ဘယ် iPhone ၀ယ်သင့်လဲ ? (Q&A)
0
605
မေး – X နဲ့ 11 ဆိုရင်ရော ? 
Thet Naing Soe (Myanmar Mobile App) 
www.myanmarmobileapp.org
[Unicode]
အခုတလော iPhone ဝယ်ချင်လို့ 11 ဝယ်ချင်လို့ ၊ ဘယ် iPhone ဝယ်ရမလဲဆိုပြီး Messenger မှာခဏခဏလာမေးကြတယ်။ User နားလည်လွယ်အနေအထားလေးတွေနဲ့ပဲ ကျွန်တော်ပြန်ဖြေပေးဖြစ်တာလေးတွေပါ။ ထပ်မေးတာရှိရင် ထပ်ဖြည့်ပါ့မယ်။ 
မေး – iPhone X နဲ့ XS ဘယ်ဟာဝယ်သင့်လဲ ?
ဖြေ – ဒီ ၂ မျိုးထဲကပဲရွေးချင်တာဆိုရင်တော့ XS ပဲဝယ်သင့်ပါတယ် ။ XS ကပိုသာပါတယ်။ 
မေး – XS နဲ့ ရိုးရိုး 11 ဆိုရင်ရော ?
ဖြေ – Display ပိုင်းမှာတော့ XS ကပိုကောင်းပါတယ် ။ ကျန်တဲ့ အပိုင်းအကုန်လုံးမှာ 11 ကပိုသာပါတယ်။ Screen size ကတော့ 11 ကပိုကြီးပါတယ်။ စျေးအနေနဲ့လည်း 11 ကပိုသက်သာပါတယ်။ 
မေး – X နဲ့ 11 ဆိုရင်ရော ? 
ဖြေ – XS ထက်တောင် သာတယ်ဆိုမှတော့ X ထက်လည်း Display ကလွဲရင် ကျန်တာအကုန် ပိုကောင်း သာလွန်နေပါပြီ ။ 11 ပဲရွေးပါ။ 
မေး – XS Max နဲ့ 11 Pro Max ဆိုရင်ရော ?
ဖြေ – ကင်မရာပိုင်း ၊ CPU/Performance ပိုင်း ၊ Display ပိုင်း ၊ ဘက်ထရီပိုင်း ၊ ဖုန်းနောက်ကျော glass ပိုင်း ၊ ရေစိမ်ခံမှုပိုင်း စတာတွေမှာ Pro Max ကသိသာစွာပိုကောင်း ပို improved ဖြစ်လာပါတယ်။
မေး – XS နဲ့ 11 Pro ဆိုရင်ရော ? 
ဖြေ – အပေါ်က XS Max နဲ့ 11 Pro Max မေးခွန်း၊ အဖြေအတိုင်းပါပဲ
မေး – 11 နဲ့ 11 Pro ဘာကွာလဲ ?
ဖြေ – Display ပိုင်းနဲ့ နောက်ဘက်ခြမ်းကင်မရာပိုင်းမှာ Pro ကပိုကောင်းပါတယ်။ ရေစိမ်ခံမှုပိုင်းမှာလည်း Pro ကပိုကောင်းပါတယ် ။ ကိုယ်ထည်ပိုင်းမှာလည်းကွာပါတယ် ။ 11 မှာက နောက်ဘက်ခြမ်း Glass ၊ ဘေး Frame က Aluminum ပါ ။ 11 Pro/Pro Max မှာက နောက်ဘက်ခြမ်းမှာ လက်ဆီ ၊ လက်ဗွေလုံးဝမထင်တဲ့ matt glass ၊ ဘေး Frame က Stainless steel ပါ။ အားသွင်းမြန်တဲ့ 18W Adapter ကလည်း 11 Pro/Max ဂျပ်ဗူးထဲမှာပါပြီးသားပါ ။ 11 မှာတော့ 18W adapter မပါ ပါဘူး ။ သီးသန့်ထပ်ဝယ်ရမှာပါ။ 
မေး – Pro နဲ့ Pro Max ဘာကွာလဲ ? ဘယ်ဟာပိုကောင်းလဲ ?
ဖြေ – Pro Max က Battery ပိုခံတယ် ။ Screen size ပိုကြီးတယ် ။ ဒီလောက်ပါပဲ ။ ကျန်တဲ့ Specs တွေမှာ Pro နဲ့ Pro Max အတူတူပါပဲ။
မေး – Pro နဲ့ Pro Max ဘယ်ဟာဝယ်သင့်လဲ ?
