Google app မပါဘဲ ဖုန်းအသစ်တွေကို Huawei ဘယ်လိုထုတ်မလဲ

0
957

Unicode Version

ယူအက်စ်ကုန်သွယ်ရေးပိတ်ဆို့မှုဟာ Huawei ကို ခက်ခဲသွားစေတယ်ဆိုတာ အားလုံးအသိပါပဲ။ Huawei Mate 30 Pro လေးကတော့ Play Store ၊ Google Mobile Services (GMS) တွေမပါဘဲ အနောက်နိုင်ငံတွေကို ရောင်းချဖို့စီစဉ်ထားပါတယ်။ အလားတူပဲ တရုတ်နိုင်ငံမှာသာ ထွက်ရှိပေးခဲ့တဲ့ foldable Huawei Mate X လေးကိုလည်း ကျွန်တော်တို့သုံးစွဲခွင့်မရခဲ့ပါဘူး။


Huawei အတွက် စိတ်မကောင်းစရာကတော့ ပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်း ရှာမတွေ့နိုင်ပါဘူး။ သူတို့ရဲ့ AppGallery ဟာ အနောက်နိုင်ငံရဲ့သုံးစွဲသူတွေအတွက်လုံလောက်တဲ့ library တစ်ခုဖြစ်လာစေရေးအတွက် developer အမြောက်အများကို ဆွဲဆောင်ရမှာပါ။ Google Play သွင်းနိုင်တဲ့နည်းလမ်းတွေကလည်း နည်းသထက်နည်းလာပြီးတော့ လျင်လျင်မြန်မြန်နဲ့ ပျောက်ကွယ်လာနေလို့ပါပဲ။
Huawei လိုအပ်နေတာကတော့ ပုံမှန်အတိုင်း Google Play နဲ့ GMS တို့ပါဝင်တဲ့ဖုန်းတွေ ထုတ်လုပ်နိုင်မယ့်နည်းလမ်းကိုရှာဖွေဖို့ပါ။ သူတို့လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ ရှိနေပါတယ်။ ဒါပေမယ့် သူ့မှာအားနည်းချက်တွေရှိနေတယ်။


Honor 9X က လုပ်ပြသွားခဲ့တယ်
Honor 9X review မှာပြောခဲ့သလို အဲဒီဖုန်းဟာ တရုတ်မော်ဒယ်လ်နဲ့ ဥရောပမော်ဒယ်လ်အကြား ခြားနားမှုတွေရှိနေပါတယ်။ Kirin 810 ထက် Kirin 710F processor ကို အသုံးပြုထားတာပါ။ fingerprint scanner ထားပုံခြင်းကွဲပြားသလို ကင်မရာတွေကလည်း မတူညီပါဘူး။ ဥရောပ 9X မှာ GMS ပါဝင်ပြီးတော့ တရုတ်မော်ဒယ်လ်မှာ မပါဝင်ခဲ့ပါဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
Honor 9X ရဲ့မော်ဒယ်လ်နံပါတ်ဟာ Huawei P Smart Z နဲ့ ထပ်တူပါ။ အဲဒီဖုန်းဟာ ၂၀၁၉မေလမှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီးတော့ သူတို့ရဲ့ပထမဆုံးသော pop-up selfie cameraပါဝင်တဲ့ဖုန်းဖြစ်ပါတယ်။ အဲဒီဖုန်းနှစ်ခုလုံးဟာ hardware တွေအတူတူနီးပါး ထည့်သုံးထားပါတယ်။ အဲဒီအထဲမှာ Kirin 710F processor ၊ 6.59-inch display ၊ အနောက်ဘက် လက်ဗွေစနစ်၊ 4,000mAh ဘတ်ထရီတို့ပါဝင်ပါတယ်။ သိသာတဲ့ခြားနားချက်ကတော့ ကင်မရာ၊ မမ်မိုရီနဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။
မော်ဒယ်လ်နံပါတ်တူပေမယ့်လည်း အတိအကျကြီး ကူးယူထားတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Huawei အတွက် ဒီလုပ်ရပ်က ပုံမှန်မဟုတ်ပါဘူး။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Honor Nova 5T ဟာလည်း Honor 20 လိုပဲ အချက်အလက်တွေနဲ့ မော်ဒယ်လ်နံပါတ်ကို မျှသုံးခဲ့ပါသေးတယ်။
ဖြစ်နိုင်တာကတော့ အဲဒီဖုန်းတွေဟာ ၂၀၁၉ မေလမတိုင်ခင်မှာ GMS certification ရထားလို့ပါ။ ဒါပေမယ့်လည်း အဲဒီလိုလုပ်စရာ မလိုပါဘူး။ GMS certification ဘယ်လိုရသလဲဆိုတာကို အရင်ရှင်းပြပါမယ်။


