Realme ဖုန်းတွေ စျေးသက်သာနေရခြင်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်

0
2726

Unicode Version

Realme ဆိုတာကတော့ စျေးကွက်ထဲမှာ အသစ်ရောက်လာတဲ့ Android manufacturer တစ်ယောက်လို့ဆိုရင် မမှားပါဘူး။ ဒါပေမယ့် ရောင်းအားနဲ့လူကြိုက်များမှုမှာတော့ နေရာအတော်လေးရထားပြီးသူတစ်ယောက်ဖြစ်ပါတယ်။ Oppo ရဲ့ အခွဲတစ်ခုအနေနဲ့ စတင်ပွဲဦးထွက်ခဲ့တဲ့အချိန်ကစပြီးတော့ သိသိသာသာကို နေရာချဲ့ထွင်လာခဲ့တာ အခုဆိုရင် ကမာ္ဘ့ထိပ်တန်း smartphone OEM ဆယ်ဦးအတွင်း ပါဝင်နေခဲ့ပါပြီ။
Realme ဟာ ပြီးခဲ့တဲ့အပတ်တုန်းက Madrid မှာကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ Realme 5 Pro နဲ့ Realme X2/X2 Pro တို့ကို တရားဝင်မိတ်ဆက်ခဲ့ပြီး ဥရောပစျေးကွက်ကိုဝင်ရောက်ဖို့ ကြိုးစားနေတာမြင်ရပါတယ်။ အဲဒီမှာ Realme ဥရောပရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Levi Lee နဲ့ စကားပြောဆိုခွင့်ရခဲ့တာမို့ သူတို့ရဲ့အောင်မြင်ရေးလျှို့ဝှက်ချက်တွေနဲ့ အနာဂတ်အတွက် ဘယ်လိုတွေမျှော်မှန်းထားသလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
X2 နဲ့ X2 Pro ကို မပြသရသေးပေမယ့်လည်း သွင်ပြင်နဲ့ အချက်အလက်တွေဟာ လက်ရှိ flagship စံနှုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့အပြင် အချို့နေရာတွေမှာ မျှော်မှန်းထားတာထက်ကို ပိုသာနေပါတယ်။ အံ့ဩစရာကောင်းတာကတော့ စျေးနှုန်းပါပဲ။ Realme X2 Pro မှာ နောက်ဆုံးပေါ် Snapdragon 855 Plus ၊ 90Hz AMOLED display ၊ 50W fast charging တို့ပါဝင်ပေမယ့် စျေးနှုန်းကတော့ €399 ပဲ ဖြစ်ပါတယ်။ flagship အများစုက €800 အောက်မဆင်းတဲ့အချိန်မှာ €399 နဲ့ရောင်းချမယ်ဆိုတော့ သူတို့ရဲ့လျှို့ဝှက်ချက်ကို မသိချင်ဘဲနေနိုင်ပါတော့မလား။
Levi Lee နဲ့ Android Authority တို့ရဲ့ မေးမြန်းမှုတွေအရ Realme ကို စျေးသက်သာအောင် ဘယ်လိုမျိုးဖန်တီးထားသလဲဆိုတာကို အချက်အလက်အချို့နဲ့ ဖြေကြားခဲ့တာမို့ စာဖတ်သူတွေ ဗဟုသုတရအောင် ဝေမျှပေးလိုက်ပါတယ်။
စျေးနှုန်းသက်သာရခြင်းရဲ့ လျှို့ဝှက်ချက်
Realme အတွက် ကုန်ကျစရိတ်သက်သာအောင် အကြီးမားဆုံးပြုလုပ်ပေးထားတာကတော့ မားကတ်တင်းပါ။ brand တိုင်းဟာ သူတို့ဘာသာကြေညာလေ့ရှိပေမယ့်လည်း Realme ဟာ လူငယ်တွေကိုဦးတည်ထားပြီး သူတို့အကြိုက် channel တွေကိုအသုံးပြုပြီး ချိတ်ဆက်ပါတယ်။
