Google Pixel 4XL နဲ့ iPhone 11 Pro Max တို့ရဲ့ကင်မရာကို နှိုင်းယှဉ်ကြည့်တဲ့အခါ

0
529

Unicode Version

ပြီးခဲ့တဲ့အပတ်တုန်းက Pixel 4 နဲ့ Pixel 4XLဆိုတဲ့ flagship စမတ်ဖုန်းနှစ်လုံးကို Google က မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းနှစ်လုံးကတော့ iPhone 11 နဲ့ iPhone 11 Pro ကိုယှဉ်ဖို့ဆိုတာ ကျွန်တော်တို့အားလုံးအသိပါပဲ။ iPhone 11 နဲ့ iPhone 11 Pro ကတော့ စက်တင်ဘာလတုန်းက ထွက်ရှိထားခဲ့တဲ့ Apple ရဲ့ နောက်ဆုံးထွက်ဖုန်းတွေဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့နောက်ဆုံးတင်ထားတဲ့ YouTube ဗွီဒီယိုလေးထဲမှာ Pixel 4XL နဲ့ iPhone 11 Pro Max တို့ရဲ့ကင်မရာကို ယှဉ်ပြီးတော့ စမ်းသပ်ပြသထားတာကို မြင်တွေ့ရမှာပါ။


Pixel 4XL နဲ့ iPhone 11 Pro နှစ်ခုလုံးမှာ မက်မောစရာကင်မရာတွေပိုင်ဆိုင်ထားကြပါတယ်။ အနောက်ကင်မရာနဲ့ standard ရိုက်ချက်တွေမှာတော့ အရည်အသွေးပိုင်းမှာ ခြားနားချက်လေးတွေရှိနေပါတယ်။ စမတ်ဖုန်းနှစ်လုံးစလုံးဟာ ကောင်းမွန်တဲ့ပုံရိပ်တွေကို ထုတ်ပေးနိုင်ပေမယ့်လည်း iPhone 11 Pro Max ကတော့ cooler tone ဖြစ်ပြီး Pixel 4XL ကတော့ warmer overall tone ဖြစ်ပါတယ်။


စမတ်ဖုန်းတစ်ခုချင်းစီဟာ highlights တွေ၊ shadows တွေကို ကောင်းမွန်စွာ ကစားထားကြပါတယ်။ ဒါပေမယ့် Pixel 4XL ကတော့ အဲဒီဆက်တင်တွေကို real time ပြင်ဆင်နိုင်မယ့် feature ပါဝင်နေပါတယ်။ iPhone မှာကတော့ ရိုက်ကူးပြီးမှသာ ပြင်ဆင်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ iPhone အသာစီးရတာကတော့ တတိယမြောက် ultra wide-angle ပါ။ Pixel 4XL မှာက ကင်မရာနှစ်လုံးပါဝင်တဲ့အတွက်ကြောင့် wide-angle နဲ့ telephoto lens ကိုသာ တွေ့မြင်ရမှာပါ။ ဒါကြောင့် iPhone 11 Pro Max ရဲ့ လုပ်ဆောင်ချက်ကို လိုက်မမီနိုင်တာရှင်းပါတယ်။


Google ဟာ Night Sight(iPhone ရဲ့ Night Mode နဲ့ တူညီ) ကို ပြီးခဲ့တဲ့နှစ်က ဖန်တီးခဲ့ပြီး ဒီနှစ်မှာလည်း စွဲမက်စရာဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ Night Sight နဲ့ Night Mode ဟာ အတော်လေးဆင်တူတဲ့အတွက် low-light ပုံရိပ်တွေအတွက် အနိုင်ရမယ့်သူကိုရွေးရတာ မလွယ်ကူပါဘူး။ iPhone 11 Pro Max ကတော့ natural ပိုဆန်တဲ့ဘက်ကိုရောက်ပြီး Pixel 4XL ကတော့ ပိုမိုပြတ်သား၊ vibrant ပိုဖြစ်တဲ့ဘက်ကို သွားထားတာပါ။


