Wide လား tele လား တစ်ခုခုကိုပဲ ရွေးရမယ်ဆိုရင်

0
725

Unicode Version

Wide လား tele လား။ ခက်ခဲတဲ့မေးခွန်းပါလားနော်။ Wide-angle စမတ်ဖုန်းကင်မရာတွေက ရိုက်ကူးရတာပျော်ဖို့ကောင်းတယ်။ telephoto စမတ်ဖုန်းကင်မရာတွေကလည်း အသုံးဝင်နေတာဆိုတော့ ရွေးရမှာလမ်းတွေပျောက်နေပါပြီ။ မရတော့ဘူး တစ်ခုပဲရွေးရမယ်ဆိုရင်ရော စာဖတ်သူတို့ဘာရွေးကြမလဲ။
Google က ပြီးခဲ့တဲ့အပတ်မှာ Google Pixel 4 နဲ့ Pixel 4 XL ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီမှာ သုံးစွဲသူတွေမျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ Pixel 4 series တွေဟာ အနောက်ဘက်မှာ ဒုတိယကင်မရာတပ်ဆင်ထားတဲ့ ပထမဆုံး Pixel ဖြစ်ပါတယ်။ standard စမတ်ဖုန်းကင်မရာအပြင် Googleက Pixel 4အတွက် wide-angle မသုံးထားဘဲ 2x optical telephoto ကင်မရာကို အသုံးပြုပေးထားပါတယ်။ ဒါကြောင့် လူအတော်များများအတွက် ဆွေးနွေးရမယ့်အချက်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့တာပါ။
Google ဘာတွေလုပ်လိုက်တာလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ Google ရဲ့ ကင်မရာဂုရုကြီးဖြစ်တဲ့ Marc Levoy ကတော့ wide-angle ကင်မရာတွေဟာ creative photography လိုင်းကိုသွားပေမယ့်လည်း သူကတော့ telephoto ကင်မရာတွေက ပိုကောင်းနိုင်တယ်လို့ဆိုပါတယ်။
ဒါကို လူတိုင်းကလက်ခံထားတာမဟုတ်ပါဘူး။ ဆွေးနွေးကြည့်ရအောင်။
ဘာလို့ wide ဖြစ်သင့်တာလဲ
ပုံမှန်အရ wide-angle ကင်မရာတွေဟာ မြင်ကွင်းတစ်ခုလုံး ဒါမှမဟုတ် ဆက်တင်တစ်ခုလုံးကို ဖမ်းယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အခန်းတစ်ခုရဲ့တစိတ်တပိုင်း ဒါမှမဟုတ် နေရာတစ်ခုလောက်သာရိုက်ကူးတာမဟုတ်ဘဲ wide-angleကောင်းကောင်းဟာ ပုံရိပ်တစ်ခုလုံးကို ဖမ်းယူဖို့ တာဝန်ယူပါတယ်။ တခါတရံမှာ ဒါကပဲအရေးပါတဲ့အချက်ဖြစ်လာပါတယ်။ အသေးစိတ်ကိုဖမ်းယူပေးတာမဟုတ်ဘဲ အရာတိုင်းကို စကေးကျကျဖမ်းယူပေးတာမို့ပါ။
