Unicode Version
Samsung ရဲ့ ဒေါ်လာ၂၀၀၀တန်ခေါက်ချိုးဖုန်းလေးကတော့ ကင်မရာလုပ်ဆောင်ချက်တွေအဆင့်မြှင့်တင်ထားတဲ့ software update လေးတစ်ခုကို ထုတ်ပေးတော့မှာပါ။ update လေးဟာ ပြင်သစ်နဲ့ ယူအေအီးမှာရှိတဲ့ Galaxy Fold တွေဆီကို ရောက်ရှိနေပြီဖြစ်တယ်လို့ Sammobile ရဲ့ တင်ပြချက်အရ သိရပါတယ်။ မကြာခင်မှာတော့ software update လေးဟာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Galaxy Fold မှာဆိုရင် စုစုပေါင်း ကင်မရာခြောက်လုံးပါဝင်ပါတယ်။ ဖုန်းရဲ့ ကင်မရာတပ်ဆင်ထားမှုနဲ့ app တွေဟာ Galaxy Note 10 နဲ့ နင်လားငါလားဖြစ်ပေမယ့်လည်း Galaxy Note 10 မှာပါဝင်နေတဲ့ ကင်မရာ feature အသစ်တွေတော့ အသုံးမပြုနိုင်ခဲ့ပါဘူး။ ဒါကြောင့် update လေးထုတ်ပြီးတော့ ဒီပြစ်ချက်ကို ဖြေရှင်းလိုက်တယ်လို့ မြင်မိပါတယ်။

Software version F900FXXU1ASJ4 မှာ ဆယ်လ်ဖီချစ်သူတွေအတွက် စွဲမက်စေမယ့် Night mode ၊ ဗွီဒီယိုရိုက်ကူးရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် Live Focus mode ၊ AR doodle နဲ့ Super Steady recording in Hyperlapse mode တို့ကို Galaxy Fold ကိုင်ဆောင်ထားသူတွေအတွက် ယူဆောင်လာပေးတော့မှာ ဖြစ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ ဗွီဒီယိုအများကြီးကို ထည့်သွင်းတည်းဖြတ်နိုင်ပြီး စာတန်းတွေပါထိုးလိုသူတွေအဆင်ဖြေဖို့ဆိုပြီးတော့ video editor အသစ်လေးတစ်ခုကိုလည်း ထည့်သွင်းပေးသွားဦးမှာပါ။
အရင်တုန်းကလည်း Note 10 ရဲ့ ကင်မရာ featureတွေကို Galaxy S10 series မှာ အသုံးပြုနိုင်အောင် ထည့်သွင်းပေးခဲ့ဖူးပါတယ်။ အခုတော့ Samsung ရဲ့ စျေးအကြီးဆုံးစမတ်ဖုန်းဖြစ်တဲ့ Galaxy Fold မှာလည်း အသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ။
ကင်မရာရိုက်ကူးမှုတွေ တိုးတက်ကောင်းမွန်လာမယ့်အပြင်ကို Galaxy Fold update လေးမှာ general bug fixes တွေ၊ performance တိုးတက်လာမှုတွေကို တစ်ပြိုင်နက်တည်း ခံစားနိုင်ဦးမှာပါ။
ပြင်သစ်နဲ့ ယူအေအီးမှာရှိတဲ့ Galaxy Fold အသုံးပြုသူတွေအနေနဲ့ software update ကို အသုံးပြုချင်တယ်ဆိုရင်တော့ Settings > Software Update > Download ကို သွားပြီး install လုပ်လိုက်ရုံပါပဲ။

အရင်တုန်းက Galaxy Fold ကို ကြိုတင်မှာယူထားတဲ့သူတွေလောက်သာ ဝယ်ယူနိုင်တယ်ဆိုပေမယ့်လည်း အခုအချိန်မှာတော့ ဆိုင်မှာဝယ်ယူချင်တဲ့သူတွေအတွက် အဆင်ပြေချောမွေ့အောင်လို့ Samsung ကနေပြီးတော့ တောင်ကိုရီးယားမှာရှိတဲ့ စတိုးဆိုင်နဲ့ Carrier တွေဆီမှာ တင်ပေးထားပါတယ်။ ဒါပေမယ့် မကြာခင်ကာလတွေမှာ နိုင်ငံအသီးသီးကိုလည်း ဖြန့်ချိသွားဖို့ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ရောက်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဖုန်းရဲ့တန်ကြေးက ကြီးမားတဲ့အတွက်ကြောင့် ဘောစိ၊ ဘောပိတွေသာ ကိုင်နိုင်တာမို့ ငါတို့နဲ့ အလှမ်းဝေးပါတယ်လို့ စဉ်းစားနေရင်တော့ သတင်းကောင်းတစ်ခုကို ပြောပြချင်ပါတယ်။

