၂၀ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမယ့် Samsung ရဲ့ flagship processor အသစ်

0
360

Unicode Version

Exynos 990 ကို Galaxy S11 မှာ ပွဲဦးထွက်သုံးမယ်လို့ ထင်ပါတယ်။
Samsung က chip အသစ်ကို မိတ်ဆက်လိုက်တယ်ဆိုတာက နောက်လာမယ့်စမတ်ဖုန်းတွေရဲ့လုပ်ဆောင်မှု မြန်ဆန်လာတော့မယ်ဆိုတာ အရိပ်အမြွက်ပြောလိုက်သလိုပါပဲ။ နောက်ပြီး ဘတ်ထရီသက်တမ်းကလည်း ပိုမိုကောင်းမွန်လာပါတယ်။ နောက်နှစ်ရဲ့ flagship Samsung Galaxy မှာတော့ အခုကြေညာထားတဲ့ Exynos 990 processor ကို တွေ့မြင်ရမှာဖြစ်ပြီးတော့ performance ပိုင်းမှာ ၂၀% နဲ့ power efficiency ပိုင်းမှာ ၂၀% ပိုမိုကောင်းမွန်စေမယ်လို့ Samsung က ပြောကြားထားပါသေးတယ်။
Exynos 990 ကတော့ စက်တင်ဘာလမှာကြေညာခဲ့တဲ့ 980 နောက်မှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ 980 ကတော့ Samsung ရဲ့ 5G modem ထည့်သွင်းထားတဲ့ ပထမဆုံးသော processor ဖြစ်ပါတယ်။ မနှစ်ကတုန်းက Exynos 9820/9825 တို့ကိုလည်း မိတ်ဆက်ထားပါသေးတယ်။ သူ့မှာ 120Hz refresh rate ပါဝင်တာမို့ ဂိမ်းဆော့တဲ့နေရာ၊ ဖေ့ဘွတ်ပွတ်တဲ့နေရာတွေမှာ အဆင်ပြေချောမွေ့စေပါတယ်။ ကင်မရာခြောက်လုံးကို ကောင်းကောင်းထိန်းနိုင်ပေမယ့်လည်း တစ်ပြိုင်နက်တည်းဆိုရင်တော့ သုံးလုံးလောက်သာ နိုင်ပါသေးတယ်။ နောက်ပြီး နွေအကုန်မှာ ကြေညာခဲ့တဲ့ Samsung ရဲ့ 108-megapixel image sensor ကို ကောင်းကောင်းစီမံနိုင်စွမ်းရှိပါတယ်။
ဖုန်းတွေဆီကို 5G ချိတ်ဆက်မှုယူဆောင်လာပေးဖို့အတွက် 990 နဲ့အတူအလုပ်လုပ်မှာက Exynos Modem 5123 ဖြစ်ပါတယ်။ အမြန်နှုန်းကို 8.36 gigabits per second အထိ တိုးမြှင့်ထားတာဖြစ်လို့ အရင် 3Gbps သာပေးနိုင်တဲ့ modem ထက် အများကြီးတိုးတက်လာတာ ထင်ရှားပါတယ်။
နောက်ဆုံးမှာတော့ လုပ်ငန်းနယ်ပယ်မှာ ပထမဆုံးဖြစ်တဲ့ 12GB low-power double data rate 4X UFS-based multichip package (uMCP) ကိုလည်း အမြောက်အများထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။ 12GB chip အတွက် 16Gb RAM chips ခြောက်ခုသုံးကာ တိုးမြှင့်နိုင်နေပြီဆိုပေမယ့်လည်း အခုအချိန်ထိတော့ စွမ်းဆောင်ရည်မြင့်ဖုန်းတွေမှာ 12GB RAM ကိုသာ ရနိုင်ပါသေးတယ်။ uMCP အသစ်ကတော့ 12GB chip ဖြစ်ဖို့အတွက် 24Gb RAM chips လေးခုသာ လိုအပ်မှာဖြစ်ပါတယ်။ ဒါက ဘာကိုဆိုလိုချင်တာလဲဆိုတော့ AI ပိုင်းမှာ တိုးတက်လာနိုင်ပြီးတော့ ဘတ်ထရီအတွက်လည်းနေရာပိုကျယ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ RAM များများပါဝင်တဲ့ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းအမျိုးအစားတွေကို မြင်လာရနိုင်ပါတယ်။