ဖြေ – ဒါကတော့ User ရဲ့အကြိုက်ပေါ်မှာအဓိကစဉ်းစားရမှာပါ ။ Screen size ကြီးတာမကြိုက်ဘူး ၊ လက်ထဲမှာ သေးသေးကျစ်ကျစ်လျစ်လျစ်ကိုင်ရတာကြိုက်တယ်ဆိုရင်တော့ 11 Pro ပဲရွေးပါ။ Screen ကြီးမှ ၊ ဘက်ထရီပိုခံမှဆိုရင်တော့ 11 Pro Max ရွေးပါ။
မေး – 11 Pro နဲ့ Pro Max ထဲကပဲရွေးမယ်ဆို ဘယ်အရောင်ဝယ်သင့်လဲ ?
ဖြေ – ဝယ်မယ့်သူရဲ့အကြိုက်ပေါ်မူတည်ပါတယ် ။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ Midnight green နဲ့ Silver ကိုကြိုက်ပါတယ်။ Customer အများစုကတော့ Midnight green ကိုပိုရွေးကြပါတယ်။ 
မေး – ရိုးရိုး 11 ဆိုရင်ရော ဘယ်အရောင်လှလဲ ?
ဖြေ – ဒါကလည်း ဝယ်သူအကြိုက်ပါပဲ ။ ကျွန်တော့်အမြင်အရရော Customer တွေအမှာများတာကရော iPhone 11 မှာ Customer တွေအကြိုက်အများဆုံးအရောင် ၂ ခုက Purple နဲ့ Green Color တွေပါ။ 
မေး – XS,XS Max တွေထက် Pro , Pro Max တွေက ဘက်ထရီသိသိသာသာပိုခံသွားတာလား ?
ဖြေ – အရမ်းကိုသိသာပါတယ်။ 
မေး – iPhone 11 Pro နဲ့ Pro Max မှာ အားအမြန်သွင်းလို့ရတဲ့ 18W Adapter ကိုဗူးထဲမှာထည့်ပေးထားပြီး 11 မှာကျ ဗူးထဲမှာထည့်မပေးထားဘူးဆိုရင် 11 မှာက Fast Charging support မလုပ်လို့လား ? 
ဖြေ – မဟုတ်ပါဘူး ။ iPhone 11 မော်ဒယ် ၃ မျိုးစလုံးမှာ မိနစ် ၃၀ အတွင်း ၅၀% ထိရောက်အောင်အားသွင်းနိုင်တဲ့ Fast-Charge စနစ်ပါ ပါတယ် ။ ရိုးရိုး 11 မှာက 18W adapter ကိုတစ်ပါတည်းထည့်ရောင်းမပေးလိုက်တာပဲကွာတာပါ။ 11 မှာ Fast Charge ရချင်တယ်ဆိုရင်တော့ 18W adapter ထပ်ဝယ်မှရမှာပါ။
မေး – Single SIM (eSIM) ဆိုတာဘာလဲ ?
ဖြေ – တကယ့် SIM CARD တစ်ကဒ်ပဲထည့်သုံးနိုင်တဲ့ iPhone 11 Single SIM ဟန်းဆက်တွေမှာ eSIM နည်းပညာပါဝင်ပါတယ်။ eSIM ဆိုတာကတော့ တကယ့် SIM Card ထည့်စရာမလိုပဲ ၊ ဖုန်းထဲမှာ Built in ပါတဲ့ SIM Chip ထဲကို ဖုန်းအော်ပရေတာတစ်ခုခုရဲ့ ဖုန်းလိုင်းထည့်သုံးတာပါ။ အဲ့လိုထည့်သုံးဖို့ဆိုတာကလဲ ဖုန်းလိုင်းအော်ပရေတာက eSIM နည်းပညာကိုအထောက်အပံ့ပေးထားမှရတာပါ ။ Single SIM ဟန်းဆက်တွေမှာ eSIM သုံးလို့ရတဲ့အတွက် တကယ့် SIM card နေရာမှာ ကြိုက်နှစ်သက်ရာ SIM card တစ်ကဒ်ထည့် ၊ နောက်ထပ် ဖုန်းလိုင်းတစ်ခုအနေနဲ့ eSIM နည်းပညာ Support ပေးတဲ့ အော်ပရေတာတစ်ခုခုရဲ့ ဖုန်းလိုင်းထည့် ၊ စုစုပေါင်း ဖုန်းလိုင်း ၂ ခု ၊ Dual SIM သဘောမျိုးအသုံးပြုနိုင်တာပါ။ လောလောဆယ်တော့ မြန်မာပြည်မှာဆိုရင် MyTel ကတော့ SIM CARD အနေနဲ့တင်မဟုတ်ဘဲ eSIM အနေနဲ့ပါစမ်းသပ်ရောင်းပေးခဲ့ပြီး လောလောဆယ်တော့ အရောင်းရပ်ထားတယ်လို့သိရပါတယ်။ 
မေး – Single SIM ဟန်းဆက် နဲ့ Dual SIM ဟန်းဆက် ဘယ်ဟာကိုင်သင့်လဲ ?