ဒါကတော့ တန်ဖိုးနည်း Galaxy Fold ကို ထုတ်လုပ်ဦးမယ်လို့ သိထားပါတယ်။ သူရဲ့ မော်ဒယ်လ်နံပါတ်ကတော့ SM-F900F ဖြစ်ပြီး 256GB Storage ပါဝင်မယ်ဆိုတဲ့အကြောင်း ကနဦးသတင်းတွေ ရထားပါတယ်။ အသေးစိတ်အချက်အလက်အချို့ကတော့ တူညီမှာဖြစ်ပြီး စျေးသက်သာဖို့အတွက် RAM လိုအစိတ်အပိုင်းတွေကို လျှော့ချမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီတော့ ဘယ်လိုစျေးနဲ့ထွက်လာပြီး ဘယ်လိုအချက်အလက်တွေကို ထည့်သွင်းပေးထားမလဲဆိုတဲ့သတင်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ သတင်းတွေထွက်လာတာနဲ့ တင်ပြပေးဖို့ ကြိုးစားသွားမှာပါ။
တကယ်လို့များ စာဖတ်သူက Galaxy Fold သုံးစွဲသူတစ်ယောက်ဖြစ်ပြီးတော့ update ကိုလည်း အသုံးပြုနေပြီဆိုရင်တော့ ခံစားရတဲ့အတွေ့အကြုံလေးကို ကွန်မန့်မှာ ရေးပေးခဲ့ပါဦးနော်။
Ref: GSMArena, Android Authority
Zawgyi Version
Samsung ရဲ႕ ေဒၚလာ၂၀၀၀တန္ေခါက္ခ်ိဳးဖုန္းေလးကေတာ့ ကင္မရာလုပ္ေဆာင္ခ်က္ေတြအဆင့္ျမႇင့္တင္ထားတဲ့ software update ေလးတစ္ခုကို ထုတ္ေပးေတာ့မွာပါ။ update ေလးဟာ ျပင္သစ္နဲ႔ ယူေအအီးမွာရွိတဲ့ Galaxy Fold ေတြဆီကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔ Sammobile ရဲ႕ တင္ျပခ်က္အရ သိရပါတယ္။ မၾကာခင္မွာေတာ့ software update ေလးဟာ က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။
Galaxy Fold မွာဆိုရင္ စုစုေပါင္း ကင္မရာေျခာက္လုံးပါဝင္ပါတယ္။ ဖုန္းရဲ႕ ကင္မရာတပ္ဆင္ထားမႈနဲ႔ app ေတြဟာ Galaxy Note 10 နဲ႔ နင္လားငါလားျဖစ္ေပမယ့္လည္း Galaxy Note 10 မွာပါဝင္ေနတဲ့ ကင္မရာ feature အသစ္ေတြေတာ့ အသုံးမျပဳႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ update ေလးထုတ္ၿပီးေတာ့ ဒီျပစ္ခ်က္ကို ေျဖရွင္းလိုက္တယ္လို႔ ျမင္မိပါတယ္။