လွန်ခဲ့တဲ့ဆယ်စုနှစ်အကြာက ကျွန်တော်ဟာ wide-angle photography ကို ပထမဆုံးလေ့လာဖြစ်ခဲ့ချိန်မှာ သတိထားမိတာက 35mm နဲ့ 50mm lenses တွေဟာ နယူးယောက်မြို့မှာ ကျွန်တော်လိုချင်တဲ့ဓါတ်ပုံအမျိုးအစားတွေကို ရိုက်ကူးပေးနိုင်လောက်အောင် wide မဖြစ်ပါဘူး။ 20mm lens ကို သုံးကြည့်မှပဲ ကြွေသွားခဲ့တာပါ။ ပေ၁၀၀၀ ရှိတဲ့မိုးမျှော်တိုက်တွေကို ရိုက်ကူးမယ့် cityscapes ရိုက်ချက်တွေကိုပြောနေခြင်းဖြစ်ပါတယ်။
Wide ဆိုတာလည်း အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းကင်မရာရဲ့ “standard” lens ကတော့ 26mm range ရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့တွေကို မိသားစုပုံတွေ၊ အုပ်စုလိုက်ပုံတွေ ရိုက်ကူးတဲ့အခါမှာ နောက်ကိုအများကြီးဆုတ်နေစရာမလိုတော့တာပေါ့။ တချို့နေရာလေးတွေမှာတော့ နည်းနည်းကျပ်နေတတ်ပါတယ်။ ဟုတ်ပါတယ်။ standard lensနဲ့ရိုက်ရင် လူတိုင်းမဆံ့တဲ့ဖြစ်ရပ်လေးတွေလည်း ရှိနေပါတယ်။
LG G6 ဆိုရင် wide-angleကိုပဲ အသုံးပြုဖို့ တစ်ချိန်လုံးစဉ်းစားနေမိခဲ့တပါ။ LG ဆီကနေ LG G6 review unit ရခဲ့တာကတော့ ဘာစီလိုနာမှာကျင်းပတဲ့ Mobile World Congress တက်ရောက်နေတုန်းမှာပါ။ ဘာစီလိုနာက လမ်းကျဉ်းလေးတွေနဲ့လေ။ wide-angle ကင်မရာသုံးမှပဲ ဘာစီလိုနာရဲ့ Gothic ကို ကျွန်တော်ဖမ်းယူနိုင်မှာပါ။
အဲဒီကတည်းကစပြီးတော့ standard ကင်မရာထက် wide-angle ပေးတဲ့ဖုန်းတွေကိုပဲ ကျွန်တော်အသုံးပြုဖြစ်ခဲ့ပါတယ်။ wide shot ရိုက်မယ်ဆိုရင်တော့ standard ဒါမှမဟုတ် zoom shot တွေနဲ့ နှိုင်းနေစရာမလိုဘူးလို့တော့ ထင်မိတာပဲ။
Tele ကရော
Zoom အများဆုံးသုံးကြတာလူတွေအတွက်ရော။ တစ်ခုခုရဲ့အဝေးမှာရောက်နေပြီး နီးကပ်ချင်တာမျိုး ဒါမှမဟုတ် အသေးစိတ်မြင်ချင်တာမျိုးအတွက်ပေါ့။ ဖျော်ဖြေပွဲတွေ၊ အားကစားပွဲတွေကို စဉ်းစားမိတယ်။ Zoom ဆိုတာ လိုချင်တဲ့အပိုင်းကိုပဲ မြင်သာအောင်ဖြတ်တောက်တဲ့ပညာရပ်မဟုတ်လား။ Zoom ဟာ focus ကိုပဲအသားပေးတယ်။ လိုချင်တဲ့နေရာကိုပဲ focus ထားလိုက်တယ်။
ကျွန်တော့သမီးနှစ်ယောက်က ဘောလုံး၊ ဘောလီဘော၊ ပီယာနို၊ ကျောင်းပြဇာတ်တွေနဲ့ အမြဲတမ်းအလုပ်ရှုပ်နေတတ်တယ်။ အဲဒီလိုအချိန်မှာဆိုရင်တော့ ကျွန်တော့သမီးနှစ်ယောက်ပါတဲ့နေရာကို ရိုက်ကူးဖို့အတွက် zoom လိုအပ်လာပြီ။
