iPhone XR ရဲ့ ‘Make in India’ အလုံးတွေ လက်လီဆိုင်တွေပေါ်မှာ တွေ့မြင်နိုင်ပြီ

0
348

Unicode Version

‘Make in India’ iPhone XR ပထမအသုတ်တွေကတော့ လက်လီစတိုးတွေပေါ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ Apple ဟာ iPhone အဟောင်းတွေကို အိန္ဒိယမှာထုတ်လုပ်ခဲ့တာ အခုဆိုရင် နှစ်နှစ်ကျော်ခဲ့ပါပြီ။ iPhone XR ကတော့ ဖုန်းအသစ်ဖြစ်တဲ့အပြင် ဘတ်ဂျက်ကိုအရမ်းစဉ်းစားတဲ့နိုင်ငံတွေမှာ လူကြိုက်များနေတဲ့ဖုန်းတစ်လုံးလည်း ဖြစ်နေပါတယ်။
အရင်တုန်းကတော့ iPhone 6s, iPhone 7 တို့လို ဖုန်းမော်ဒယ်လ်အဟောင်းတွေကိုသာ ထုတ်လုပ်ခဲ့ပါတယ်။ iPhone 8, iPhone X နဲ့ ဖုန်းမော်ဒယ်လ်အသစ်တွေကိုတော့ တရုတ်မှာပဲ တပ်ဆင်တာဖြစ်ပါတယ်။
အိန္ဒိယမှာ iPhone ထုတ်လုပ်နေမှုကိုတိုးချဲ့ဖို့အတွက် supply-chain ပါတနာတွေနဲ့လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေအများအပြား ထွက်ရှိခဲ့ပါသေးတယ်။ ဒါဟာ တရုတ်နဲ့ယူအက်စ်အကြားက ကုန်သွယ်ရေးစစ်ပွဲကြောင့်ဆိုရင်လည်း မှန်ပါတယ်။ မနှစ်ကတုန်းက iPhone XR ကို မိတ်ဆက်ခဲ့ပြီး စျေးနှုန်းဟာ မတန်တဆဖြစ်နေတဲ့အတွက်ကြောင့် အိန္ဒိယမှာ ရောင်းအားကျဆင်းခဲ့ပါတယ်။ ထွက်ရှိပြီးလအနည်းငယ်အကြာမှာတော့ Apple ဟာ $1000 (Rs 65,000) အထိ လျှော့ချပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ iPhone XR ရဲ့ ရောင်းအားတွေက ကောင်းမွန်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက Apple ဟာ iPhone XR တွေကို တင်သွင်းနေရတာဖြစ်တဲ့အတွက်ကြောင့် တာဝန်အပိုတွေ၊ အခွန်အခတွေကို ပေးဆောင်ခဲ့ရတာမို့ အမြတ်အစွန်းကို ရသင့်သလောက် မရခဲ့ပါဘူး။


အခုဆိုရင်တော့ iPhone XR ကို ပြည်တွင်းမှာထုတ်လုပ်နေတာဖြစ်လို့ အခွန်အခတွေလည်း မရှိတော့ပါဘူး။ iPhone 11 ကို ကြေညာအပြီးမှာတော့ iPhone XR ကို စျေးသက်သာတဲ့ဖုန်းတစ်လုံးအဖြစ်မြင်သာအောင် Rs 44,990 နဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။
iPhone 11 Pro နဲ့ iPhone 11 Pro Max ကတော့ တင်သွင်းရဦးမှာဖြစ်လို့ အခွန်အခတွေလည်း ကြီးမြင့်ဦးမှာပါ။ ဒါကြောင့် iPhone 11 Pro ကို အိန္ဒိယမှာ $1,450 (Rs 99,900) ပေါက်စျေးရှိတာလည်း အံ့ဩစရာတော့ မဟုတ်ပြန်ပါဘူး။
တကယ်လို့များ ကျွန်တော်တို့ဆီမှာလည်း ထုတ်လုပ်မယ်ဆိုရင် စျေးတွေအတော်လေး သက်သာမှာပဲ။