ဖြေ – ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ့်လိုအပ်ချက်ပေါ်မှာပဲမူတည်ပါတယ် ။ SIM Card တစ်ကဒ်ထည့်လို့ရတာနဲ့ ၂ ကဒ်ထည့်လို့ရတဲ့အချက်ကလွဲရင် ကျန်တာဘာမှမကွာပါဘူး။ SIM Card တစ်ကဒ်တည်းသုံးနေသူတွေအတွက်ကတော့ Single SIM (eSIM) ဟန်းဆက်ကလည်းအဆင်ပြေပါတယ် ။ SIM card တစ်ကဒ်ထက်ပိုသုံးနေသူတွေအတွက်ကတော့ Dual SIM ဟန်းဆက်ကိုသာရွေးသင့်ပါတယ်။ Oversea ခဏခဏသွားသူတွေဆိုရင်လည်း ဒီက SIM CARD ကိုဖြုတ်စရာမလိုပဲ ဟိုက SIM CARD ထပ်ထည့်သုံးလို့ရတဲ့ Dual SIM ဟန်းဆက်ကပိုအဆင်ပြေသင့်တော်မယ်လို့ယူဆပါတယ်။
မေး – ရိုးရိုး 11 အတွက်ရော Dual SIM ဟန်းဆက်ရနိုင်ပါသလား ?
ဖြေ – 11 , 11 Pro , 11 Pro Max သုံးမျိုးလုံးအတွက် Single SIM ဟန်းဆက်တွေအနေနဲ့ရော ၊ Dual SIM ဟန်းဆက်တွေအနေနဲ့ပါရရှိနိုင်ပါတယ်။
မေး – ဘယ် Region ထုတ် iPhone ကိုကိုင်သင့်သလဲ ၊ နိုင်ငံခြားရောက်တုန်းဝယ်ခဲ့ချင်လို့ပါ ?
ဖြေ – ကိုယ်က နိုင်ငံခြားရောက်တုန်းဝယ်ခဲ့မယ်ဆိုပါစို့ ။ စဉ်းစားဖို့က ကိုယ့်နိုင်ငံပြန်ရောက်မှတစ်ခုခုဖြစ်ရင် ဝယ်ခဲ့တဲ့ Apple Store ကိုပြန်ပို့ဖို့ကိုယ့်အတွက်လွယ်ကူရဲ့လားဆိုတာအရင်စဉ်းစားရမှာပါ ။ ထိုင်း ၊ စင်ကာပူခဏခဏသွားနေသူက ဟိုကနေ iPhone ဝယ်လာတာမှာ ၊ ဖုန်းကတစ်ခုခုဖြစ်တယ်ဆိုရင် ဝယ်ခဲ့တဲ့ Store ကို ကိုယ်နောက်တစ်ခေါက်ပြန်သွားတဲ့အချိန်ယူသွားပြလိုက်ရုံပဲ။ သိပ်ကိစ္စမရှိဘူး ။ နောက်ဥပမာ – တရုတ်ကိုတစ်ခါလောက်ရောက်တုန်း အဲ့ဒီက Apple Store ကနေ iPhone တစ်လုံးဝယ်လာပြီး ကံဆိုးစွာနဲ့ Factory error ပါလာ ၊ ဒီကျမှ ထဖောက်ရင်ခက်ပါပြီ။ ကိုယ့်နိုင်ငံနဲ့အနီးဆုံးဖြစ်မယ့် ၊ ကိုယ်အမြဲရောက်ဖြစ်နေတဲ့ ၊ ခရီးလူကြုံရှိတဲ့ Region တွေက iPhone တွေကိုပိုရွေးသင့်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ မြန်မာပြည်က Warranty ပိုင်းအာမခံချက်အပြည့်အဝပေး ထားတဲ့ iPhone Distributor တွေဆီကနေဝယ်ထားရင်တော့ သူတို့သွင်းလာတဲ့ဖုန်းက ဘာ Region ဖြစ်နေနေ ပြဿနာသိပ်မရှိတော့ပါဘူး ။ 