၂၀၂၀ခုနှစ်အတွင်း 5G စမတ်ဖုန်း (၁၀)လုံးကျော်ထုတ်လုပ်ဖို့လျာထားတဲ့ Xiaomi

0
569

Unicode Version

Xiaomi က 5G device ထုတ်လုပ်မှုအရှိန်ကိုမြှင့်တင်ဖို့အတွက် ၂၀၂၀ခုနှစ်မှာ 5G စမတ်ဖုန်း ၁၀လုံးကျော်ကို ထုတ်လုပ်ဖို့အတွက် လျာထားပါတယ်။ ဒီအကြောင်းကိုတော့ တရုတ်နိုင်ငံ Wuzhen မြို့မှာကျင်းပတဲ့ World Internet conference မှာ စီအီးအိုဖြစ်သူ Lei Jun က ပြောကြားခဲ့တာပါ။
Commercial 5G network တွေဟာ တရုတ်နိုင်ငံမှာ မိတ်ဆက်ဖို့အတွက်လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Xiaomi ကတော့ တရုတ်နိုင်ငံအတွက် သူ့ရဲ့ပထမဆုံးသော 5Gစမတ်ဖုန်းဖြစ်တဲ့ Mi 9 Pro 5G ဟာ မျှော်မှန်းထားတာထက်ကို အောင်မြင်ခဲ့တာမို့ အရှိန်ရနေပြီလို့ဆိုရမှာပါ။ ဒီလိုအခိုင်အမာရရှိထားတဲ့သုံးစွဲသူတွေကြောင့် နောက်နှစ်ထဲမှာ 5G စမတ်ဖုန်းတွေကို ပရီမီယံ၊ mid-range နဲ့ low-end စတဲ့ စျေးနှုန်းအပိုင်းအခြားအားလုံးအတွက် ထုတ်လုပ်ပေးသွားမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ 5G subscriber ပေါင်း ၉မီလျံရှိနေပြီး ဒီပမာဏဟာ ဝန်ဆောင်မှုစတင်လိုက်တာနဲ့ ချက်ချင်းရရှိခဲ့တာဖြစ်လို့ ၂၀၂၅ခုနှစ်မှာ ကမာ္ဘ့အနှံ့အပြားက 5G connection တွေဟာ ၁.၄ဘီလျံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လုပ်ငန်းထဲကလူတွေက နောက်နှစ်ရဲ့ 4G model တွေ မရောင်းရမှာ စိုးရိမ်နေကြတယ်။
ပြည်တွင်းစျေးကွက်ထဲမှာ ပြီးခဲ့တဲ့လတုန်းက 5G ပါဝင်တဲ့ Mi 9 Pro ကို မိတ်ဆက်ခဲ့တဲ့အပြင် ဥရောပမှာလည်း Mi Mix 3 5G ကို ရောင်းခဲ့ပါသေးတယ်။ မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရတဲ့ Mi Mix Alpha လေးကတော့ 5G network ကို ထောက်ပံ့ပေးထားပြီး နောက်နှစ်အစောပိုင်းမှာ မြင်တွေ့ရနိုင်ပါတယ်။
Xiaomi, Huawei နဲ့ တရုတ်စျေးကွက်
Xiaomi က 5G ကိုအသုံးချပြီးတော့ ငွေတွေသဲ့ယူဖို့လုပ်နေတာက ရှင်းပါတယ်။ တရုတ်နိုင်ငံရဲ့ ကျဆင်းနေတဲ့ရှယ်ယာစျေးကွက်ကို 5G ဖုန်းအသစ်ဆယ်လုံးနဲ့ ပြန်လည်ဦးမော့အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။
စျေးကွက်သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ Canalys ရဲ့ တင်ပြချက်အရ တရုတ်နိုင်ငံမှာ Huawei က ဦးဆောင်နေပြီး ၂၀၁၉တစ်လျှောက်မှာ Xiaomi ဟာ အရောင်းကျနေပါတယ်။ မကြာသေးခင်က ယူအက်စ်မှာပိတ်ပင်ခံလိုက်ရပြီးနောက်မှာ Huawei ဖုန်းတွေရဲ့ရောင်းအားဟာ မျိုးချစ်စိတ်တွေကြောင့် တိုးတက်လာခဲ့ပါတယ်။
ဒါပေမယ့် အိန္ဒိယနဲ့ ဥရောပမှာတော့ Xiaomi ယူထားတဲ့နေရာက အခိုင်အမာရထားပါတယ်။ အိန္ဒိယဟာ လက်ရှိမှာ 5Gအဆင့်စျေးကွက်မဟုတ်သေးပေမယ့်လည်း ဥရောပကတော့ အဆင်သင့်ဖြစ်နေတာမို့ Huawei ရဲ့ မှေးမှိန်နေတဲ့စျေးကွက်ကို အပိုင်သိမ်းဖို့ ကြိုးစားချင်တာ ဖြစ်ပါတယ်။
နောက်ပြီး Huawei ကလည်း ၂၀၂၀ခုနှစ်အတွင်း 5G ဖုန်းတွေထုတ်လုပ်သွားဦးမယ်လို့ ပြောထားတာရှိပါတယ်။ နောက်နှစ်အတွက် စျေးသက်သာတဲ့ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ်လို့ မကြာသေးခင်ကမှ ကြေညာထားတာပါ။
Xiaomi နဲ့ Huawei တို့ရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကတော့ ကြည့်လို့ကောင်းမယ့်ပွဲတစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။
ကျွန်တော်တို့မြန်မာကတော့ 5G အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုပေမယ့်လည်း နောင်တစ်ချိန်အတွက် ရင်ခုန်လို့ရတာပေါ့။

