AirPods Pro အသစ်ကို Apple မိတ်ဆက်ပြီ

0
342

[Zawgyi] AirPods Pro အသစ္ကုိ Apple မိတ္ဆက္ျပီ
Active Noise Cancellation feature ပါ၀င္တဲ့ AirPods Pro အသစ္ကုိ ဒီေန႕ပဲ စတင္မိတ္ဆက္လုိက္ပါတယ္။ ဒီ AirPods အသစ္ကေတာ့ In-ear headphones အမ်ိဳးအစားျဖစ္ျပီး AirPods ေလး ၂ ခုရဲ႕ထိပ္ ၊ နားထဲထည့္နားေထာင္ရမယ့္ Silicone အစြပ္ေလးေတြကုိ ကုိယ့္ရဲ႕နားနဲ႕အံ၀င္ခြင္က်ျဖစ္ေစဖုိ႕ အရြယ္အစား ၃ မ်ိဳးနဲ႕ Slicone အစြပ္ေလးေတြကုိ AirPods Pro ဗူးထဲမွာတစ္ပါတည္းထည့္ေပးထားမွာပါ။

[Unicode] Active Noise Cancellation feature ပါဝင်တဲ့ AirPods Pro အသစ်ကို ဒီနေ့ပဲ စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီ AirPods အသစ်ကတော့ In-ear headphones အမျိုးအစားဖြစ်ပြီး AirPods လေး ၂ ခုရဲ့ထိပ် ၊ နားထဲထည့်နားထောင်ရမယ့် Silicone အစွပ်လေးတွေကို ကိုယ့်ရဲ့နားနဲ့အံဝင်ခွင်ကျဖြစ်စေဖို့ အရွယ်အစား ၃ မျိုးနဲ့ Slicone အစွပ်လေးတွေကို AirPods Pro ဗူးထဲမှာတစ်ပါတည်းထည့်ပေးထားမှာပါ။

[Zawgyi] AirPods Pro နားၾကပ္ ၁ ဖက္စီမွာ ျပင္ပပတ္၀န္းက်င္ကအသံေတြကုိ detect လုပ္ေပးမယ့္ Microphone ေလးေတြပါ၀င္ပါတယ္။ ဒီစနစ္မ်ိဳးကုိ Beats Solo Pro Headphones မွာလည္းအသုံးျပဳထားျပီး ယခု AirPods Pro မွာလည္း Beats Solo Pro Headphones မွာပါခဲ့တဲ့ Active Noise Cancellation feature ကုိပုိျပီးေသးငယ္တဲ့အစိတ္အပုိင္း ၊ စနစ္အေနနဲ႕ထည့္သြင္းေပးလုိက္တဲ့သေဘာပါပဲ။

[Unicode] AirPods Pro နားကြပ် ၁ ဖက်စီမှာ ပြင်ပပတ်ဝန်းကျင်ကအသံတွေကို detect လုပ်ပေးမယ့် Microphone လေးတွေပါဝင်ပါတယ်။ ဒီစနစ်မျိုးကို Beats Solo Pro Headphones မှာလည်းအသုံးပြုထားပြီး ယခု AirPods Pro မှာလည်း Beats Solo Pro Headphones မှာပါခဲ့တဲ့ Active Noise Cancellation feature ကိုပိုပြီးသေးငယ်တဲ့အစိတ်အပိုင်း ၊ စနစ်အနေနဲ့ထည့်သွင်းပေးလိုက်တဲ့သဘောပါပဲ။

AirPods Pro မွာ AirPods Pro မွာ Transparency Mode လည္းပါ၀င္ျပီး နားၾကပ္တပ္ထားစဥ္မွာ ျပင္ပပတ္၀န္းက်င္ကအသံေတြကုိေကာင္းစြာၾကားနုိင္မယ့္ feature ပါ။ Active Noise Cancellation feature နဲ႕ေျပာင္းျပန္ေပါ့။ Active Noise Cancellation ကုိကူညီပံ့ပုိးေပးမယ့္ feature အေနနဲ႕ Adaptive EQ လုိ႕ေခၚတဲ့ feature အသစ္ကုိလည္း AirPods Pro မွာထည့္သြင္းေပးထားပါတယ္။ နားမွာတပ္ဆင္ထားတဲ့အေနအထားေပၚမူတည္ျပီးမတူညီတဲ့ frequency ေတြနဲ႕အသံအရည္အေသြးေကာင္းေကာင္းထုတ္ေပးမယ့္ feature ပါ။

