၄၅ဒေါ်လာနဲ့ ရောင်းချမယ့် Anker ရဲ့ wireless earbuds အသစ်

0
547

Unicode Version

Anker က ထွက်ရှိခဲ့တဲ့ပစ္စည်းတွေလိုပဲ အခုအသစ်ထွက်မယ့် wireless earbuds လေးဟာ မြင့်မားတဲ့အရည်အသွေးတွေကို အံ့ဩစရာကောင်းတဲ့စျေးနှုန်းနဲ့ ရနိုင်မှာပဲဖြစ်ပါတယ်။ အရင်တုန်းကထွက်ရှိထားခဲ့ဖူးတဲ့ earbuds တွေဟာ ကောင်းမွန်ပြီး အသုံးပြုရတာ အဆင်ပြေတယ်လို့များယူဆထားတယ်ဆိုရင်တော့ ဒီပစ္စည်းအသစ်လေးကို စမ်းမသုံးကြည့်ရသေးလို့ဖြစ်ပါလိမ့်မယ်။ အခုအသစ်ထွက်မယ့်ပစ္စည်းလေးနာမည်ကတော့ brand new Anker Soundcore Life P2 True Wireless Earbuds ဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကာလာအနေအထားကတော့ဖြင့် AirPods နဲ့တူပါတယ်။ ဒါပေမယ့် အသံအရည်အသွေးပိုင်းနဲ့ ဘတ်ထရီသက်တမ်းပိုင်းမှာတော့ ပိုကောင်းနေတာကို ခံစားတွေ့ရှိရမှာပါ။ mics လေးခု၊ cVc 8.0 noise reduction (ဆူညံမှုလျှော့ချစနစ်) ၊ graphene drivers ၊ bass သံကောင်းကောင်း၊ IPX7 ရေစိုခံစနစ်၊ ဆယ်မိနစ်အားသွင်းရုံနဲ့ တစ်နာရီသီချင်းနားထောင်နိုင်မယ့် အားအမြန်သွင်းစနစ်တို့ ပါဝင်ပါသေးတယ်။ စျေးအသက်သာဆုံး AirPods ကိုတောင် ဒေါ်လာ၁၀၀နဲ့ရောင်းချနေချိန်မှာ ပုံမှန်ရောင်းစျေးကို ဒေါ်လာ၆၀ သတ်မှတ်ပေးထားတာဆိုတော့ killer price ဖြစ်နေပြီနော်။ နေပါဦး။ ပစ္စည်းအသစ်မိတ်ဆက်တဲ့အနေနဲ့ ဒစ်စကောင့်ပေးဦးမှာဆိုတော့ ဒေါ်လာ၄၄.၉၉ (၄၅ဒေါ်လာပဲထား)နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
စျေးနှုန်းကလည်း အရမ်းမိုက်နေတာဆိုပေမယ့် အသေးစိတ်အချက်အလက်လေးကိုလည်း ရှိုးလိုက်ပါဦး။


Crystal-Clear Calls via 4 Mics and cVc 8.0 Noise Reduction: earbud တစ်ခုချင်းစီတိုင်းမှာ beamforming noise reduction ၊ အသံပိုင်းဆိုင်ရာခံစားမှုအားကောင်းစေဖို့အတွက် အသုံးပြုထားတဲ့ cVc 8.0 နည်းပညာ၊ background-noise suppression စတာတွေထည့်သွင်းထားတဲ့ မိုက်ခရိုဖုန်းနှစ်လုံးပါဝင်ပါတယ်။ ဒါကြောင့် ဘေးကဆူညံသံတွေဝင်မလာဘဲ ကြည်တောက်ရှင်းအသံတွေကို ခံစားနိုင်စေမှာပါ။


Incredible Sound Powered By Graphene Drivers: Life P2 ရဲ့ graphene driver တွေမှာ frequency range တစ်ခုလုံးကို တိတိကျကျထုတ်လွှင့်ပေးနိုင်စွမ်းတွေပါဝင်နေတဲ့အတွက်ကြောင့် frequency ကျယ်ချင်သလောက်ကျယ်ပါစေ။ မှန်ကန်တိကျတဲ့ကြိမ်နှုန်းကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ exclusive BassUp နည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့် Bass သံကိုလည်း ၄၃ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပါတယ်။ aptX audio ကတော့ သီချင်းတွေကို stream လုပ်တဲ့အခါမှာ device နဲ့ wireless earbuds ကြားမှာ ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေဘဲ CDခွေဖွင်နားထောင်သလို အသံအရည်အသွေးရအောင် စီမံပေးပါတယ်။


40-Hour Playtime with Fast Charge: တစ်ခါအားသွင်းထားမယ်ဆိုရင်တော့ ၇နာရီအထိ သီချင်းနားထောင်နိုင်မှာပါ။ charging case ကတော့ နာရီ၄၀အထိ ထပ်မံအားဖြည့်ပေးထားပါတယ်။ အချိန်မရတော့လို့ အားမသွင်းနိုင်ဘူးဆိုရင်တောင် ၁၀မိနစ်သွင်းလိုက်ပါ။ ၁နာရီနားထောင်ဖို့ အဆင်သင့်ပါပဲ။


