Unicode Version
ဂိမ်းအသစ်လေးထွက်လို့ ဒေါင်းမလို့ကြည့်လိုက် not available in your country ဆိုတာနဲ့ညား၊ streaming service အသစ်လေးထွက်တယ်ဟေ့ ပရိုမိုးရှင်းတွေပါလို့ ဖရီးတစ်လဆိုရင် စမ်းသုံးမလို့သွားကြည့် app is incompatible with your device ဆိုရင် အသည်းတွေကွဲစမ်း။ လွယ်လွယ်နဲ့အရှုံးပေးတော့မလို့လား။ အခုပြောပြမှာက VPN ဒါမှမဟုတ် APK file လေးတစ်ခုဒေါင်းပြီးတာနဲ့ ဖြေရှင်းလို့ရပြီ။ VPN ကတော့ ဆရာတွေသိနေပြီးသားဖြစ်မှာပါ။ ဆက်ကြည့်ပေးဦးနော်။
ကြိုတင်ဝန်ခံချက်
အခုပြောသွားမယ့် VPNs နဲ့ APKs တွေက အကျိုးသက်ရောက်မှုအရမ်းကောင်းပါတယ်။ ဒါပေမယ့်လည်း စာဖတ်သူရဲ့အခက်အခဲတွေကို အကုန်ဖြေရှင်းပေးနိုင်မယ်လို့တော့ အာမခံပေးလို့မရပါဘူး။ တချို့ app တွေက ဘယ်လိုလုပ်လုပ်ကို မကိုက်တာမျိုးတွေရှိနေလို့ပါ။ ဒါကတော့ ခြွင်းချက်ပါ။ နောက်ပြီး APK တွေ ဒေါင်းတယ်ဆိုတာကလည်း ဘယ်ကလာမှန်းမသိတဲ့ဟာမျိုးဆိုရင် ဖုန်းအတွက်အန္တရာယ်ရှိနိုင်ပါသေးတယ်။ VPN သုံးတာကလည်း သတိရှိဖို့လိုအပ်ပါတယ်။
VPN
အင်တာနက်သုံးနေတဲ့ဆရာကြီးတွေကတော့ VPN အသုံးပြုပြီး တည်နေရာကိုဖျောက်တာတွေလုပ်နေကြပါတယ်။ Play Store မှာလည်း လှည့်စားပြီးတော့ သုံးတတ်နေကြပါပြီ။ ဒီနည်းလမ်းကိုလည်း အသုံးပြုလို့ရပါတယ်။
အသုံးပြုလို့ရတဲ့ VPN app အချို့ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့အကြိုက်ကိုပြထားတာပါ။ ကျွန်တော်ကတော့ TunnelBear အကြိုက်ဆုံးပါ။ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်ပြောပေးပါ့မယ်။
TunnelBear
မိတ်ဆွေတစ်ယောက်က တရုတ်ကိုခရီးသွားတဲ့အချိန်မှာ VPN လေးသုံးကြည့်ပြီးတော့ ကျွန်တော့ကို သုံးကြည့်ပါလားလို့ မိတ်ဆက်ပေးရင်း သုံးဖြစ်သွားတာပါ။ TunnelBear app က အဲဒီလိုမျိုးနေရာအတွက် အတော်ကိုအဆင်ပြေပါတယ်။ ဒါပေမယ့်လည်း bypass incompatible app အတွက်လည်း အသုံးပြုလို့ရတယ်ဆိုတာ ကျွန်တော်မြင်သွားပါတယ်။ ဘယ်လိုလုပ်ရမလဲကြည့်ကြရအောင်။
- Play Store ကနေ TunnelBear ကို ဒေါင်းလိုက်ပါ။
- app လေးကိုဖွင့်၊ အကောင့်လုပ်လိုက်ပါ။
- You’ll see the switch to turn TunnelBear ဖွင့်ရမယ့်ခလုတ်လေး မြင်ရပါလိမ့်မယ်။ ပြီးရင်တော့ ကမာ္ဘ့မြေပုံလည်း တွေ့ပါလိမ့်မယ်။ တစ်နေရာရာကိုနှိပ်ပြီးတော့ ဝက်ဝံလေးကို ခဏစောင့်လိုက်ပါ။
- သူပေါ်လာပြီး လှိုဏ်ခေါင်းထဲဝင်သွားတာနဲ့ ဘယ်နေရာမှာပေါ်လာမလဲ မသိတော့ပါဘူး။
- connection request တောင်းရင် agree ပေးလိုက်ပါ။
- Once the bear has tunneled to your new VPN location အသစ်ကို ဝက်ဝံလေးရောက်သွားတာနဲ့ လိုချင်တဲ့ app ကို ယူလိုက်ပါတော့။
ဂျာမနီမှာ Hulu ကို လိုချင်တယ်ထားပါတော့။ install ဖို့မဖြစ်နိုင်တဲ့နေရာပါ။ TunnelBear ကို ယူအက်စ်မှာရောက်နေတယ်လို့ပြောပြီးတော့ ဒေါင်းရင်ရော၊ သိပ်ရတာပေါ့။ Play Store မှာ တိုက်ရိုက်ရှာလို့တော့ မရပါဘူး။ ဒါပေမယ့် app နာမည်ကိုရှာပြီးတော့ Chrome ပေါ်က play store အတွက်လင့်ကိုနှိပ်ပြီးသွားရင်တော့ ရပါတယ်။ ဒါဆိုရင်တော့ ဒေါင်းဖို့အဆင်သင့်ပါပဲ။
region-restricted app တွေကိုသုံးဖို့အတွက်ဆိုရင်တော့ VPN ကို ဖွင့်ထားရပါလိမ့်မယ်။ not available in your country လို့ပြောနေရင်တော့ Play Store ရဲ့ cache ကိုရှင်းဖို့အတွက် Settings > Apps > Google Play Store ကို သွားလိုက်ပါ။ ပြီးတော့မှ ဖွင့်ကြည့်ပါ။
APK
သတင်းကောင်းရော၊ သတင်းဆိုးရောရှိတယ်။ မကိုက်တဲ့ application ကို စမတ်ဖုန်းပေါ်မှာသွင်းရတာက ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း နာမည်မပေါ်ဘူး။
ဒီတော့ APK Downloader ကနေ APK app ကို ဒေါင်းလုတ်ဆွဲပြီးတော့ Google Play Store ကနေ app အတွက် URL ကို ကူးလိုက်ပါ။ Play Store ကနေ Share ခလုတ်ကိုရွေးပြီးတော့ URL ယူလို့ရပါတယ်။ ပြီးတော့မှ Gmail ဖွင့်ပါ။ ပြန်ပြောရမယ်ဆိုရင်- app ရဲ့ URL ကိုကူး
- URL ကို APK Downloader site မှာ ထည့်
- APK file ကို ဒေါင်း
APK Downloader site က အလုပ်မလုပ်ဘူးဆိုရင်တော့ APK Mirror ကနေသာ ဒေါင်းလိုက်ပါတော့။
ဒေါင်းလို့ရတဲ့ app အချို့ကလည်း အလုပ်မလုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။ screen resolution or aspect ratio မကိုက်တဲ့အတွက်ကြောင့်ပါ။ အနည်းဆုံးတော့ ကြိုးစားကြည့်ခဲ့တယ်ဆိုတော့ ဖြေသာတာပေါ့ မဟုတ်ဘူးလား။
Zawgyi Version
ကြိုတင်ဝန်ခံချက်
VPN
TunnelBear
APK
- APK file ကို ဒေါင်း
Ref : Android Pit