နိုဝင်ဘာသုံးရက်နေ့မတိုင်ခင် iPhone 5 ကို iOS 10.3.4 မတင်ထားရင် ဘာတွေဖြစ်မလဲ
0
555
A costumer sets up an iPhone 5 at an Apple store in San Francisco, Friday, Sept. 21, 2012. (AP Photo/Marcio Jose Sanchez)
[Unicode] အင်တာနက်ဆိုတာ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။
iPhone 5 သုံးစွဲသူတွေကို iOS 10.3.4 တင်ဖို့အတွက် Apple က ပြင်းပြင်းထန်ထန် အသိပေးထားပါတယ်။
[Zawgyi] အင်တာနက်ဆိုတာ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။
[Unicode] 9to5Mac ရဲ့တင်ပြချက်အရ နိုဝင်ဘာသုံးရက်နေ့မတိုင်ခင် iPhone 5 သုံးစွဲသူတွေဟာ iOS 10.3.4 မတင်ထားရင် iPhone ရဲ့ အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ email, iCloud နဲ့ web ကို အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း iPhone 5 အတွက် ဒီထက်ပိုပြီးစိုးရိမ်စရာရှိနေပါတယ်။ နိုဝင်ဘာသုံးရက်နေ့မတိုင်ခင် iOS 10.3.4 တင်ထားဖို့အတွက် iPhone 5 ပိုင်ရှင်တွေဆီကို အသိပေးချက်တွေ ပို့ထားပါတယ်။ iPhone 5 ကိုအချိန်ကိုက်မတင်နိုင်ဘူးဆိုရင် အင်တာနက်ကို ချိတ်ဆက်နိုင်မှာမဟုတ်တော့လို့ web browsing Safari, email, iCloud နဲ့ App Store ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တော့မှာ မဟုတ်တော့ပါဘူး။ ၂၀၁၃ စက်တင်ဘာလမှာနောက်ဆုံးရောင်းချခဲ့တဲ့ iPhone 5 တစ်မျိုးတည်းမှာသာ ဖြစ်ပျက်မှာပါ။ ပုံမှန်အတိုင်းအသုံးပြုချင်သေးတယ်ဆိုရင်တော့ iOS 10.3.4 update ကို တင်ထားလိုက်ပါ။ network ကို မချိတ်ဆက်နိုင်တော့တဲ့အချိန်မှ တင်ချင်တယ်ဆိုရင်တော့ OTA updates နဲ့ iCloud backup က ရှိတော့မှာမဟုတ်ပါဘူး။ ဒါဆိုရင် ကွန်ပျူတာလိုလာပြီးတော့ PC or Mac မှာ iTunes နဲ့အတူ restore လုပ်ရတော့မှာပါ။
[Zawgyi] 9to5Mac ရဲ့တင်ပြချက်အရ နိုဝင်ဘာသုံးရက်နေ့မတိုင်ခင် iPhone 5 သုံးစွဲသူတွေဟာ iOS 10.3.4 မတင်ထားရင် iPhone ရဲ့ အခြေခံလုပ်ဆောင်ချက်တွေဖြစ်တဲ့ email, iCloud နဲ့ web ကို အသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။
[Unicode] Apple က ဒီကိစ္စကို အတည်ပြုချက် ထုတ်ထားပေးပြီးဖြစ်ပါတယ်။
November 3, 2019 12:00 a.m. UTC မတိုင်ခင်မှာ iPhone 5 တွေကို iOS update လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ တိကျတဲ့ GPS location နဲ့ App Store, iCloud, email, web browsing တွေကို အသုံးပြုနိုင်မှာပါ။ ၂၀၁၉ ဧပြီ၆ရက်နေ့ အခြားသောထုတ်လုပ်သူတွေရဲ့ GPSပါဝင်တဲ့ထုတ်ကုန်တွေမှာ သက်ရောက်ခဲ့တဲ့ GPS time rollover ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ အကျိုးဆက်ကိုခံစားရမယ့် Apple device တွေဟာ နိုဝင်ဘာသုံးရက်နေ့မတိုင်ခင်အထိ အသုံးပြုနိုင်ဦးမှာပါ။
[Zawgyi] Apple က ဒီကိစ္စကို အတည်ပြုချက် ထုတ်ထားပေးပြီးဖြစ်ပါတယ်။
[Unicode] များသောအားဖြင့် iOS devices တွေကို latest software တင်ထားတာ အကောင်းဆုံးပါပဲ။ ဒါဗပမယ့်လည်း ဒီလိုမျိုးသတ်မှတ်ချက်ထွက်ပေါ်လာတဲ့ update ကတော့ ရှောင်လွှဲဖို့မဖြစ်နိုင်ပါဘူး။ ဒီ update လေးကို တင်ထားမှသာလျှင် အင်တာနက်နဲ့ချိတ်ဆက်လုပ်ဆောင်ချက်တွေကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်သလို အချိန်နေ့ရက်တွေလည်း မှန်ကန်မှာဖြစ်ပါတယ်။ iPhone 5 သုံးစွဲသူတွေအနေနဲ့ ဒေသစံတော်ချိန်တွေအလိုက် တင်နိုင်ကြဖို့ကိုလည်း သတိပေးလိုက်ရပါတယ်။
Ref : imore
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.