စမတ်ဖုန်းအများစုမှာရနေတဲ့ zoom or telephoto ကင်မရာက ကျွန်တော့လိုအပ်ချက်အတွက် တကယ်ပဲအထောက်အကူပြုရဲ့လား။ စာဖတ်သူက တစ်ယောက်ယောက်ရဲ့ မျက်နှာအမူအယာ ဒါမှမဟုတ် ရိုက်ချက်တစ်ခုမှာပါဝင်နေတဲ့ အကျည်းတန်အဆောက်အဦးကို ဖယ်ချင်တယ်ဆိုရင်တော့ zooming က လုပ်ပေးနိုင်ပါတယ်။
Optical zoom ဆိုတာ glass ပေါ်မှာ မူတည်နေတာပါ။ digital ပိုင်းနဲ့ လှည့်စားချက်တွေမပါဝင်ပါဘူး။ ဖုန်းအများစုမှာက telephoto ဟာ 2x lens ပါဝင်တဲ့အတွက်ကြောင့် subject ကို နှစ်ဆကြီးသွားစေတာပါ။ Huawei P30 Pro လိုဖုန်းတွေမှာတော့ 3x optical zoom အထိ ရနေပါပြီ။
close-up ဖြစ်ချင်တယ်ဆိုရင်တော့ စာဖတ်သူလိုအပ်နေတာက telephoto ဖြစ်ပါတယ်။
စာဖတ်သူလိုအပ်နေတာ ဘာများဖြစ်မလဲ
အဖြေကတော့ နှစ်ခုလုံးပါပဲ။ ကျွန်တော်တို့ နှစ်ခုလုံးလိုအပ်နေတာပါ။ Wide-angle နဲ့ telephoto lenses တို့မှာ အားသာချက်တွေ၊ အားနည်းချက်တွေရှိပါတယ်။ တစ်ခုနဲ့တစ်ခုရဲ့ အသုံးဝင်ပုံကလည်း မတူညီကြပါဘူး။
အဲဒီမှာ စတွေ့တာပဲ။
Google က Apple, Huawei, LG, OnePlus, Samsung နဲ့ Sony တို့လမ်းကနေ ခွဲထွက်လိုက်ပြီးတော့ ကျွန်တော်တို့ကို wide-angle ထက် telephoto ကို ရွေးခိုင်းနေပါတယ်။ အခြားပြိုင်ဘက်တွေက နှစ်ခုလုံးထည့်သွင်းပေးထားချိန်မှာ သူက ဒီလိုတွေ လုပ်လိုက်တာပါ။ ဒီနေ့ခေတ်မှာ standard, wide နဲ့ tele တို့ကို အများအပြားရနေတာဆိုတော့ စိုးရိမ်စရာမလိုဘဲ ရိုက်ကူးချင်တာနဲ့ ရိုက်ကူးခွင့်ရနေတဲ့အချိန်မှာ ထလုပ်လိုက်တာပါ။
ဒီနှစ်မတိုင်ခင်အထိ Google က Pixel ဖုန်းတွေကို ကင်မရာတစ်လုံးပဲ ထည့်သွင်းပေးခဲ့ပါတယ်။ အခုလည်း ကင်မရာနှစ်လုံးထည့်သွင်းပေးရမယ့်အချိန်မှာ tele တစ်ခုတည်းထည့်သွင်းလိုက်ခြင်းက မှားယွင်းတဲ့ရွေးချယ်မှုလို့ ကျွန်တော်မြင်ပါတယ်။
ဒါဟာ Pixel 4 ရဲ့ ကင်မရာအရည်အသွေးကို သုံးသပ်ပြောဆိုခြင်းမဟုတ်ပါဘူး။ ဒါပေမယ့်လည်း creative photography သမားတစ်ယောက်အနေနဲ့ ပြိုင်ဘက်ဖုန်းတွေကိုသာရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ Pixel 4 ကတော့ creative tool အနေနဲ့ အသုံးပြုနိုင်မှာ မဟုတ်လို့ပါပဲ။

Zawgyi Version

