2020 iPhone တွေမှာ အင်တာနာလိုင်းပိုကျယ်ပြီး Notch ပိုသေးလာမှာလား

0
580

Unicode Version

Apple ရဲ့ မျိုးဆက်သစ် iPhone တွေမှာ အင်တာနာလိုင်းပိုကျယ်ပြီးတော့ ပိုသေးတဲ့ notch ထည့်သွင်းနိုင်တယ်လို့ @BenGeskin က တင်ပြထားပါတယ်။
မနေ့ကအစောပိုင်းမှာ Apple ရဲ့ 2020 iPhone တွေဟာ အင်တာနာလိုင်းအတွက် ပလတ်စတစ်အစား ပစ္စည်းအသစ်(glass, ceramic or sapphire)ကိုအသုံးပြုလိမ့်မယ်လို့ Geskin က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ 5G ထောက်ပံ့ဖို့အတွက် ထွက်ရှိလာတဲ့ prototype ပုံစံငယ်လေးတွေမျာ အင်တာနာလိုင်းတွေဟာ ၁မီလီမီတာလောက် ပိုကျယ်နေပါတယ်။
နောက်ပြီး Apple ဟာ ဖုန်းရဲ့ထိပ်ဘောင်နဲ့အံဝင်ဂွင်ကျဖြစ်ဖြစ်နိုင်တဲ့ Face ID prototype အမျိုးမျိုးကိုလည်း စမ်းသပ်နေတယ်လို့ ပြောဆိုထားပါတယ်။ Apple ဟာ Face ID prototype အချို့ကို optics အသစ်နဲ့စမ်းသပ်ခြင်း၊ အကျယ်အဝန်းသေးအောင်လုပ်ဆောင်ပြီး စမ်းသပ်ခြင်း၊ ဖုန်းရဲ့ထိပ်ဘောင်အတွင်းဝင်နိုင်အောင် ကျဉ်းပြီးစမ်းသပ်ခြင်းတွေ လုပ်ဆောင်နေပါတယ်။
Apple ဟာ Lightning port ကို ဖြုတ်ပြီးတော့ UWB အသုံးပြုကာ ကြိုးမဲ့အားသွင်းစနစ်နဲ့ data transfer (အချက်အလက်ကူးပြောင်းစနစ်) တို့ကိုလုပ်ဆောင်ဖို့ အလားအလာရှိနေကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ UWD နည်းပညာကတော့ ၃မီတာအတွင်းမှာ 480Mbps (USB 3.0) မြန်နှုန်းနဲ့ ၁၀မီတာအတွင်း 110Mbps အထိ ထောက်ပံ့ပေးနိုင်မှာပါ။
Geskin က အရင်တုန်းကလည်း တိကျတဲ့အချက်အလက်တွေကို‌ ရေးသားတင်ပြသူတစ်ဦးဖြစ်ပေမယ့်လည်း အခုအချက်အလက်တွေကတော့ အတည်မပြုရသေးပါဘူး။ ဒါကြောင့် ဒီဖြစ်ရပ်ကို မျက်စိမှိတ်ယုံစားလို့တော့ မရသေးဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

Zawgyi Version

Apple ရဲ႕ မ်ိဳးဆက္သစ္ iPhone ေတြမွာ အင္တာနာလိုင္းပိုက်ယ္ၿပီးေတာ့ ပိုေသးတဲ့ notch ထည့္သြင္းႏိုင္တယ္လို႔ @BenGeskin က တင္ျပထားပါတယ္။
မေန႔ကအေစာပိုင္းမွာ Apple ရဲ႕ 2020 iPhone ေတြဟာ အင္တာနာလိုင္းအတြက္ ပလတ္စတစ္အစား ပစၥည္းအသစ္(glass, ceramic or sapphire)ကိုအသုံးျပဳလိမ့္မယ္လို႔ Geskin က တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ 5G ေထာက္ပံ့ဖို႔အတြက္ ထြက္ရွိလာတဲ့ prototype ပုံစံငယ္ေလးေတြမ်ာ အင္တာနာလိုင္းေတြဟာ ၁မီလီမီတာေလာက္ ပိုက်ယ္ေနပါတယ္။
ေနာက္ၿပီး Apple ဟာ ဖုန္းရဲ႕ထိပ္ေဘာင္နဲ႔အံဝင္ဂြင္က်ျဖစ္ျဖစ္ႏိုင္တဲ့ Face ID prototype အမ်ိဳးမ်ိဳးကိုလည္း စမ္းသပ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။ Apple ဟာ Face ID prototype အခ်ိဳ႕ကို optics အသစ္နဲ႔စမ္းသပ္ျခင္း၊ အက်ယ္အဝန္းေသးေအာင္လုပ္ေဆာင္ၿပီး စမ္းသပ္ျခင္း၊ ဖုန္းရဲ႕ထိပ္ေဘာင္အတြင္းဝင္ႏိုင္ေအာင္ က်ဥ္းၿပီးစမ္းသပ္ျခင္းေတြ လုပ္ေဆာင္ေနပါတယ္။
Apple ဟာ Lightning port ကို ျဖဳတ္ၿပီးေတာ့ UWB အသုံးျပဳကာ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ data transfer (အခ်က္အလက္ကူးေျပာင္းစနစ္) တို႔ကိုလုပ္ေဆာင္ဖို႔ အလားအလာရွိေနေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ UWD နည္းပညာကေတာ့ ၃မီတာအတြင္းမွာ 480Mbps (USB 3.0) ျမန္ႏႈန္းနဲ႔ ၁၀မီတာအတြင္း 110Mbps အထိ ေထာက္ပံ့ေပးႏိုင္မွာပါ။
Geskin က အရင္တုန္းကလည္း တိက်တဲ့အခ်က္အလက္ေတြကို‌ ေရးသားတင္ျပသူတစ္ဦးျဖစ္ေပမယ့္လည္း အခုအခ်က္အလက္ေတြကေတာ့ အတည္မျပဳရေသးပါဘူး။ ဒါေၾကာင့္ ဒီျဖစ္ရပ္ကို မ်က္စိမွိတ္ယုံစားလို႔ေတာ့ မရေသးဘူးဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။

Ref : iclarified

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.