ကျွန်တော်တို့ဟာ community ကို သုံးတယ်။ social media နဲ့ digital tool တွေကိုအသုံးပြုပြီးတော့ သုံးစွဲသူတွေကို ပြောဆိုတယ်။ သူတို့ကို brand အကြောင်းသိလာအောင် ပြုလုပ်ပေးတယ်။ ဒီနည်းလမ်းနဲ့ မားကတ်တင်းအတွက် ကုန်ကျစရိတ်သက်သာအောင် လုပ်လိုက်တာပါ။
ဖြန့်ချိရေးအပိုင်းမှာလည်း ဖုန်းတွေကို အွန်လိုင်းကနေ ပထမဆုံးဖြန့်ချိသလို အများဆုံးဖြန့်ချိတာမို့ ကုန်ကျစရိတ်ကို ထပ်မံသက်သာစေပါတယ်။ ဥရောပကိုလည်း ဒီနည်းလမ်းနဲ့ အသုံးပြုဝင်ရောက်တာပါ။ Madrid ပွဲမှာပြသထားတဲ့ ဖုန်းအမျိုးအစားသုံးခုကို Realme ရဲ့ official website မှာသော်လည်းကောင်း၊ Amazon ၊ Ebay တို့လို လူသိများတဲ့ online retailer တွေကသော်လည်းကောင်း ဝယ်ယူနိုင်အောင် စီစဉ်ထားပေးပါတယ်။
စျေးသက်သက်သာသာနဲ့ရနိုင်အောင် ခိုင်မာကောင်းမွန်တဲ့ supplier chain တစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း ဖွင့်ဟပြောဆိုထားပါသေးတယ်။ Realme ဟာ တကယ်တော့ Oppo အောက်မှာမရှိတော့ပါဘူး။ ဒါပေမယ့် parent company — BBK Electronics ရဲ့အောက်မှာတော့ ရှိနေတုန်းပါပဲ။ အဲဒီကနေ သိသာထင်ရှားတဲ့ထောက်ပံ့မှုတွေအများကြီးကို လက်ခံရရှိနေပါတယ်။
ဒါပေမယ့် Realme ကို အောင်မြင်စေတဲ့အချက်က စျေးသက်သာခြင်းကြောင့် မဟုတ်ရပါဘူးလို့ Lee က ထောက်ပြပါတယ်။
ကျွန်တော်စဉ်းစားတာက ထုတ်ကုန်အရည်အသွေးကလည်း ကောင်းမွန်တယ်။ ဒုတိယတစ်ခုကတော့ ပါဝင်တဲ့အချက်အလက်တွေကလည်း ကောင်းတယ်။ တတိယတစ်ခုကတော့ ဒီဇိုင်းလည်းမိုက်တယ်။ ဒါတွေက ကျွန်တော်တို့ ဂရုစိုက်ဖြစ်တဲ့အချက်တွေပါ။ တကယ်လို့များ သုံးစွဲသူတွေဆီကို စျေးအရမ်းသက်သာတဲ့ကုန်ပစ္စည်းရောင်းပေးမယ့် အရည်အသွေးမကောင်းဘူး၊ အဆင်မပြေဘူးဆိုရင် အဲဒီပစ္စည်းက ရေရှည်ခံမှာမဟုတ်ဘူး။
Realme က လူငယ်လူရွယ်တွေကြားမှာ ခေတ်စားနိုင်ဖို့အတွက် မျက်စိစုံမှိတ်ပြီး ဝင်ရောက်လာတာများလား။ သူတို့ဟာ polycarbonate ကနေ glass အဖြစ်ကို ခုန်ကူးလိုက်သလို Samsung ခြေရာကိုလည်း ကင်မရာလေးလုံးနဲ့အတူ လိုက်လှမ်းနေပါတယ်။ Realme 5 Pro ကတော့ €200 အောက်နဲ့ အဲဒီ feature ကို ပထမဆုံးထည့်သွင်းထားတဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဟန်ရေးပြသက်သက်သာ ဖြစ်နေမလား။