Zawgyi Version

Xiaomi က 5G device ထုတ္လုပ္မႈအရွိန္ကိုျမႇင့္တင္ဖို႔အတြက္ ၂၀၂၀ခုႏွစ္မွာ 5G စမတ္ဖုန္း ၁၀လုံးေက်ာ္ကို ထုတ္လုပ္ဖို႔အတြက္ လ်ာထားပါတယ္။ ဒီအေၾကာင္းကိုေတာ့ တ႐ုတ္ႏိုင္ငံ Wuzhen ၿမိဳ႕မွာက်င္းပတဲ့ World Internet conference မွာ စီအီးအိုျဖစ္သူ Lei Jun က ေျပာၾကားခဲ့တာပါ။
Commercial 5G network ေတြဟာ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ဖို႔အတြက္လုပ္ေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း Xiaomi ကေတာ့ တ႐ုတ္ႏိုင္ငံအတြက္ သူ႔ရဲ႕ပထမဆုံးေသာ 5Gစမတ္ဖုန္းျဖစ္တဲ့ Mi 9 Pro 5G ဟာ ေမွ်ာ္မွန္းထားတာထက္ကို ေအာင္ျမင္ခဲ့တာမို႔ အရွိန္ရေနၿပီလို႔ဆိုရမွာပါ။ ဒီလိုအခိုင္အမာရရွိထားတဲ့သုံးစြဲသူေတြေၾကာင့္ ေနာက္ႏွစ္ထဲမွာ 5G စမတ္ဖုန္းေတြကို ပရီမီယံ၊ mid-range နဲ႔ low-end စတဲ့ ေစ်းႏႈန္းအပိုင္းအျခားအားလုံးအတြက္ ထုတ္လုပ္ေပးသြားမယ္လို႔ ေၾကညာလိုက္တာျဖစ္ပါတယ္။
ႏိုင္ငံအတြင္းမွာ 5G subscriber ေပါင္း ၉မီလ်ံရွိေနၿပီး ဒီပမာဏဟာ ဝန္ေဆာင္မႈစတင္လိုက္တာနဲ႔ ခ်က္ခ်င္းရရွိခဲ့တာျဖစ္လို႔ ၂၀၂၅ခုႏွစ္မွာ ကမာၻ႔အႏွံ႔အျပားက 5G connection ေတြဟာ ၁.၄ဘီလ်ံအထိ ရွိလာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။
လုပ္ငန္းထဲကလူေတြက ေနာက္ႏွစ္ရဲ႕ 4G model ေတြ မေရာင္းရမွာ စိုးရိမ္ေနၾကတယ္။
ျပည္တြင္းေစ်းကြက္ထဲမွာ ၿပီးခဲ့တဲ့လတုန္းက 5G ပါဝင္တဲ့ Mi 9 Pro ကို မိတ္ဆက္ခဲ့တဲ့အျပင္ ဥေရာပမွာလည္း Mi Mix 3 5G ကို ေရာင္းခဲ့ပါေသးတယ္။ မၾကာေသးခင္ကမွ ျမင္ေတြ႕ခဲ့ရတဲ့ Mi Mix Alpha ေလးကေတာ့ 5G network ကို ေထာက္ပံ့ေပးထားၿပီး ေနာက္ႏွစ္အေစာပိုင္းမွာ ျမင္ေတြ႕ရႏိုင္ပါတယ္။