Wide လား tele လား။ ခက္ခဲတဲ့ေမးခြန္းပါလားေနာ္။ Wide-angle စမတ္ဖုန္းကင္မရာေတြက ႐ိုက္ကူးရတာေပ်ာ္ဖို႔ေကာင္းတယ္။ telephoto စမတ္ဖုန္းကင္မရာေတြကလည္း အသုံးဝင္ေနတာဆိုေတာ့ ေ႐ြးရမွာလမ္းေတြေပ်ာက္ေနပါၿပီ။ မရေတာ့ဘူး တစ္ခုပဲေ႐ြးရမယ္ဆိုရင္ေရာ စာဖတ္သူတို႔ဘာေ႐ြးၾကမလဲ။
Google က ၿပီးခဲ့တဲ့အပတ္မွာ Google Pixel 4 နဲ႔ Pixel 4 XL ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဲဒီမွာ သုံးစြဲသူေတြေမွ်ာ္လင့္မထားတဲ့ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။ Pixel 4 series ေတြဟာ အေနာက္ဘက္မွာ ဒုတိယကင္မရာတပ္ဆင္ထားတဲ့ ပထမဆုံး Pixel ျဖစ္ပါတယ္။ standard စမတ္ဖုန္းကင္မရာအျပင္ Googleက Pixel 4အတြက္ wide-angle မသုံးထားဘဲ 2x optical telephoto ကင္မရာကို အသုံးျပဳေပးထားပါတယ္။ ဒါေၾကာင့္ လူအေတာ္မ်ားမ်ားအတြက္ ေဆြးေႏြးရမယ့္အခ်က္တစ္ခုအျဖစ္ ေပၚေပါက္လာခဲ့တာပါ။
Google ဘာေတြလုပ္လိုက္တာလဲဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။ Google ရဲ႕ ကင္မရာဂု႐ုႀကီးျဖစ္တဲ့ Marc Levoy ကေတာ့ wide-angle ကင္မရာေတြဟာ creative photography လိုင္းကိုသြားေပမယ့္လည္း သူကေတာ့ telephoto ကင္မရာေတြက ပိုေကာင္းႏိုင္တယ္လို႔ဆိုပါတယ္။
ဒါကို လူတိုင္းကလက္ခံထားတာမဟုတ္ပါဘူး။ ေဆြးေႏြးၾကည့္ရေအာင္။
ဘာလို႔ wide ျဖစ္သင့္တာလဲ
ပုံမွန္အရ wide-angle ကင္မရာေတြဟာ ျမင္ကြင္းတစ္ခုလုံး ဒါမွမဟုတ္ ဆက္တင္တစ္ခုလုံးကို ဖမ္းယူႏိုင္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ အခန္းတစ္ခုရဲ႕တစိတ္တပိုင္း ဒါမွမဟုတ္ ေနရာတစ္ခုေလာက္သာ႐ိုက္ကူးတာမဟုတ္ဘဲ wide-angleေကာင္းေကာင္းဟာ ပုံရိပ္တစ္ခုလုံးကို ဖမ္းယူဖို႔ တာဝန္ယူပါတယ္။ တခါတရံမွာ ဒါကပဲအေရးပါတဲ့အခ်က္ျဖစ္လာပါတယ္။ အေသးစိတ္ကိုဖမ္းယူေပးတာမဟုတ္ဘဲ အရာတိုင္းကို စေကးက်က်ဖမ္းယူေပးတာမို႔ပါ။
လြန္ခဲ့တဲ့ဆယ္စုႏွစ္အၾကာက ကြၽန္ေတာ္ဟာ wide-angle photography ကို ပထမဆုံးေလ့လာျဖစ္ခဲ့ခ်ိန္မွာ သတိထားမိတာက 35mm နဲ႔ 50mm lenses ေတြဟာ နယူးေယာက္ၿမိဳ႕မွာ ကြၽန္ေတာ္လိုခ်င္တဲ့ဓါတ္ပုံအမ်ိဳးအစားေတြကို ႐ိုက္ကူးေပးႏိုင္ေလာက္ေအာင္ wide မျဖစ္ပါဘူး။ 20mm lens ကို သုံးၾကည့္မွပဲ ေႂကြသြားခဲ့တာပါ။ ေပ၁၀၀၀ ရွိတဲ့မိုးေမွ်ာ္တိုက္ေတြကို ႐ိုက္ကူးမယ့္ cityscapes ႐ိုက္ခ်က္ေတြကိုေျပာေနျခင္းျဖစ္ပါတယ္။