Lee ရဲ့ ဖြေကြားချက်အရတော့ ဒီဆုံးဖြတ်ချက်တွေဟာ သုံးစွဲသူတွေရဲ့ရွေးချယ်မှုကို ပေးစွမ်းနိုင်စေဖို့အတွက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ အချို့က wide-angle lens ကြိုက်ပေမယ့်လည်း telephoto lens သုံးပြီးရိုက်ချင်တဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ဖုန်းတစ်လုံးတည်းမှာ အကုန်ရနိုင်ခြင်းကတော့ သုံးစွဲသူအမြောက်အများကို သိမ်းပိုက်နိုင်စေပါတယ်။ ကင်မရာကို အခြေအနေ၊ အကြောင်းအရာအမျိုးမျိုးကို ရိုက်ကူးမှုအတွက် အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ထားလို့ ရိုက်ကူးတဲ့အချိန်မှာ စိတ်ဝင်စားဖွယ်ပုံရိပ်တွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့ သူကပြောပါတယ်။
Realme ဟာ ဗွီဒီယိုနဲ့ ဓါတ်ပုံအရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ X2 Pro ဟာ video stabilization ၊ အရှေ့နဲ့အနောက်ဗွီဒီယိုကင်မရာအတွက် real time bokeh ၊ AI beautification mode တို့ ပါဝင်ပါတယ်။ Realme X2 Pro သုံးသပ်မှုပြုလုပ်စဉ်မှာလည်း low-light ဓါတ်ပုံအရည်အသွေးဟာ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ် ။
X2 Pro ကို အများနဲ့မတူ ထူးခြားစေတာကတော့ 50W charging ဖြစ်ပါတယ်။ ၃၅မိနစ်အတွင်း ၁၀၀%အပြည့်သွင်းနိုင်တယ်ဆိုတော့ အထင်ကြီးမိတာအမှန်ပါပဲ။
Realme gaming phone တွေ ထုတ်ဖို့ရှိလား
Asus ROG Phone 2 လိုမျိုး အောင်မြင်တဲ့ဖုန်းတွေထွက်ရှိအပြီး Realme က 90Hz display နဲ့ အအေးခံစနစ်ကို အသားပေးလုပ်ဆောင်လာတော့ ကျွန်တော်တို့ဒီမေးခွန်းမေးလိုက်တာက အရမ်းအထင်ကြီးလွန်းရာ မရောက်ပါဘူး။ Realme က ဂိမ်းမင်းဖုန်း စီစဉ်နေပြီလား။ စိတ်မကောင်းစွာနဲ့ အခုလိုပြန်ဖြေထားပါတယ်။ ဒါဟာ ပုံမှန်သုံးစွဲသူတွေအတွက်မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရှေ့ဆက်လုပ်ဆောင်မယ့်အထဲမှာ မပါသေးပါဘူး။ ဒါပေမယ့် Realme X2 Pro ဟာ ဂိမ်းမင်းအတွက် သီးသန့်ထုတ်လုပ်ထားတာမဟုတ်ပေမယ့်လည်း ကောင်းမွန်တဲ့ဂိမ်းမင်းခံစားချက်ကို ပေးစွမ်းနိုင်ပါသေးတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Madrid စင်ပေါ်မှာတေ‌ော့ X2 Pro ရဲ့ ဂိမ်းမင်းအသားပေး feature တွေဖြစ်တဲ့ 4×4 MIMO antenna ၊ vapor cooling တို့ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Black Shark 2 လိုဖုန်းမျိုးနဲ့ gamepad တွေလုပ်ဆောင်နေတာမျိုးတော့ မရှိသေးပေမယ့်လည်း PUBG Mobile ၊ အခြားဂိမ်းတွေဆော့ဖို့အတွက်ဆိုရင်တော့ X2 Pro ကိုင်ရင်ကို အဆင်ပြေနေပါသေးတယ်။
စာဖတ်သူတွေရော Realme ဖုန်းတွေအပေါ် သုံးသပ်ချက်လေး ပြောခဲ့ပါဦး။ သုံးရတာ အဆင်ပြေရဲ့လား။ တန်ဖိုးနည်းနည်းနဲ့ အချက်အလက်ကောင်းကောင်းတွေထည့်သွင်းထားတဲ့ Realme က သုံးစွဲသူတွေကို စိတ်ကျေနပ်မှုပေးနိုင်ရဲ့လား။

