အရောင်ရှစ်မျိုးအထိ ထုတ်လုပ်သွားမယ်ဆိုတဲ့ AirPods Pro

0
1479

Unicode Version

“AirPods Pro” ကို iPhone 11 Pro မော်ဒယ်လ်တွေနဲ့ အရောင်ဟပ်နေအောင် White, Black အပြင် Midnight Green စတဲ့အရောင်ရှစ်မျိုးနဲ့တွေ့မြင်ရနိုင်တယ်ဆိုတဲ့အကြောင်းကို Economic Daily News မှာ ဖတ်လိုက်ရတယ်။
အဲဒီစာဟာ တရုတ်စာနဲ့ရေးသားထားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့မှာ Google ရဲ့ဘာသာပြန်စနစ်ကိုအသုံးပြုဖတ်ရတာဖြစ်လို့ မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် အတိအကျတော့ နားမလည်ခဲ့ပါဘူး။ အရောင်ရှစ်ရောင်ဆိုတာ များတယ်လို့ထင်ရပေမယ့်လည်း Solo3 လိုမျိုး Beats headphone တွေကို အရောင်တစ်ဒါဇင်လောက် ထုတ်ခဲ့သေးတာဆိုတော့ မေးခွန်းထုတ်စရာတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့ကြားထားတဲ့သတင်းတစ်ခုဖြစ်တဲ့ active noise cancellation (ဆူညံသံဖယ်ရှားစနစ်) နဲ့ water resistance (ရေစိုခံစနစ်)တို့ကို AirPods Pro မှာ တွေ့မြင်ရနိုင်တယ်လို့ အဲဒီဆောင်းပါးထဲမှာ ပြောထားပါတယ်။ ပြီးခဲ့တဲ့လရဲ့ the iOS 13.2 beta filesystemထဲမှာ အရင်တုန်းကမမြင်ဖူးခဲ့တဲ့ icon လေးတစ်ခုကို MacRumors က ရှာတွေ့ခဲ့ပါတယ်။ အဲဒီအိုင်ကွန်လေးက ပတ်ဝန်းကျင်ဆူညံမှုတွေကို ဖယ်ရှားဖို့အတွက် အထောက်အကူပြုနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
AirPods Pro ကို ဒီနှစ်ရဲ့အားလပ်ရက်စျေးဝယ်ရာသီမှာ အချိန်ကိုက်ထုတ်နိုင်အောင် Apple က စီစဉ်နေတယ်လို့ Economic Daily News က ပြောထားပါတယ်။ နောက်ပြီး နောက်တစ်ပတ်လောက်ဆိုရင်တော့ earphone လေးတွေကို ပွဲဦးထွက်မိတ်ဆက်တာ မြင်ရနိုင်တယ်လို့လည်း ခန့်မှန်းပေးထားပါတယ်။
Economic Daily News ရဲ့ ခန့်မှန်းချက်တွေကတော့ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ AirPods အသစ်ကို အနက်ရောင်ထုတ်မယ်ဆိုတုန်းကလည်း ရေးသားဖော်ပြခဲ့ဖူးပါတယ်။ နောက်လမှာတော့ Apple မှာ ဒုတိယမျိုးဆက် AirPods ကို Hey Siri ထောက်ပံ့မှု၊ စကားပြောချိန် ၅၀%တိုးခြင်း၊ optional wireless charging case တို့ထည့်ပေးခဲ့ပေမယ့်လည်း အနက်ရောင်ကတော့ မမြင်ခဲ့ရပါဘူး။
ဒါပေမယ့်လည်း Bloomberg ရဲ့ Mark Gurman က ပြောခဲ့ဖူးတယ်လေ။ တကယ်တော့ ဒုတိယမျိုးဆက် AirPods ကို ၂၀၁၈မှာ ထုတ်လုပ်ဖို့ရည်ရွယ်ထားပေမယ့်လည်း နှောင့်နှေးသွားခဲ့တာ။ ဒါဆိုရင် AirPods ရဲ့ တတိယမျိုးဆက်မှာ အနက်ရောင်ထုတ်မယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။
အိန္ဒိယဘလော့တစ်ခုဖြစ်တဲ့ MySmartPrice ကလည်း ဖေဖော်ဝါရီလကတည်းက အနက်ရောင်ကို လုပ်ဆောင်နေပြီလို့ တင်ထားပါသေးတယ်။ matte finish ပါဝင်လိမ့်မယ်ဆိုတာလည်း ပါသေးတယ်။ ဒီတော့ အားလုံးပေါင်းကြည့်လိုက်ရင် AirPods Pro မှာ metal design အသစ်ပါဝင်မယ်ဆိုတော့ earphone နဲ့ charging case လေးက iPhone 11 Pro မော်ဒယ်လ်တွေရဲ့ ကျောပြင်နဲ့ ဆင်တူဖြစ်နေပါလိမ့်မယ်။ အရောင်လေးတွေကအစပေါ့။
ပေါက်ကြားလာတဲ့ပုံတွေ၊ ထွက်ရှိလာတဲ့ accessories တွေအားလုံးကညွန်ပြနေတာကတော့ AirPods Pro charging case လေးဟာ ပိုကျယ်လာမယ်တဲ့။


