လာမယ့် အောက်တိုဘာ၃၀ရက်နေ့မှာ ဝယ်ယူနိုင်တော့မယ့် AirPods Pro

0
465

Unicode Version

စျေးနှုန်းကတော့ ၂၄၉ဒေါ်လာ ဖြစ်ပါတယ်။ ၃သိန်း၈သောင်းဝန်းကျင်ပါ။
Apple ကတော့ သတင်းတွေထွက်နေတဲ့ noise-canceling AirPods Pro လေးကို အောက်တိုဘာပွဲမတိုင်ခင်မှာပဲ press release တစ်ခုနဲ့အတူ မိတ်ဆက်လိုက်ပါပြီ။ ၂၄၉ဒေါ်လာနဲ့ အောက်တိုဘာ၃၀ရက်နေ့မှာ ဖြန့်ချိဖို့အတွက် စီစဉ်ထားပါတယ်။ ဒီနေ့ကစပြီးတော့ ကြိုတင်အော်ဒါတွေလက်ခံနေပါပြီ။ ပြီးတော့ အဖြူရောင်တစ်မျိုးပဲ ရနိုင်ပါသေးတယ်။
AirPods Pro ထဲမှာ ပြင်ပအသံတွေကိုသိရှိနိုင်တဲ့ microphone တွေ ထည့်သွင်းပေးထားပြီးတော့ မကြားရအောင်လုပ်ဆောင်နိုင်တဲ့ feature ကိုလည်းထည့်သွင်းပေးထားပါတယ်။ ဒီစနစ်ဟာ Beats Solo Pro headphone တွေမှာ အသုံးပြုထားတဲ့ noise cancellation နဲ့ ဆင်ပါတယ်။ သူ့ကို form factor အနေနဲ့ ပြန်သုံးလိုက်တဲ့သဘောပဲပေါ့။ noise cancellation ဟာ တစ်စက္ကန့်ကို အဆ၂၀၀အထိ ချိန်ညှိပေးနိုင်တယ်လို့ ပြောပါတယ်။
AirPods Pro မှာ transparency mode ပါဝင်တဲ့အတွက်ကြောင့် တပ်ဆင်ထားချိန်မှာ ပြင်ပကအသံတွေကိုလည်း နားထောင်နိုင်ပါတယ်။ earbuds မှာ “force sensor” ပါတာမို့ music playback တွေကိုထိန်းချုပ်နိုင်သလို transparency mode ကိုလည်း activate လုပ်နိုင်ပါတယ်။
၂၄၉ဒေါ်လာစျေးနဲ့ AirPods Pro ဆီကနေ အရည်အသွေးမြင့်တဲ့အသံတွေကို ရရှိနိုင်စေရမယ်လို့ ပြောထားပါတယ်။ “Adaptive EQ” လို့ခေါ်တဲ့ feature လေးကတော့ သီချင်းတွေကို အလိုအလျောက် tune လုပ်ပေးမှာပါ။
လက်ရှိ AirPods တွေနဲ့မတူညီတာကတော့ နားထဲမှာအံဝင်ဂွင်ကျစေဖို့အတွက် နားကြပ်ခေါင်းလေးတွေ ရွေးချယ်နိုင်မှာပါ။ ဘူးထဲမှာ နားကြပ်ခေါင်းသုံးခုထည့်သွင်းပေးထားပါတယ်။ software audio test လေးတစ်ခုထည့်သွင်းထားပြီးတော့ ကိုယ်ရွေးချယ်လိုက်တဲ့အရွယ်အစားက သင့်တော်ရဲ့လားဆိုတာကို စစ်ဆေးနိုင်ဦးမယ်လို့ပြောပါတယ်။ ဒီ software လေးက နားထဲမှာရှိတဲ့ အသံလယ်ဗယ်ကိုတိုင်းတာပြီးတော့ speaker driverက ဘာလာနေသလဲဆိုတာနဲ့ နှိုင်းယှဉ်စစ်ဆေးပေးမှာပါ။ ဒါကြောင့် သုံးစွဲသူတွေကိုယ်တိုင် ခန့်မှန်းနေစရာ ဝေဝါးစရာမလိုတော့တာပေါ့။


