SIM card ၂ ကဒ်ထည့်သုံးနိုင်တဲ့ iPhone 11 Pro Review
0
1995
SIM card ကဒ္ထည့္သုံးနုိင္တဲ့ iPhone 11 Pro Review
[Unicode] SIM Card ၂ ကဒ်ထည့်သုံးနိုင်တဲ့ iPhone 11 Pro 64GB တစ်လုံးကို ပါကင်ဖောက်စမ်းသုံးကြည့်ဖြစ်ပါတယ်။  iPhone 11 စီးရီးမော်ဒယ်သစ် ၃ မျိုးဖြစ်တဲ့ iPhone 11 , iPhone 11 Pro , iPhone 11 Pro Max ၃ မျိုးလုံးအတွက် Dual SIM အမျိုးအစား iPhone တွေအနေနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ Dual SIM အမျိုးအစား iPhone တွေကတော့ China/Hong Kong Region နဲ့လာတဲ့အတွက် SIM Card ၂ ကဒ်ထည့် iPhone ကိုင်ချင်တယ်ဆိုရင်တော့ အခုပြောခဲ့တဲ့ China/Hong Kong Region iPhone တွေကိုပဲရွေးချယ်ဝယ်ယူရမှာပါ။ မြန်မာပြည်မှာတော့ iPhone 11 ဝယ်ယူရရှိနိုင်တဲ့ ဖုန်းဆိုင်ကြီးတိုင်းမှာ Dual SIM ထည့်သုံးနိုင်တဲ့ iPhone 11 တွေရောင်းကြပါတယ်။ Dual SIM iPhone တွေအတွက်ကိုလည်း Distributor တွေက Warranty ပိုင်းကိုသေချာတာဝန်ယူပေးထားတဲ့အတွက် နောက်ဆက်တွဲကိစ္စတွေအတွက်လည်းဘာမှစိတ်ပူစရာမရှိပါဘူး။
[Zawgyi] iPhone ရဲ့ SIM card ကဒ်ထည့်နိုင်တဲ့ SIM Slot ပုံစံက SIM card တစ်ကဒ်ထည့် iPhone တွေရဲ့ SIM Slot နဲ့ပုံစံတူပါပဲဒါပေမယ့် Dual SIM iPhone တွေရဲ့ SIM Slot မှာက SIM card ခုကိုဟိုဘက်/ဒီဘက်ကျောချင်းကပ်ထည့်သွင်းရတဲ့အနေအထားနဲ့ထည့်သွင်းရတာပါ။ 
[Unicode] iPhone ရဲ့ SIM card ၂ ကဒ်ထည့်နိုင်တဲ့ SIM Slot ပုံစံက SIM card တစ်ကဒ်ထည့် iPhone တွေရဲ့ SIM Slot နဲ့ပုံစံတူပါပဲ ။ ဒါပေမယ့် Dual SIM iPhone တွေရဲ့ SIM Slot မှာက SIM card ၂ ခုကို ဟိုဘက်/ဒီဘက် ကျောချင်းကပ်ထည့်သွင်းရတဲ့အနေအထားနဲ့ထည့်သွင်းရတာပါ။
[Unicode] SIM Card ၂ခုကို SIM Slot မှာထည့်သွင်းပြီး ဖုန်းမှာပြန်ထည့်လိုက်တာနဲ့  SIM Card တစ်ကဒ်ဆီကို စိတ်ကြိုက်နာမည်ထားနိုင်ဖို့ အရင်ပေါ်လာပါတယ် ။ 
[Unicode] နာမည်သတ်မှတ်ပြီးပြီဆိုရင်တော့ ဘယ် SIM Card ကို Primary အနေနဲ့ထားမယ်ဆိုတာကို ရွေးထားလို့ရပါတယ် ။ ဥပမာ – ဖုန်းခေါ်ဆိုမှုတွေ ၊ SMS ပို့တာတွေလုပ်တဲ့အခါ ဘယ် SIM Card ကို default အနေနဲ့ထားမယ် ၊ သုံးမယ်ဆိုတာကို သတ်မှတ်ပေးရတာပါ။
[Zawgyi]
[Unicode] နောက်ပြီး SIM card ၂ ကဒ်ထဲက ဘယ်ကဒ်နဲ့ Mobile Data / အင်တာနက်သုံးမယ်ဆိုတာကို ရွေးပေးရပါတယ်။ အကယ်၍ Allow Cellular data switching ဆိုတာကို On ပေးထားမယ်ဆိုရင်တော့ ဖုန်းအင်တာနက်အတွက် default သတ်မှတ်ထားတဲ့ SIM Card ကဖုန်းလိုင်းမမိတော့ဘူးဆိုရင် ကျန် SIM Card တစ်ကဒ်နဲ့ Cellular data/ အင်တာနက်သုံးနိုင်ဖို့ auto ပြောင်းပေးမှာပါ။ 