Zawgyi Version

Exynos 990 ကို Galaxy S11 မွာ ပြဲဦးထြက္သုံးမယ္လို႔ ထင္ပါတယ္။
Samsung က chip အသစ္ကို မိတ္ဆက္လိုက္တယ္ဆိုတာက ေနာက္လာမယ့္စမတ္ဖုန္းေတြရဲ႕လုပ္ေဆာင္မႈ ျမန္ဆန္လာေတာ့မယ္ဆိုတာ အရိပ္အႁမြက္ေျပာလိုက္သလိုပါပဲ။ ေနာက္ၿပီး ဘတ္ထရီသက္တမ္းကလည္း ပိုမိုေကာင္းမြန္လာပါတယ္။ ေနာက္ႏွစ္ရဲ႕ flagship Samsung Galaxy မွာေတာ့ အခုေၾကညာထားတဲ့ Exynos 990 processor ကို ေတြ႕ျမင္ရမွာျဖစ္ၿပီးေတာ့ performance ပိုင္းမွာ ၂၀% နဲ႔ power efficiency ပိုင္းမွာ ၂၀% ပိုမိုေကာင္းမြန္ေစမယ္လို႔ Samsung က ေျပာၾကားထားပါေသးတယ္။
Exynos 990 ကေတာ့ စက္တင္ဘာလမွာေၾကညာခဲ့တဲ့ 980 ေနာက္မွာ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။ 980 ကေတာ့ Samsung ရဲ႕ 5G modem ထည့္သြင္းထားတဲ့ ပထမဆုံးေသာ processor ျဖစ္ပါတယ္။ မႏွစ္ကတုန္းက Exynos 9820/9825 တို႔ကိုလည္း မိတ္ဆက္ထားပါေသးတယ္။ သူ႔မွာ 120Hz refresh rate ပါဝင္တာမို႔ ဂိမ္းေဆာ့တဲ့ေနရာ၊ ေဖ့ဘြတ္ပြတ္တဲ့ေနရာေတြမွာ အဆင္ေျပေခ်ာေမြ႕ေစပါတယ္။ ကင္မရာေျခာက္လုံးကို ေကာင္းေကာင္းထိန္းႏိုင္ေပမယ့္လည္း တစ္ၿပိဳင္နက္တည္းဆိုရင္ေတာ့ သုံးလုံးေလာက္သာ ႏိုင္ပါေသးတယ္။ ေနာက္ၿပီး ေႏြအကုန္မွာ ေၾကညာခဲ့တဲ့ Samsung ရဲ႕ 108-megapixel image sensor ကို ေကာင္းေကာင္းစီမံႏိုင္စြမ္းရွိပါတယ္။
ဖုန္းေတြဆီကို 5G ခ်ိတ္ဆက္မႈယူေဆာင္လာေပးဖို႔အတြက္ 990 နဲ႔အတူအလုပ္လုပ္မွာက Exynos Modem 5123 ျဖစ္ပါတယ္။ အျမန္ႏႈန္းကို 8.36 gigabits per second အထိ တိုးျမႇင့္ထားတာျဖစ္လို႔ အရင္ 3Gbps သာေပးႏိုင္တဲ့ modem ထက္ အမ်ားႀကီးတိုးတက္လာတာ ထင္ရွားပါတယ္။
ေနာက္ဆုံးမွာေတာ့ လုပ္ငန္းနယ္ပယ္မွာ ပထမဆုံးျဖစ္တဲ့ 12GB low-power double data rate 4X UFS-based multichip package (uMCP) ကိုလည္း အေျမာက္အမ်ားထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါေသးတယ္။ 12GB chip အတြက္ 16Gb RAM chips ေျခာက္ခုသုံးကာ တိုးျမႇင့္ႏိုင္ေနၿပီဆိုေပမယ့္လည္း အခုအခ်ိန္ထိေတာ့ စြမ္းေဆာင္ရည္ျမင့္ဖုန္းေတြမွာ 12GB RAM ကိုသာ ရႏိုင္ပါေသးတယ္။ uMCP အသစ္ကေတာ့ 12GB chip ျဖစ္ဖို႔အတြက္ 24Gb RAM chips ေလးခုသာ လိုအပ္မွာျဖစ္ပါတယ္။ ဒါက ဘာကိုဆိုလိုခ်င္တာလဲဆိုေတာ့ AI ပိုင္းမွာ တိုးတက္လာႏိုင္ၿပီးေတာ့ ဘတ္ထရီအတြက္လည္းေနရာပိုက်ယ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔အေနနဲ႔ RAM မ်ားမ်ားပါဝင္တဲ့ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းအမ်ိဳးအစားေတြကို ျမင္လာရႏိုင္ပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.