Google Pixel 4 ‘new Assistant’ feature လေးကို အခြားဖုန်းတွေမှာ အသုံးပြုနိုင်တော့မည်

0
457

Unicode Version

Google Assistant မှာ Google ရဲ့ စမတ်စပီကာတွေနဲ့ display တွေမှာ ဆက်လက်အသုံးပြုနိုင်မယ့် Continued Conversations ဆိုတဲ့ featureလေး ပါဝင်လာတာကို သတိထားမိပါတယ်။ Pixel 4 မှာ မြင်တွေ့ခဲ့ရတဲ့ အဲဒီ featureလေးကို အခြားသော Android စမတ်ဖုန်းတွေမှာလည်း အသုံးပြုနိုင်တော့မယ်လို့ သိရှိရပါတယ်။
Continued Conversations ကြောင့် သုံးစွဲသူတွေဟာ Google Assistant ကို အတားအဆီးမရှိ အသုံးပြုနိုင်တော့မှာပါ။ “Ok, Google” ၊ “Hey, Google” ဆိုပြီးတော့ တစ်ခါခိုင်းချင်တိုင်း သူ့ကိုနှိုးနေစရာ မလိုတော့ပါဘူး။
နည်းပညာဆောင်းပါးတွေ ရေးနေကြကလောင်ရှင်တစ်ဦးက Continued Conversations feature လေးကို ဖုန်းတစ်လုံးမှာအသုံးပြုပြီးတော့ screenshots လေးတွေကို ဝေမျှထားတာ အခုလိုပဲတွေ့မြင်ရပါတယ်။

Google assistant continued conversation phones Android Police


Google Assistant settings ထဲမှာရှိတဲ့ Continued Conversations ဆိုတာလေးကို ဖွင့်ထားပါတယ်။
သူ့ဖုန်းအတွက် mode လေးကိုဖွင့်ထားတယ်ဆိုပေမယ့်လည်း ပထမဆုံးအသံနဲ့ခိုင်းစေမှုအပြီးမှာတော့ Assistantလေးက နားထောင်ခြင်းကို ရပ်တံ့လိုက်ပါတယ်။ Continued Conversations ကို ဖွင့်ထားတဲ့အတွက်ကြောင့် Google Assistant ဟာ နောက်ထပ်ခိုင်းစေမယ့်အရာကို ၈ စက္ကန့်လောက်အထိ စောင့်ဆိုင်းနားထောင်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် Google အနေနဲ့ ဒီလိုအရာလေးကို လုပ်ဆောင်နေဆဲဖြစ်ပြီး အများသုံးအဖြစ်ဖြန့်ချိပေးဖို့ကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆမိပါတယ်။
Pixel 4 ကိုင်ဆောင်သူတွေအနေနဲ့ Continued Conversations ကို ဘယ်လိုဖွင့်ကြမလဲ
Google support page မှာ သွားကြည့်ရသလောက်ကတော့ Pixel 4 မှာ Google Assistant အသစ်ကို ဖွင့်လို့တော့ရနေပါပြီ။ ဒါပေမယ့်လည်း English နဲ့ ယူအက်စ်မှာသာ ရနိုင်ပါသေးတယ်။
Pixel 4 ကိုင်ဆောင်သူတစ်ယောက်ဖြစ်ပြီး Continued Conversations သုံးချင်တယ်ဆိုရင်တော့ Google app version လေးက 10.73 နှင့်အထက် ဖြစ်ရဲ့လားဆိုတာကို အရင်သေချာအောင် စစ်ဆေးရပါမယ်။
Pixel 4 မှာရှိတဲ့ Google Assistant ကို “Hey Google, open Assistant settings” လို့ ခိုင်းနိုင်သလို Settings > Apps & Notifications > Assistant ထဲကိုသွားပြီးတော့လည်း ကိုယ်တိုင်ကိုယ်ကျ Continued Conversations ကို ဖွင့်လို့ရပါတယ်။
Google က မကြာခင်မှာ အခြားသော Android ဖုန်းတွေကိုလည်း ဖြန့်ပေးသွားဖို့ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Pixel 4 မှာသာ ရနိုင်နေပါသေးတယ်။