[Zawgyi] နောက်ပိုင်း ဖုန်းခေါ်ဆိုမှာပဲဖြစ်ဖြစ် ၊ ဖုန်းအင်တာနက်သုံးစွဲမှုအတွက်ပဲဖြစ်ဖြစ် ဘယ် SIM Card နဲ့အဓိကအသုံးပြုမယ် ၊ Primary/default ထားမယ်ဆိုတာကို ဖုန်းရဲ့ Setting > Cellular ထဲကိုဝင်ပြီး စိတ်ကြိုက်ပြန်လည်သတ်မှတ်နိုင်ပါတယ်။ 
[Unicode]  နောက်ပိုင်း ဖုန်းခေါ်ဆိုမှာပဲဖြစ်ဖြစ် ၊ ဖုန်းအင်တာနက်သုံးစွဲမှုအတွက်ပဲဖြစ်ဖြစ် ဘယ် SIM Card နဲ့အဓိကအသုံးပြုမယ် ၊ Primary/default ထားမယ်ဆိုတာကို ဖုန်းရဲ့ Setting > Cellular ထဲကိုဝင်ပြီး စိတ်ကြိုက်ပြန်လည်သတ်မှတ်နိုင်ပါတယ်။ 
ဖုန်းခေါ်တဲ့ dial pad နေရာမှာလည်း SIM Card နဲ့ပြောင်းခေါ်နိုင်တဲ့ Button တစ်ခုထည့်ပေးထားပါတယ်။ ဒါတွေကတော့ ယခင် XS Dual-SIM version မှာကတည်းက ပါခဲ့ပြီးသား Dual-SIM functionalities တွေပါပဲ။
[Unicode] ယခု Dual SIM အသုံးပြုနိုင်တဲ့ iPhone 11 Series တွေမှာတော့ ဖုန်းလိုင်းအသုံးပြုနိုင်မှု /ဖုန်းလိုင်းတိုင်မိမှုအနေအထားတွေမှာလည်း ကောင်းမွန်မှုရှိပါတယ်။ ယခင် iPhone XS မှာတုန်းက ကြုံတွေ့ခဲ့ရဖူးတဲ့ ဖုန်းလိုင်း ၂ ခုလုံး အတက်အကျ တစ်ပြိုင်တည်းဖြစ်တာမျိုးတော့ အခုကျွန်တော်အသုံးပြုနေတဲ့ iPhone 11 Pro Dual SIM မှာမကြုံတွေ့ရတော့ပါ ။ ကိုယ်လက်ရှိသုံးနေတဲ့နေရာမှာ SIM Card တစ်ကဒ်ချင်းစီရဲ့ အမှန်တကယ်လိုင်းမိတဲ့အတိုင်း ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Battery အနေနဲ့လည်း ယခင် iPhone XS Dual-SIM version တွေထက် သိသိသာသာ Battery ပိုခံပါတယ်။ 
[Unicode] iPhone 11/11 Pro ကိုမှ Single SIM ဟန်းဆက် နဲ့ Dual SIM ဟန်းဆက် ဘာကွာလဲဆိုရင် SIM Card တစ်ကဒ်ထည့်လို့ရတာနဲ့ ၂ ကဒ်ထည့်လို့ရတဲ့အချက်ကလွဲရင် ကျန်တာဘာမှမကွာပါဘူး။ ဒါပေမယ့် iPhone 11 Dual SIM ဟန်းဆက်တွေက အရင် XS,XS Max Dual SIM ဟန်းဆက်တွေထက် Cellular Network ပိုင်းဆိုင်ရာနဲ့ Dual SIM functionality ပိုင်းမှာသိသိသာသာပိုကောင်းလာတာကိုတွေ့ရပါတယ်။ SIM Card တစ်ကဒ်တည်းသုံးနေသူတွေအတွက်ကတော့ Single SIM (eSIM) ဟန်းဆက်ကလည်းအဆင်ပြေပါတယ် ။ SIM card တစ်ကဒ်ထက်ပိုသုံးနေသူတွေအတွက်ကတော့ Dual SIM ဟန်းဆက်ကိုသာရွေးသင့်ပါတယ်။ မဟုတ်ရင် SIM Card နောက်တစ်ခုထည့်ဖို့ ဖုန်း ၂ လုံးကြီးကိုင်နေရဦးမယ်။ နောက်ပြီး Oversea ခဏခဏသွားသူတွေဆိုရင်လည်း ဒီနိုင်ငံက SIM CARD ကိုဖြုတ်စရာမလိုပဲ ဟိုက SIM CARD ကိုပါဖုန်းထဲထပ်ထည့်သုံးလို့ရတဲ့ Dual SIM ဟန်းဆက်ကပိုအဆင်ပြေသင့်တော်မယ်လို့ယူဆပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.