Xiaomi, Huawei နဲ႔ တ႐ုတ္ေစ်းကြက္
Xiaomi က 5G ကိုအသုံးခ်ၿပီးေတာ့ ေငြေတြသဲ့ယူဖို႔လုပ္ေနတာက ရွင္းပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ က်ဆင္းေနတဲ့ရွယ္ယာေစ်းကြက္ကို 5G ဖုန္းအသစ္ဆယ္လုံးနဲ႔ ျပန္လည္ဦးေမာ့ေအာင္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။
ေစ်းကြက္သုေတသနလုပ္ငန္းတစ္ခုျဖစ္တဲ့ Canalys ရဲ႕ တင္ျပခ်က္အရ တ႐ုတ္ႏိုင္ငံမွာ Huawei က ဦးေဆာင္ေနၿပီး ၂၀၁၉တစ္ေလွ်ာက္မွာ Xiaomi ဟာ အေရာင္းက်ေနပါတယ္။ မၾကာေသးခင္က ယူအက္စ္မွာပိတ္ပင္ခံလိုက္ရၿပီးေနာက္မွာ Huawei ဖုန္းေတြရဲ႕ေရာင္းအားဟာ မ်ိဳးခ်စ္စိတ္ေတြေၾကာင့္ တိုးတက္လာခဲ့ပါတယ္။
ဒါေပမယ့္ အိႏၵိယနဲ႔ ဥေရာပမွာေတာ့ Xiaomi ယူထားတဲ့ေနရာက အခိုင္အမာရထားပါတယ္။ အိႏၵိယဟာ လက္ရွိမွာ 5Gအဆင့္ေစ်းကြက္မဟုတ္ေသးေပမယ့္လည္း ဥေရာပကေတာ့ အဆင္သင့္ျဖစ္ေနတာမို႔ Huawei ရဲ႕ ေမွးမွိန္ေနတဲ့ေစ်းကြက္ကို အပိုင္သိမ္းဖို႔ ႀကိဳးစားခ်င္တာ ျဖစ္ပါတယ္။
ေနာက္ၿပီး Huawei ကလည္း ၂၀၂၀ခုႏွစ္အတြင္း 5G ဖုန္းေတြထုတ္လုပ္သြားဦးမယ္လို႔ ေျပာထားတာရွိပါတယ္။ ေနာက္ႏွစ္အတြက္ ေစ်းသက္သာတဲ့ 5G စမတ္ဖုန္းေတြကို ထုတ္လုပ္သြားမယ္လို႔ မၾကာေသးခင္ကမွ ေၾကညာထားတာပါ။
Xiaomi နဲ႔ Huawei တို႔ရဲ႕ ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈကေတာ့ ၾကည့္လို႔ေကာင္းမယ့္ပြဲတစ္ခုျဖစ္တယ္ဆိုတာ ျငင္းလို႔မရတဲ့ အမွန္တရားတစ္ခုပါ။
ကြၽန္ေတာ္တို႔ျမန္မာကေတာ့ 5G အတြက္ အဆင္သင့္မျဖစ္ေသးဘူးဆိုေပမယ့္လည္း ေနာင္တစ္ခ်ိန္အတြက္ ရင္ခုန္လို႔ရတာေပါ့။

Ref : Android Authority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.