IPX7 Fully Waterproof: Life P2 wireless earbuds လေးဟာ IPX7 ရထားပါတယ်။ waterproof casing ဖြစ်တဲ့အတွက်ကြောင့် မိုးအကြီးအကျယ်ရွာလည်း စိတ်ပူနေစရာမလိုတော့ဘူး။
One-Step Pairing: အသုံးပြုထားတဲ့ PUSH AND GO နည်းပညာက wireless earbuds လေးကို charging case ကနေ ထုတ်လိုက်တာနဲ့တစ်ပြိုင်နက် အရင်ချိတ်ဆက်ထားဖူးတဲ့ device ကို အလိုအလျောက် ချိတ်ဆက်ပေးသွားဦးမှာပါ။


Anker ကတော့ အားသွင်းကြိုး၊ နားကြပ်၊ ပါဝါဘဏ် စတဲ့အမျိုးမျိုးသော မိုဘိုင်းလ်ဆက်စပ်ပစ္စည်းတွေကို ရောင်းချပေးနေတဲ့လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Myanmar Mobile Appမှာလည်း Anker ပစ္စည်းတွေကို ဝယ်ယူလို့ရနေပြီဆိုတဲ့အကြောင်းလည်း သတင်းကောင်းပါလိုက်ပါတယ်။ ၄၅ဒေါ်လာဆိုတော့ မြန်မာငွေခုနှစ်သောင်းနီးပါးလောက်ပဲရှိတာပါ။ အရည်အသွေးမြင့် wireless earbuds ကို ဝယ်ယူဖို့စဉ်းစားနေပြီဆိုရင်တော့ ပရိုမိုးရှင်းရှိတုန်းလေး အမြန်မှာယူဖို့ အကြံပြုလိုက်ပါရစေ။

Zawgyi Version

Anker က ထြက္ရွိခဲ့တဲ့ပစၥည္းေတြလိုပဲ အခုအသစ္ထြက္မယ့္ wireless earbuds ေလးဟာ ျမင့္မားတဲ့အရည္အေသြးေတြကို အံ့ဩစရာေကာင္းတဲ့ေစ်းႏႈန္းနဲ႔ ရႏိုင္မွာပဲျဖစ္ပါတယ္။ အရင္တုန္းကထြက္ရွိထားခဲ့ဖူးတဲ့ earbuds ေတြဟာ ေကာင္းမြန္ၿပီး အသုံးျပဳရတာ အဆင္ေျပတယ္လို႔မ်ားယူဆထားတယ္ဆိုရင္ေတာ့ ဒီပစၥည္းအသစ္ေလးကို စမ္းမသုံးၾကည့္ရေသးလို႔ျဖစ္ပါလိမ့္မယ္။ အခုအသစ္ထြက္မယ့္ပစၥည္းေလးနာမည္ကေတာ့ brand new Anker Soundcore Life P2 True Wireless Earbuds ျဖစ္ပါတယ္။ သူ႔ရဲ႕ဒီဇိုင္းကာလာအေနအထားကေတာ့ျဖင့္ AirPods နဲ႔တူပါတယ္။ ဒါေပမယ့္ အသံအရည္အေသြးပိုင္းနဲ႔ ဘတ္ထရီသက္တမ္းပိုင္းမွာေတာ့ ပိုေကာင္းေနတာကို ခံစားေတြ႕ရွိရမွာပါ။ mics ေလးခု၊ cVc 8.0 noise reduction (ဆူညံမႈေလွ်ာ့ခ်စနစ္) ၊ graphene drivers ၊ bass သံေကာင္းေကာင္း၊ IPX7 ေရစိုခံစနစ္၊ ဆယ္မိနစ္အားသြင္း႐ုံနဲ႔ တစ္နာရီသီခ်င္းနားေထာင္ႏိုင္မယ့္ အားအျမန္သြင္းစနစ္တို႔ ပါဝင္ပါေသးတယ္။ ေစ်းအသက္သာဆုံး AirPods ကိုေတာင္ ေဒၚလာ၁၀၀နဲ႔ေရာင္းခ်ေနခ်ိန္မွာ ပုံမွန္ေရာင္းေစ်းကို ေဒၚလာ၆၀ သတ္မွတ္ေပးထားတာဆိုေတာ့ killer price ျဖစ္ေနၿပီေနာ္။ ေနပါဦး။ ပစၥည္းအသစ္မိတ္ဆက္တဲ့အေနနဲ႔ ဒစ္စေကာင့္ေပးဦးမွာဆိုေတာ့ ေဒၚလာ၄၄.၉၉ (၄၅ေဒၚလာပဲထား)နဲ႔ ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။
ေစ်းႏႈန္းကလည္း အရမ္းမိုက္ေနတာဆိုေပမယ့္ အေသးစိတ္အခ်က္အလက္ေလးကိုလည္း ရႈိးလိုက္ပါဦး။