ဒုတိယမျိုးဆက် AirPods တွေလိုပဲ AirPods Pro မှာ wireless charging နဲ့ hands-free “Hey Siri” voice commands ထောက်ပံ့ပေးထားပါတ်ယ။ ဘတ်ထရီသက်တမ်းကတော့ ၄နာရီခွဲလောက်အထိ သီချင်းနားထောင်နိုင်မယ်လို့ဆိုပါတယ်။ AirPods တွေမှာ case ရဲ့ဘတ်ထရီကလည်း အသုံးဝင်သေးတာဆိုတော့ ၂၄နာရီလောက်တော့ အသာလေးနားထောင်နိုင်မှာ ဖြစ်ပါတယ်။
AirPods Pro ဟာ ချွေးနဲ့ရေစိုခံပါတယ်။ ဒါကြောင့် gym တွေမှာ အသုံးပြုလာကြတော့မှာ မြင်ယောင်မိသေးတယ်။ ချဲ့ထားတဲ့ mesh microphone port လေးကြောင့် လေတိုက်နေတဲ့အချိန်မှာလည်း ရှင်းလင်းပြတ်သားတဲ့ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်စေမှာပါ။


Lightning connector လေးနဲ့ အားသွင်းရဦးမှာဖြစ်ပေမယ့်လည်း ဘူးထဲမှာတော့ Lightning to USB-C cable လေးထည့်ပေးထားပါတယ်။
noise cancellation ကတော့ Bose, Sony နဲ့ အခြားလုပ်ငန်းတွေက အချိန်အကြာကြီးကတည်းကပေးစွမ်းထားတဲ့ feature ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က over-ear headphone တွေဖြစ်ပြီး Apple ကတော့ wireless earbuds ပါ။ Sony ရဲ့ noise-canceling 1000X M3 earbuds ကတော့ ၂၂၉ဒေါ်လာ ဖြစ်ပါတယ်။ Amazon ရဲ့ Echo Buds ကတော့ Bose noise reduction နည်းပညာကိုပဲအသုံးပြုထားတာပါ။ သူကတော့ ၁၂၉.၉၉ဒေါ်လာပဲ ကျသင့်ပါတယ်။ AirPods ကတော့ ပထမဆုံးထွက်ရှိကတည်းက လူကြိုက်များခဲ့ပါတယ်။ ဒီတစ်ခေါက်လည်း ထပ်ပြီးပွဲခံဦးမလားဆိုတာကတော့ ဝယ်သူတွေဆုံးဖြတ်ပေးရမှာပါ။

Zawgyi Version

ေစ်းႏႈန္းကေတာ့ ၂၄၉ေဒၚလာ ျဖစ္ပါတယ္။ ၃သိန္း၈ေသာင္းဝန္းက်င္ပါ။
Apple ကေတာ့ သတင္းေတြထြက္ေနတဲ့ noise-canceling AirPods Pro ေလးကို ေအာက္တိုဘာပြဲမတိုင္ခင္မွာပဲ press release တစ္ခုနဲ႔အတူ မိတ္ဆက္လိုက္ပါၿပီ။ ၂၄၉ေဒၚလာနဲ႔ ေအာက္တိုဘာ၃၀ရက္ေန႔မွာ ျဖန႔္ခ်ိဖို႔အတြက္ စီစဥ္ထားပါတယ္။ ဒီေန႔ကစၿပီးေတာ့ ႀကိဳတင္ေအာ္ဒါေတြလက္ခံေနပါၿပီ။ ၿပီးေတာ့ အျဖဴေရာင္တစ္မ်ိဳးပဲ ရႏိုင္ပါေသးတယ္။
AirPods Pro ထဲမွာ ျပင္ပအသံေတြကိုသိရွိႏိုင္တဲ့ microphone ေတြ ထည့္သြင္းေပးထားၿပီးေတာ့ မၾကားရေအာင္လုပ္ေဆာင္ႏိုင္တဲ့ feature ကိုလည္းထည့္သြင္းေပးထားပါတယ္။ ဒီစနစ္ဟာ Beats Solo Pro headphone ေတြမွာ အသုံးျပဳထားတဲ့ noise cancellation နဲ႔ ဆင္ပါတယ္။ သူ႔ကို form factor အေနနဲ႔ ျပန္သုံးလိုက္တဲ့သေဘာပဲေပါ့။ noise cancellation ဟာ တစ္စကၠန႔္ကို အဆ၂၀၀အထိ ခ်ိန္ညႇိေပးႏိုင္တယ္လို႔ ေျပာပါတယ္။
AirPods Pro မွာ transparency mode ပါဝင္တဲ့အတြက္ေၾကာင့္ တပ္ဆင္ထားခ်ိန္မွာ ျပင္ပကအသံေတြကိုလည္း နားေထာင္ႏိုင္ပါတယ္။ earbuds မွာ “force sensor” ပါတာမို႔ music playback ေတြကိုထိန္းခ်ဳပ္ႏိုင္သလို transparency mode ကိုလည္း activate လုပ္ႏိုင္ပါတယ္။
၂၄၉ေဒၚလာေစ်းနဲ႔ AirPods Pro ဆီကေန အရည္အေသြးျမင့္တဲ့အသံေတြကို ရရွိႏိုင္ေစရမယ္လို႔ ေျပာထားပါတယ္။ “Adaptive EQ” လို႔ေခၚတဲ့ feature ေလးကေတာ့ သီခ်င္းေတြကို အလိုအေလ်ာက္ tune လုပ္ေပးမွာပါ။
လက္ရွိ AirPods ေတြနဲ႔မတူညီတာကေတာ့ နားထဲမွာအံဝင္ဂြင္က်ေစဖို႔အတြက္ နားၾကပ္ေခါင္းေလးေတြ ေ႐ြးခ်ယ္ႏိုင္မွာပါ။ ဘူးထဲမွာ နားၾကပ္ေခါင္းသုံးခုထည့္သြင္းေပးထားပါတယ္။ software audio test ေလးတစ္ခုထည့္သြင္းထားၿပီးေတာ့ ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့အ႐ြယ္အစားက သင့္ေတာ္ရဲ႕လားဆိုတာကို စစ္ေဆးႏိုင္ဦးမယ္လို႔ေျပာပါတယ္။ ဒီ software ေလးက နားထဲမွာရွိတဲ့ အသံလယ္ဗယ္ကိုတိုင္းတာၿပီးေတာ့ speaker driverက ဘာလာေနသလဲဆိုတာနဲ႔ ႏႈိင္းယွဥ္စစ္ေဆးေပးမွာပါ။ ဒါေၾကာင့္ သုံးစြဲသူေတြကိုယ္တိုင္ ခန႔္မွန္းေနစရာ ေဝဝါးစရာမလိုေတာ့တာေပါ့။


