ဒုတိယမြောက် Hydrogen ဖုန်းစီမံကိန်းရပ်နားလိုက်ပြီ

0
1180

Unicode Version

original Hydrogen ဖုန်းကတော့ လူအများအပြားကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အဲဒီဖုန်းလေးကို ထုတ်လုပ်တဲ့လုပ်ငန်းကတော့ RED ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိလာတဲ့အချိန်မှာတော့ အကြောင်းအရာအမျိုးမျိုးကြောင့် သုံးစွဲသူတေွကို မကျေနပ်စေခဲ့ပါဘူး။ 3D screen ကလည်း ဗန်းပြသဘောမျိုးလောက် ထည့်သွင်းပေးထားတာပါ။ နောက်ပြီး module ecosystem ကလည်း ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။ ကင်မရာမှာလည်း ထူးထွေပြီးကောင်းနေတာမျိုးမရှိခဲ့ဘူး။ စတဲ့ စတဲ့ အချက်တွေကြောင့် သုံးစွဲသူတွေကို စိတ်ပျက်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ RED ရဲ့ တည်ထောင်သူထွက်ခွာသွားပြီဖြစ်လို့ နောက်ထပ်ဖုန်းတစ်လုံးထပ်ထုတ်မယ့်စီမံကိန်းကို ရပ်နားလိုက်ပါပြီ။
RED ရဲ့ တည်ထောင်သူဖြစ်တဲ့ Jim Jannard ကတော့ Hydrogen user forum လေးမှာ အခုလို ပို့စ်တစ်ခုကို တင်ထားခဲ့ပါတယ်။
အနုပညာတွေလွှမ်းခြုံထားတဲ့တီထွင်မှုတွေအတွက် လွန်ခဲ့တဲ့၄၅နှစ်တာကာလကို ကုန်ဆုံးစေခဲ့တယ်။ အခု အသက်၇၀ပြည့်ပြီဆိုတော့ ကျန်းမာရေးကလည်း ဖောက်ချင်လာပြီ။ ဒီတော့ ကျွန်တော် အနားယူဖို့အချိန်ရောက်လာပြီ ဆိုရတော့မှာပေါ့။ HYDROGEN ပရောဂျက်လေးကို ပိတ်သိမ်းတော့မှာပါ။ Oakley ၊ RED Digital Cinema ၊ HYDROGEN တို့ပါဝင်ပတ်သတ်နေတဲ့အလုပ်ကိုလည်း အဆုံးသတ်လိုက်တော့မှာပါ။ နှစ်ပေါင်းများစွာတိုင် ကျွန်တော့ရဲ့ vision အတိုင်းလုပ်ဆောင်ပေးခဲ့ကြတဲ့ လူကောင်းတွေနဲ့အတူ လက်တွဲလုပ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းပဲ ဂုဏ်ယူမိပါတယ်။
RED Digital Cinema ကတော့ Jarred, Tommy နဲ့ Jamin တို့ထိန်းချုပ်မှုအောက်မှာ အရင်ကထက် ပိုမိုအားကောင်းလာပါလိမ့်မယ်။ Komodo ကတော့ မကြာခင်မိတ်ဆက်တော့မှာဖြစ်ပြီး HYDROGEN One ကိုလည်း အနာဂတ်မှာ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။။
ကျွန်တော့ကို နှစ်ပေါင်းများစွာကြာအောင် အားပေးထောက်ခံခဲ့တဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။
Jim
မတ်လတုန်းက Hydrogen ပရိုဂရမ်လေးဟာ အပြောင်းအလဲတွေအရမ်းမြန်ပြီးတော့ “new in-device image capture system” လေးကို လုပ်ဆောင်နေပြီလို့ သတင်းထုတ်ပြန်အပြီးမှာ ဖြစ်ပျက်ခဲ့တာပါ။ ဂျူလိုင်လမှာတော့ 8K camera module နဲ့အတူ ဒုတိယမြောက်မော်ဒယ်လ်လေးကို ကြေညာခဲ့ပါတယ်။
Flagship စျေးကွက်မှာ ယှဉ်ပြိုင်မှုအားနည်းချင်းက မကောင်းတဲ့အရာတစ်ခုဖြစ်ပြီးတော့ RED ဟာ သူ့ရဲ့ကင်မရာဖန်တွေထက် ပိုများတဲ့သုံးစွဲသူတွေကို ဆွဲဆောင်ဖို့ရာ မစွမ်းသာခဲ့ပါဘူး။ Hydrogen One ရဲ့ တန်ဖိုးကြီးမားမှုနဲ့ AT&T တစ်ခုတည်းကိုသာ carrier partner အဖြစ်ရွေးချယ်ထားခြင်းတို့က သုံးစွဲသူတွေကို ဆွဲဆောင်ဖို့အတွက် အထောက်အကူမရခဲ့ပါဘူး။