GMS product certification ဘယ်လိုအလုပ်လုပ်လဲ
Android ပေါ်မှာ GMS တင်ချင်တဲ့ထုတ်လုပ်သူတိုင်းက GMS license နဲ့ Mobile Application Distribution Agreement (MADA) ကို သူတို့ဖုန်းအတွက် ရအောင်ယူဖို့ စမ်းသပ်ချက်တွေကို ကျော်ဖြတ်ရပါတယ်။ Android Compatibility Test Suite (CTS) ဆိုတာကတော့ software ၊ hardware အစိတ်အပိုင်းတွေနဲ့ API တွေကို စမ်းသပ်ပါတယ်။ အဲဒီနောက်မှာ Google Mobile Services Test Suite (GTS) နဲ့ Vendor Test Suite (VTS) တို့က multimedia လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး OS kernel ၊ HAL လုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုပါတယ်။
အဓိကပြောချင်တာကတော့ ဒီစမ်းသပ်ချက်တွေက နှစ်ခုအပေါ်ကိုပဲ မူတည်ပါတယ်။ Android OS version နဲ့ hardware ပါ။ အများစုကတော့ စမ်းသပ်ချက်တွေဟာ prototype ၊ developer device တွေမှာ အသုံးပြုတာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့ရောင်းကုန်မှာ စမ်းသပ်တာမဟုတ်ပါဘူး။ OS ဒါမှမဟုတ် hardware ပြောင်းမှသာ စမ်းသပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် တချို့ hardware ပြောင်းလဲမှုတွေကတော့ စမ်းသပ်ချက်ထပ်လုပ်စရာမလိုဘဲ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
Google က ဖုန်းရဲ့ hardware နဲ့ GMS တွေအသုံးပြုဖို့လိုအပ်တဲ့ software ကို ကြည့်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ သီအိုရီအရ ထုတ်လုပ်သူတွေဟာ GMS ဖြစ်စဉ်ရဲ့အပိုင်းမှာပါဝင်နေတဲ့ hardware တေွကို Google မသိဘဲ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့်လည်း MADA က ပြောထားတာကတော့ telecom specific နဲ့ regional device တွေကတော့ CTS ကို ကျော်ဖြတ်ရပါတယ်။ ဒါကြောင့် GMS certification ဟာ carrier နဲ့ regional model number တွေကို ချိတ်ဆက်ထားတာဖြစ်ပြီး နောက်ဆုံးထွက်ရှိလာတဲ့ နာမည်အပေါ်မှာ ချိတ်ဆက်ထားခြင်းမရှိပါဘူး။
GMS certification ဟာ ဖုန်းရဲ့ဒီဇိုင်းအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ အတွင်းပစ္စည်းတွေနဲ့ စျေးကွက်အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူတွေဟာ အပြင်ဒီဇိုင်းကို စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေတာပေါ့။ hardware အချို့ပြောင်းချင်ရင်လည်း ဖြစ်နိုင်ပါတယ်။ CTS နဲ့ VTS ရလဒ်တွေကို မပြောင်းစေမယ့်အရာမျိုးပေါ့။ မမ်မိုရီပြောင်းတာ၊ ကင်မရာပြောင်းတာ၊ hardware အချို့ပြောင်းတာမျိုးလောက်ကတော့ အဆင်ပြေပါတယ်။
Google ပါဝင်တဲ့ဖုန်းအသစ်တွေကို ထုတ်လုပ်ဖို့ဆိုရင်တော့ ဒီနည်းလမ်းက သေချာပေါက်ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်ထားပါတယ်။ ကျွန်တော်တို့ Huawei ကို မေးမြန်းထားတဲ့အခါမှာတော့ သူတို့ဆီက တုံ့ပြန်မှုက Honor 20 နဲ့ Huawei Nova 5T တို့ဟာ မတူညီတဲ့သုံးစွဲသူတေွကို ဦးတည်ထားတာလို့ ဆိုပါတယ်။ Magic UI နဲ့ EMUI ၊ ဒီဇိုင်းတွေလည်း ကွဲပြားထားပါတယ်။

