Huawei Mate X ကို နိုဝင်ဘာ၁၅ရက်နေ့မှာ ဝယ်ယူနိုင်တော့မည်

0
379

Unicode Version

Huawei ရဲ့ နှောင့်နှေးနေတဲ့ ခေါက်ချိုးဖုန်းဖြစ်တဲ့ Mate X လေးကတော့ နောက်လမှာ စတင်ရောင်းချတော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ပွဲအခမ်းအနားတစ်ခုမှာ ဒီသတင်းကိုထုတ်ပြန်ခဲ့တာကို သတင်းထောက် Sina Digital က ပြောပါတယ်။
Mate X ဟာ Huawei ရဲ့ Kirin 980 processor ၊ Barong 5000 modem ၊ dual-cell 4,500mAh ဘတ်ထရီ ၊ 55W fast charging အသုံးပြုထားလို့ နာရီဝက်အားသွင်းလိုက်ရင် ၈၅%ပြည့်စေနိုင်ခြင်းတို့ ပေါင်းစပ်ထားတဲ့ 5G ဖုန်းတစ်လုံးဖြစ်ပါတယ်။ ခေါက်မထားဘူးဆိုရင် မျက်နှာပြင်က ၈လက်မရှိပြီးတော့ ခေါက်လိုက်တဲ့အခါမှာ ၆.၆လက်မအရှေ့မျက်နှာပြင်၊ ၆.၃၈လက်မ အနောက်မျက်နှာပြင်ရှိမှာလို့ သိရပါတယ်။
Samsung ရဲ့ Galaxy Fold ကတော့ စာအုပ်ပုံစံလေးပွင့်တာဖြစ်ပေမယ့်လည်း Mate X ကတော့ အပြင်ဘက်ကို ခေါက်တာဖြစ်ပါတယ်။ ဒါလေးက Galaxy Fold ထက် သမားရိုးကျဖုန်းတစ်လုံးသုံးနေရသလို ခံစားမှုကိုတော့ အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ပလတ်စတစ်အုပ်ထားတဲ့မျက်နှာပြင်ကတော့ ကြံ့ခိုင်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ပါ။
Mate X လေးဟာ စျေးသက်သာမှာမဟုတ်ကြောင်း ကျွန်တော်တို့ ခန့်မှန်းပြီးသားပါ။ တရုတ်နိုင်ငံကို နိုဝင်ဘာ၁၅ရက်နေ့မှာ 16,999 yuanနဲ့ ဖြန့်ချိမှာဆိုတော့ ဒေါ်လာ၂၄၀၀ ဖြစ်ပါလိမ့်မယ်။ 8GB RAM နဲ့ 512GB storage မော်ဒယ်လ်ရနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာအတွက်ကိုတော့ အခုလိုပဲ ပြောပြထားပါတယ်။
ကျွန်တော်တို့နည်းဗျူဟာက ဒေသအသီးသီးရဲ့ carriers တွေ 5G ထွက်ရှိမှုအပေါ် မူတည်ထားပါတယ်။ ဒါကြောင့် Huawei Mate X ကို တရုတ်စျေးကွက်မှာ နိုဝင်ဘာ၁၅ရက်နေ့ကစပြီး ရရှိမှာပါ။ တစ်ကမာ္ဘလုံးအတွက်ကတော့ စဉ်းစားနေဆဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ၂၀၁၉ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၀၀မီလျံ ဖြန့်ဖြူးပြီးကြောင်းကိုလည်း ကြေညာသွားခဲ့ပါတယ်။ မနှစ်ကထက် ၆၄ရက်စောပြီးတော့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ခံနိုင်ရည်စွမ်းအားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပါတယ်။

