Android device တွေမှာတွေ့ကြုံနေရတဲ့ ‘ghost touch’ ကို ဘယ်လိုဖြေရှင်းမလဲ

0
1026

Unicode Version

Touchscreen အဆင်မပြေမှုတွေက သည်းခံလို့မရတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ နောက်ပြီး ‘ghost touch’ ကတော့ သုံးစွဲသူတွေအတွက် အဆိုးဆုံးလို့တောင် ပြောလို့ရပါတယ်။ မကြောက်ပါနဲ့။ ဒါကိုဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေတွေ့ထားလို့ ချပြတော့မှာမို့ ဆက်ပြီးတော့ဖတ်ရှုပေးပါဦး။
ghost touch ဆိုတာဘာလဲ
Ghost touch ဆိုတာကတော့ နည်းပညာစကားလုံးတစ်ခုဖြစ်ပြီး screen ကို မထိဘဲနဲ့လည်း နှိပ်မိသလိုမျိုးဖြစ်နေတာကို ပြောချင်တာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ဖုန်းရဲ့တစ်နေရာရာက နှိပ်လည်း အလုပ်မလုပ်နေတာမျိုးပေါ့။ ghost touch က ဖုန်းတစ်ခုနဲ့တစ်ခု ဖြစ်ပုံချင်းမတူလို့ ပြောရတော့ လက်ပေါက်ကပ်ပါတယ်။ တချို့ဖုန်းတွေဆိုရင် ဖြစ်လေ့ဖြစ်ထရှိတယ်လို့တောင် တရားသေမှတ်လို့ရလောက်တဲ့အထိပါပဲ။
Moto G4 Plus ဆိုရင် ghost touch ဖြစ်တယ်ဆိုပြီး လူပြောများပါတယ်။ နောက်ပြီး OnePlus မော်ဒယ်လ်အဟောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ တချို့ iPhone နဲ့ Windows ဖုန်းတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒီတော့ မှတ်ထားရမှာက ghost touch ဖြစ်နေပြီဆိုရင် software ကြောင့်ဖြစ်တာမဟုတ်ဘူးလို့ သိထားပါ။
အများစုကတော့ hardware ကြောင့်ဖြစ်ပြီး display နဲ့ ဖုန်းရဲ့အတွင်းမှာ သူ့ကိုထည့်ထားပုံတို့ကြောင့် ဖြစ်တတ်တာပါ။ တကယ်လို့များ စာဖတ်သူက အင်ဂျင်နီယာတစ်ယောက်ဖြစ်မယ်၊ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်ရတာကြိုက်တယ်ဆိုရင်တော့ လူအများစုက အကြံပေးထားတဲ့အတိုင်း screen ကို data connector တွေကနေ ဖြုတ်ပေးလိုက်လို့ရပါတယ်။
ဖြစ်နိုင်ချေရှိသေးတာက ရေ ဒါမှမဟုတ် အညစ်အကြေးတွေကြောင့် ၊ မှန်ကပ်အောက်ကအညစ်အကြေးတွေကြောင့်ဖြစ်တတ်တဲ့ ‘phantom’ press ဆိုရင်တော့ ဒီနည်းလမ်းက မရပါဘူး။ ဒီအတွက် ဖြစ်နိုင်ချေကတစ်ခုတည်းမကသလို ဖြေရှင်းနည်းကလည်း တစ်ခုတည်းမဟုတ်ပါဘူး။ ဒါပေမယ့် warranty မရှိတော့ဘူးဆိုရင်တော့ စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး။