higher-end earphone ဖြစ်တဲ့အတွက်ကြောင့် AirPods Pro မှာ အသံပိုင်းဆိုင်ရာကတော့ ပြောစရာမလိုလောက်ပါဘူး။ AirPods Pro မှာ listening mode အတော်များများထည့်သွင်းမယ်လို့ ကြားထားပါတယ်။ Beats Solo Pro လိုမျိုး external microphone ဖွင့်နိုင်တဲ့အတွက်ကြောင့် သီချင်းကိုရပ်မသွားစေဘဲ အပြင်ကအသံတွေကိုလည်း ကြားနိုင်တော့မှာပါ။
higher-end AirPods ဖြစ်တာမို့ လက်ရှိထက် စျေးပိုများမယ်ဆိုတာကတော့ ကျွန်တော်မပြောတောင် သိပြီးသားဖြစ်နေလောက်ပါပြီ။ စျေးနှုန်းကိုခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ ၂၅၉ဒေါ်လာလောက်ရှိပါတယ်။ လက်ရှိထက် ဒေါ်လာ၁၀၀လောက် ပိုနေပါတယ်။
Apple က များသောအားဖြင့် ဒီဇိုင်းပြန်ပြင်တဲ့ထုတ်ကုန်တွေကို သူ့ရဲ့ keynote မှာ မိတ်ဆက်တာများပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ရဲ့အောက်တိုဘာပွဲကတော့ မတူလောက်ဘူးထင်ပါတယ်။ Apple က AirPods Pro ကို နိုဝင်ဘာပွဲမှာ ထုတ်ပြမလား၊ နောက်နှစ်ရဲ့ မတ်လပွဲမှာမှ မြင်ရမလားဆိုတာကတော့ ဖြစ်နိုင်ချေတွေအမျိုးမျိုးရှိနေပါတယ်။

Zawgyi Version

“AirPods Pro” ကို iPhone 11 Pro ေမာ္ဒယ္လ္ေတြနဲ႔ အေရာင္ဟပ္ေနေအာင္ White, Black အျပင္ Midnight Green စတဲ့အေရာင္ရွစ္မ်ိဳးနဲ႔ေတြ႕ျမင္ရႏိုင္တယ္ဆိုတဲ့အေၾကာင္းကို Economic Daily News မွာ ဖတ္လိုက္ရတယ္။
အဲဒီစာဟာ တ႐ုတ္စာနဲ႔ေရးသားထားတာျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ့မွာ Google ရဲ႕ဘာသာျပန္စနစ္ကိုအသုံးျပဳဖတ္ရတာျဖစ္လို႔ မလြယ္ကူခဲ့ပါဘူး။ ဒါေၾကာင့္ အတိအက်ေတာ့ နားမလည္ခဲ့ပါဘူး။ အေရာင္ရွစ္ေရာင္ဆိုတာ မ်ားတယ္လို႔ထင္ရေပမယ့္လည္း Solo3 လိုမ်ိဳး Beats headphone ေတြကို အေရာင္တစ္ဒါဇင္ေလာက္ ထုတ္ခဲ့ေသးတာဆိုေတာ့ ေမးခြန္းထုတ္စရာေတာ့ မဟုတ္ပါဘူး။
ကြၽန္ေတာ္တို႔ၾကားထားတဲ့သတင္းတစ္ခုျဖစ္တဲ့ active noise cancellation (ဆူညံသံဖယ္ရွားစနစ္) နဲ႔ water resistance (ေရစိုခံစနစ္)တို႔ကို AirPods Pro မွာ ေတြ႕ျမင္ရႏိုင္တယ္လို႔ အဲဒီေဆာင္းပါးထဲမွာ ေျပာထားပါတယ္။ ၿပီးခဲ့တဲ့လရဲ႕ the iOS 13.2 beta filesystemထဲမွာ အရင္တုန္းကမျမင္ဖူးခဲ့တဲ့ icon ေလးတစ္ခုကို MacRumors က ရွာေတြ႕ခဲ့ပါတယ္။ အဲဒီအိုင္ကြန္ေလးက ပတ္ဝန္းက်င္ဆူညံမႈေတြကို ဖယ္ရွားဖို႔အတြက္ အေထာက္အကူျပဳႏိုင္တယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။
AirPods Pro ကို ဒီႏွစ္ရဲ႕အားလပ္ရက္ေစ်းဝယ္ရာသီမွာ အခ်ိန္ကိုက္ထုတ္ႏိုင္ေအာင္ Apple က စီစဥ္ေနတယ္လို႔ Economic Daily News က ေျပာထားပါတယ္။ ေနာက္ၿပီး ေနာက္တစ္ပတ္ေလာက္ဆိုရင္ေတာ့ earphone ေလးေတြကို ပြဲဦးထြက္မိတ္ဆက္တာ ျမင္ရႏိုင္တယ္လို႔လည္း ခန႔္မွန္းေပးထားပါတယ္။
Economic Daily News ရဲ႕ ခန႔္မွန္းခ်က္ေတြကေတာ့ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ AirPods အသစ္ကို အနက္ေရာင္ထုတ္မယ္ဆိုတုန္းကလည္း ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ ေနာက္လမွာေတာ့ Apple မွာ ဒုတိယမ်ိဳးဆက္ AirPods ကို Hey Siri ေထာက္ပံ့မႈ၊ စကားေျပာခ်ိန္ ၅၀%တိုးျခင္း၊ optional wireless charging case တို႔ထည့္ေပးခဲ့ေပမယ့္လည္း အနက္ေရာင္ကေတာ့ မျမင္ခဲ့ရပါဘူး။
ဒါေပမယ့္လည္း Bloomberg ရဲ႕ Mark Gurman က ေျပာခဲ့ဖူးတယ္ေလ။ တကယ္ေတာ့ ဒုတိယမ်ိဳးဆက္ AirPods ကို ၂၀၁၈မွာ ထုတ္လုပ္ဖို႔ရည္႐ြယ္ထားေပမယ့္လည္း ေႏွာင့္ေႏွးသြားခဲ့တာ။ ဒါဆိုရင္ AirPods ရဲ႕ တတိယမ်ိဳးဆက္မွာ အနက္ေရာင္ထုတ္မယ္ဆိုတာလည္း ျဖစ္ႏိုင္တာပဲ မဟုတ္လား။
အိႏၵိယဘေလာ့တစ္ခုျဖစ္တဲ့ MySmartPrice ကလည္း ေဖေဖာ္ဝါရီလကတည္းက အနက္ေရာင္ကို လုပ္ေဆာင္ေနၿပီလို႔ တင္ထားပါေသးတယ္။ matte finish ပါဝင္လိမ့္မယ္ဆိုတာလည္း ပါေသးတယ္။ ဒီေတာ့ အားလုံးေပါင္းၾကည့္လိုက္ရင္ AirPods Pro မွာ metal design အသစ္ပါဝင္မယ္ဆိုေတာ့ earphone နဲ႔ charging case ေလးက iPhone 11 Pro ေမာ္ဒယ္လ္ေတြရဲ႕ ေက်ာျပင္နဲ႔ ဆင္တူျဖစ္ေနပါလိမ့္မယ္။ အေရာင္ေလးေတြကအစေပါ့။
ေပါက္ၾကားလာတဲ့ပုံေတြ၊ ထြက္ရွိလာတဲ့ accessories ေတြအားလုံးကၫြန္ျပေနတာကေတာ့ AirPods Pro charging case ေလးဟာ ပိုက်ယ္လာမယ္တဲ့။