Zawgyi Version

Google Assistant မွာ Google ရဲ႕ စမတ္စပီကာေတြနဲ႔ display ေတြမွာ ဆက္လက္အသုံးျပဳႏိုင္မယ့္ Continued Conversations ဆိုတဲ့ featureေလး ပါဝင္လာတာကို သတိထားမိပါတယ္။ Pixel 4 မွာ ျမင္ေတြ႕ခဲ့ရတဲ့ အဲဒီ featureေလးကို အျခားေသာ Android စမတ္ဖုန္းေတြမွာလည္း အသုံးျပဳႏိုင္ေတာ့မယ္လို႔ သိရွိရပါတယ္။
Continued Conversations ေၾကာင့္ သုံးစြဲသူေတြဟာ Google Assistant ကို အတားအဆီးမရွိ အသုံးျပဳႏိုင္ေတာ့မွာပါ။ “Ok, Google” ၊ “Hey, Google” ဆိုၿပီးေတာ့ တစ္ခါခိုင္းခ်င္တိုင္း သူ႔ကိုႏႈိးေနစရာ မလိုေတာ့ပါဘူး။
နည္းပညာေဆာင္းပါးေတြ ေရးေနၾကကေလာင္ရွင္တစ္ဦးက Continued Conversations feature ေလးကို ဖုန္းတစ္လုံးမွာအသုံးျပဳၿပီးေတာ့ screenshots ေလးေတြကို ေဝမွ်ထားတာ အခုလိုပဲေတြ႕ျမင္ရပါတယ္။

Google assistant continued conversation phones Android Police


Google Assistant settings ထဲမွာရွိတဲ့ Continued Conversations ဆိုတာေလးကို ဖြင့္ထားပါတယ္။
သူ႔ဖုန္းအတြက္ mode ေလးကိုဖြင့္ထားတယ္ဆိုေပမယ့္လည္း ပထမဆုံးအသံနဲ႔ခိုင္းေစမႈအၿပီးမွာေတာ့ Assistantေလးက နားေထာင္ျခင္းကို ရပ္တံ့လိုက္ပါတယ္။ Continued Conversations ကို ဖြင့္ထားတဲ့အတြက္ေၾကာင့္ Google Assistant ဟာ ေနာက္ထပ္ခိုင္းေစမယ့္အရာကို ၈ စကၠန႔္ေလာက္အထိ ေစာင့္ဆိုင္းနားေထာင္ေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Google အေနနဲ႔ ဒီလိုအရာေလးကို လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အမ်ားသုံးအျဖစ္ျဖန႔္ခ်ိေပးဖို႔ကေတာ့ အဆင္သင့္မျဖစ္ေသးဘူးလို႔ ယူဆမိပါတယ္။
Pixel 4 ကိုင္ေဆာင္သူေတြအေနနဲ႔ Continued Conversations ကို ဘယ္လိုဖြင့္ၾကမလဲ
Google support page မွာ သြားၾကည့္ရသေလာက္ကေတာ့ Pixel 4 မွာ Google Assistant အသစ္ကို ဖြင့္လို႔ေတာ့ရေနပါၿပီ။ ဒါေပမယ့္လည္း English နဲ႔ ယူအက္စ္မွာသာ ရႏိုင္ပါေသးတယ္။
Pixel 4 ကိုင္ေဆာင္သူတစ္ေယာက္ျဖစ္ၿပီး Continued Conversations သုံးခ်င္တယ္ဆိုရင္ေတာ့ Google app version ေလးက 10.73 ႏွင့္အထက္ ျဖစ္ရဲ႕လားဆိုတာကို အရင္ေသခ်ာေအာင္ စစ္ေဆးရပါမယ္။
Pixel 4 မွာရွိတဲ့ Google Assistant ကို “Hey Google, open Assistant settings” လို႔ ခိုင္းႏိုင္သလို Settings > Apps & Notifications > Assistant ထဲကိုသြားၿပီးေတာ့လည္း ကိုယ္တိုင္ကိုယ္က် Continued Conversations ကို ဖြင့္လို႔ရပါတယ္။
Google က မၾကာခင္မွာ အျခားေသာ Android ဖုန္းေတြကိုလည္း ျဖန႔္ေပးသြားဖို႔ရွိပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Pixel 4 မွာသာ ရႏိုင္ေနပါေသးတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.