Unicode Version
Huawei နဲ့ Apple တို့တိုက်ပွဲမှာ ဘယ်သူကဖုန်းအများဆုံးရောင်းရသလဲဆိုတာ ကြည့်ကြတာမို့ Huawei စီအီးအိုက iPad သုံးနေတယ်ဆိုတဲ့သတင်းက အံဩစရာကောင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခဏနေပါဦး။ ဆန္ဒမစောပါနဲ့။
Huawei CEO Ren Zhengfei ဟာ လေဆိပ်လုံခြုံရေးကို ဖြတ်သန်းနေတဲ့ပုံတစ်ပုံ လူမှုကွန်ရက်ပေါ်မှာ တက်လာခဲ့ပါတယ်။ နောက်ပြီး သူက iPad ကို အသုံးပြုနေတာဖြစ်ပါတယ်။ ဒါကတော့ အားလုံးကိုထိတ်လန့်သွားစေတဲ့သတင်းပါ။ ဘာကြောင့်လဲ ကျွန်တော်တို့မပြောတတ်ပါဘူး။
သူ့ကလေးတွေက Huawei ထုတ်ကုန်တွေထက် Appleထုတ်ကုန်တွေကို ပိုနှစ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စီအီးအိုက ပြောဖူးပါတယ်။ ဒါကြောင့် သူတို့အတွက် iPhone တွေ ဝယ်ပေးရပါတယ်။ Android နဲ့ iPhone ဖန်တွေအနေနဲ့လည်း စီအီးအိုကို အတုယူသင့်ပါတယ်။
Huawei စီအီးအိုက iPad သုံးနေတယ်ဆိုတဲ့သတင်းကို ဂရုစိုက်တဲ့သူတွေ ရှိသေးရဲ့လား သံသယတော့ ဖြစ်မိပါတယ်။ ဒီတက်ဘလက်လေးက လူအတော်များများရဲ့ အသည်းစွဲတက်ဘလက်လေးတစ်ခုဖြစ်ခဲ့တာမို့ပါ။ ဒါဆိုရင် သူကရော ဘာကြောင့်များ iPad သုံးရတာလဲ။
သေချာတာပေါ့။ စီအီးအိုတစ်ယောက်အတွက်တော့ သေချာပေါက် ဂယက်ထနိုင်တဲ့လုပ်ရပ်ဆိုတာ ရှင်းနေတာပဲ။ အရင်တုန်းကလည်း iPhone နဲ့တင်လိုက်တဲ့ tweet ကြောင့် ဂယက်ထခဲ့တာလည်း Huawei ပဲမဟုတ်လား။ ရလဒ်ကတော့ သူတို့ကို လစာတွေလျှော့ချလိုက်ပြီးတော့ ရာထူးချခံလိုက်ရပါတယ်။
ကျွန်တော်တို့စဉ်းစားနေတာက လုပ်ငန်းတစ်ခုရဲ့ စီအီးအိုဖြစ်နေတဲ့အတွက်ကြောင့် ဘာတွေများ ဖြစ်လာနိုင်ပါသလဲ။ Huawei ရေ။ တကယ်ပဲ ဘာတွေဖြစ်လာဦးမလဲဆိုတာကိုတော့ ဆက်သိချင်နေမိပါတယ်။
Zawgyi Version
Ref : redmondpie