Zawgyi Version

Realme ဆိုတာကေတာ့ ေစ်းကြက္ထဲမွာ အသစ္ေရာက္လာတဲ့ Android manufacturer တစ္ေယာက္လို႔ဆိုရင္ မမွားပါဘူး။ ဒါေပမယ့္ ေရာင္းအားနဲ႔လူႀကိဳက္မ်ားမႈမွာေတာ့ ေနရာအေတာ္ေလးရထားၿပီးသူတစ္ေယာက္ျဖစ္ပါတယ္။ Oppo ရဲ႕ အခြဲတစ္ခုအေနနဲ႔ စတင္ပြဲဦးထြက္ခဲ့တဲ့အခ်ိန္ကစၿပီးေတာ့ သိသိသာသာကို ေနရာခ်ဲ႕ထြင္လာခဲ့တာ အခုဆိုရင္ ကမာၻ႔ထိပ္တန္း smartphone OEM ဆယ္ဦးအတြင္း ပါဝင္ေနခဲ့ပါၿပီ။
Realme ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက Madrid မွာက်င္းပခဲ့တဲ့ပြဲတစ္ခုမွာ Realme 5 Pro နဲ႔ Realme X2/X2 Pro တို႔ကို တရားဝင္မိတ္ဆက္ခဲ့ၿပီး ဥေရာပေစ်းကြက္ကိုဝင္ေရာက္ဖို႔ ႀကိဳးစားေနတာျမင္ရပါတယ္။ အဲဒီမွာ Realme ဥေရာပရဲ႕ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ Levi Lee နဲ႔ စကားေျပာဆိုခြင့္ရခဲ့တာမို႔ သူတို႔ရဲ႕ေအာင္ျမင္ေရးလွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ အနာဂတ္အတြက္ ဘယ္လိုေတြေမွ်ာ္မွန္းထားသလဲဆိုတာကို ေမးျမန္းျဖစ္ခဲ့ပါတယ္။
X2 နဲ႔ X2 Pro ကို မျပသရေသးေပမယ့္လည္း သြင္ျပင္နဲ႔ အခ်က္အလက္ေတြဟာ လက္ရွိ flagship စံႏႈန္းေတြနဲ႔ ရင္ေဘာင္တန္းႏိုင္တဲ့အျပင္ အခ်ိဳ႕ေနရာေတြမွာ ေမွ်ာ္မွန္းထားတာထက္ကို ပိုသာေနပါတယ္။ အံ့ဩစရာေကာင္းတာကေတာ့ ေစ်းႏႈန္းပါပဲ။ Realme X2 Pro မွာ ေနာက္ဆုံးေပၚ Snapdragon 855 Plus ၊ 90Hz AMOLED display ၊ 50W fast charging တို႔ပါဝင္ေပမယ့္ ေစ်းႏႈန္းကေတာ့ €399 ပဲ ျဖစ္ပါတယ္။ flagship အမ်ားစုက €800 ေအာက္မဆင္းတဲ့အခ်ိန္မွာ €399 နဲ႔ေရာင္းခ်မယ္ဆိုေတာ့ သူတို႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို မသိခ်င္ဘဲေနႏိုင္ပါေတာ့မလား။
Levi Lee နဲ႔ Android Authority တို႔ရဲ႕ ေမးျမန္းမႈေတြအရ Realme ကို ေစ်းသက္သာေအာင္ ဘယ္လိုမ်ိဳးဖန္တီးထားသလဲဆိုတာကို အခ်က္အလက္အခ်ိဳ႕နဲ႔ ေျဖၾကားခဲ့တာမို႔ စာဖတ္သူေတြ ဗဟုသုတရေအာင္ ေဝမွ်ေပးလိုက္ပါတယ္။
ေစ်းႏႈန္းသက္သာရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္
Realme အတြက္ ကုန္က်စရိတ္သက္သာေအာင္ အႀကီးမားဆုံးျပဳလုပ္ေပးထားတာကေတာ့ မားကတ္တင္းပါ။ brand တိုင္းဟာ သူတို႔ဘာသာေၾကညာေလ့ရွိေပမယ့္လည္း Realme ဟာ လူငယ္ေတြကိုဦးတည္ထားၿပီး သူတို႔အႀကိဳက္ channel ေတြကိုအသုံးျပဳၿပီး ခ်ိတ္ဆက္ပါတယ္။
