Mate X နဲ့အတူ စိတ်ဖိစီးမှုတွေစတင်ရရှိလာတော့မယ့် Huawei

0
1630

Unicode Version

ခေါက်ချိုးဖုန်းတွေဆိုတာ ကျွန်တော်တို့နားရည်၀နေတဲ့အရာတစ်ခုလို ဖြစ်နေပါပြီ။ တိတိကျကျပြောရမယ်ဆိုရင်တော့ Samsung Galaxy Fold ကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သူ့တစ်လုံးတည်းကပဲ ခေါက်ချိုးဖုန်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အခုအချိန်မှာတော့ Huawei Mate X ရဲ့ ထွက်ရှိမယ့်ရက်ကလည်း နီးကပ်လို့လာပါပြီ။
Samsung ဟာ Galaxy Fold နဲ့ပတ်သတ်ပြီးတော့ အခက်အခဲတွေရင်ဆိုင်နေရချိန်မှာ Huawei က Mate X ထွက်ဖို့အတွက် အချိန်ကိုနောက်ဆုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာ နောက်လဆိုရင် ရောင်းချနိုင်တော့မှာပါ။ 5G ထောက်ပံ့မှုပေးထားပြီး 55W အားအမြန်သွင်းစနစ်အသုံးပြုထားလို့ dual-cell 4500mAh ကို ၃၀မိနစ်အတွင်းမှာ 85% ပြည့်သွားစေနိုင်ပါတယ်။
Mate X ကို နိုဝင်ဘာ၁၅ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြးတော့ 16999 yuan ဆိုတော့ ဒေါ်လာ၂၄၀၀ ပတ်ဝန်းကျင်ရှိပါတယ်။ ဒီစျေးနဲ့ဆိုရင်တော့ 512GB storage နဲ့ 8GB RAM မော်ဒယ်လ်ကို ရရှိမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံအပြင် ဘယ်နိုင်ငံတွေကို ဘယ်နေ့မှာရောက်ရှိမလဲဆိုတာကတော့ ကျွန်တော်တို့မသိရသေးပါဘူး။ Huawei ကလည်း ဒီအကြောင်းကို ပြောမသွားခဲ့ပါဘူး။
ကျွန်တော်တို့ရဲ့နည်းဗျူဟာက ဒေသအသီးသီးမှာရှိတဲ့ carriers တွေရဲ့ 5G ရနိုင်မှုအပေါ်မူတည်နေပါတယ်။ ဒါကြောင့် Huawei Mate X ကို တရုတ်စျေးကွက်အတွက် နိုဝင်ဘာ၁၅ရက်နေ့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာအတွက်ဘယ်နေ့ဘယ်ရက်ဆိုတာကတော့ စဉ်းစားနေဆဲပါ။


ကျွန်တော်တို့အားလုံးသိချင်နေတဲ့မေးခွန်းကတော့ Mate X လေးဟာ စမ်းသပ်မှုတွေကို ဘယ်လောက်ခံနိုင်မလဲ၊ နေ့စဉ်သုံးအတွက် ဘယ်လိုတွေအဆင်ပြေမလဲ။ Samsung ကတော့ ခေါက်ချိုးဖုန်းကို စိတ်ချရအောင်ထုတ်လုပ်ရတာ ခက်ခဲကြောင်း သိသွားပါပြီ။ အခုကတော့ Huawei အတွက် ဖိစီးမှုတွေခံစားရတော့မယ့်အချိန်တွေဖြစ်ပါတယ်။

Zawgyi Version

ေခါက္ခ်ိဳးဖုန္းေတြဆိုတာ ကြၽန္ေတာ္တို႔နားရည္၀ေနတဲ့အရာတစ္ခုလို ျဖစ္ေနပါၿပီ။ တိတိက်က်ေျပာရမယ္ဆိုရင္ေတာ့ Samsung Galaxy Fold ကို ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။ သူ႔တစ္လုံးတည္းကပဲ ေခါက္ခ်ိဳးဖုန္းလားဆိုေတာ့ မဟုတ္ျပန္ပါဘူး။ အခုအခ်ိန္မွာေတာ့ Huawei Mate X ရဲ႕ ထြက္ရွိမယ့္ရက္ကလည္း နီးကပ္လို႔လာပါၿပီ။
Samsung ဟာ Galaxy Fold နဲ႔ပတ္သတ္ၿပီးေတာ့ အခက္အခဲေတြရင္ဆိုင္ေနရခ်ိန္မွာ Huawei က Mate X ထြက္ဖို႔အတြက္ အခ်ိန္ကိုေနာက္ဆုတ္လိုက္ပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္ႏိုင္ငံမွာ ေနာက္လဆိုရင္ ေရာင္းခ်ႏိုင္ေတာ့မွာပါ။ 5G ေထာက္ပံ့မႈေပးထားၿပီး 55W အားအျမန္သြင္းစနစ္အသုံးျပဳထားလို႔ dual-cell 4500mAh ကို ၃၀မိနစ္အတြင္းမွာ 85% ျပည့္သြားေစႏိုင္ပါတယ္။
Mate X ကို ႏိုဝင္ဘာ၁၅ရက္ေန႔မွာ စတင္ေရာင္းခ်မွာျဖစ္ျပးေတာ့ 16999 yuan ဆိုေတာ့ ေဒၚလာ၂၄၀၀ ပတ္ဝန္းက်င္ရွိပါတယ္။ ဒီေစ်းနဲ႔ဆိုရင္ေတာ့ 512GB storage နဲ႔ 8GB RAM ေမာ္ဒယ္လ္ကို ရရွိမွာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအျပင္ ဘယ္ႏိုင္ငံေတြကို ဘယ္ေန႔မွာေရာက္ရွိမလဲဆိုတာကေတာ့ ကြၽန္ေတာ္တို႔မသိရေသးပါဘူး။ Huawei ကလည္း ဒီအေၾကာင္းကို ေျပာမသြားခဲ့ပါဘူး။
ကြၽန္ေတာ္တို႔ရဲ႕နည္းဗ်ဴဟာက ေဒသအသီးသီးမွာရွိတဲ့ carriers ေတြရဲ႕ 5G ရႏိုင္မႈအေပၚမူတည္ေနပါတယ္။ ဒါေၾကာင့္ Huawei Mate X ကို တ႐ုတ္ေစ်းကြက္အတြက္ ႏိုဝင္ဘာ၁၅ရက္ေန႔မွာ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ ႏိုင္ငံတကာအတြက္ဘယ္ေန႔ဘယ္ရက္ဆိုတာကေတာ့ စဥ္းစားေနဆဲပါ။


ကြၽန္ေတာ္တို႔အားလုံးသိခ်င္ေနတဲ့ေမးခြန္းကေတာ့ Mate X ေလးဟာ စမ္းသပ္မႈေတြကို ဘယ္ေလာက္ခံႏိုင္မလဲ၊ ေန႔စဥ္သုံးအတြက္ ဘယ္လိုေတြအဆင္ေျပမလဲ။ Samsung ကေတာ့ ေခါက္ခ်ိဳးဖုန္းကို စိတ္ခ်ရေအာင္ထုတ္လုပ္ရတာ ခက္ခဲေၾကာင္း သိသြားပါၿပီ။ အခုကေတာ့ Huawei အတြက္ ဖိစီးမႈေတြခံစားရေတာ့မယ့္အခ်ိန္ေတြျဖစ္ပါတယ္။

Ref : Redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.