Portrait Mode ကို ယှဉ်ကြည့်တဲ့အခါမှာ Pixel 4XL ဟာ ရှင်းလင်းပြတ်သားတဲ့ပုံရိပ်တွေကို ထုတ်ပေးပြီးတော့ သူ့မှာ edge detection ကောင်းကောင်းပါဝင်နေပါတယ်။ ဒါပေမယ့်လည်း မပြည့်စုံသေးတာမို့ iPhone က အနိုင်ရသွားတဲ့အခါတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စမ်းထားတဲ့ပုံရိပ်အများစုမှာတော့ Portrait Mode မှာ Pixel 4XL က ပိုကောင်းပါတယ်။


အရှေ့ကင်မရာကို စမ်းကြည့်တဲ့အခါမှာ Pixel 4XL ရဲ့ wide-angle lens အသစ်ဟာ အနီးနားကပုံရိပ်တွေကို ဖမ်းယူရာမှာ ကောင်းမွန်သလို ကြည်တောက်ရှင်းပုံရိပ်တွေကို ရရှိပါတယ်။ အထူးသဖြင့် Portrait Mode မှာပါ။ iPhone ကင်မရာမှာလည်း wide-angle ပါဝင်ပေမယ့် Pixel 4XL ရဲ့ပုံရိပ်တွေဟာ warmer tone ရှိနေတယ်ဆိုသော်ငြား ပိုကောင်းတယ်လို့ မြင်မိပါတယ်။


Pixel 4XL ရဲ့ အရှေ့ကင်မရာအတွက် Night Sight ကိုလည်း စမ်းကြည့်ခဲ့ပါတယ်။ ဒါကတော့ iPhone 11 Pro Max ရဲ့ ဆယ်လ်ဖီထက် ပိုသာသွားစေတဲ့အချက်တစ်ခုလို့လည်း ဆိုရမှာပါ။
ဗွီဒီယိုအပိုင်းမှာတော့ iPhone 11 Pro Max က နိုင်သွားပါတယ်။ Google ဟာ ဗွီဒီယိုထက် ဓါတ်ပုံအရည်အသွေးကို ပိုဦးစားပေးထားပုံရပါတယ်။ အနောက်ရော၊ အရှေ့ကင်မရာတွေပါ အားနည်းနေတာကို မြင်ရပါတယ်။ Pixel 4XL ဟာ 4K video ထောက်ပံ့ပေးထားပေမယ့်လည်း 30 frames per second အများဆုံးပါ။ iPhone 11 Pro Max ကတော့ 60 frames per second အထိ ရနေပါတယ်။ stabilization ကတော့ နှစ်ခုလုံးမှာ ကောင်းမွန်တယ်ဆိုပေမယ့်လည်း color profile ပိုင်းမှာတော့ iPhone 11 Pro က ပိုကောင်းတယ်လို့ ခံစားမိစေမှာပါ။


ခြုံပြောရမယ်ဆိုရင်တော့ စမတ်ဖုန်းနှစ်ခုလုံးဟာ အရည်အသွေးမြင့်ကင်မရာတွေသုံးထားပြီးတော့ စွဲမက်ဖွယ်ပုံရိပ်တွေကို ထုတ်ပေးနိုင်တာဆိုတော့ အနိုင်ပေးဖို့အတွက် ဆုံးဖြတ်ရတာ ခက်ခဲနေတာအမှန်ပါပဲ။ Preference လို့ခေါ်တဲ့ စိတ်ကြိုက်အချက်အလက်တွေအပေါ်ပဲ ကျွန်တော်တို့ပုံချရတော့မှာပါ။ platform ၊ color profile တို့လိုအချက်အလက်တွေနဲ့သာ စာဖတ်သူတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတော့မှာပါ။
ဒီတော့ ဘယ်စမတ်ဖုန်းကင်မရာကို ပိုသဘောကျပါသလဲ။ iPhone 11 Pro Max လား Pixel 4XL လား။ ဖြေပေးခဲ့ကြပါဦး။