ကြၽန္ေတာ္တို႔ဟာ community ကို သုံးတယ္။ social media နဲ႔ digital tool ေတြကိုအသုံးျပဳၿပီးေတာ့ သုံးစြဲသူေတြကို ေျပာဆိုတယ္။ သူတို႔ကို brand အေၾကာင္းသိလာေအာင္ ျပဳလုပ္ေပးတယ္။ ဒီနည္းလမ္းနဲ႔ မားကတ္တင္းအတြက္ ကုန္က်စရိတ္သက္သာေအာင္ လုပ္လိုက္တာပါ။
ျဖန႔္ခ်ိေရးအပိုင္းမွာလည္း ဖုန္းေတြကို အြန္လိုင္းကေန ပထမဆုံးျဖန႔္ခ်ိသလို အမ်ားဆုံးျဖန႔္ခ်ိတာမို႔ ကုန္က်စရိတ္ကို ထပ္မံသက္သာေစပါတယ္။ ဥေရာပကိုလည္း ဒီနည္းလမ္းနဲ႔ အသုံးျပဳဝင္ေရာက္တာပါ။ Madrid ပြဲမွာျပသထားတဲ့ ဖုန္းအမ်ိဳးအစားသုံးခုကို Realme ရဲ႕ official website မွာေသာ္လည္းေကာင္း၊ Amazon ၊ Ebay တို႔လို လူသိမ်ားတဲ့ online retailer ေတြကေသာ္လည္းေကာင္း ဝယ္ယူႏိုင္ေအာင္ စီစဥ္ထားေပးပါတယ္။
ေစ်းသက္သက္သာသာနဲ႔ရႏိုင္ေအာင္ ခိုင္မာေကာင္းမြန္တဲ့ supplier chain တစ္ခုရွိေနတယ္ဆိုတဲ့အေၾကာင္းကိုလည္း ဖြင့္ဟေျပာဆိုထားပါေသးတယ္။ Realme ဟာ တကယ္ေတာ့ Oppo ေအာက္မွာမရွိေတာ့ပါဘူး။ ဒါေပမယ့္ parent company — BBK Electronics ရဲ႕ေအာက္မွာေတာ့ ရွိေနတုန္းပါပဲ။ အဲဒီကေန သိသာထင္ရွားတဲ့ေထာက္ပံ့မႈေတြအမ်ားႀကီးကို လက္ခံရရွိေနပါတယ္။
ဒါေပမယ့္ Realme ကို ေအာင္ျမင္ေစတဲ့အခ်က္က ေစ်းသက္သာျခင္းေၾကာင့္ မဟုတ္ရပါဘူးလို႔ Lee က ေထာက္ျပပါတယ္။
ကြၽန္ေတာ္စဥ္းစားတာက ထုတ္ကုန္အရည္အေသြးကလည္း ေကာင္းမြန္တယ္။ ဒုတိယတစ္ခုကေတာ့ ပါဝင္တဲ့အခ်က္အလက္ေတြကလည္း ေကာင္းတယ္။ တတိယတစ္ခုကေတာ့ ဒီဇိုင္းလည္းမိုက္တယ္။ ဒါေတြက ကြၽန္ေတာ္တို႔ ဂ႐ုစိုက္ျဖစ္တဲ့အခ်က္ေတြပါ။ တကယ္လို႔မ်ား သုံးစြဲသူေတြဆီကို ေစ်းအရမ္းသက္သာတဲ့ကုန္ပစၥည္းေရာင္းေပးမယ့္ အရည္အေသြးမေကာင္းဘူး၊ အဆင္မေျပဘူးဆိုရင္ အဲဒီပစၥည္းက ေရရွည္ခံမွာမဟုတ္ဘူး။
Realme က လူငယ္လူ႐ြယ္ေတြၾကားမွာ ေခတ္စားႏိုင္ဖို႔အတြက္ မ်က္စိစုံမွိတ္ၿပီး ဝင္ေရာက္လာတာမ်ားလား။ သူတို႔ဟာ polycarbonate ကေန glass အျဖစ္ကို ခုန္ကူးလိုက္သလို Samsung ေျခရာကိုလည္း ကင္မရာေလးလုံးနဲ႔အတူ လိုက္လွမ္းေနပါတယ္။ Realme 5 Pro ကေတာ့ €200 ေအာက္နဲ႔ အဲဒီ feature ကို ပထမဆုံးထည့္သြင္းထားတဲ့ဖုန္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒါဟာ ဟန္ေရးျပသက္သက္သာ ျဖစ္ေနမလား။
Lee ရဲ႕ ေျဖၾကားခ်က္အရေတာ့ ဒီဆုံးျဖတ္ခ်က္ေတြဟာ သုံးစြဲသူေတြရဲ႕ေ႐ြးခ်ယ္မႈကို ေပးစြမ္းႏိုင္ေစဖို႔အတြက္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အခ်ိဳ႕က wide-angle lens ႀကိဳက္ေပမယ့္လည္း telephoto lens သုံးၿပီး႐ိုက္ခ်င္တဲ့သူေတြလည္း ရွိေနျပန္ပါတယ္။ ဖုန္းတစ္လုံးတည္းမွာ အကုန္ရႏိုင္ျခင္းကေတာ့ သုံးစြဲသူအေျမာက္အမ်ားကို သိမ္းပိုက္ႏိုင္ေစပါတယ္။ ကင္မရာကို အေျခအေန၊ အေၾကာင္းအရာအမ်ိဳးမ်ိဳးကို ႐ိုက္ကူးမႈအတြက္ အဆင္ေျပေခ်ာေမြ႕ေအာင္လုပ္ေဆာင္ထားလို႔ ႐ိုက္ကူးတဲ့အခ်ိန္မွာ စိတ္ဝင္စားဖြယ္ပုံရိပ္ေတြကို ထုတ္ေပးႏိုင္လိမ့္မယ္လို႔ သူကေျပာပါတယ္။
