Echo Dots ကို တစ်သောင်းကျော်နဲ့ ရနေပြီလို့ပြောရင် ယုံကြမှာလား
0
674
Unicode Version
ခေါင်းစဉ်အတိုင်းပဲနော်။ Amazon က တစ်ယောက်ယောက်ကများ လက်ဆော့လိုက်တာတာလားတော့ မသိပါဘူး။ Echo Dot ကို $8.98 နဲ့ ရောင်းချနေတဲ့အပြင် Amazon Music Unlimited ကို တစ်လခံစားခွင့်ရမှာနော်။ ဒီအခွင့်အရေးကို လိုချင်တယ်ဆိုရင်တော့ Amazon Music ဝန်ဆောင်မှုကို လစဉ်ကြေးပေးဖို့အတွက် ကဒ်နဲ့ချိတ်ဆက်ပြီး Amazon Music Unlimted ကို subscribe လုပ်ထားဖို့လိုအပ်ပါတယ်။ Amazon Music Unlimited မလိုချင်ဘူးလား။ ကိစ္စမရှိဘူးနော်။ အော်ဒါတင်ပြီးတဲ့အခါ Amazon Music Unlimited ကို ဖျက်လိုက်ရုံပဲ။ Echo Dot ကို $8.98 နဲ့ ရနိုင်ပါပြီ။ Amazon က စျေးနှုန်းအမှားတွေ အမြဲတမ်းဖြစ်လေ့ရှိပါတယ်။ ဒီတစ်ခေါက်တော့ လက်မြန်ဖို့လိုလိမ့်မယ်။ ပြေးဝယ်လိုက်တော့။
product page က ဖတ်ထားတာလေး ဖောက်သည်ချလိုက်ဦးမယ်။
•           50 million songs ကို unlimited access ရနိုင်မယ့်အပြင် ကြော်ငြာတွေမပါဘူး
•           offline နားထောင်ချိန်မှာလည်း unlimited skips
•           fabric design ၊ အသံပိုကျယ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့စပီကာ
•           Amazon Music, Apple Music, Spotify, Sirius XM တို့ကနေ stream လို့ရပါတယ်။ Audible ကနေလည်း အသံသွင်းစာအုပ်တွေ နားထောင်လို့ရပါတယ်။
•           stereo sound လိုချင်တယ်ဆိုရင်တော့ second Echo Dot (3rd gen) လေးနဲ့ချိတ်ပေါ့။
•           Alexa  ကို သီချင်းဖွင့်ခိုင်း၊ မေးသမျှဖြေခိုင်း၊ သတင်းတွေပြောပြခိုင်း၊ ရာသီဥတုခန့်မှန်းခိုင်း၊ နှိုးစက်ပေးခိုင်း၊ smart home devices တွေကိုလည်း ထိန်းချုပ်ခိုင်းလိုက်ပါ။
•           လက်နဲ့နှိပ်နေစရာမလိုဘဲ ဖုန်းခေါ်လို့ရမယ်။
•           အခြားစပီကာတွေနဲ့ ချိတ်ဆက်ချင်ရင်လည်း Bluetooth ဒါမှမဟုတ် 3.5 mm audio cable နဲ့ ဆက်သွယ်လိုက်ရုံပဲ
•           Alexa မှာ 50,000+ skills ရှိလို့ ဂိမ်းတွေလည်း ဆော့ခိုင်းလို့ရသေးတယ်။
•           မီးအဖွင့်အပိတ်၊ အပူချိန်ထိန်းခြင်း၊ တံခါးသော့ခတ်ခြင်းတွေကို စမတ်ကျကျ လုပ်နိုင်ပါပြီ။
ကဲ ဒီလောက်ကောင်းတဲ့ Echo Dots ကို တစ်သောင်းခွဲလောက်နဲ့ရမှာဆိုတော့ မြန်မြန် အော်ဒါတင်လိုက်တော့နော်။ မမီရင်တော့ မင်မင် တာဝန်မယူ။
Zawgyi Version
Ref: Amazon
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.