Huawei ကို mobile chip ဒီဇိုင်းတွေဆက်လက်ထောက်ပံ့ပေးသွားမယ့် ARM

0
394

Unicode Version

USမှာမူလတည်ရှိနေတဲ့(U.S. origin)နည်းပညာတစ်ခုမဟုတ်တာမို့ ယူအက်စ်ရဲ့ပိတ်ပင်မှုတွေကို ချိုးဖောက်တာမဟုတ်ကြောင်း ARM က ပြောပါတယ်။
ARM ဟာ သူ့ရဲ့ chip design တွေကို Huawei ဆီ အနည်းဆုံးတော့ နောက်ထပ်မျိုးဆက်တစ်ခုလောက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကတော့ ARM က အပေးအယူလုပ်ဆောင်ချက်တွေအားလုံးကို ရပ်ဆိုင်းထားခဲ့ပါသေးတယ်။ ARM အနေနဲ့ Armv8-A architecture အတွက် HiSilicon ကိုထောက်ပံ့ပေးနိုင်သလို အဲဒီ architecture ရဲ့ နောက်ထပ်မျိုးဆက်အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ architecture တွေရဲ့ ယူအက်စ်မှာမူလတည်ရှိနေတဲ့နည်းပညာတွေမဟုတ်ဘူးလို့ ဆုံးဖြတ်အတည်ပြုပြီးသားဖြစ်လို့ပါပဲ။
ARM ကို ၂၀၁၆ခုနှစ်မှာ Japan ရဲ့ Softbank ကဝယ်ယူလိုက်ပြီး ယူအက်စ်ရဲ့ပိတ်ပင်မှုတွေထွက်ရှိအပြီးမှာ Huaweiနဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့တွန်းအားပေးခံလိုက်ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက Huawei ဟာ Mate 30 Pro ကို Google Play, Google Maps, YouTube နဲ့ အခြားသော Googleရဲ့ဝန်ဆောင်မှုတွေမပါဝင်ဘဲ ထုတ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြားသောအစိတ်အပိုင်းတွေအတွက် ထောက်ပံ့သူရှာဖို့နဲ့ ARM ရဲ့ဒီဇိုင်းသုံးထားတဲ့ ကိုယ်ပိုင် Kirin 990 mobile processor ကိုထုတ်လုပ်ဖို့က ဖြစ်နိုင်ပါသေးတယ်။
ARM ရဲ့ဒီဇိုင်းကိုဆုံးရှုံးလိုက်ရခြင်းက Huawei အတွက် အရမ်းကိုကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။ အခုတော့ အဆင်ပြေမှုတွေနဲ့ ကြုံတွေ့လာရပါပြီ။ ARM ကတော့ သူ့ရဲ့ Armv8-A နဲ့ မျိုးဆက်သစ် architecture ဟာ UK origin ဖြစ်တာမို့ ထောက်ပံ့နိုင်ဦးမလားဆိုတာကတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။
Arm က ကျွန်တော်တို့ရဲ့ပါတနာ HiSilicon ရဲ့ထောက်ပံ့မှုတွေကိုစဉ်းစားပြီးတော့ ချိတ်ဆက်မှုတွေလုပ်ဆောင်နေပါတယ်။ ဂိုက်လိုင်းတွေအတွင်းမှာဝင်အောင် ကျွန်တော်တို့ဘက်ကနေ ယုံကြည်ချက်ရှိရှိနဲ့လုပ်ဆောင်နေတာပါ။
Huawei က Google ရဲ့ဝန်ဆောင်မှုတွေမပါဝင်ဘဲ ကောင်းမွန်စွာလုပ်ဆောင်နေတာဖြစ်လို့ ပိတ်ဆို့မှုတွေရှိနေလည်း ဝင်ငွေတိုးအောင်ဖန်တီးနေတုန်းပါပဲ။ တရုတ်နဲ့ ယူအက်စ်အကြားက ဆက်သွယ်ရေးကို အဆင်ပြေသွေးအေးသွားဖို့ပဲ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီမျှော်လင့်ချက်က လက်ရှိမှာတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့အသိပဲမဟုတ်လား။

