ဒီလမကုန်ခင်မြင်တွေ့ရနိုင်တယ်လို့ သတင်းတွေထွက်နေတဲ့ ‘AirPods Pro’
0
442
Unicode Version
ပတ်ဝန်းကျင်ကဆူညံသံတွေဖယ်ရှားစနစ်နဲ့ ပိုမိုကောင်းမွန်လာတဲ့ ရေစိုခံစနစ်တို့ထည့်သွင်းထားတဲ့ ‘AirPods Pro’ earbuds အသစ်ကို မကြာခင်မှာမိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။
လက်ရှိမျိုးဆက် AirPods နဲ့မတူတာက Appleဟာ AirPods Pro ကို အရောင်ရှစ်မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အရင်တုန်းကကောလာဟလတွေမှာလည်းမြင်ခဲ့ဖူးသလို ပိုမိုကျယ်ပြန့်တဲ့အရွယ်အစားဖြစ်ပါတယ်။ ဒါပေမယ့် အိတ်ကပ်ထဲထည့်ဖို့ကတော့ အဆင်ပြေပါတယ်။
AirPods Pro လေးမှာ ပတ်ဝန်းကျင်ကဆူညံသံတွေဖယ်ရှားစနစ်နဲ့ ရေစိုခံစနစ်ကို ပိုမိုကောင်းမွန်အောင် ဦးတည်ထားတာဖြစ်ပြီးတော့ အရောင်တွေမှာ black, white, night green စသဖြင့် စုံလင်အောင် ထုတ်ပေးသွားမှာပါ။ AirPods ရဲ့ ပုံစံအသစ်ကြောင့် ဘူးဒီဇိုင်းကို အပြားလေးလုပ်ထားတဲ့အတွက်ကြောင့် သယ်ဆောင်ရလည်း ပိုမိုလွယ်ကူလာပါတယ်။
AirPods Pro လေးဟာ ထုတ်လုပ်မှုအဆင့်ကိုရောက်ရှိနေပြီလို့ သိရပါတယ်။ စျေးနှုန်းအရ ဒေါ်လာ၂၆၀ ကျသင့်မှာဖြစ်ပြီး ဒီလမကုန်ခင် တွေ့မြင်ရနိုင်တယ်လို့လည်း ပြောနေကြပါတယ်။
Zawgyi Version
Ref : iclarified
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.