
Unicode Version
ဒီပြောင်းလဲမှုတွေက နိုဝင်ဘာမှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။
iPhone 5 လေးကိုပဲ စွဲစွဲမြဲမြဲဆက်သုံးနေသေးတယ်ဆိုရင်တော့ နောက်ဆုံးထွက်ရှိထားတဲ့ software အထိတင်ထားဖို့လိုအပ်ပါတယ်။ ဒီလိုမှမလုပ်ရင်တော့ ရလာမယ့်အကျိုးဆက်တွေကို စာဖတ်သူလိုချင်မှာ မဟုတ်ပါဘူး။ iPhone 5 သုံးစွဲသူတွေကို Apple ကသတိပေးထားတာကတော့ email, web browsing, App Store နဲ့ iCloud တို့အပါအဝင် အဓိကကျတဲ့ online feature တွေသုံးချင်တယ်ဆိုရင်တော့ နိုဝင်ဘာသုံးရက်နေ့မတိုင်ခင်မှာ iOS 10.3.4 ကို တင်ဖို့ပါ။
နိုဝင်ဘာသုံးရက်နေ့မတိုင်ခင်မှာ 10.3.4 မတင်နိုင်ရင်လည်း လုံး၀သုံးမရတော့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် software အသစ်ထည့်မယ်ဆိုရင်တော့ ကွန်ပျူတာမှာ backup and restore လုပ်ထားသင့်ပါတယ်။ နံပါတ်လေးမျိုးဆက် iPad တွေမှာလည်း ဒီဖြစ်ရပ်ကိုခံစားရနိုင်ပါတယ်။ သူတို့ကတော့ GPS လုပ်ဆောင်ချက်လျော့နည်းရုံလောက်သာ ဖြစ်မှာပါ။
ဒီဖြစ်ရပ်ဟာ လူအများကြီးကို ထိခိုက်စေမှာတော့မဟုတ်ပါဘူး။ Apple ရဲ့ပြောကြားချက်အရ အောက်တိုဘာ၁၅ရက်နေ့မှာ iOS သုံးစွဲသူအားလုံးရဲ့ ကိုးရာခိုင်နှုန်းဟာ iOS 12 အရင်ထွက်ရှိထားတဲ့ဗားရှင်းတွေကို သုံးစွဲနေတယ်လို့သိရပါတယ်။ အများစုကတော့ hardware အသစ်ကိုပဲ သုံးစွဲနေကြပါပြီ။ ဖုန်းကိုစတင်မိတ်ဆက်အပြီး ခုနှစ်နှစ်အကြာမှာတော့ update လုပ်ဖို့တွန်းအားပေးတာက သူတို့အတွက်မကြာခဏလုပ်တဲ့ဖြစ်ရပ်တစ်ခုတော့ မဟုတ်သေးပါဘူး။
Zawgyi Version
ဒီေျပာင္းလဲမႈေတြက ႏိုဝင္ဘာမွာစတင္အသက္ဝင္မွာျဖစ္ပါတယ္။
iPhone 5 ေလးကိုပဲ စြဲစြဲၿမဲၿမဲဆက္သုံးေနေသးတယ္ဆိုရင္ေတာ့ ေနာက္ဆုံးထြက္ရွိထားတဲ့ software အထိတင္ထားဖို႔လိုအပ္ပါတယ္။ ဒီလိုမွမလုပ္ရင္ေတာ့ ရလာမယ့္အက်ိဳးဆက္ေတြကို စာဖတ္သူလိုခ်င္မွာ မဟုတ္ပါဘူး။ iPhone 5 သုံးစြဲသူေတြကို Apple ကသတိေပးထားတာကေတာ့ email, web browsing, App Store နဲ႔ iCloud တို႔အပါအဝင္ အဓိကက်တဲ့ online feature ေတြသုံးခ်င္တယ္ဆိုရင္ေတာ့ ႏိုဝင္ဘာသုံးရက္ေန႔မတိုင္ခင္မွာ iOS 10.3.4 ကို တင္ဖို႔ပါ။
ႏိုဝင္ဘာသုံးရက္ေန႔မတိုင္ခင္မွာ 10.3.4 မတင္ႏိုင္ရင္လည္း လုံး၀သုံးမရေတာ့တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ software အသစ္ထည့္မယ္ဆိုရင္ေတာ့ ကြန္ပ်ဴတာမွာ backup and restore လုပ္ထားသင့္ပါတယ္။ နံပါတ္ေလးမ်ိဳးဆက္ iPad ေတြမွာလည္း ဒီျဖစ္ရပ္ကိုခံစားရႏိုင္ပါတယ္။ သူတို႔ကေတာ့ GPS လုပ္ေဆာင္ခ်က္ေလ်ာ့နည္း႐ုံေလာက္သာ ျဖစ္မွာပါ။
ဒီျဖစ္ရပ္ဟာ လူအမ်ားႀကီးကို ထိခိုက္ေစမွာေတာ့မဟုတ္ပါဘူး။ Apple ရဲ႕ေျပာၾကားခ်က္အရ ေအာက္တိုဘာ၁၅ရက္ေန႔မွာ iOS သုံးစြဲသူအားလုံးရဲ႕ ကိုးရာခိုင္ႏႈန္းဟာ iOS 12 အရင္ထြက္ရွိထားတဲ့ဗားရွင္းေတြကို သုံးစြဲေနတယ္လို႔သိရပါတယ္။ အမ်ားစုကေတာ့ hardware အသစ္ကိုပဲ သုံးစြဲေနၾကပါၿပီ။ ဖုန္းကိုစတင္မိတ္ဆက္အၿပီး ခုႏွစ္ႏွစ္အၾကာမွာေတာ့ update လုပ္ဖို႔တြန္းအားေပးတာက သူတို႔အတြက္မၾကာခဏလုပ္တဲ့ျဖစ္ရပ္တစ္ခုေတာ့ မဟုတ္ေသးပါဘူး။
Ref : engadget