Zawgyi Version

original Hydrogen ဖုန္းကေတာ့ လူအမ်ားအျပားကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။ အဲဒီဖုန္းေလးကို ထုတ္လုပ္တဲ့လုပ္ငန္းကေတာ့ RED ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ထြက္ရွိလာတဲ့အခ်ိန္မွာေတာ့ အေၾကာင္းအရာအမ်ိဳးမ်ိဳးေၾကာင့္ သုံးစြဲသူေတြကို မေက်နပ္ေစခဲ့ပါဘူး။ 3D screen ကလည္း ဗန္းျပသေဘာမ်ိဳးေလာက္ ထည့္သြင္းေပးထားတာပါ။ ေနာက္ၿပီး module ecosystem ကလည္း ဘယ္ေတာ့မွ ျဖစ္မလာခဲ့ပါဘူး။ ကင္မရာမွာလည္း ထူးေထြၿပီးေကာင္းေနတာမ်ိဳးမရွိခဲ့ဘူး။ စတဲ့ စတဲ့ အခ်က္ေတြေၾကာင့္ သုံးစြဲသူေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ RED ရဲ႕ တည္ေထာင္သူထြက္ခြာသြားၿပီျဖစ္လို႔ ေနာက္ထပ္ဖုန္းတစ္လုံးထပ္ထုတ္မယ့္စီမံကိန္းကို ရပ္နားလိုက္ပါၿပီ။
RED ရဲ႕ တည္ေထာင္သူျဖစ္တဲ့ Jim Jannard ကေတာ့ Hydrogen user forum ေလးမွာ အခုလို ပို႔စ္တစ္ခုကို တင္ထားခဲ့ပါတယ္။
အႏုပညာေတြလႊမ္းၿခဳံထားတဲ့တီထြင္မႈေတြအတြက္ လြန္ခဲ့တဲ့၄၅ႏွစ္တာကာလကို ကုန္ဆုံးေစခဲ့တယ္။ အခု အသက္၇၀ျပည့္ၿပီဆိုေတာ့ က်န္းမာေရးကလည္း ေဖာက္ခ်င္လာၿပီ။ ဒီေတာ့ ကြၽန္ေတာ္ အနားယူဖို႔အခ်ိန္ေရာက္လာၿပီ ဆိုရေတာ့မွာေပါ့။ HYDROGEN ပေရာဂ်က္ေလးကို ပိတ္သိမ္းေတာ့မွာပါ။ Oakley ၊ RED Digital Cinema ၊ HYDROGEN တို႔ပါဝင္ပတ္သတ္ေနတဲ့အလုပ္ကိုလည္း အဆုံးသတ္လိုက္ေတာ့မွာပါ။ ႏွစ္ေပါင္းမ်ားစြာတိုင္ ကြၽန္ေတာ့ရဲ႕ vision အတိုင္းလုပ္ေဆာင္ေပးခဲ့ၾကတဲ့ လူေကာင္းေတြနဲ႔အတူ လက္တြဲလုပ္ခြင့္ရတဲ့အတြက္ ကြၽန္ေတာ္အရမ္းပဲ ဂုဏ္ယူမိပါတယ္။
RED Digital Cinema ကေတာ့ Jarred, Tommy နဲ႔ Jamin တို႔ထိန္းခ်ဳပ္မႈေအာက္မွာ အရင္ကထက္ ပိုမိုအားေကာင္းလာပါလိမ့္မယ္။ Komodo ကေတာ့ မၾကာခင္မိတ္ဆက္ေတာ့မွာျဖစ္ၿပီး HYDROGEN One ကိုလည္း အနာဂတ္မွာ ဆက္လက္ေထာက္ပံ့ေပးသြားမွာပါ။။
ကြၽန္ေတာ့ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အားေပးေထာက္ခံခဲ့တဲ့ လူတစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ခ်င္ပါတယ္။
Jim
မတ္လတုန္းက Hydrogen ပ႐ိုဂရမ္ေလးဟာ အေျပာင္းအလဲေတြအရမ္းျမန္ၿပီးေတာ့ “new in-device image capture system” ေလးကို လုပ္ေဆာင္ေနၿပီလို႔ သတင္းထုတ္ျပန္အၿပီးမွာ ျဖစ္ပ်က္ခဲ့တာပါ။ ဂ်ဴလိုင္လမွာေတာ့ 8K camera module နဲ႔အတူ ဒုတိယေျမာက္ေမာ္ဒယ္လ္ေလးကို ေၾကညာခဲ့ပါတယ္။
Flagship ေစ်းကြက္မွာ ယွဥ္ၿပိဳင္မႈအားနည္းခ်င္းက မေကာင္းတဲ့အရာတစ္ခုျဖစ္ၿပီးေတာ့ RED ဟာ သူ႔ရဲ႕ကင္မရာဖန္ေတြထက္ ပိုမ်ားတဲ့သုံးစြဲသူေတြကို ဆြဲေဆာင္ဖို႔ရာ မစြမ္းသာခဲ့ပါဘူး။ Hydrogen One ရဲ႕ တန္ဖိုးႀကီးမားမႈနဲ႔ AT&T တစ္ခုတည္းကိုသာ carrier partner အျဖစ္ေ႐ြးခ်ယ္ထားျခင္းတို႔က သုံးစြဲသူေတြကို ဆြဲေဆာင္ဖို႔အတြက္ အေထာက္အကူမရခဲ့ပါဘူး။

Ref : Android Police

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.