ့ လတ္တေလာအေနနဲ႕ ေသခ်ာျမင္ေတြ႕လုိက္ရပါျပီ။

[Unicode] အပေါ်ကဗီဒီယိုကိုကြည့်ပြီးတော့သာ ယေဘုယျအနေအထားနဲ့ပဲခန့်မှန်းပြောဆိုနိုင်ဦးမှာဖြစ်ပြီး အခြားအသေးစိတ်ကိုတော့ လောလောဆယ်သိရဦးမှာမဟုတ်ပါဘူး ။ ဒါပေမယ့် Samsung စမတ်ဖုန်းတွေအတွက် UI အသစ်ဖြစ်တဲ့ One UI 2 ဟာ ဒီကွေးခေါက်နိုင်တဲ့စမတ်ဖုန်းသစ်တွေအတွက် အဓိကအပြောင်းအလဲတွေလုပ်ပေးထားတာကိုတော့ လတ်တလောအနေနဲ့ သေချာမြင်တွေ့လိုက်ရပါပြီ။

ေကြးေခါက္နုိင္တဲ့မ်က္ႏွာျပင္နဲ႕ စမတ္ဖုန္းအသစ္ကုိ Samsung ကဘယ္ေတာ့စတင္မိတ္ဆက္မလဲဆုိတာအတိအက်မသိရေသးေပမယ့္ လာမည့္ႏွစ္ 2020 အေစာပိုင္း၌ Samsung သည္ေခါက္ႏိုင္ေသာမ်က္ႏွာျပင္နဲ႕စမတ္ေခါက္ဖုန္းသစ္ကုိမိတ္ဆက္မည္ျဖစ္ေၾကာင္း Bloomberg သတင္းဌာနကေရးသားထားတာလည္းေတြ႕ရပါတယ္။

[Unicode]ကွေးခေါက်နိုင်တဲ့မျက်နှာပြင်နဲ့ စမတ်ဖုန်းအသစ်ကို Samsung ကဘယ်တော့စတင်မိတ်ဆက်မလဲဆိုတာအတိအကျမသိရသေးပေမယ့် လာမည့်နှစ် 2020 အစောပိုင်း၌ Samsung သည်ခေါက်နိုင်သောမျက်နှာပြင်နဲ့စမတ်ခေါက်ဖုန်းသစ်ကိုမိတ်ဆက်မည်ဖြစ်ကြောင်း Bloomberg သတင်းဌာနကရေးသားထားတာလည်းတွေ့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.