Zawgyi Version

Huawei ရဲ႕ ေႏွာင့္ေႏွးေနတဲ့ ေခါက္ခ်ိဳးဖုန္းျဖစ္တဲ့ Mate X ေလးကေတာ့ ေနာက္လမွာ စတင္ေရာင္းခ်ေတာ့မွာပဲ ျဖစ္ပါတယ္။ ဒီကေန႔က်င္းပတဲ့ပြဲအခမ္းအနားတစ္ခုမွာ ဒီသတင္းကိုထုတ္ျပန္ခဲ့တာကို သတင္းေထာက္ Sina Digital က ေျပာပါတယ္။
Mate X ဟာ Huawei ရဲ႕ Kirin 980 processor ၊ Barong 5000 modem ၊ dual-cell 4,500mAh ဘတ္ထရီ ၊ 55W fast charging အသုံးျပဳထားလို႔ နာရီဝက္အားသြင္းလိုက္ရင္ ၈၅%ျပည့္ေစႏိုင္ျခင္းတို႔ ေပါင္းစပ္ထားတဲ့ 5G ဖုန္းတစ္လုံးျဖစ္ပါတယ္။ ေခါက္မထားဘူးဆိုရင္ မ်က္ႏွာျပင္က ၈လက္မရွိၿပီးေတာ့ ေခါက္လိုက္တဲ့အခါမွာ ၆.၆လက္မအေရွ႕မ်က္ႏွာျပင္၊ ၆.၃၈လက္မ အေနာက္မ်က္ႏွာျပင္ရွိမွာလို႔ သိရပါတယ္။
Samsung ရဲ႕ Galaxy Fold ကေတာ့ စာအုပ္ပုံစံေလးပြင့္တာျဖစ္ေပမယ့္လည္း Mate X ကေတာ့ အျပင္ဘက္ကို ေခါက္တာျဖစ္ပါတယ္။ ဒါေလးက Galaxy Fold ထက္ သမား႐ိုးက်ဖုန္းတစ္လုံးသုံးေနရသလို ခံစားမႈကိုေတာ့ အျပည့္အ၀ေပးစြမ္းႏိုင္ပါတယ္။ ဒါေပမယ့္လည္း ပလတ္စတစ္အုပ္ထားတဲ့မ်က္ႏွာျပင္ကေတာ့ ႀကံ့ခိုင္မႈအတြက္ စိန္ေခၚမႈတစ္ရပ္ပါ။
Mate X ေလးဟာ ေစ်းသက္သာမွာမဟုတ္ေၾကာင္း ကြၽန္ေတာ္တို႔ ခန႔္မွန္းၿပီးသားပါ။ တ႐ုတ္ႏိုင္ငံကို ႏိုဝင္ဘာ၁၅ရက္ေန႔မွာ 16,999 yuanနဲ႔ ျဖန႔္ခ်ိမွာဆိုေတာ့ ေဒၚလာ၂၄၀၀ ျဖစ္ပါလိမ့္မယ္။ 8GB RAM နဲ႔ 512GB storage ေမာ္ဒယ္လ္ရႏိုင္မွာ ျဖစ္ပါတယ္။
ႏိုင္ငံတကာအတြက္ကိုေတာ့ အခုလိုပဲ ေျပာျပထားပါတယ္။
ကြၽန္ေတာ္တို႔နည္းဗ်ဴဟာက ေဒသအသီးသီးရဲ႕ carriers ေတြ 5G ထြက္ရွိမႈအေပၚ မူတည္ထားပါတယ္။ ဒါေၾကာင့္ Huawei Mate X ကို တ႐ုတ္ေစ်းကြက္မွာ ႏိုဝင္ဘာ၁၅ရက္ေန႔ကစၿပီး ရရွိမွာပါ။ တစ္ကမာၻလုံးအတြက္ကေတာ့ စဥ္းစားေနဆဲျဖစ္ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ၂၀၁၉ခုႏွစ္အတြင္း စမတ္ဖုန္းအလုံးေရ ၂၀၀မီလ်ံ ျဖန႔္ျဖဴးၿပီးေၾကာင္းကိုလည္း ေၾကညာသြားခဲ့ပါတယ္။ မႏွစ္ကထက္ ၆၄ရက္ေစာၿပီးေတာ့ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ သူတို႔ရဲ႕ ခံႏိုင္ရည္စြမ္းအားကို ထုတ္ေဖာ္ျပသလိုက္ျခင္းျဖစ္ပါတယ္။

Ref : The Verge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.