မြန်မာငွေ ၄ သိန်းဝန်းကျင်ဆို RAM 8GB နဲ့စမတ်ဖုန်းဝယ်လို့ရနေပါပြီ။ မကြာသေးခင်က စတင်ရောင်းချနေပြီဖြစ်တဲ့ Oppo A9 2020 ကိုအနေအထားဘယ်လိုနေလဲသိချင်လို့ ၀ယ်ပြီးစမ်းသုံးကြည့်ဖြစ်နေပါတယ် ။ လောလောဆယ် သုံးကြည့်သလောက်မှာတော့ ဒီအချက်တွေကိုကြိုက်ပါတယ်။

- Battery ပမာဏ 5,000 mAh ပါတာ
- အခြားဖုန်းတစ်လုံးကိုဘက်ထရီအားပြန်မျှပေးနိုင်တာ
- RAM 8GB ပါတာ
- Storage 128GB ပါတာ
- OPPO ရဲ့ယခင်တန်ဖိုးသင့်ဖုန်းတွေမှာလို Performance အသင့်တင့် (သို့) Performance နိမ့်တဲ့ MTK Chipset တွေမသုံးဘဲ ပိုကောင်းတဲ့ Qualcomm Chipset ကိုဒီဖုန်းမှာသုံးလာတာ (Oppo A9 2020 မှာ Snapdragon 665 Chipset သုံးထားပါတယ်)
- ဈေးသင့်ဖုန်းတွေထဲမှာ ထူးထူးခြားခြားအနေနဲ့ High-end ဖုန်းတွေမှာသာပါလေ့ရှိတဲ့ Dual Speaker (Dolby Atmos Stereo Speaker) ပါတာ
ဒီဖုန်းရဲ့နောက်ဘက်ခြမ်းမှာ 48MP Main Camera (f1.8) ၊ 8MP 119° Ultra Wide Angle Camera (f2.3) ၊ 2MP Mono Camera (f2.4)၊ 2MP Portrait Camera (f2.4) စတဲ့ကင်မရာ (၄)လုံးပါဝင်ပါတယ်။ နောက်ဘက်ခြမ်းကင်မရာ ၄ လုံးရဲ့ Hardware ပိုင်းအနေအထားအရ မြင်ကွင်းကျယ် Ultra Wide Photography၊ Portrait Photography ၊ Low-light Photography ပိုင်းတွေကိုအထူးပြုထားတာကိုလည်းတွေ့ရပါတယ်။ Low-Light ရိုက်ရတဲ့အနေအထားမှာလည်းမဆိုးဘူးလို့ပြောလို့ရတယ်။ ဒီဖုန်းမှာအသစ်ပါလာတဲ့ Night Mode ဆိုတာကိုဖွင့်ရိုက်ရင် ညရိုက်တဲ့ပုံတွေမှာ သာမန် auto mode နဲ့ရိုက်တာထက် သိသိသာသာပိုပြီးကောင်းတာကိုတွေ့ရတယ်။ နောက်ဘက်ခြမ်း Primary Camera နဲ့ဆိုရင် Video ကို 4K Resolution (2160p@30fps) နဲ့ပါရိုက်ကူးနိုင်ဦးမှာပါ။ ဒါ့အပြင် နောက်ဘက်ခြမ်း Primary Camera စနစ်မှာ EIS (Electronic Image Stabilization) ပါတဲ့အတွက် ဗီဒီယိုရိုက်ကူးမှုမှာရုပ်ထွက်တည်ငြိမ်စွာရိုက်ကူးနိုင်တာကိုလည်းတွေ့ရပါတယ်။ ရှေ့ဘက် Selfie Camera အနေနဲ့ 16MP Camera ပါဝင်ပါတယ်။ ရှေ့ Selfie Camera နဲ့စမ်းသပ်ရိုက်ကူးကြည့်တာမှာတော့ အလင်းရောင်အားကောင်းတဲ့နေရာမှာရိုက်တာက ပုံထွက်ရလဒ်ပိုအဆင်ပြေတာကိုတွေ့ရပါတယ်။

Battery ပမာဏအနေနဲ့က 5,000 mAh ပမာဏတောင်ပါဝင်တဲ့အတွက် တစ်နေကုန်စိတ်ကြိုက်သုံးလို့ရတဲ့အနေအထားမှာရှိပြီးသားပါ။ ပိုပြီးစိတ်ကျေနပ်စေတဲ့အချက်ကတော့ ဒီဖုန်းမှာ USB Type-C Port သုံးပေးထားတဲ့အချက်ရယ် အခြားဖုန်းကို ဒီဖုန်းနဲ့ချိတ်ပြီး ဘက်ထရီအားပြန်မျှပေးနိုင်တဲ့အချက်လေးတွေပါ။ ဘက်ထရီနဲ့ပတ်သက်ပြီး လတ်တလော စမ်းကြည့်ဖြစ်သလောက် မနက်ပိုင်း အားအပြည့်တစ်ခါသွင်းထားပြီးပြီဆိုရင် ဂိမ်းချည်းပဲဆော့မယ်ဆိုရင် ၈ နာရီဝန်းကျင်လောက် ဆက်တိုက်ဆော့လို့ရတယ် ၊ Facebook/Youtube စတာတွေပဲသုံးမယ်ဆိုရင် ၁၁ နာရီနီးပါးလောက်အသုံးခံတာကိုတွေ့ရတယ်။