ရှင်းအောင်ပြောရင် Huawei က အရင်အသိအမှတ်ပြုပြီးတာစမတ်ဖုန်းဒီဇိုင်းတွေကို အသုံးပြုနေတယ်လို့ သေချာပေါက်မပြောနိုင်သေးပါဘူး။ Nova 5T နဲ့ Honor 9X ဟာ မေလမတိုင်ခင်မှာ ရထားတာလည်း ဖြစ်နိုင်ပါတယ်။ ငါးလဆိုတာဟာ မိုဘိုင်းလ်လုပ်ငန်းအတွက်တော့ ကြာမြင့်တဲ့အချိန်တစ်ခုပါပဲ။
မော်ဒယ်လ်အဟောင်းတွေကို ဦးတည်ထုတ်လုပ်ခြင်းဟာ Huawei အတွက် စမတ်ဖုန်းအသစ်တွေကို အတွင်းပစ္စည်းအဟောင်းတွေနဲ့ ပြန်လည်ထုတ်လုပ်နိုင်စေပါတယ်။ flagship ပစ္စည်းတွေကို mid-range မှာ ပြန်လည်ထုတ်နိုင်ခြင်းကလည်း နည်းလမ်းကောင်းတစ်ခုပဲ မဟုတ်ပါလား။ ဒါပေမယ့် ဒီနည်းလမ်းက flagship အတွက် သုံးလို့မရနေပါဘူး။
သုံးစွဲသူအနည်းငယ်လောက်ကပဲ flagship စျေးနှုန်းနဲ့ အတွင်းပစ္စည်းအဟောင်းတွေထည့်ထားတာ စိတ်ဝင်စားမှာပေါ့။ အဓိကလိုချင်တဲ့အချက်တွေတိုးတက်လာတာမပါဘဲ ဘယ်လိုလုပ်ဝယ်ကြမလဲ။ Huawei က သူ့ရဲ့ကင်မရာစနစ်၊ မမ်မိုရီတွေ ကောင်းအောင်လုပ်ရင်တောင်မှ high-end သမားတွေက နောက်ဆုံးပေါ်နည်းပညာတွေ၊ အသစ်အသစ်သော feature တွေကို လိုချင်ကြတာလေ။ ဒါတွေက GMS လိုအပ်နေမယ်ဆိုရင်ရော။
MADA ရဲ့ ဗားရှင်းအဟောင်းတွေကလည်း Android OS update အတွက် Google အတည်ပြုမှုလိုအပ်ပါသေးတယ်။ ဒါကတော့ Google ဆီက မြင်ရမှာမဟုတ်တော့ပါဘူး။ Android 10 update ကတော့ Huawei P30 series ၊ Mate 20s ၊ P20 range နဲ့ ဖုန်းအချို့အတွက်တော့ ရနိုင်ပါသေးတယ်။ Huawei က GMS certification ကို စောစောရထားလို့နဲ့တူပါတယ်။ Android 11 ဆိုရင်တော့ ရနိုင်မှာမဟုတ်တော့ပါဘူး။
ဒါကြောင့် နည်းပညာအရ ဖုန်းအဟောင်းတွေကို ပြန်လည်အသုံးပြုနေခြင်းက ရေတိုဖြေရှင်းနည်းတစ်ခုပါပဲ။ ဒီနည်းလမ်းဟာ နောက်ဆုံးပေါ်နည်းပညာတွေလွှမ်းခြုံထားတဲ့ flagship ဖုန်းတွေကို ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး။ Huawei အတွက် ကုန်သွယ်ရေးပိတ်ဆို့မှုကို ဘယ်လိုကျော်လွှားမလဲ။ GMS သွင်းဖို့အတွက် third party ကနေ စီစဉ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သင့်တဲ့သတင်းတစ်ပုဒ်ဖြစ်နေပါပြီ။