Wide ဆိုတာလည္း အေရးပါတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ စမတ္ဖုန္းကင္မရာရဲ႕ “standard” lens ကေတာ့ 26mm range ရွိေနပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြကို မိသားစုပုံေတြ၊ အုပ္စုလိုက္ပုံေတြ ႐ိုက္ကူးတဲ့အခါမွာ ေနာက္ကိုအမ်ားႀကီးဆုတ္ေနစရာမလိုေတာ့တာေပါ့။ တခ်ိဳ႕ေနရာေလးေတြမွာေတာ့ နည္းနည္းက်ပ္ေနတတ္ပါတယ္။ ဟုတ္ပါတယ္။ standard lensနဲ႔႐ိုက္ရင္ လူတိုင္းမဆံ့တဲ့ျဖစ္ရပ္ေလးေတြလည္း ရွိေနပါတယ္။
LG G6 ဆိုရင္ wide-angleကိုပဲ အသုံးျပဳဖို႔ တစ္ခ်ိန္လုံးစဥ္းစားေနမိခဲ့တပါ။ LG ဆီကေန LG G6 review unit ရခဲ့တာကေတာ့ ဘာစီလိုနာမွာက်င္းပတဲ့ Mobile World Congress တက္ေရာက္ေနတုန္းမွာပါ။ ဘာစီလိုနာက လမ္းက်ဥ္းေလးေတြနဲ႔ေလ။ wide-angle ကင္မရာသုံးမွပဲ ဘာစီလိုနာရဲ႕ Gothic ကို ကြၽန္ေတာ္ဖမ္းယူႏိုင္မွာပါ။
အဲဒီကတည္းကစၿပီးေတာ့ standard ကင္မရာထက္ wide-angle ေပးတဲ့ဖုန္းေတြကိုပဲ ကြၽန္ေတာ္အသုံးျပဳျဖစ္ခဲ့ပါတယ္။ wide shot ႐ိုက္မယ္ဆိုရင္ေတာ့ standard ဒါမွမဟုတ္ zoom shot ေတြနဲ႔ ႏႈိင္းေနစရာမလိုဘူးလို႔ေတာ့ ထင္မိတာပဲ။
Tele ကေရာ
Zoom အမ်ားဆုံးသုံးၾကတာလူေတြအတြက္ေရာ။ တစ္ခုခုရဲ႕အေဝးမွာေရာက္ေနၿပီး နီးကပ္ခ်င္တာမ်ိဳး ဒါမွမဟုတ္ အေသးစိတ္ျမင္ခ်င္တာမ်ိဳးအတြက္ေပါ့။ ေဖ်ာ္ေျဖပြဲေတြ၊ အားကစားပြဲေတြကို စဥ္းစားမိတယ္။ Zoom ဆိုတာ လိုခ်င္တဲ့အပိုင္းကိုပဲ ျမင္သာေအာင္ျဖတ္ေတာက္တဲ့ပညာရပ္မဟုတ္လား။ Zoom ဟာ focus ကိုပဲအသားေပးတယ္။ လိုခ်င္တဲ့ေနရာကိုပဲ focus ထားလိုက္တယ္။
ကြၽန္ေတာ့သမီးႏွစ္ေယာက္က ေဘာလုံး၊ ေဘာလီေဘာ၊ ပီယာႏို၊ ေက်ာင္းျပဇာတ္ေတြနဲ႔ အၿမဲတမ္းအလုပ္ရႈပ္ေနတတ္တယ္။ အဲဒီလိုအခ်ိန္မွာဆိုရင္ေတာ့ ကြၽန္ေတာ့သမီးႏွစ္ေယာက္ပါတဲ့ေနရာကို ႐ိုက္ကူးဖို႔အတြက္ zoom လိုအပ္လာၿပီ။
စမတ္ဖုန္းအမ်ားစုမွာရေနတဲ့ zoom or telephoto ကင္မရာက ကြၽန္ေတာ့လိုအပ္ခ်က္အတြက္ တကယ္ပဲအေထာက္အကူျပဳရဲ႕လား။ စာဖတ္သူက တစ္ေယာက္ေယာက္ရဲ႕ မ်က္ႏွာအမူအယာ ဒါမွမဟုတ္ ႐ိုက္ခ်က္တစ္ခုမွာပါဝင္ေနတဲ့ အက်ည္းတန္အေဆာက္အဦးကို ဖယ္ခ်င္တယ္ဆိုရင္ေတာ့ zooming က လုပ္ေပးႏိုင္ပါတယ္။