RAM 8GB နဲ့ Snapdragon 665 Chipset ကိုတွဲဖက်ပေးထားတာကလည်း ဒီဖုန်းကိုသုံးရတဲ့အနေအထား ၊ လူသုံးများတဲ့ app တော်တော်များများကို Run ကြည့်ရတဲ့အနေအထားမှာတော့ တော်တော်လေး Smooth ဖြစ်သွားစေတာကိုတွေ့ရတယ်။ စမ်းကြည့်ပြီးသလောက် လက်ရှိ လူဆော့များတဲ့ဂိမ်းတွေဖြစ်တဲ့ Mobile Legends , PUBG , Asphalt 9 စတဲ့ဂိမ်းတွေအကုန်အဆင်ပြေပြေဆော့နိုင်ပါတယ်။
ဖုန်းရဲ့ Speaker စနစ်အနေနဲ့လည်း Dual Speaker စနစ်ဖြစ်တဲ့အတွက် ဖုန်းရဲ့အထက် နဲ့ အောက်ဘက်ခြမ်း နေရာ ၂ ခုလုံးကနေ အသံထွက်ကောင်းကောင်းနဲ့ကြားရမယ်။ အခြား Mid-range ဖုန်းတွေမှာလို ဖုန်းအောက်ဘက်ခြမ်းကတင် အသံထွက်တာမျိုးမဟုတ်တော့ဘူး။

အနည်းငယ် အားမရမိတဲ့အချက်ကတော့ ဒီဖုန်းမှာ 720p HD Display ကိုပဲသုံးပေးထားတဲ့အချက် ။ 1080p Display လောက်သုံးပေးထားသင့်တယ်လို့မြင်တယ်။ ဒါပေမယ့် 720p Display ဆိုသော်လည်း ရုပ်ထွက်ကာလာအနေအထား ၊ ပြတ်သားမှု စတာတွေမှာ ကောင်းမွန်တဲ့ရလဒ် ၊ ရုပ်ထွက်အရည်အသွေးကတော့ ရပါတယ်။ နေ့ခင်း အလင်းရောင်ထဲမှာ ဖုန်း Display ကိုကြည့်ရတဲ့အနေအထားအရ ကောင်းစွာမြင်ရတယ်။ Display ရဲ့ Brightness အနေအထားကလည်းကောင်းမွန်မှုရှိပါတယ်။ ဒီဖုန်းမှာ ဘက်ထရီပိုအသုံးခံစေချင်လို့ Full HD+ Resolution Display မသုံးဘဲ HD+ Display လောက်ပဲသုံးထားတယ်လို့ယူဆပါတယ်။ SIM Card ၂ ကဒ်စလုံးရော ၊ SD Card ကိုပါတစ်ပြိုင်တည်းအသုံးပြုနိုင်မယ့် Slot ပုံစံပြုလုပ်ပေးထားပါတယ်။

ရွေးချယ်သင့်လား ?
ဒီဈေးတန်းဝန်းကျင်ထဲမှာ သူ့လိုပဲ ယှဉ်ပြီးရွေးချယ်စရာအခြား ဖုန်းမော်ဒယ်တွေလည်းရှိနေပါသေးတယ်။ ဒါပေမယ့် Oppo ဖုန်းတွေထဲကပဲရွေးမယ် ၊ Oppo ဖုန်းကင်မရာနဲ့ရိုက်ရတာပိုကြိုက်တယ် ၊ Game ပေါင်းစုံလည်းကောင်းကောင်းဆော့နိုင်ရမယ် ၊ ဘက်ထရီလည်းတစ်နေကုန်ခံချင်တယ် ၊ Oppo ရဲ့ ဈေးသင့် Mid Range စီးရီးထဲက ကောင်းတာပဲဝယ်ချင်တယ်ဆိုရင်တော့ ဒီ A9 2020 ကသင့်ကိုစိတ်ပျက်စေရမယ့် ဖုန်းလုံးဝမဟုတ်တာတော့သေချာပါတယ်။

OPPO A9 2020 specs:
- 6.5-inch HD+ (1600 x 720) Waterdrop IPS screen, 269ppi
- Corning Gorilla Glass 3
- Qualcomm Snapdragon 665 2.0GHz octa-core
- Adreno 610
- 8GB RAM
- 128GB UFS 2.1
- microSD card support (dedicated slot)
- 48MP (main) + 8MP (ultrawide) + 2MP (depth)+ 2MP (mono) quad-rear cameras
- 16MP front camera w/ AI Beautification
- Dual-SIM
- 4G LTE
- WiFi 802.11 a/b/g/n/ac
- Bluetooth 5.0
- GPS, A-GPS, GLONASS, BDS
- USB Type-C
- 3.5mm audio port
- Fingerprint scanner (rear)
- Dual-stereo speakers
- Dolby Atmos Sound Effects
- ColorOS 6.0.1 (Android 9 Pie)
- 5,000mAh battery w/ Reverse Charging
- 163.6 x 75.6 x 9.1 mm
- 195 g
- Space Purple, Marine Green