Zawgyi Version

ယူအက္စ္ကုန္သြယ္ေရးပိတ္ဆို႔မႈဟာ Huawei ကို ခက္ခဲသြားေစတယ္ဆိုတာ အားလုံးအသိပါပဲ။ Huawei Mate 30 Pro ေလးကေတာ့ Play Store ၊ Google Mobile Services (GMS) ေတြမပါဘဲ အေနာက္ႏိုင္ငံေတြကို ေရာင္းခ်ဖို႔စီစဥ္ထားပါတယ္။ အလားတူပဲ တ႐ုတ္ႏိုင္ငံမွာသာ ထြက္ရွိေပးခဲ့တဲ့ foldable Huawei Mate X ေလးကိုလည္း ကြၽန္ေတာ္တို႔သုံးစြဲခြင့္မရခဲ့ပါဘူး။
Huawei အတြက္ စိတ္မေကာင္းစရာကေတာ့ ျပႆနာကိုေျဖရွင္းႏိုင္တဲ့နည္းလမ္း ရွာမေတြ႕ႏိုင္ပါဘူး။ သူတို႔ရဲ႕ AppGallery ဟာ အေနာက္ႏိုင္ငံရဲ႕သုံးစြဲသူေတြအတြက္လုံေလာက္တဲ့ library တစ္ခုျဖစ္လာေစေရးအတြက္ developer အေျမာက္အမ်ားကို ဆြဲေဆာင္ရမွာပါ။ Google Play သြင္းႏိုင္တဲ့နည္းလမ္းေတြကလည္း နည္းသထက္နည္းလာၿပီးေတာ့ လ်င္လ်င္ျမန္ျမန္နဲ႔ ေပ်ာက္ကြယ္လာေနလို႔ပါပဲ။
Huawei လိုအပ္ေနတာကေတာ့ ပုံမွန္အတိုင္း Google Play နဲ႔ GMS တို႔ပါဝင္တဲ့ဖုန္းေတြ ထုတ္လုပ္ႏိုင္မယ့္နည္းလမ္းကိုရွာေဖြဖို႔ပါ။ သူတို႔လုပ္ႏိုင္တဲ့နည္းလမ္းတစ္ခုေတာ့ ရွိေနပါတယ္။ ဒါေပမယ့္ သူ႔မွာအားနည္းခ်က္ေတြရွိေနတယ္။