အချို့ဖုန်းတွေအတွက် screen testing app ကိုအသုံးပြုပြီးတော့ dead zone ကို ရှာလို့ရပါတယ်။
ghost touch နဲ့ dead zone ကို ဘယ်လိုဖြေရှင်းကြမလဲ
အလွယ်ဆုံးက စလိုက်ရအောင်။ ဒီအတွက် အရိုးဆုံးဖြေရှင်းနည်းကတော့ ရင်းနှီးသလိုလိုတော့ ရှိမှာပါ။ ဒါပေမယ့်လည်း တကယ်တော့ ghost touch မဟုတ်ပါဘူး။
ကံကောင်းမယ်ဆိုရင်တော့ ဖြစ်နေရတဲ့အကြောင်းရင်းက အညစ်အကြေးတွေပိတ်နေတဲ့ မှန်ကပ်၊ မှန်မကွဲကြောင့်ပါ။ ဒါကြောင့် ခွာလိုက်မယ်၊ screen ကို သေသေချာချာ သန့်ရှင်းပြီးတော့မှ မှန်ကပ်ပြန်ကပ်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့်လည်း ghost touch တကယ်ဖြစ်နေပြီဆိုရင်တော့ တခြားနည်းလမ်းကို ဆက်ပြီးလုပ်ဆောင်ကြည့်ပါ။
Return လုပ်ပါ
ဒီကိစ္စကို အေးဆေးသက်သာဖြေရှင်းချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ထုတ်လုပ်သူဆီကို ပြန်ပို့လိုက်ပါ။ warranty တော့ရှိရမှာပေါ့လေ။ warranty အတွင်းမှာ အတော်များများက ပြစ်ချက်ရှိတဲ့ဖုန်းဆိုရင် အသစ်တစ်လုံးနဲ့ လဲပေးကြသလို တချို့ကလည်း screen လဲပေးတာမျိုး လုပ်ဆောင်ပေးပါတယ်။
ဒါလေးက ရိုးရိုးလေးပေမယ့်လည်း စတိုးဆိုင်ကိုသွား ဖုန်းအဟောင်းပေးလိုက်တာနဲ့ အသစ်ပြန်ရမယ်လို့ မထင်လိုက်ပါနဲ့။ ဒီလောက်မမြန်ဆန်ဘူးဆိုတာ မှတ်ထားရပါမယ်။ ဟန်းဆက်လေးက warranty ကုန်နေပြီဆိုရင်တော့ ပြင်ခပေးရပြီးတော့ အသစ်တစ်လုံးရနိုင်ချေလည်း မရှိတော့ပါဘူး။
လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
လိုအပ်တဲ့ပစ္စည်းကိရိယာတွေရှိမယ်ဆိုရင်တော့ ဖုန်းလေးကိုဖွင့်ပြီး ဖြုတ်တပ်လုပ်ကြည့်ရမှာပါ။ ghost touch ဖြစ်နေရင်တော့ အကောင်းအတိုင်းပြန်ဖြစ်လာနိုင်ချေရှိနေပါတယ်။ အများစုလုပ်တာကတော့ ဖုန်းကိုခွာလိုက်ပြီး screen နဲ့ data connector တွေကို မဆက်အောင်ထားလိုက်တာဖြစ်ပါတယ်။ ယူကျု့မှာဗွီဒီယိုတွေရှိပါတယ်။