higher-end earphone ျဖစ္တဲ့အတြက္ေၾကာင့္ AirPods Pro မွာ အသံပိုင္းဆိုင္ရာကေတာ့ ေျပာစရာမလိုေလာက္ပါဘူး။ AirPods Pro မွာ listening mode အေတာ္မ်ားမ်ားထည့္သြင္းမယ္လို႔ ၾကားထားပါတယ္။ Beats Solo Pro လိုမ်ိဳး external microphone ဖြင့္ႏိုင္တဲ့အတြက္ေၾကာင့္ သီခ်င္းကိုရပ္မသြားေစဘဲ အျပင္ကအသံေတြကိုလည္း ၾကားႏိုင္ေတာ့မွာပါ။
higher-end AirPods ျဖစ္တာမို႔ လက္ရွိထက္ ေစ်းပိုမ်ားမယ္ဆိုတာကေတာ့ ကြၽန္ေတာ္မေျပာေတာင္ သိၿပီးသားျဖစ္ေနေလာက္ပါၿပီ။ ေစ်းႏႈန္းကိုခန႔္မွန္းၾကည့္ရမယ္ဆိုရင္ေတာ့ ၂၅၉ေဒၚလာေလာက္ရွိပါတယ္။ လက္ရွိထက္ ေဒၚလာ၁၀၀ေလာက္ ပိုေနပါတယ္။
Apple က မ်ားေသာအားျဖင့္ ဒီဇိုင္းျပန္ျပင္တဲ့ထုတ္ကုန္ေတြကို သူ႔ရဲ႕ keynote မွာ မိတ္ဆက္တာမ်ားပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္ရဲ႕ေအာက္တိုဘာပြဲကေတာ့ မတူေလာက္ဘူးထင္ပါတယ္။ Apple က AirPods Pro ကို ႏိုဝင္ဘာပြဲမွာ ထုတ္ျပမလား၊ ေနာက္ႏွစ္ရဲ႕ မတ္လပြဲမွာမွ ျမင္ရမလားဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်ေတြအမ်ိဳးမ်ိဳးရွိေနပါတယ္။

Ref : macrumors

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.