Optical zoom ဆိုတာ glass ေပၚမွာ မူတည္ေနတာပါ။ digital ပိုင္းနဲ႔ လွည့္စားခ်က္ေတြမပါဝင္ပါဘူး။ ဖုန္းအမ်ားစုမွာက telephoto ဟာ 2x lens ပါဝင္တဲ့အတြက္ေၾကာင့္ subject ကို ႏွစ္ဆႀကီးသြားေစတာပါ။ Huawei P30 Pro လိုဖုန္းေတြမွာေတာ့ 3x optical zoom အထိ ရေနပါၿပီ။
close-up ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ စာဖတ္သူလိုအပ္ေနတာက telephoto ျဖစ္ပါတယ္။
စာဖတ္သူလိုအပ္ေနတာ ဘာမ်ားျဖစ္မလဲ
အေျဖကေတာ့ ႏွစ္ခုလုံးပါပဲ။ ကြၽန္ေတာ္တို႔ ႏွစ္ခုလုံးလိုအပ္ေနတာပါ။ Wide-angle နဲ႔ telephoto lenses တို႔မွာ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြရွိပါတယ္။ တစ္ခုနဲ႔တစ္ခုရဲ႕ အသုံးဝင္ပုံကလည္း မတူညီၾကပါဘူး။
အဲဒီမွာ စေတြ႕တာပဲ။
Google က Apple, Huawei, LG, OnePlus, Samsung နဲ႔ Sony တို႔လမ္းကေန ခြဲထြက္လိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို wide-angle ထက္ telephoto ကို ေ႐ြးခိုင္းေနပါတယ္။ အျခားၿပိဳင္ဘက္ေတြက ႏွစ္ခုလုံးထည့္သြင္းေပးထားခ်ိန္မွာ သူက ဒီလိုေတြ လုပ္လိုက္တာပါ။ ဒီေန႔ေခတ္မွာ standard, wide နဲ႔ tele တို႔ကို အမ်ားအျပားရေနတာဆိုေတာ့ စိုးရိမ္စရာမလိုဘဲ ႐ိုက္ကူးခ်င္တာနဲ႔ ႐ိုက္ကူးခြင့္ရေနတဲ့အခ်ိန္မွာ ထလုပ္လိုက္တာပါ။
ဒီႏွစ္မတိုင္ခင္အထိ Google က Pixel ဖုန္းေတြကို ကင္မရာတစ္လုံးပဲ ထည့္သြင္းေပးခဲ့ပါတယ္။ အခုလည္း ကင္မရာႏွစ္လုံးထည့္သြင္းေပးရမယ့္အခ်ိန္မွာ tele တစ္ခုတည္းထည့္သြင္းလိုက္ျခင္းက မွားယြင္းတဲ့ေ႐ြးခ်ယ္မႈလို႔ ကြၽန္ေတာ္ျမင္ပါတယ္။
ဒါဟာ Pixel 4 ရဲ႕ ကင္မရာအရည္အေသြးကို သုံးသပ္ေျပာဆိုျခင္းမဟုတ္ပါဘူး။ ဒါေပမယ့္လည္း creative photography သမားတစ္ေယာက္အေနနဲ႔ ၿပိဳင္ဘက္ဖုန္းေတြကိုသာေ႐ြးခ်ယ္သင့္တယ္လို႔ အႀကံျပဳခ်င္ပါတယ္။ Pixel 4 ကေတာ့ creative tool အေနနဲ႔ အသုံးျပဳႏိုင္မွာ မဟုတ္လို႔ပါပဲ။

Ref : Android Authority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.