Pixel 4 ဘူးခွံကျောဘက်မှာ augmented reality ကြော်ငြာထည့်ထားတာ သိပြီးပြီလား

0
470

Unicode Version

Augmented reality ဟာ ကျွန်တော်တို့ကမာ္ဘကြီးကို ဘယ်လိုမြင်နေသလဲဆိုတာကို ပြောင်းလဲပစ်နိုင်တဲ့အလားအလာရှိပါတယ်။ အခုဆိုရင် ကြော်ငြာတွေပြသဖို့နည်းလမ်းတစ်ခုအဖြစ်နဲ့တောင် သုံးလို့ရနေပြီဆိုတာ သိသင့်ပါတယ်။
ဒါကို ဥပမာပြပါဆိုရင်တော့ Google Pixel 4 ကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။ ဒီစမတ်ဖုန်းအသစ်လေးကို အောက်တိုဘာ၂၄ရက်နေ့တုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ Google Lens နဲ့အသုံးပြုရမယ့် အံ့ဩစရာ AR လုပ်ဆောင်ချက်လေးတစ်ခုလည်း ပါဝင်နေခဲ့ပါတယ်။ Android Police ရဲ့ တင်ပြချက်အရ သုံးစွဲသူတွေဟာ Pixel 4 ဘူးခွံကျောဘက်ကို ထောက်လိုက်တဲ့အချိန်မှာ ကြော်ငြာလေးပြသဖို့အတွက် Google ရဲ့ Instagram အကောင့်ကို ခေါ်သွားပါတယ်။
“Welcome to #teampixel,” လို့ animated ကြော်ငြာလေးမှာ ရေးထားပါတယ်။ “Tap to join the global community @googlepixel.”
AR slideshow လေးမှာပြသထားတဲ့ဓါတ်ပုံလေးတွေကို ထိလိုက်မယ်ဆိုရင်တော့ Google Pixel Instagram account ကို ခေါ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Google Lens or AR ကို ဒီတစ်နေရာတည်းမှာ အသုံးပြုမှာတော့မဟုတ်ပါဘူး။ မေလတုန်းကလည်း ဘယ်စားသောက်ဆိုင်မှာစားရမလဲ ဝေခွဲမရဖြစ်နေသူတွေအတွက် အခြားသူတွေဘာလိုစားကြသလဲဆိုတာကို ကူညီပြသပေးဖို့အတွက် Lens ကို ရည်ရွယ်ထားတယ်လို့ Mashable က တင်ပြခဲ့ဖူးပါတယ်။ ဒါလေးသာ အသက်ဝင်လာမယ်ဆိုရင်တော့ အစားအသောက်ပုံလေးကို ဖုန်းမှာထောက်လိုက်တာနဲ့ သူကသက်ဆိုင်ရာအချက်အလက်တွေကို တွက်ချက်ပေးသွားမှာပါ။
ကျွန်တော်တို့က တကယ့်ကိုဆန်းကြယ်တဲ့လောကကြီးမှာ နေထိုင်နေတာပါလား။

Zawgyi Version

Augmented reality ဟာ ကြၽန္ေတာ္တို႔ကမာၻႀကီးကို ဘယ္လိုျမင္ေနသလဲဆိုတာကို ေျပာင္းလဲပစ္ႏိုင္တဲ့အလားအလာရွိပါတယ္။ အခုဆိုရင္ ေၾကာ္ျငာေတြျပသဖို႔နည္းလမ္းတစ္ခုအျဖစ္နဲ႔ေတာင္ သုံးလို႔ရေနၿပီဆိုတာ သိသင့္ပါတယ္။
ဒါကို ဥပမာျပပါဆိုရင္ေတာ့ Google Pixel 4 ကိုလက္ညႇိဳးထိုးျပရပါလိမ့္မယ္။ ဒီစမတ္ဖုန္းအသစ္ေလးကို ေအာက္တိုဘာ၂၄ရက္ေန႔တုန္းက ျဖန႔္ခ်ိခဲ့တာျဖစ္ၿပီးေတာ့ Google Lens နဲ႔အသုံးျပဳရမယ့္ အံ့ဩစရာ AR လုပ္ေဆာင္ခ်က္ေလးတစ္ခုလည္း ပါဝင္ေနခဲ့ပါတယ္။ Android Police ရဲ႕ တင္ျပခ်က္အရ သုံးစြဲသူေတြဟာ Pixel 4 ဘူးခြံေက်ာဘက္ကို ေထာက္လိုက္တဲ့အခ်ိန္မွာ ေၾကာ္ျငာေလးျပသဖို႔အတြက္ Google ရဲ႕ Instagram အေကာင့္ကို ေခၚသြားပါတယ္။
“Welcome to #teampixel,” လို႔ animated ေၾကာ္ျငာေလးမွာ ေရးထားပါတယ္။ “Tap to join the global community @googlepixel.”
AR slideshow ေလးမွာျပသထားတဲ့ဓါတ္ပုံေလးေတြကို ထိလိုက္မယ္ဆိုရင္ေတာ့ Google Pixel Instagram account ကို ေခၚသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
Google Lens or AR ကို ဒီတစ္ေနရာတည္းမွာ အသုံးျပဳမွာေတာ့မဟုတ္ပါဘူး။ ေမလတုန္းကလည္း ဘယ္စားေသာက္ဆိုင္မွာစားရမလဲ ေဝခြဲမရျဖစ္ေနသူေတြအတြက္ အျခားသူေတြဘာလိုစားၾကသလဲဆိုတာကို ကူညီျပသေပးဖို႔အတြက္ Lens ကို ရည္႐ြယ္ထားတယ္လို႔ Mashable က တင္ျပခဲ့ဖူးပါတယ္။ ဒါေလးသာ အသက္ဝင္လာမယ္ဆိုရင္ေတာ့ အစားအေသာက္ပုံေလးကို ဖုန္းမွာေထာက္လိုက္တာနဲ႔ သူကသက္ဆိုင္ရာအခ်က္အလက္ေတြကို တြက္ခ်က္ေပးသြားမွာပါ။
ကြၽန္ေတာ္တို႔က တကယ့္ကိုဆန္းၾကယ္တဲ့ေလာကႀကီးမွာ ေနထိုင္ေနတာပါလား။

Ref : mashable

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.