Honor 9X က လုပ္ျပသြားခဲ့တယ္
Honor 9X review မွာေျပာခဲ့သလို အဲဒီဖုန္းဟာ တ႐ုတ္ေမာ္ဒယ္လ္နဲ႔ ဥေရာပေမာ္ဒယ္လ္အၾကား ျခားနားမႈေတြရွိေနပါတယ္။ Kirin 810 ထက္ Kirin 710F processor ကို အသုံးျပဳထားတာပါ။ fingerprint scanner ထားပုံျခင္းကြဲျပားသလို ကင္မရာေတြကလည္း မတူညီပါဘူး။ ဥေရာပ 9X မွာ GMS ပါဝင္ၿပီးေတာ့ တ႐ုတ္ေမာ္ဒယ္လ္မွာ မပါဝင္ခဲ့ပါဘူး။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။
Honor 9X ရဲ႕ေမာ္ဒယ္လ္နံပါတ္ဟာ Huawei P Smart Z နဲ႔ ထပ္တူပါ။ အဲဒီဖုန္းဟာ ၂၀၁၉ေမလမွာ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီးေတာ့ သူတို႔ရဲ႕ပထမဆုံးေသာ pop-up selfie cameraပါဝင္တဲ့ဖုန္းျဖစ္ပါတယ္။ အဲဒီဖုန္းႏွစ္ခုလုံးဟာ hardware ေတြအတူတူနီးပါး ထည့္သုံးထားပါတယ္။ အဲဒီအထဲမွာ Kirin 710F processor ၊ 6.59-inch display ၊ အေနာက္ဘက္ လက္ေဗြစနစ္၊ 4,000mAh ဘတ္ထရီတို႔ပါဝင္ပါတယ္။ သိသာတဲ့ျခားနားခ်က္ကေတာ့ ကင္မရာ၊ မမ္မိုရီနဲ႔ ဒီဇိုင္းေတြပဲ ျဖစ္ပါတယ္။
ေမာ္ဒယ္လ္နံပါတ္တူေပမယ့္လည္း အတိအက်ႀကီး ကူးယူထားတာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း Huawei အတြက္ ဒီလုပ္ရပ္က ပုံမွန္မဟုတ္ပါဘူး။ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Honor Nova 5T ဟာလည္း Honor 20 လိုပဲ အခ်က္အလက္ေတြနဲ႔ ေမာ္ဒယ္လ္နံပါတ္ကို မွ်သုံးခဲ့ပါေသးတယ္။
ျဖစ္ႏိုင္တာကေတာ့ အဲဒီဖုန္းေတြဟာ ၂၀၁၉ ေမလမတိုင္ခင္မွာ GMS certification ရထားလို႔ပါ။ ဒါေပမယ့္လည္း အဲဒီလိုလုပ္စရာ မလိုပါဘူး။ GMS certification ဘယ္လိုရသလဲဆိုတာကို အရင္ရွင္းျပပါမယ္။