Zawgyi Version

‘Make in India’ iPhone XR ပထမအသုတ္ေတြကေတာ့ လက္လီစတိုးေတြေပၚကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။ Apple ဟာ iPhone အေဟာင္းေတြကို အိႏၵိယမွာထုတ္လုပ္ခဲ့တာ အခုဆိုရင္ ႏွစ္ႏွစ္ေက်ာ္ခဲ့ပါၿပီ။ iPhone XR ကေတာ့ ဖုန္းအသစ္ျဖစ္တဲ့အျပင္ ဘတ္ဂ်က္ကိုအရမ္းစဥ္းစားတဲ့ႏိုင္ငံေတြမွာ လူႀကိဳက္မ်ားေနတဲ့ဖုန္းတစ္လုံးလည္း ျဖစ္ေနပါတယ္။
အရင္တုန္းကေတာ့ iPhone 6s, iPhone 7 တို႔လို ဖုန္းေမာ္ဒယ္လ္အေဟာင္းေတြကိုသာ ထုတ္လုပ္ခဲ့ပါတယ္။ iPhone 8, iPhone X နဲ႔ ဖုန္းေမာ္ဒယ္လ္အသစ္ေတြကိုေတာ့ တ႐ုတ္မွာပဲ တပ္ဆင္တာျဖစ္ပါတယ္။
အိႏၵိယမွာ iPhone ထုတ္လုပ္ေနမႈကိုတိုးခ်ဲ႕ဖို႔အတြက္ supply-chain ပါတနာေတြနဲ႔လုပ္ေဆာင္ေနတယ္လို႔လည္း သတင္းေတြအမ်ားအျပား ထြက္ရွိခဲ့ပါေသးတယ္။ ဒါဟာ တ႐ုတ္နဲ႔ယူအက္စ္အၾကားက ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ဆိုရင္လည္း မွန္ပါတယ္။ မႏွစ္ကတုန္းက iPhone XR ကို မိတ္ဆက္ခဲ့ၿပီး ေစ်းႏႈန္းဟာ မတန္တဆျဖစ္ေနတဲ့အတြက္ေၾကာင့္ အိႏၵိယမွာ ေရာင္းအားက်ဆင္းခဲ့ပါတယ္။ ထြက္ရွိၿပီးလအနည္းငယ္အၾကာမွာေတာ့ Apple ဟာ $1000 (Rs 65,000) အထိ ေလွ်ာ့ခ်ေပးလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ iPhone XR ရဲ႕ ေရာင္းအားေတြက ေကာင္းမြန္လာခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက Apple ဟာ iPhone XR ေတြကို တင္သြင္းေနရတာျဖစ္တဲ့အတြက္ေၾကာင့္ တာဝန္အပိုေတြ၊ အခြန္အခေတြကို ေပးေဆာင္ခဲ့ရတာမို႔ အျမတ္အစြန္းကို ရသင့္သေလာက္ မရခဲ့ပါဘူး။


အခုဆိုရင္ေတာ့ iPhone XR ကို ျပည္တြင္းမွာထုတ္လုပ္ေနတာျဖစ္လို႔ အခြန္အခေတြလည္း မရွိေတာ့ပါဘူး။ iPhone 11 ကို ေၾကညာအၿပီးမွာေတာ့ iPhone XR ကို ေစ်းသက္သာတဲ့ဖုန္းတစ္လုံးအျဖစ္ျမင္သာေအာင္ Rs 44,990 နဲ႔ ေရာင္းခ်ေပးေနၿပီျဖစ္ပါတယ္။
iPhone 11 Pro နဲ႔ iPhone 11 Pro Max ကေတာ့ တင္သြင္းရဦးမွာျဖစ္လို႔ အခြန္အခေတြလည္း ႀကီးျမင့္ဦးမွာပါ။ ဒါေၾကာင့္ iPhone 11 Pro ကို အိႏၵိယမွာ $1,450 (Rs 99,900) ေပါက္ေစ်းရွိတာလည္း အံ့ဩစရာေတာ့ မဟုတ္ျပန္ပါဘူး။
တကယ္လို႔မ်ား ကြၽန္ေတာ္တို႔ဆီမွာလည္း ထုတ္လုပ္မယ္ဆိုရင္ ေစ်းေတြအေတာ္ေလး သက္သာမွာပဲ။

Ref : iphonehacks

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.