ဖုန်းပြင်ဆိုင်တွေကိုသွားပြီးတော့လည်း ဒီကိစ္စကိုဖြေရှင်းနိုင်ပါတယ်။ ဒါက မှန်လဲလိုက်တာထက် ငွေကုန်ကြေးကျသက်သာစေမှာပါ။
ဖြစ်ရပ်ဆန်းတွေကို ယုံကြည်သူဖြစ်ခဲ့မယ်ဆိုရင်
ဒီတစ်ခုကတော့ နည်းနည်းထူးဆန်းတယ်။ ဆန်းကြယ်တဲ့ ယူကျု့နည်းလမ်းတွေကို ယုံကြည်သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းက စာဖတ်သူအတွက်ဖြစ်မှာပါ။ ဖြစ်လာမယ့်အကျိုးဆက်ကိုတော့ တာဝန်မယူပေးနိုင်ပါဘူး။ အဲဒီဗွီဒီယိုအောက်မှာတော့ အတော်များများက အဆင်ပြေတယ်လို့ မန့်ထားပါတယ်။ ဒါပေမယ့်လည်း သေချာတာတော့ မဟုတ်ဘူးပေါ့။
တိုတိုပြောရရင် ဗွီဒီယိုလေးက လျှပ်စစ်မီးခြစ်ကို ဖြုတ်ရမယ့်နည်းလမ်း‌ပြပါလိမ့်မယ်။ ဒါဆိုရင် piezoelectric igniter လေးကို ရမှာပါ။ မီးထွက်အောင် ခြစ်ရတဲ့အရာလေးပါ။
ဖယ်ပြီးတာနဲ့ igniter လေးကို screen ရဲ့အလုပ်မလုပ်တဲ့နေရာမှာထားပြီးတော့ အကြိမ်အနည်းငယ်လောက် နှိပ်လိုက်ပါ။ ဒါပါပဲ။ ရိုးရှင်းပြီးတော့ အိမ်မှာပဲ ပြုပြင်နိုင်တဲ့နည်းလမ်းလေးပေါ့။
တချို့လူတွေကတော့ အလုပ်မဖြစ်ဘူးလို့လည်း ဆိုထားကြပါတယ်။ စာဖတ်သူရဲ့ကံကို ကျွန်တော်တို့ မခန့်မှန်းပေးနိုင်ပါဘူး။

Zawgyi Version

Touchscreen အဆင္မေျပမႈေတြက သည္းခံလို႔မရတဲ့အထဲမွာ ထိပ္ဆုံးကပါဝင္ေနပါတယ္။ ေနာက္ၿပီး ‘ghost touch’ ကေတာ့ သုံးစြဲသူေတြအတြက္ အဆိုးဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ မေၾကာက္ပါနဲ႔။ ဒါကိုေျဖရွင္းႏိုင္မယ့္နည္းလမ္းေလးေတြေတြ႕ထားလို႔ ခ်ျပေတာ့မွာမို႔ ဆက္ၿပီးေတာ့ဖတ္ရႈေပးပါဦး။
ghost touch ဆိုတာဘာလဲ
Ghost touch ဆိုတာကေတာ့ နည္းပညာစကားလုံးတစ္ခုျဖစ္ၿပီး screen ကို မထိဘဲနဲ႔လည္း ႏွိပ္မိသလိုမ်ိဳးျဖစ္ေနတာကို ေျပာခ်င္တာျဖစ္ပါတယ္။ ဒါမွမဟုတ္လည္း ဖုန္းရဲ႕တစ္ေနရာရာက ႏွိပ္လည္း အလုပ္မလုပ္ေနတာမ်ိဳးေပါ့။ ghost touch က ဖုန္းတစ္ခုနဲ႔တစ္ခု ျဖစ္ပုံခ်င္းမတူလို႔ ေျပာရေတာ့ လက္ေပါက္ကပ္ပါတယ္။ တခ်ိဳ႕ဖုန္းေတြဆိုရင္ ျဖစ္ေလ့ျဖစ္ထရွိတယ္လို႔ေတာင္ တရားေသမွတ္လို႔ရေလာက္တဲ့အထိပါပဲ။