GMS product certification ဘယ္လိုအလုပ္လုပ္လဲ
Android ေပၚမွာ GMS တင္ခ်င္တဲ့ထုတ္လုပ္သူတိုင္းက GMS license နဲ႔ Mobile Application Distribution Agreement (MADA) ကို သူတို႔ဖုန္းအတြက္ ရေအာင္ယူဖို႔ စမ္းသပ္ခ်က္ေတြကို ေက်ာ္ျဖတ္ရပါတယ္။ Android Compatibility Test Suite (CTS) ဆိုတာကေတာ့ software ၊ hardware အစိတ္အပိုင္းေတြနဲ႔ API ေတြကို စမ္းသပ္ပါတယ္။ အဲဒီေနာက္မွာ Google Mobile Services Test Suite (GTS) နဲ႔ Vendor Test Suite (VTS) တို႔က multimedia လုပ္ေဆာင္ခ်က္ေတြကို စစ္ေဆးၿပီး OS kernel ၊ HAL လုပ္ေဆာင္ခ်က္ေတြကိုလည္း ၾကည့္ရႈပါတယ္။
အဓိကေျပာခ်င္တာကေတာ့ ဒီစမ္းသပ္ခ်က္ေတြက ႏွစ္ခုအေပၚကိုပဲ မူတည္ပါတယ္။ Android OS version နဲ႔ hardware ပါ။ အမ်ားစုကေတာ့ စမ္းသပ္ခ်က္ေတြဟာ prototype ၊ developer device ေတြမွာ အသုံးျပဳတာျဖစ္ပါတယ္။ ေနာက္ဆုံးထြက္ရွိလာတဲ့ေရာင္းကုန္မွာ စမ္းသပ္တာမဟုတ္ပါဘူး။ OS ဒါမွမဟုတ္ hardware ေျပာင္းမွသာ စမ္းသပ္ဖို႔လိုအပ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ hardware ေျပာင္းလဲမႈေတြကေတာ့ စမ္းသပ္ခ်က္ထပ္လုပ္စရာမလိုဘဲ ေျပာင္းလဲႏိုင္မွာျဖစ္ပါတယ္။
Google က ဖုန္းရဲ႕ hardware နဲ႔ GMS ေတြအသုံးျပဳဖို႔လိုအပ္တဲ့ software ကို ၾကည့္တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ သီအိုရီအရ ထုတ္လုပ္သူေတြဟာ GMS ျဖစ္စဥ္ရဲ႕အပိုင္းမွာပါဝင္ေနတဲ့ hardware ေတြကို Google မသိဘဲ ေျပာင္းလဲႏိုင္ပါတယ္။ ဒါေပမယ့္လည္း MADA က ေျပာထားတာကေတာ့ telecom specific နဲ႔ regional device ေတြကေတာ့ CTS ကို ေက်ာ္ျဖတ္ရပါတယ္။ ဒါေၾကာင့္ GMS certification ဟာ carrier နဲ႔ regional model number ေတြကို ခ်ိတ္ဆက္ထားတာျဖစ္ၿပီး ေနာက္ဆုံးထြက္ရွိလာတဲ့ နာမည္အေပၚမွာ ခ်ိတ္ဆက္ထားျခင္းမရွိပါဘူး။
GMS certification ဟာ ဖုန္းရဲ႕ဒီဇိုင္းအေပၚမွာ မူတည္ေနတာမဟုတ္ပါဘူး။ အတြင္းပစၥည္းေတြနဲ႔ ေစ်းကြက္အေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ထုတ္လုပ္သူေတြဟာ အျပင္ဒီဇိုင္းကို စိတ္ႀကိဳက္ျခယ္လွယ္ခြင့္ရေနတာေပါ့။ hardware အခ်ိဳ႕ေျပာင္းခ်င္ရင္လည္း ျဖစ္ႏိုင္ပါတယ္။ CTS နဲ႔ VTS ရလဒ္ေတြကို မေျပာင္းေစမယ့္အရာမ်ိဳးေပါ့။ မမ္မိုရီေျပာင္းတာ၊ ကင္မရာေျပာင္းတာ၊ hardware အခ်ိဳ႕ေျပာင္းတာမ်ိဳးေလာက္ကေတာ့ အဆင္ေျပပါတယ္။
Google ပါဝင္တဲ့ဖုန္းအသစ္ေတြကို ထုတ္လုပ္ဖို႔ဆိုရင္ေတာ့ ဒီနည္းလမ္းက ေသခ်ာေပါက္ျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔သုံးသပ္ထားပါတယ္။ ကြၽန္ေတာ္တို႔ Huawei ကို ေမးျမန္းထားတဲ့အခါမွာေတာ့ သူတို႔ဆီက တုံ႔ျပန္မႈက Honor 20 နဲ႔ Huawei Nova 5T တို႔ဟာ မတူညီတဲ့သုံးစြဲသူေတြကို ဦးတည္ထားတာလို႔ ဆိုပါတယ္။ Magic UI နဲ႔ EMUI ၊ ဒီဇိုင္းေတြလည္း ကြဲျပားထားပါတယ္။

