2020 iPhone တွေမှာ 120Hz high refresh rate ‘ProMotion’ display အသုံးပြုနိုင်

0
405

Unicode Version

iPhone 11 ရာသီကသွားနေပြီဆိုတော့ ကောလာဟလတွေက 2020 iPhone တွေဘက်ကို ဦးတည်လာနေပါပြီ။ iPhone X series ရဲ့ ဒီဇိုင်းပုံစံတွေကို သုံးနှစ်ဆက်တိုက်မြင်တွေ့ပြီးနောက်မှာ သိသာတဲ့ပြောင်းလဲမှုကိုတွေ့မြင်ရဖို့ မျှော်လင့်နေကြပါတယ်။
Digitimes ရဲ့ တရုတ်ဝက်ဘ်ဆိုက်မှာတော့ နောက်နှစ် iPhone တွေမှာ ProMotion iPad Pros လိုမျိုး 120Hz screen ပါလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ iPad မှာ LCD သုံးထားပေမယ့်လည်း iPhone မှာတော့ ပိုမိုမြင့်မားတဲ့ refresh rate ပါဝင်မယ့် OLED panel ကို အသုံးပြုမှာပါ။ iPhone အားလုံးမှာ 60Hz display ပါဝင်မှာဖြစ်ပါတယ်။
Apple ဟာ 120Hz screen တွေကို ၂၀၁၇ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ 10.5-inch iPad Pro နဲ့ 12.9-inch iPad Pro မှာ ထည့်သွင်းပေးခဲ့ပါတယ်။ refresh rate နှစ်ဆတိုးတက်လာခြင်းကြောင့် gestures တွေမှာ သိသိသာသာချောမွေ့လာပါတယ်။
Scroll လုပ်တာ၊ swipe လုပ်ရတဲ့ခံစားချက်က သွက်လက်လာပါတယ်။ 120Hz ဟာ 24 FPS, 48 FPS, 60 FPS video content တွေကိုလည်း တိကျစွာဖော်ကျူးပေးနိုင်ပါတယ်။
လက်ရှိဖုန်းတွေမှာတော့ 60Hz display အသုံးပြုထားတာဖြစ်လို့ 24 FPS video ရဲ့ frame တိုင်းကိုတောင် မပြသပေးနိုင်ပါဘူး။ ဒါကြောင့်ဖုန်းဟာ frame တွေကို ထပ်ကာထပ်ကာပြရခြင်း၊ ဒါမှမဟုတ်လည်း ခြားနားမှုတစ်ခုဖြစ်ပေါ်အောင် artificial frame ထည့်ရခြင်းတွေ လုပ်ဆောင်ရပါတယ်။
ဒါပေမယ့် 24 ကို 120 ဖြစ်အောင် သေသပ်စွာပိုင်းခြားလိုက်တဲ့အတွက် 24 FPS video ရဲ့ frameတိုင်းကတော့ ProMotion screen မှာ ပြသနိုင်မှာဖြစ်လို့ ချောမွေ့တဲ့ဗွီဒီယိုကြည့်ရှုရတဲ့ခံစားချက်ကို ရရှိစေမှာပါ။
90Hz screen သုံးထားတဲ့ Android တွေစျေးကွက်မှာရှိနေပြီး Google Pixel 4 လည်း ပါဝင်နေပါတယ်။ Asus ROG ဖုန်းကတော့ ပထမဆုံးသော 120Hz OLED စမတ်ဖုန်းဖြစ်ပါတယ်။
ဒီတော့ နည်းပညာကထွက်ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့် Apple အနေနဲ့ ၂၀၂၀မှာ OLED iPhone တွေအတွက် အသုံးပြုနိုင်ချေရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Digitimes ဟာ Apple ထုတ်ကုန်တွေခန့်မှန်းချက်ထုတ်တဲ့နေရာမှာ အမြဲတန်းမမှန်ဘူးဆိုတာကိုလည်း သတိချပ်ဖို့လိုပါတယ်။