ဒုတိယမ်ိဳးဆက္ AirPods ေတြလိုပဲ AirPods Pro မွာ wireless charging နဲ႔ hands-free “Hey Siri” voice commands ေထာက္ပံ့ေပးထားပါတ္ယ။ ဘတ္ထရီသက္တမ္းကေတာ့ ၄နာရီခြဲေလာက္အထိ သီခ်င္းနားေထာင္ႏိုင္မယ္လို႔ဆိုပါတယ္။ AirPods ေတြမွာ case ရဲ႕ဘတ္ထရီကလည္း အသုံးဝင္ေသးတာဆိုေတာ့ ၂၄နာရီေလာက္ေတာ့ အသာေလးနားေထာင္ႏိုင္မွာ ျဖစ္ပါတယ္။
AirPods Pro ဟာ ေခြၽးနဲ႔ေရစိုခံပါတယ္။ ဒါေၾကာင့္ gym ေတြမွာ အသုံးျပဳလာၾကေတာ့မွာ ျမင္ေယာင္မိေသးတယ္။ ခ်ဲ႕ထားတဲ့ mesh microphone port ေလးေၾကာင့္ ေလတိုက္ေနတဲ့အခ်ိန္မွာလည္း ရွင္းလင္းျပတ္သားတဲ့ဖုန္းေခၚဆိုမႈေတြကို ျပဳလုပ္ႏိုင္ေစမွာပါ။


Lightning connector ေလးနဲ႔ အားသြင္းရဦးမွာျဖစ္ေပမယ့္လည္း ဘူးထဲမွာေတာ့ Lightning to USB-C cable ေလးထည့္ေပးထားပါတယ္။
noise cancellation ကေတာ့ Bose, Sony နဲ႔ အျခားလုပ္ငန္းေတြက အခ်ိန္အၾကာႀကီးကတည္းကေပးစြမ္းထားတဲ့ feature ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔က over-ear headphone ေတြျဖစ္ၿပီး Apple ကေတာ့ wireless earbuds ပါ။ Sony ရဲ႕ noise-canceling 1000X M3 earbuds ကေတာ့ ၂၂၉ေဒၚလာ ျဖစ္ပါတယ္။ Amazon ရဲ႕ Echo Buds ကေတာ့ Bose noise reduction နည္းပညာကိုပဲအသုံးျပဳထားတာပါ။ သူကေတာ့ ၁၂၉.၉၉ေဒၚလာပဲ က်သင့္ပါတယ္။ AirPods ကေတာ့ ပထမဆုံးထြက္ရွိကတည္းက လူႀကိဳက္မ်ားခဲ့ပါတယ္။ ဒီတစ္ေခါက္လည္း ထပ္ၿပီးပြဲခံဦးမလားဆိုတာကေတာ့ ဝယ္သူေတြဆုံးျဖတ္ေပးရမွာပါ။

Ref : The Verge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.