Moto G4 Plus ဆိုရင္ ghost touch ျဖစ္တယ္ဆိုၿပီး လူေျပာမ်ားပါတယ္။ ေနာက္ၿပီး OnePlus ေမာ္ဒယ္လ္အေဟာင္းေတြမွာလည္း ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ iPhone နဲ႔ Windows ဖုန္းေတြမွာလည္း ျဖစ္တတ္ပါေသးတယ္။ ဒီေတာ့ မွတ္ထားရမွာက ghost touch ျဖစ္ေနၿပီဆိုရင္ software ေၾကာင့္ျဖစ္တာမဟုတ္ဘူးလို႔ သိထားပါ။
အမ်ားစုကေတာ့ hardware ေၾကာင့္ျဖစ္ၿပီး display နဲ႔ ဖုန္းရဲ႕အတြင္းမွာ သူ႔ကိုထည့္ထားပုံတို႔ေၾကာင့္ ျဖစ္တတ္တာပါ။ တကယ္လို႔မ်ား စာဖတ္သူက အင္ဂ်င္နီယာတစ္ေယာက္ျဖစ္မယ္၊ လွ်ပ္စစ္ပစၥည္းေတြကို ျပဳျပင္ရတာႀကိဳက္တယ္ဆိုရင္ေတာ့ လူအမ်ားစုက အႀကံေပးထားတဲ့အတိုင္း screen ကို data connector ေတြကေန ျဖဳတ္ေပးလိုက္လို႔ရပါတယ္။
ျဖစ္ႏိုင္ေခ်ရွိေသးတာက ေရ ဒါမွမဟုတ္ အညစ္အေၾကးေတြေၾကာင့္ ၊ မွန္ကပ္ေအာက္ကအညစ္အေၾကးေတြေၾကာင့္ျဖစ္တတ္တဲ့ ‘phantom’ press ဆိုရင္ေတာ့ ဒီနည္းလမ္းက မရပါဘူး။ ဒီအတြက္ ျဖစ္ႏိုင္ေခ်ကတစ္ခုတည္းမကသလို ေျဖရွင္းနည္းကလည္း တစ္ခုတည္းမဟုတ္ပါဘူး။ ဒါေပမယ့္ warranty မရွိေတာ့ဘူးဆိုရင္ေတာ့ စမ္းၾကည့္လို႔ အက်ိဳးမယုတ္ပါဘူး။
အခ်ိဳ႕ဖုန္းေတြအတြက္ screen testing app ကိုအသုံးျပဳၿပီးေတာ့ dead zone ကို ရွာလို႔ရပါတယ္။
ghost touch နဲ႔ dead zone ကို ဘယ္လိုေျဖရွင္းၾကမလဲ
အလြယ္ဆုံးက စလိုက္ရေအာင္။ ဒီအတြက္ အ႐ိုးဆုံးေျဖရွင္းနည္းကေတာ့ ရင္းႏွီးသလိုလိုေတာ့ ရွိမွာပါ။ ဒါေပမယ့္လည္း တကယ္ေတာ့ ghost touch မဟုတ္ပါဘူး။
ကံေကာင္းမယ္ဆိုရင္ေတာ့ ျဖစ္ေနရတဲ့အေၾကာင္းရင္းက အညစ္အေၾကးေတြပိတ္ေနတဲ့ မွန္ကပ္၊ မွန္မကြဲေၾကာင့္ပါ။ ဒါေၾကာင့္ ခြာလိုက္မယ္၊ screen ကို ေသေသခ်ာခ်ာ သန႔္ရွင္းၿပီးေတာ့မွ မွန္ကပ္ျပန္ကပ္လိုက္မယ္ဆိုရင္ အဆင္ေျပႏိုင္ပါတယ္။ ဒါေပမယ့္လည္း ghost touch တကယ္ျဖစ္ေနၿပီဆိုရင္ေတာ့ တျခားနည္းလမ္းကို ဆက္ၿပီးလုပ္ေဆာင္ၾကည့္ပါ။
Return လုပ္ပါ
ဒီကိစၥကို ေအးေဆးသက္သာေျဖရွင္းခ်င္တယ္ဆိုရင္ အေကာင္းဆုံးနည္းလမ္းကေတာ့ ထုတ္လုပ္သူဆီကို ျပန္ပို႔လိုက္ပါ။ warranty ေတာ့ရွိရမွာေပါ့ေလ။ warranty အတြင္းမွာ အေတာ္မ်ားမ်ားက ျပစ္ခ်က္ရွိတဲ့ဖုန္းဆိုရင္ အသစ္တစ္လုံးနဲ႔ လဲေပးၾကသလို တခ်ိဳ႕ကလည္း screen လဲေပးတာမ်ိဳး လုပ္ေဆာင္ေပးပါတယ္။