Zawgyi Version

ၿပီးခဲ့တဲ့အပတ္တုန္းက Pixel 4 နဲ႔ Pixel 4XLဆိုတဲ့ flagship စမတ္ဖုန္းႏွစ္လုံးကို Google က မိတ္ဆက္ခဲ့ပါတယ္။ အဲဒီဖုန္းႏွစ္လုံးကေတာ့ iPhone 11 နဲ႔ iPhone 11 Pro ကိုယွဥ္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အားလုံးအသိပါပဲ။ iPhone 11 နဲ႔ iPhone 11 Pro ကေတာ့ စက္တင္ဘာလတုန္းက ထြက္ရွိထားခဲ့တဲ့ Apple ရဲ႕ ေနာက္ဆုံးထြက္ဖုန္းေတြျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ေနာက္ဆုံးတင္ထားတဲ့ YouTube ဗြီဒီယိုေလးထဲမွာ Pixel 4XL နဲ႔ iPhone 11 Pro Max တို႔ရဲ႕ကင္မရာကို ယွဥ္ၿပီးေတာ့ စမ္းသပ္ျပသထားတာကို ျမင္ေတြ႕ရမွာပါ။


Pixel 4XL နဲ႔ iPhone 11 Pro ႏွစ္ခုလုံးမွာ မက္ေမာစရာကင္မရာေတြပိုင္ဆိုင္ထားၾကပါတယ္။ အေနာက္ကင္မရာနဲ႔ standard ႐ိုက္ခ်က္ေတြမွာေတာ့ အရည္အေသြးပိုင္းမွာ ျခားနားခ်က္ေလးေတြရွိေနပါတယ္။ စမတ္ဖုန္းႏွစ္လုံးစလုံးဟာ ေကာင္းမြန္တဲ့ပုံရိပ္ေတြကို ထုတ္ေပးႏိုင္ေပမယ့္လည္း iPhone 11 Pro Max ကေတာ့ cooler tone ျဖစ္ၿပီး Pixel 4XL ကေတာ့ warmer overall tone ျဖစ္ပါတယ္။


စမတ္ဖုန္းတစ္ခုခ်င္းစီဟာ highlights ေတြ၊ shadows ေတြကို ေကာင္းမြန္စြာ ကစားထားၾကပါတယ္။ ဒါေပမယ့္ Pixel 4XL ကေတာ့ အဲဒီဆက္တင္ေတြကို real time ျပင္ဆင္ႏိုင္မယ့္ feature ပါဝင္ေနပါတယ္။ iPhone မွာကေတာ့ ႐ိုက္ကူးၿပီးမွသာ ျပင္ဆင္ခ်ိန္ညႇိႏိုင္မွာျဖစ္ပါတယ္။ iPhone အသာစီးရတာကေတာ့ တတိယေျမာက္ ultra wide-angle ပါ။ Pixel 4XL မွာက ကင္မရာႏွစ္လုံးပါဝင္တဲ့အတြက္ေၾကာင့္ wide-angle နဲ႔ telephoto lens ကိုသာ ေတြ႕ျမင္ရမွာပါ။ ဒါေၾကာင့္ iPhone 11 Pro Max ရဲ႕ လုပ္ေဆာင္ခ်က္ကို လိုက္မမီႏိုင္တာရွင္းပါတယ္။


Google ဟာ Night Sight(iPhone ရဲ႕ Night Mode နဲ႔ တူညီ) ကို ၿပီးခဲ့တဲ့ႏွစ္က ဖန္တီးခဲ့ၿပီး ဒီႏွစ္မွာလည္း စြဲမက္စရာျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္။ Night Sight နဲ႔ Night Mode ဟာ အေတာ္ေလးဆင္တူတဲ့အတြက္ low-light ပုံရိပ္ေတြအတြက္ အႏိုင္ရမယ့္သူကိုေ႐ြးရတာ မလြယ္ကူပါဘူး။ iPhone 11 Pro Max ကေတာ့ natural ပိုဆန္တဲ့ဘက္ကိုေရာက္ၿပီး Pixel 4XL ကေတာ့ ပိုမိုျပတ္သား၊ vibrant ပိုျဖစ္တဲ့ဘက္ကို သြားထားတာပါ။