ရွင္းေအာင္ေျပာရင္ Huawei က အရင္အသိအမွတ္ျပဳၿပီးတာစမတ္ဖုန္းဒီဇိုင္းေတြကို အသုံးျပဳေနတယ္လို႔ ေသခ်ာေပါက္မေျပာႏိုင္ေသးပါဘူး။ Nova 5T နဲ႔ Honor 9X ဟာ ေမလမတိုင္ခင္မွာ ရထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ငါးလဆိုတာဟာ မိုဘိုင္းလ္လုပ္ငန္းအတြက္ေတာ့ ၾကာျမင့္တဲ့အခ်ိန္တစ္ခုပါပဲ။
ေမာ္ဒယ္လ္အေဟာင္းေတြကို ဦးတည္ထုတ္လုပ္ျခင္းဟာ Huawei အတြက္ စမတ္ဖုန္းအသစ္ေတြကို အတြင္းပစၥည္းအေဟာင္းေတြနဲ႔ ျပန္လည္ထုတ္လုပ္ႏိုင္ေစပါတယ္။ flagship ပစၥည္းေတြကို mid-range မွာ ျပန္လည္ထုတ္ႏိုင္ျခင္းကလည္း နည္းလမ္းေကာင္းတစ္ခုပဲ မဟုတ္ပါလား။ ဒါေပမယ့္ ဒီနည္းလမ္းက flagship အတြက္ သုံးလို႔မရေနပါဘူး။
သုံးစြဲသူအနည္းငယ္ေလာက္ကပဲ flagship ေစ်းႏႈန္းနဲ႔ အတြင္းပစၥည္းအေဟာင္းေတြထည့္ထားတာ စိတ္ဝင္စားမွာေပါ့။ အဓိကလိုခ်င္တဲ့အခ်က္ေတြတိုးတက္လာတာမပါဘဲ ဘယ္လိုလုပ္ဝယ္ၾကမလဲ။ Huawei က သူ႔ရဲ႕ကင္မရာစနစ္၊ မမ္မိုရီေတြ ေကာင္းေအာင္လုပ္ရင္ေတာင္မွ high-end သမားေတြက ေနာက္ဆုံးေပၚနည္းပညာေတြ၊ အသစ္အသစ္ေသာ feature ေတြကို လိုခ်င္ၾကတာေလ။ ဒါေတြက GMS လိုအပ္ေနမယ္ဆိုရင္ေရာ။
MADA ရဲ႕ ဗားရွင္းအေဟာင္းေတြကလည္း Android OS update အတြက္ Google အတည္ျပဳမႈလိုအပ္ပါေသးတယ္။ ဒါကေတာ့ Google ဆီက ျမင္ရမွာမဟုတ္ေတာ့ပါဘူး။ Android 10 update ကေတာ့ Huawei P30 series ၊ Mate 20s ၊ P20 range နဲ႔ ဖုန္းအခ်ိဳ႕အတြက္ေတာ့ ရႏိုင္ပါေသးတယ္။ Huawei က GMS certification ကို ေစာေစာရထားလို႔နဲ႔တူပါတယ္။ Android 11 ဆိုရင္ေတာ့ ရႏိုင္မွာမဟုတ္ေတာ့ပါဘူး။
ဒါေၾကာင့္ နည္းပညာအရ ဖုန္းအေဟာင္းေတြကို ျပန္လည္အသုံးျပဳေနျခင္းက ေရတိုေျဖရွင္းနည္းတစ္ခုပါပဲ။ ဒီနည္းလမ္းဟာ ေနာက္ဆုံးေပၚနည္းပညာေတြလႊမ္းၿခဳံထားတဲ့ flagship ဖုန္းေတြကို ထုတ္လုပ္ႏိုင္စြမ္းမရွိပါဘူး။ Huawei အတြက္ ကုန္သြယ္ေရးပိတ္ဆို႔မႈကို ဘယ္လိုေက်ာ္လႊားမလဲ။ GMS သြင္းဖို႔အတြက္ third party ကေန စီစဥ္ႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္သင့္တဲ့သတင္းတစ္ပုဒ္ျဖစ္ေနပါၿပီ။

Ref: Android Authoriy

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.