Zawgyi Version

USမွာမူလတည္ရွိေနတဲ့(U.S. origin)နည္းပညာတစ္ခုမဟုတ္တာမို႔ ယူအက္စ္ရဲ႕ပိတ္ပင္မႈေတြကို ခ်ိဳးေဖာက္တာမဟုတ္ေၾကာင္း ARM က ေျပာပါတယ္။
ARM ဟာ သူ႔ရဲ႕ chip design ေတြကို Huawei ဆီ အနည္းဆုံးေတာ့ ေနာက္ထပ္မ်ိဳးဆက္တစ္ခုေလာက္ ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ ဒီႏွစ္အေစာပိုင္းတုန္းကေတာ့ ARM က အေပးအယူလုပ္ေဆာင္ခ်က္ေတြအားလုံးကို ရပ္ဆိုင္းထားခဲ့ပါေသးတယ္။ ARM အေနနဲ႔ Armv8-A architecture အတြက္ HiSilicon ကိုေထာက္ပံ့ေပးႏိုင္သလို အဲဒီ architecture ရဲ႕ ေနာက္ထပ္မ်ိဳးဆက္အတြက္လည္း ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒီ architecture ေတြရဲ႕ ယူအက္စ္မွာမူလတည္ရွိေနတဲ့နည္းပညာေတြမဟုတ္ဘူးလို႔ ဆုံးျဖတ္အတည္ျပဳၿပီးသားျဖစ္လို႔ပါပဲ။
ARM ကို ၂၀၁၆ခုႏွစ္မွာ Japan ရဲ႕ Softbank ကဝယ္ယူလိုက္ၿပီး ယူအက္စ္ရဲ႕ပိတ္ပင္မႈေတြထြက္ရွိအၿပီးမွာ Huaweiနဲ႔လုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို ရပ္ဆိုင္းဖို႔တြန္းအားေပးခံလိုက္ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လတုန္းက Huawei ဟာ Mate 30 Pro ကို Google Play, Google Maps, YouTube နဲ႔ အျခားေသာ Googleရဲ႕ဝန္ေဆာင္မႈေတြမပါဝင္ဘဲ ထုတ္လုပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အျခားေသာအစိတ္အပိုင္းေတြအတြက္ ေထာက္ပံ့သူရွာဖို႔နဲ႔ ARM ရဲ႕ဒီဇိုင္းသုံးထားတဲ့ ကိုယ္ပိုင္ Kirin 990 mobile processor ကိုထုတ္လုပ္ဖို႔က ျဖစ္ႏိုင္ပါေသးတယ္။
ARM ရဲ႕ဒီဇိုင္းကိုဆုံးရႈံးလိုက္ရျခင္းက Huawei အတြက္ အရမ္းကိုႀကီးမားတဲ့အခက္အခဲတစ္ခုျဖစ္ပါတယ္။ အခုေတာ့ အဆင္ေျပမႈေတြနဲ႔ ႀကဳံေတြ႕လာရပါၿပီ။ ARM ကေတာ့ သူ႔ရဲ႕ Armv8-A နဲ႔ မ်ိဳးဆက္သစ္ architecture ဟာ UK origin ျဖစ္တာမို႔ ေထာက္ပံ့ႏိုင္ဦးမလားဆိုတာကေတာ့ မေသခ်ာေသးဘူးလို႔ ဆိုပါတယ္။
Arm က ကြၽန္ေတာ္တို႔ရဲ႕ပါတနာ HiSilicon ရဲ႕ေထာက္ပံ့မႈေတြကိုစဥ္းစားၿပီးေတာ့ ခ်ိတ္ဆက္မႈေတြလုပ္ေဆာင္ေနပါတယ္။ ဂိုက္လိုင္းေတြအတြင္းမွာဝင္ေအာင္ ကြၽန္ေတာ္တို႔ဘက္ကေန ယုံၾကည္ခ်က္ရွိရွိနဲ႔လုပ္ေဆာင္ေနတာပါ။
Huawei က Google ရဲ႕ဝန္ေဆာင္မႈေတြမပါဝင္ဘဲ ေကာင္းမြန္စြာလုပ္ေဆာင္ေနတာျဖစ္လို႔ ပိတ္ဆို႔မႈေတြရွိေနလည္း ဝင္ေငြတိုးေအာင္ဖန္တီးေနတုန္းပါပဲ။ တ႐ုတ္နဲ႔ ယူအက္စ္အၾကားက ဆက္သြယ္ေရးကို အဆင္ေျပေသြးေအးသြားဖို႔ပဲ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္လည္း အဲဒီေမွ်ာ္လင့္ခ်က္က လက္ရွိမွာေတာ့ မျဖစ္ႏိုင္ဘူးဆိုတာ ကြၽန္ေတာ္တို႔အသိပဲမဟုတ္လား။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.