Portrait Mode ကို ယွဥ္ၾကည့္တဲ့အခါမွာ Pixel 4XL ဟာ ရွင္းလင္းျပတ္သားတဲ့ပုံရိပ္ေတြကို ထုတ္ေပးၿပီးေတာ့ သူ႔မွာ edge detection ေကာင္းေကာင္းပါဝင္ေနပါတယ္။ ဒါေပမယ့္လည္း မျပည့္စုံေသးတာမို႔ iPhone က အႏိုင္ရသြားတဲ့အခါေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔စမ္းထားတဲ့ပုံရိပ္အမ်ားစုမွာေတာ့ Portrait Mode မွာ Pixel 4XL က ပိုေကာင္းပါတယ္။


အေရွ႕ကင္မရာကို စမ္းၾကည့္တဲ့အခါမွာ Pixel 4XL ရဲ႕ wide-angle lens အသစ္ဟာ အနီးနားကပုံရိပ္ေတြကို ဖမ္းယူရာမွာ ေကာင္းမြန္သလို ၾကည္ေတာက္ရွင္းပုံရိပ္ေတြကို ရရွိပါတယ္။ အထူးသျဖင့္ Portrait Mode မွာပါ။ iPhone ကင္မရာမွာလည္း wide-angle ပါဝင္ေပမယ့္ Pixel 4XL ရဲ႕ပုံရိပ္ေတြဟာ warmer tone ရွိေနတယ္ဆိုေသာ္ျငား ပိုေကာင္းတယ္လို႔ ျမင္မိပါတယ္။


Pixel 4XL ရဲ႕ အေရွ႕ကင္မရာအတြက္ Night Sight ကိုလည္း စမ္းၾကည့္ခဲ့ပါတယ္။ ဒါကေတာ့ iPhone 11 Pro Max ရဲ႕ ဆယ္လ္ဖီထက္ ပိုသာသြားေစတဲ့အခ်က္တစ္ခုလို႔လည္း ဆိုရမွာပါ။
ဗြီဒီယိုအပိုင္းမွာေတာ့ iPhone 11 Pro Max က ႏိုင္သြားပါတယ္။ Google ဟာ ဗြီဒီယိုထက္ ဓါတ္ပုံအရည္အေသြးကို ပိုဦးစားေပးထားပုံရပါတယ္။ အေနာက္ေရာ၊ အေရွ႕ကင္မရာေတြပါ အားနည္းေနတာကို ျမင္ရပါတယ္။ Pixel 4XL ဟာ 4K video ေထာက္ပံ့ေပးထားေပမယ့္လည္း 30 frames per second အမ်ားဆုံးပါ။ iPhone 11 Pro Max ကေတာ့ 60 frames per second အထိ ရေနပါတယ္။ stabilization ကေတာ့ ႏွစ္ခုလုံးမွာ ေကာင္းမြန္တယ္ဆိုေပမယ့္လည္း color profile ပိုင္းမွာေတာ့ iPhone 11 Pro က ပိုေကာင္းတယ္လို႔ ခံစားမိေစမွာပါ။


ၿခဳံေျပာရမယ္ဆိုရင္ေတာ့ စမတ္ဖုန္းႏွစ္ခုလုံးဟာ အရည္အေသြးျမင့္ကင္မရာေတြသုံးထားၿပီးေတာ့ စြဲမက္ဖြယ္ပုံရိပ္ေတြကို ထုတ္ေပးႏိုင္တာဆိုေတာ့ အႏိုင္ေပးဖို႔အတြက္ ဆုံးျဖတ္ရတာ ခက္ခဲေနတာအမွန္ပါပဲ။ Preference လို႔ေခၚတဲ့ စိတ္ႀကိဳက္အခ်က္အလက္ေတြအေပၚပဲ ကြၽန္ေတာ္တို႔ပုံခ်ရေတာ့မွာပါ။ platform ၊ color profile တို႔လိုအခ်က္အလက္ေတြနဲ႔သာ စာဖတ္သူေတြကိုယ္တိုင္ပဲ ဆုံးျဖတ္ရေတာ့မွာပါ။
ဒီေတာ့ ဘယ္စမတ္ဖုန္းကင္မရာကို ပိုသေဘာက်ပါသလဲ။ iPhone 11 Pro Max လား Pixel 4XL လား။ ေျဖေပးခဲ့ၾကပါဦး။

Ref : Macrumors

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.