[Unicode] AirPods Pro မှာ AirPods Pro မှာ Transparency Mode လည်းပါဝင်ပြီး နားကြပ်တပ်ထားစဉ်မှာ ပြင်ပပတ်ဝန်းကျင်ကအသံတွေကိုကောင်းစွာကြားနိုင်မယ့် feature ပါ။ Active Noise Cancellation feature နဲ့ပြောင်းပြန်ပေါ့။ Active Noise Cancellation ကိုကူညီပံ့ပိုးပေးမယ့် feature အနေနဲ့ Adaptive EQ လို့ခေါ်တဲ့ feature အသစ်ကိုလည်း AirPods Pro မှာထည့်သွင်းပေးထားပါတယ်။ နားမှာတပ်ဆင်ထားတဲ့အနေအထားပေါ်မူတည်ပြီးမတူညီတဲ့ frequency တွေနဲ့အသံအရည်အသွေးကောင်းကောင်းထုတ်ပေးမယ့် feature ပါ။

ယခင္ 2nd generation AirPods မွာလုိပဲ AirPods Pro ဟာ ၾကိဳးမဲ့အားသြင္းစနစ္နဲ႕ “Hey Siri” Voice Commands စနစ္ပါ၀င္ပါတယ္။ Battery အေနနဲ႕ဆုိရင္လည္း AirPods Pro နားၾကပ္ ၂ ခုကုိအားအျပည့္သြင္းျပီး နားေထာင္မယ္ဆုိရင္ ၄ နာရီခြဲေလာက္ ဆက္တုိက္နားေထာင္ႏုိင္မွာျဖစ္ျပီး AirPods Pro Case မွာပါတဲ့ ဘက္ထရီအားကုိပါထည့္ေပါင္းမယ္ဆုိရင္ ၂၄ နာရီ တစ္ေနကုန္နီးပါး သီခ်င္းနားဆင္နုိင္မွာပါ။ AirPods Pro ကုိဘယ္လုိရာသီဥတုမ်ိဳးမွာမဆုိအသုံးျပဳနုိင္ေအာင္ျပဳလုပ္ေပးထားျပီး ေရစုိလည္းခံပါတယ္။ ေအာက္တုိဘာ ၃၀ ရက္ေန႕မွာစတင္၀ယ္ယူရရွိနုိင္မွာျဖစ္ျပီး ေစ်းႏွုန္းအေနနဲ႕ ျမန္မာေငြ ၄ သိန္းခန္႕က်သင့္ပါမယ္။

[Unicode] ယခင် 2nd generation AirPods မှာလိုပဲ AirPods Pro ဟာ ကြိုးမဲ့အားသွင်းစနစ်နဲ့ “Hey Siri” Voice Commands စနစ်ပါဝင်ပါတယ်။ Battery အနေနဲ့ဆိုရင်လည်း AirPods Pro နားကြပ် ၂ ခုကိုအားအပြည့်သွင်းပြီး နားထောင်မယ်ဆိုရင် ၄ နာရီခွဲလောက် ဆက်တိုက်နားထောင်နိုင်မှာဖြစ်ပြီး AirPods Pro Case မှာပါတဲ့ ဘက်ထရီအားကိုပါထည့်ပေါင်းမယ်ဆိုရင် ၂၄ နာရီ တစ်နေကုန်နီးပါး သီချင်းနားဆင်နိုင်မှာပါ။ AirPods Pro ကိုဘယ်လိုရာသီဥတုမျိုးမှာမဆိုအသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပြီး ရေစိုလည်းခံပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့မှာစတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၄ သိန်းခန့်ကျသင့်ပါမယ်။


သက္နုိင္စုိး (Myanmar Mobile App)www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.