Zawgyi Version

iPhone 11 ရာသီကသြားေနၿပီဆိုေတာ့ ေကာလာဟလေတြက 2020 iPhone ေတြဘက္ကို ဦးတည္လာေနပါၿပီ။ iPhone X series ရဲ႕ ဒီဇိုင္းပုံစံေတြကို သုံးႏွစ္ဆက္တိုက္ျမင္ေတြ႕ၿပီးေနာက္မွာ သိသာတဲ့ေျပာင္းလဲမႈကိုေတြ႕ျမင္ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
Digitimes ရဲ႕ တ႐ုတ္ဝက္ဘ္ဆိုက္မွာေတာ့ ေနာက္ႏွစ္ iPhone ေတြမွာ ProMotion iPad Pros လိုမ်ိဳး 120Hz screen ပါလာလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ iPad မွာ LCD သုံးထားေပမယ့္လည္း iPhone မွာေတာ့ ပိုမိုျမင့္မားတဲ့ refresh rate ပါဝင္မယ့္ OLED panel ကို အသုံးျပဳမွာပါ။ iPhone အားလုံးမွာ 60Hz display ပါဝင္မွာျဖစ္ပါတယ္။
Apple ဟာ 120Hz screen ေတြကို ၂၀၁၇ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီးေတာ့ 10.5-inch iPad Pro နဲ႔ 12.9-inch iPad Pro မွာ ထည့္သြင္းေပးခဲ့ပါတယ္။ refresh rate ႏွစ္ဆတိုးတက္လာျခင္းေၾကာင့္ gestures ေတြမွာ သိသိသာသာေခ်ာေမြ႕လာပါတယ္။
Scroll လုပ္တာ၊ swipe လုပ္ရတဲ့ခံစားခ်က္က သြက္လက္လာပါတယ္။ 120Hz ဟာ 24 FPS, 48 FPS, 60 FPS video content ေတြကိုလည္း တိက်စြာေဖာ္က်ဴးေပးႏိုင္ပါတယ္။
လက္ရွိဖုန္းေတြမွာေတာ့ 60Hz display အသုံးျပဳထားတာျဖစ္လို႔ 24 FPS video ရဲ႕ frame တိုင္းကိုေတာင္ မျပသေပးႏိုင္ပါဘူး။ ဒါေၾကာင့္ဖုန္းဟာ frame ေတြကို ထပ္ကာထပ္ကာျပရျခင္း၊ ဒါမွမဟုတ္လည္း ျခားနားမႈတစ္ခုျဖစ္ေပၚေအာင္ artificial frame ထည့္ရျခင္းေတြ လုပ္ေဆာင္ရပါတယ္။
ဒါေပမယ့္ 24 ကို 120 ျဖစ္ေအာင္ ေသသပ္စြာပိုင္းျခားလိုက္တဲ့အတြက္ 24 FPS video ရဲ႕ frameတိုင္းကေတာ့ ProMotion screen မွာ ျပသႏိုင္မွာျဖစ္လို႔ ေခ်ာေမြ႕တဲ့ဗြီဒီယိုၾကည့္ရႈရတဲ့ခံစားခ်က္ကို ရရွိေစမွာပါ။
90Hz screen သုံးထားတဲ့ Android ေတြေစ်းကြက္မွာရွိေနၿပီး Google Pixel 4 လည္း ပါဝင္ေနပါတယ္။ Asus ROG ဖုန္းကေတာ့ ပထမဆုံးေသာ 120Hz OLED စမတ္ဖုန္းျဖစ္ပါတယ္။
ဒီေတာ့ နည္းပညာကထြက္ရွိေနၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္ Apple အေနနဲ႔ ၂၀၂၀မွာ OLED iPhone ေတြအတြက္ အသုံးျပဳႏိုင္ေခ်ရွိတယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ Digitimes ဟာ Apple ထုတ္ကုန္ေတြခန႔္မွန္းခ်က္ထုတ္တဲ့ေနရာမွာ အၿမဲတန္းမမွန္ဘူးဆိုတာကိုလည္း သတိခ်ပ္ဖို႔လိုပါတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.