ဒါေလးက ႐ိုး႐ိုးေလးေပမယ့္လည္း စတိုးဆိုင္ကိုသြား ဖုန္းအေဟာင္းေပးလိုက္တာနဲ႔ အသစ္ျပန္ရမယ္လို႔ မထင္လိုက္ပါနဲ႔။ ဒီေလာက္မျမန္ဆန္ဘူးဆိုတာ မွတ္ထားရပါမယ္။ ဟန္းဆက္ေလးက warranty ကုန္ေနၿပီဆိုရင္ေတာ့ ျပင္ခေပးရၿပီးေတာ့ အသစ္တစ္လုံးရႏိုင္ေခ်လည္း မရွိေတာ့ပါဘူး။
လွ်ပ္စစ္အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္
လိုအပ္တဲ့ပစၥည္းကိရိယာေတြရွိမယ္ဆိုရင္ေတာ့ ဖုန္းေလးကိုဖြင့္ၿပီး ျဖဳတ္တပ္လုပ္ၾကည့္ရမွာပါ။ ghost touch ျဖစ္ေနရင္ေတာ့ အေကာင္းအတိုင္းျပန္ျဖစ္လာႏိုင္ေခ်ရွိေနပါတယ္။ အမ်ားစုလုပ္တာကေတာ့ ဖုန္းကိုခြာလိုက္ၿပီး screen နဲ႔ data connector ေတြကို မဆက္ေအာင္ထားလိုက္တာျဖစ္ပါတယ္။ ယူက်ဳ႕မွာဗြီဒီယိုေတြရွိပါတယ္။
ဖုန္းျပင္ဆိုင္ေတြကိုသြားၿပီးေတာ့လည္း ဒီကိစၥကိုေျဖရွင္းႏိုင္ပါတယ္။ ဒါက မွန္လဲလိုက္တာထက္ ေငြကုန္ေၾကးက်သက္သာေစမွာပါ။
ျဖစ္ရပ္ဆန္းေတြကို ယုံၾကည္သူျဖစ္ခဲ့မယ္ဆိုရင္
ဒီတစ္ခုကေတာ့ နည္းနည္းထူးဆန္းတယ္။ ဆန္းၾကယ္တဲ့ ယူက်ဳ႕နည္းလမ္းေတြကို ယုံၾကည္သူတစ္ေယာက္ဆိုရင္ေတာ့ ဒီနည္းလမ္းက စာဖတ္သူအတြက္ျဖစ္မွာပါ။ ျဖစ္လာမယ့္အက်ိဳးဆက္ကိုေတာ့ တာဝန္မယူေပးႏိုင္ပါဘူး။ အဲဒီဗြီဒီယိုေအာက္မွာေတာ့ အေတာ္မ်ားမ်ားက အဆင္ေျပတယ္လို႔ မန႔္ထားပါတယ္။ ဒါေပမယ့္လည္း ေသခ်ာတာေတာ့ မဟုတ္ဘူးေပါ့။
တိုတိုေျပာရရင္ ဗြီဒီယိုေလးက လွ်ပ္စစ္မီးျခစ္ကို ျဖဳတ္ရမယ့္နည္းလမ္း‌ျပပါလိမ့္မယ္။ ဒါဆိုရင္ piezoelectric igniter ေလးကို ရမွာပါ။ မီးထြက္ေအာင္ ျခစ္ရတဲ့အရာေလးပါ။

ဖယ္ၿပီးတာနဲ႔ igniter ေလးကို screen ရဲ႕အလုပ္မလုပ္တဲ့ေနရာမွာထားၿပီးေတာ့ အႀကိမ္အနည္းငယ္ေလာက္ ႏွိပ္လိုက္ပါ။ ဒါပါပဲ။ ႐ိုးရွင္းၿပီးေတာ့ အိမ္မွာပဲ ျပဳျပင္ႏိုင္တဲ့နည္းလမ္းေလးေပါ့။
တခ်ိဳ႕လူေတြကေတာ့ အလုပ္မျဖစ္ဘူးလို႔လည္း ဆိုထားၾကပါတယ္။ စာဖတ္သူရဲ႕ကံကို ကြၽန္ေတာ္တို႔ မခန႔္မွန္းေပးႏိုင္ပါဘူး။

Ref : Android Pit

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.