Crystal-Clear Calls via 4 Mics and cVc 8.0 Noise Reduction: earbud တစ္ခုခ်င္းစီတိုင္းမွာ beamforming noise reduction ၊ အသံပိုင္းဆိုင္ရာခံစားမႈအားေကာင္းေစဖို႔အတြက္ အသုံးျပဳထားတဲ့ cVc 8.0 နည္းပညာ၊ background-noise suppression စတာေတြထည့္သြင္းထားတဲ့ မိုက္ခ႐ိုဖုန္းႏွစ္လုံးပါဝင္ပါတယ္။ ဒါေၾကာင့္ ေဘးကဆူညံသံေတြဝင္မလာဘဲ ၾကည္ေတာက္ရွင္းအသံေတြကို ခံစားႏိုင္ေစမွာပါ။


Incredible Sound Powered By Graphene Drivers: Life P2 ရဲ႕ graphene driver ေတြမွာ frequency range တစ္ခုလုံးကို တိတိက်က်ထုတ္လႊင့္ေပးႏိုင္စြမ္းေတြပါဝင္ေနတဲ့အတြက္ေၾကာင့္ frequency က်ယ္ခ်င္သေလာက္က်ယ္ပါေစ။ မွန္ကန္တိက်တဲ့ႀကိမ္ႏႈန္းကို ထုတ္လႊင့္ေပးႏိုင္ပါတယ္။ exclusive BassUp နည္းပညာကိုအသုံးျပဳထားတဲ့အတြက္ေၾကာင့္ Bass သံကိုလည္း ၄၃ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစပါတယ္။ aptX audio ကေတာ့ သီခ်င္းေတြကို stream လုပ္တဲ့အခါမွာ device နဲ႔ wireless earbuds ၾကားမွာ ဆုံးရႈံးမႈေတြမျဖစ္ေပၚေစဘဲ CDေခြဖြင္နားေထာင္သလို အသံအရည္အေသြးရေအာင္ စီမံေပးပါတယ္။


40-Hour Playtime with Fast Charge: တစ္ခါအားသြင္းထားမယ္ဆိုရင္ေတာ့ ၇နာရီအထိ သီခ်င္းနားေထာင္ႏိုင္မွာပါ။ charging case ကေတာ့ နာရီ၄၀အထိ ထပ္မံအားျဖည့္ေပးထားပါတယ္။ အခ်ိန္မရေတာ့လို႔ အားမသြင္းႏိုင္ဘူးဆိုရင္ေတာင္ ၁၀မိနစ္သြင္းလိုက္ပါ။ ၁နာရီနားေထာင္ဖို႔ အဆင္သင့္ပါပဲ။


IPX7 Fully Waterproof:
Life P2 wireless earbuds ေလးဟာ IPX7 ရထားပါတယ္။ waterproof casing ျဖစ္တဲ့အတြက္ေၾကာင့္ မိုးအႀကီးအက်ယ္႐ြာလည္း စိတ္ပူေနစရာမလိုေတာ့ဘူး။
One-Step Pairing: အသုံးျပဳထားတဲ့ PUSH AND GO နည္းပညာက wireless earbuds ေလးကို charging case ကေန ထုတ္လိုက္တာနဲ႔တစ္ၿပိဳင္နက္ အရင္ခ်ိတ္ဆက္ထားဖူးတဲ့ device ကို အလိုအေလ်ာက္ ခ်ိတ္ဆက္ေပးသြားဦးမွာပါ။


Anker ကေတာ့ အားသြင္းႀကိဳး၊ နားၾကပ္၊ ပါဝါဘဏ္ စတဲ့အမ်ိဳးမ်ိဳးေသာ မိုဘိုင္းလ္ဆက္စပ္ပစၥည္းေတြကို ေရာင္းခ်ေပးေနတဲ့လုပ္ငန္းတစ္ခုပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ Myanmar Mobile Appမွာလည္း Anker ပစၥည္းေတြကို ဝယ္ယူလို႔ရေနၿပီဆိုတဲ့အေၾကာင္းလည္း သတင္းေကာင္းပါလိုက္ပါတယ္။ ၄၅ေဒၚလာဆိုေတာ့ ျမန္မာေငြခုႏွစ္ေသာင္းနီးပါးေလာက္ပဲရွိတာပါ။ အရည္အေသြးျမင့္ wireless earbuds ကို ဝယ္ယူဖို႔စဥ္းစားေနၿပီဆိုရင္ေတာ့ ပ႐ိုမိုးရွင္းရွိတုန္းေလး အျမန္မွာယူဖို႔ အႀကံျပဳလိုက္ပါရေစ။

Ref : BGR

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.