Realme ဟာ ဗြီဒီယိုနဲ႔ ဓါတ္ပုံအရည္အေသြးကိုလည္း တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ထားပါတယ္။ X2 Pro ဟာ video stabilization ၊ အေရွ႕နဲ႔အေနာက္ဗြီဒီယိုကင္မရာအတြက္ real time bokeh ၊ AI beautification mode တို႔ ပါဝင္ပါတယ္။ Realme X2 Pro သုံးသပ္မႈျပဳလုပ္စဥ္မွာလည္း low-light ဓါတ္ပုံအရည္အေသြးဟာ စိတ္ေက်နပ္မႈကို ေပးစြမ္းႏိုင္ခဲ့ပါတယ္ ။
X2 Pro ကို အမ်ားနဲ႔မတူ ထူးျခားေစတာကေတာ့ 50W charging ျဖစ္ပါတယ္။ ၃၅မိနစ္အတြင္း ၁၀၀%အျပည့္သြင္းႏိုင္တယ္ဆိုေတာ့ အထင္ႀကီးမိတာအမွန္ပါပဲ။
Realme gaming phone ေတြ ထုတ္ဖို႔ရွိလား
Asus ROG Phone 2 လိုမ်ိဳး ေအာင္ျမင္တဲ့ဖုန္းေတြထြက္ရွိအၿပီး Realme က 90Hz display နဲ႔ အေအးခံစနစ္ကို အသားေပးလုပ္ေဆာင္လာေတာ့ ကြၽန္ေတာ္တို႔ဒီေမးခြန္းေမးလိုက္တာက အရမ္းအထင္ႀကီးလြန္းရာ မေရာက္ပါဘူး။ Realme က ဂိမ္းမင္းဖုန္း စီစဥ္ေနၿပီလား။ စိတ္မေကာင္းစြာနဲ႔ အခုလိုျပန္ေျဖထားပါတယ္။ ဒါဟာ ပုံမွန္သုံးစြဲသူေတြအတြက္မဟုတ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ေရွ႕ဆက္လုပ္ေဆာင္မယ့္အထဲမွာ မပါေသးပါဘူး။ ဒါေပမယ့္ Realme X2 Pro ဟာ ဂိမ္းမင္းအတြက္ သီးသန႔္ထုတ္လုပ္ထားတာမဟုတ္ေပမယ့္လည္း ေကာင္းမြန္တဲ့ဂိမ္းမင္းခံစားခ်က္ကို ေပးစြမ္းႏိုင္ပါေသးတယ္လို႔ သူက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
Madrid စင္ေပၚမွာေတ‌ော့ X2 Pro ရဲ႕ ဂိမ္းမင္းအသားေပး feature ေတြျဖစ္တဲ့ 4×4 MIMO antenna ၊ vapor cooling တို႔ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ Black Shark 2 လိုဖုန္းမ်ိဳးနဲ႔ gamepad ေတြလုပ္ေဆာင္ေနတာမ်ိဳးေတာ့ မရွိေသးေပမယ့္လည္း PUBG Mobile ၊ အျခားဂိမ္းေတြေဆာ့ဖို႔အတြက္ဆိုရင္ေတာ့ X2 Pro ကိုင္ရင္ကို အဆင္ေျပေနပါေသးတယ္။
စာဖတ္သူေတြေရာ Realme ဖုန္းေတြအေပၚ သုံးသပ္ခ်က္ေလး ေျပာခဲ့ပါဦး။ သုံးရတာ အဆင္ေျပရဲ႕လား။ တန္ဖိုးနည္းနည္းနဲ႔ အခ်က္အလက္ေကာင္းေကာင္းေတြထည့္သြင္းထားတဲ့ Realme က သုံးစြဲသူေတြကို စိတ္ေက်နပ္မႈေပးႏိုင္ရဲ႕လား။

Ref : Android Authority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.