Software version F900FXXU1ASJ4 မွာ ဆယ္လ္ဖီခ်စ္သူေတြအတြက္ စြဲမက္ေစမယ့္ Night mode ၊ ဗြီဒီယို႐ိုက္ကူးရတာႀကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ Live Focus mode ၊ AR doodle နဲ႔ Super Steady recording in Hyperlapse mode တို႔ကို Galaxy Fold ကိုင္ေဆာင္ထားသူေတြအတြက္ ယူေဆာင္လာေပးေတာ့မွာ ျဖစ္ပါတယ္။
ေနာက္ထပ္တစ္ခုကေတာ့ ဗြီဒီယိုအမ်ားႀကီးကို ထည့္သြင္းတည္းျဖတ္ႏိုင္ၿပီး စာတန္းေတြပါထိုးလိုသူေတြအဆင္ေျဖဖို႔ဆိုၿပီးေတာ့ video editor အသစ္ေလးတစ္ခုကိုလည္း ထည့္သြင္းေပးသြားဦးမွာပါ။
အရင္တုန္းကလည္း Note 10 ရဲ႕ ကင္မရာ featureေတြကို Galaxy S10 series မွာ အသုံးျပဳႏိုင္ေအာင္ ထည့္သြင္းေပးခဲ့ဖူးပါတယ္။ အခုေတာ့ Samsung ရဲ႕ ေစ်းအႀကီးဆုံးစမတ္ဖုန္းျဖစ္တဲ့ Galaxy Fold မွာလည္း အသုံးျပဳႏိုင္ေအာင္ စီစဥ္ေပးလိုက္ပါၿပီ။
ကင္မရာ႐ိုက္ကူးမႈေတြ တိုးတက္ေကာင္းမြန္လာမယ့္အျပင္ကို Galaxy Fold update ေလးမွာ general bug fixes ေတြ၊ performance တိုးတက္လာမႈေတြကို တစ္ၿပိဳင္နက္တည္း ခံစားႏိုင္ဦးမွာပါ။
ျပင္သစ္နဲ႔ ယူေအအီးမွာရွိတဲ့ Galaxy Fold အသုံးျပဳသူေတြအေနနဲ႔ software update ကို အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ Settings > Software Update > Download ကို သြားၿပီး install လုပ္လိုက္႐ုံပါပဲ။

အရင္တုန္းက Galaxy Fold ကို ႀကိဳတင္မွာယူထားတဲ့သူေတြေလာက္သာ ဝယ္ယူႏိုင္တယ္ဆိုေပမယ့္လည္း အခုအခ်ိန္မွာေတာ့ ဆိုင္မွာဝယ္ယူခ်င္တဲ့သူေတြအတြက္ အဆင္ေျပေခ်ာေမြ႕ေအာင္လို႔ Samsung ကေနၿပီးေတာ့ ေတာင္ကိုရီးယားမွာရွိတဲ့ စတိုးဆိုင္နဲ႔ Carrier ေတြဆီမွာ တင္ေပးထားပါတယ္။ ဒါေပမယ့္ မၾကာခင္ကာလေတြမွာ ႏိုင္ငံအသီးသီးကိုလည္း ျဖန႔္ခ်ိသြားဖို႔ရွိေနတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုလည္း ေရာက္လာမလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ဒီဖုန္းရဲ႕တန္ေၾကးက ႀကီးမားတဲ့အတြက္ေၾကာင့္ ေဘာစိ၊ ေဘာပိေတြသာ ကိုင္ႏိုင္တာမို႔ ငါတို႔နဲ႔ အလွမ္းေဝးပါတယ္လို႔ စဥ္းစားေနရင္ေတာ့ သတင္းေကာင္းတစ္ခုကို ေျပာျပခ်င္ပါတယ္။

ဒါကေတာ့ တန္ဖိုးနည္း Galaxy Fold ကို ထုတ္လုပ္ဦးမယ္လို႔ သိထားပါတယ္။ သူရဲ႕ ေမာ္ဒယ္လ္နံပါတ္ကေတာ့ SM-F900F ျဖစ္ၿပီး 256GB Storage ပါဝင္မယ္ဆိုတဲ့အေၾကာင္း ကနဦးသတင္းေတြ ရထားပါတယ္။ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ကေတာ့ တူညီမွာျဖစ္ၿပီး ေစ်းသက္သာဖို႔အတြက္ RAM လိုအစိတ္အပိုင္းေတြကို ေလွ်ာ့ခ်မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒီေတာ့ ဘယ္လိုေစ်းနဲ႔ထြက္လာၿပီး ဘယ္လိုအခ်က္အလက္ေတြကို ထည့္သြင္းေပးထားမလဲဆိုတဲ့သတင္းေတြကလည္း စိတ္ဝင္စားဖို႔ေကာင္းတယ္ဆိုေတာ့ သတင္းေတြထြက္လာတာနဲ႔ တင္ျပေပးဖို႔ ႀကိဳးစားသြားမွာပါ။
တကယ္လို႔မ်ား စာဖတ္သူက Galaxy Fold သုံးစြဲသူတစ္ေယာက္ျဖစ္ၿပီးေတာ့ update ကိုလည္း အသုံးျပဳေနၿပီဆိုရင္ေတာ့ ခံစားရတဲ့အေတြ႕အႀကဳံေလးကို ကြန္မန႔္မွာ ေရးေပးခဲ့ပါဦးေနာ္။
Ref: GSMArena, Android Authority